Main menu

Background

Thursday, 15 Dec 2016

       နိုဝင်ဘာ ၂၇ ရက်မှ ဒီဇင်ဘာ၃ ရက် အထိ သီတင်းပတ်မှာ ပြည်တွင်းကို ရေလမ်းမှ ဘိလပ်မြေအဝင် ၁၅၀၄၀ တန် ဝင်ရောက်ခဲ့တယ်လို့ သိရပါတယ်။ ယခင်တစ်ပတ်က ဝင်ရောက်ခဲ့တဲ့ တန်ချိန် ၂၃၀ ကျော် နဲ့နှိုင်းယှဉ်ရင်  တန်ချိန် ၁၄၈၀၀ ကျော် အဝင်ပိုခဲ့ပါတယ်။ ဒီတစ်ပတ်နယ်စပ်လမ်းမှ  ဘိလပ်မြေအဝင်မှာ တန်ချိန် ၂၄၅၁၀ကျော်ရှိခဲ့ပြီး ယခင်တစ်ပတ်အဝင်မှာ တန်ချိန်၈၄၃၀ကျော် ရှိခဲ့တာကြောင့် ဒီတစ်ပတ်မှာ တန်ချိန် ၁၆၀၈၀ ကျော် အဝင်ပိုခဲ့ တယ်လို့ သိရပါတယ်။ ဒါကြောင့် ဒီတစ်ပတ်မှာ ရေလမ်းရော နယ်စပ်လမ်းမှပါဘိလပ်မြေ အဝင်ပိုခဲ့ပါတယ်။

Thursday, 15 Dec 2016

        အိန္ဒိယနိုင်ငံအနေနဲ့ ပြည်တွင်းဝယ်လိုအားကို ဖြည့်ဆည်းပေးရန်အတွက် ၂၀၁၆ ခုနှစ် ဧပြီလမှ အောက်တိုဘာလအထိ ပဲမျိုးစုံတန်ချိန် ၂၇ဒသမ ၄၈သိန်း အထိ တင်သွင်းခဲ့ရပါတယ်။ ပုဂ္ဂလိကကဏ္ဍနဲ့ အစိုးရအေဂျင်စီတွေ ဘက်က ပဲမျိုးစုံ  စုစုပေါင်းတန်ချိန် ၂၇၄၈၄၇၃ အထိ  တင်သွင်းခဲ့ရတာဖြစ်ပြီး ယခင်ဘဏ္ဍာနှစ်ကတော့ ပဲမျိုးစုံ တန်ချိန် ၅၇ဒသမ ၉၇ သိန်း အထိ တင်သွင်းခဲ့ရတယ်လို့ အစားအသောက်နှင့် စားသုံးသူ ရေးရာ ပြည်နယ် ဝန်ကြီး CR  Chaudharyu က ထုတ်ပြန်တဲ့စာရင်း ဇယားများအရ သိရပါတယ်။

Thursday, 15 Dec 2016

        ဧရာဝတီတိုင်းဒေသကြီးအတွင်း  ဆန်စပါးအဟောင်း ဈေးကွက်မှာ သြဂုတ်နှင့်စက်တင်ဘာတို့တွင် အရောင်းအဝယ် အေးလျက်ရှိရာမှ အောက်တိုဘာ တတိယပတ်မှစတင်၍ ဧည့်မထမိုးစပါးသစ်များ ဈေးကွက်သို့ဝင်ရာက် လာခဲ့ရာပုသိမ် ဈေးကွက်မှာ ၄၆ပေါင်တင်း ၁၀၀ ကို ကျပ် ၃၅၀၀၀၀ ဝန်းကျင် ဈေးနှင့် သီတင်းနှစ်ပတ်လောက်သာ အရောင်းအဝယ် ဖြစ်ခဲ့ ပါတယ်။မိုးလေဝသကင်းလွတ်၍ မြို့နယ်စုံ ရိတ်သိမ်းချိန်စပါး အထွက်လှိုင်လာသော နို ဝင်ဘာလဆန်းရောက်မှသာကောက် စောစပါးများ အရောင်းအဝယ် သွက်ခဲ့ပါတယ်။ စပါးသစ် ၄၆ ပေါင်တင်း ၁၀၀ကို ပုသိမ်ဈေးကွက်တွင် နိုဝင်ဘာက လေး သိန်းဝန်းကျင်ဈေးမှ ယခုလက်ရှိ ကျပ်၄၈၈၀၀၀ဈေး၊ ကျုံပျော် မြို့နယ် မှနိုဝင်ဘာလက ကျပ် ၃၈၀၀၀၀ မှ ယခု ကျပ်

