Main menu

Background

ရွှေတောင်ဒေသထွက် ကျွဲကောသီးနှင့် ရေဥ

Mon, 11/04/2024 - 15:28 -- journal_editor

ကျွဲကောသီး
ရွှေတောင်ဒေသမှထွက်ရှိသော ကျွဲကောသီးများသည် အောက်တို ဘာလအတွင်း အရောင်းအဝယ်ဖြစ်၍ ဈေးကောင်းရရှိနေသည်။ မြန်မာ တို့၏ ရိုးရာပွဲတော်သီတင်းကျွတ်ကာလတွင် ဘုရား၊ ကျောင်းကန်များတွင် အလှူအတန်းပြုလုပ်ခြင်း၊ မိဘ၊ ဆရာ သမားများအား ကန်တော့ခြင်း၊ လက်ဆောင်ပေးခြင်းများအတွက် ကျန်းမာရေးနှင့်ညီညွတ်သော ကျွဲ ကောသီးများ အရောင်းသွက်နေသည်။  
အောက်တိုဘာလတွင် ကျွဲကောသီး အများဆုံး ထွက်ရှိပြီး  ရောင်း ချသော ဈေးနှုန်းများမှာ ပန်းရောင်သီးအလုံးကြီး တစ်လုံးလျှင် ကျပ် ၂၅၀ဝ၊ အဝါရောင်အလုံးကြီး တစ်လုံးလျှင် ကျပ် ၂၀ဝ၀ နှုန်းဖြစ်သည်။ 
ကျွဲကောပင်များကို   နေရာဒေသအလိုက်   စိုက်ပျိုးကြပြီး   ရွှေ တောင်မြို့နယ်အတွင်းရှိ ဒေသများဖြစ်သော တောင်လုံးညိုရွာတွင် အများအပြား စိုက်ပျိုးကြသည်။ ကျွဲကောသီးများကို မြို့တွင်း ရောင်းချခြင်း နှင့်  ရန်ကုန်သို့ ကုန်စည်ဒိုင်များမှတစ်ဆင့် တင်ပို့ရောင်းချလျက်ရှိ ကြောင်း သိရသည်။ 
ရေဥ
ရေဥကို ရွှေတောင်ဒေသတွင်သာမက ပြည်မြို့အနီးတစ်ဝိုက်ရှိ ကျေးရွာများတွင် ရေသန့်ကန်များရှိသောနေရာတိုင်းလိုလို ရရှိနိုင်သည်။ ရေဥကို ဈေးများတွင်  ရောင်းချပြီး လူအများ ဝယ်ယူစားသုံးကြသည်။ စားဖူးသူများကြိုက်နှစ်သက်ကြ၍ မစားဖူးသူများက ဝယ်ယူစားသုံးလေ့ မရှိကြပါ။ 
ဈေးကွက်တွင်   ရောင်းချသော ရေဥဈေးနှုန်းများမှာ  နို့ဆီဘူး တစ်ဘူးလျှင် ကျပ် ၂၅၀ ဖြင့်ရောင်းချပြီး  ချက်ပြုတ်စားသောက်ရာတွင် ပထမဦးစွာ ရေဥများကို ရေထဲတွင်ထည့်ပြီး ရေစစ်ဆန်ခါဖြင့် ဆယ်ယူကာ အချိန်အနည်းငယ်မျှကြာအောင် ရေစစ်ထားရသည်။ ထို့နောက် ကြက် သွန်ဖြူ/နီ ကြော်တို့အား ဆီသတ်ပြီးရေဥများကိုထည့်၍ အိုးချကာနီးတွင် ရှောက်ရွက်အနည်းငယ် ထည့်ပေးပြီးပါက အသင့်စားသောက်နိုင်သော ရေဥချက်ကို အရံဟင်းအဖြစ်အသုံးပြုနိုင်သည့်အတွက် ဒေသထွက်စား သောက်ကုန်အဖြစ် ကုန်ကျစရိတ်သက်သာ၍ မစားဖူးသူများဝယ်ယူစား သုံးနိုင်ကြောင်း ဈေးကွက်ဖော်ထုတ်လိုက်ပါသည်။ 

 

ခင်ဆွေဦး၊ ဆွေဆွေမင်း (ပြည်)