Wednesday, 14 Dec 2016

            ယခုတစ်ပတ်အတွင်း အစုရှယ်ယာဈေးနှုန်းများ ဆက်လက်ငြိမ်သက် လျက်ရှိကာ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းသိရသည်။ ပြီးခဲ့သည့်ရက်သတ္တပတ်အတွင်းကတည်းကငြိမ်သက်ခဲ့သည့် ပြည်တွင်း အစုရှယ်ယာေ ဈးများ သည် ယခုတစ်ပတ်တွင်လည်း အတက်အကျ မဆို သလောက်သာရှိခဲ့ပြီး အရောင်းအဝယ်ဖြစ်နေကြောင်း ဈေးကွက်အတွင်း ရောင်းဝယ်နေသူတစ်ဦးက ပြောကြားခဲ့သည်။

Wednesday, 14 Dec 2016

       ယခုတစ်ပတ်အတွင်း ပြည်တွင်းရွှေဈေးနှုန်းများသည် အတက်အကျအနည်းငယ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ပြည်တွင်းရွှေဈေးကွက်အတွင်းမှသိရသည်။ ကမ္ဘာ့ရွှေဈေးနှုန်းများ ကျဆင်းနေသော်လည်း ပြည်တွင်း ေ ငွလဲနှုန်းများ မြင့်တက်နေ သဖြင့် ပြည်တွင်းရွှေဈေးနှုန်းများ အတက်အကျ အနည်းငယ်သာရှိနေခြင်းဖြစ်သည် ဟု ရွှေကုန်သည်တစ်ဦးက ဆိုသည်။

Wednesday, 14 Dec 2016

             ဒီဇင်ဘာလဆန်းရက်မှာ ပြည်ဈေးကွက်သို့ ဘိုကိတ် ပဲသစ်များ ပန်းတောင်း၊ ကံမမြို့နယ်များမှ အဝင်ဆက်ရှိခဲ့လို့ တစ်ရက်အိတ် ၅၀ ဝန်းကျင် ဝင်ရောက်ခဲ့ပြီး ဝယ်လက်အနေ ဖြင့် ရန်ကုန်-ပြည် ရထားလမ်းတစ်လျှောက် မြို့နယ်အချို့မှ ဝယ်ယူ လျက်ရှိတယ်လို့ သိရပါတယ်။ ဒါကြောင့် လက်လီရော လက်ကားပါ အရောင်းအဝယ် ဖြစ်နေပြီး ပဲဈေးနှုန်းမှာ တစ်တင်းကျပ် ၂၅၀၀၀ ဖြင့် ဈေးငြိမ်နေခဲ့တာကို တွေ့ရပါတယ်။ ၂၀၁၅ နှစ်ကုန်ပိုင်းမှာ ဘိုကိတ် ပဲသစ်ဈေးဟာ တစ်တင်းကျပ် သုံးသောင်း ကျော် ရရှိခဲ့လို့ ဈေးကောင်းခဲ့သော်လည်း ယခုနှစ်မှာတော့ ယခင်နှစ်ပဲသစ်ဈေးကို မမီဘဲ ဈေးလျော့နေခဲ့ကြောင်း သိရပါတယ်။

 

ခင်ဆွေဝင်း

Wednesday, 14 Dec 2016

          ယခုတစ်ပတ်ပြည်ဈေးကွက်တွင် မြေပဲဆန်အသစ်ဈေး ဆက်လက် မြင့်တက်လာတာ တွေ့ရပါတယ်။ မြေပဲ ဆန်အသစ်များကို ရွှေတောင်၊ ဝက်ထီး ကန်နဲ့ ပြည်မြို့အနီးတဝိုက်ရှိ ကျေးရွာများမှ တစ်နေ့လျှင် အိတ် ၅၀၀ ခန့် ဝင် ရောက်လာတာ တွေ့ရပါတယ်။ ရန်ကုန် ဘက်မှ ဆီဆန်အသစ်နဲ့ လုံးဆန်အသစ် ကို အဝယ်ရှိသဖြင့် ဈေးမြင့်လာတာတွေ့ ရပါတယ်။ မြို့တွင်းဆီစက်များက မြေပဲ ဆန်အ ဟောင်းများကို ဝယ်ယူ ဆီကြိတ် နေတာဖြစ်ပေ မယ့် ေြ မပဲဆီဈေးမတက် ဘဲဈေးငြိမ် နေတာတွေ့ရပါတယ်။ ယခု တစ်ပတ်မြေပဲဆန်ဈေးမှာ ဆီဆန် တစ်ပိဿာလျှင် ကျပ် ၁၆၀၀၊ လုံးဆန် အသစ်တစ်ပိဿာလျှင် ကျပ် ၂၅၀၀နဲ့ လုံးဆန်အဟောင်း တစ်ပိဿာလျှင် ကျပ် ၂၁၀၀ ဖြင့် တစ်နေ့လျှင် မြေပဲ ဆန်အိတ် ၄၀၀ ခန့် အရောင်

Tuesday, 13 Dec 2016

         စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန သည် နိုင်ငံခြားသား ဖက်စပ်ကုမ္ပဏီများအား ကုန်သွယ်ခွင့် ပြုရာတွင် နိုင်ငံခြားမှ တရားဝင်ယူဆောင်လာသည့် ငွေ ပမာဏအတိုင်းသာ ကုန်သွယ်ခွင့်ပြုမည်ဟူသော သတ်မှတ် ချက်အား နိုဝင်ဘာလ ၂၂ ရက် ရက်စွဲ ပါအမိန့်ကြော်ငြာစာ အမှတ်(၇၅/၂၀၁၆) ဖြင့် ပယ်ဖျက်လိုက်ကြောင်း သတင်းရရှိ  သည်။ နိုင်ငံခြားသားဖက်စပ်ကုမ္ပဏီများအား ဓာတ်မြေသြဇာ၊ မျိုးစေ့၊ ပိုးသတ်ဆေးနှင့် ဆေးရုံ သုံးကိရိယာများအား ကုန် သွယ်ခွင့်ပြုခြင်းကို  ၂၀၁၅ ခုနှစ် နိုဝင်ဘာလ ၁၁ ရက် ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၉၆/၂၀၁၅)ဖြင့်လည်း ကောင်း၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ ကုန်သွယ် ခွင့်ပြုခြင်းကို ၂၀၁၆ခုနှ

Friday, 9 Dec 2016

          ဆေးဝါးကုသရေး ခရီးသွားလုပ်ငန်းကို မြှင့်တင်ရန်နှင့် စီးပွားရေးလုပ်ငန်းဖြင့် လာရောက်သူများကို ပိုမိုဆွဲဆောင်နိုင်ရန်အတွက် အိန္ဒိယပြည်ထောင်စု ဝန်ကြီးအဖွဲက အီလက်ထရွန်းနစ် ခရီးသွား ဗီဇာဆောင်ရွက်မှုကို နို ဝင်ဘာ ၃၀ ရက်က တိုးချဲ့ဆောင်ရွက်ခဲ့ ကြောင်းနှင့် ထိုသို့ တိုးချဲ့ဆောင်ရွက်ရာတွင် ကာလတို ဆေးဝါး ကုသခြင်း၊ စီးပွားရေးဖြင့် အလည်အပတ် လာရောက်ခြင်းနှင့် ကွန် ဖရင့်များကို ကျင်းပခြင်း စသည့် နယ်ပယ်တို့ပါဝင်ေ ကြာင်း တိုင်းမ် အော့အိန္ဒိယသတင်းတွင် ဖော်ပြသည်။

Thursday, 8 Dec 2016

        ပဲပုပ်စေ့ စိုက်ပျိုးမှုမြှင့်တင်ရန်နှင့် ပြည်တွင်းမှထွက်ရှိသည့် ပဲပုပ်စေ့အား ဈေးပိုပေး၍ ဝယ်ယူနေရသဖြင့် နိုင်ငံတွင်း ပဲပုပ်စေ့ လိုအပ်ချက်ကာမိစေရန်အတွက် ပဲပုပ်စေ့တင်သွင်းမှုအား အကောက်ခွန်ကင်းလွတ်ခွင့် သုံးနှစ် ေ ပးမည့်အစီအစဉ်ကို ယခုနှစ် နိုဝင်ဘာလ ၂၃ ရက်နေ့တွင် ထိုင်းနိုင်ငံ အစိုးရက ခွင့်ပြုခဲ့ကြောင်း သိရှိရသည်။ ပဲပုပ်ဆီထုတ်ရန်အတွက် ပြည် တွင်းမှထွက်ရှိသည့် ပဲပုပ်စေ့များကို တစ်ကီလိုဂရမ်လျှင် ၁၇ ဒသမ ၅၀ ဘတ်ဖြင့် လ ည်းကောင်း၊ တိရိစ္ဆာန်အစာ ထုတ်လုပ်ရန်အတွက် ပြည်တွင်းမှထွက် ရှိသည့် ပဲပုပ်စေ့ တစ်ကီလို ဂရမ်လျှင် ၁၇ ဒသမ ၇၅ ဘတ် ဖြင့်လည်းကောင်း၊ အစားအစာ ထုတ်လုပ်ရန်အတွက် ပြည် တွင်းမှထွက်ရှိသည့် ပဲ

Pages