Main menu

Background

မွန်ပြည်နယ်ဒေသထွက် ရာသီစာသီးနှံများ၏ ဈေးနှုန်းဈေးကွက်

Mon, 06/02/2025 - 12:31 -- journal_editor

မွန်ပြည်နယ်ဒေသတွင်း၌ စိုက်ပျိုးထွက်ရှိသော ရာသီ စာသီးနှံများမှာ ယခုလတွင်  လှိုင်လှိုင်ထွက်ရှိပြီး ဈေးကွက် အတွင်း ဈေးကောင်းရ၍ အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ ၎င်းသီးနှံများမှာ  ဒူးရင်းသီး၊ မင်းကွတ်သီး၊ ကြက်မောက်သီး၊ သံပရာသီး၊ သရက်သီး၊  ပိန္နဲသီး၊ တညင်းသီးနှင့် ရာသီစာမျှစ်တို့ ဖြစ်သည်။ 
ဒူးရင်းသီး 
ယခုလတွင် ဒူးရင်းသီးသည် ပေါ်ဦးပေါ်စထွက်ရှိသော ကြောင့် ဈေးကောင်းရရှိသည်။ မော်လမြိုင်အသီးနှင့် ရေး အသီးများကို  ပိုမိုစားသုံးကြ၍ ဈေးကောင်းပိုရသည်။  ဈေး နှုန်းအနေဖြင့် အသီးအရွယ်အစားပေါ်မူတည်၍ ဈေးနှုန်း ကွာဟမှုရှိသည်။ ဒူးရင်းသီး(အကြီး)တစ်လုံးလျှင် ကျပ် ၄၀ဝ၀ဝ မှ ၅၀ဝ၀ဝ၊ ဒူးရင်းသီး(အလတ်)တစ်လုံးလျှင် ကျပ် ၂၅၀ဝ၀ မှ ၃၅၀ဝ၀ အသေးတစ်လုံးလျှင်  ကျပ်  ၈၀ဝ၀ မှ ၁၅၀ဝ အတွင်းဖြစ်သည်။  အရောင်းအဝယ်အနေဖြင့်  ကုန်သည်များ ခြံအရောက် လာရောက်ဝယ်ယူခြင်း၊ ခြံရှင်များမှ သီးနှံအဝယ် ဒိုင်များကို  တိုက်ရိုက်ရောင်းချခြင်းနှင့် အခြားတိုင်းဒေသ ကြီး/ပြည်နယ်များ (ရန်ကုန်၊ မန္တလေး၊ နေပြည်တော်)သို့ တင်ပို့ရောင်းချလျက်ရှိကြောင်း သိရသည်။     
မင်းကွတ်သီး
မင်းကွတ်သီးကို   မွန်ပြည်နယ်အတွင်း မြို့နယ် ၁၀ မြို့နယ်လုံးတွင်  စိုက်ပျိုးလေ့ရှိ သည်။ မင်းကွတ်သီးထွက်ရှိသည့် ဧပြီလကုန်နှင့် မေလအစတွင် အသီးများ စတင်ခူးဆွတ်၍ ဈေးကွက်အတွင်း  ဝင်ရောက်နေပြီဖြစ်သည်။ ယခုနှစ်တွင် ဒေသစာ၊ ရာသီစာဖြစ်သော  မင်းကွတ်သီးများ အထွက်နှုန်း ကောင်းပြီး ပေါ်ဦးပေါ်စတွင် မင်းကွတ်သီး ဈေးကောင်းရလျက် ရှိသည်။မင်းကွတ်သီး၏ အရွယ်အစားပေါ်မူတည်၍ ဈေးနှုန်း ကွာဟမှုရှိသည်။ မင်းကွတ်သီး(အကြီး)တစ်လုံးလျှင်  ကျပ် ၆၀ဝ၊ အလတ် တစ်လုံးလျှင် ကျပ် ၄၅၀ နှင့် (အသေး)တစ်လုံး လျှင် ကျပ် ၂၅၀ခန့် ရရှိ၍  အရောင်းအဝယ် သွက်လျက် ရှိသည်။ မွန်ပြည်နယ်အတွင်း မင်းကွတ်သီးစိုက်ပျိုးသည့် ဧက ၆၀ဝ၀ ကျော်ရှိသည်။  မင်းကွတ်သီးအထွက်နှုန်းမှာ  ယခင်နှစ် ထက် အသီးထွက်နှုန်းကောင်း၍  စိုက်ပျိုးသူ တောင်သူများ အကျိုးအမြတ်  ပိုမိုရရှိသည်။ မွန်ပြည်နယ်အတွင်း ထွက်ရှိ သည့် မင်းကွတ်သီးများကို တိုင်းဒေသကြီး/ ပြည်နယ်မြို့နယ် များသို့ အသီးသီးသို့ တင်ပို့လျက်ရှိသည်။
ကြက်မောက်သီး
မွန်ပြည်နယ်မှထွက်ရှိသည့် ရာသီပေါ် ကြက်မောက်သီး များ ဈေးကောင်းရရှိနေကြောင်း သစ်သီးဝလံ စိုက်ပျိုးထုတ် လုပ် တင်ပို့ရောင်းချသူများ၏ ပြောဆိုချက်အရ သိရသည်။ မွန်ပြည်နယ်မှထွက်ရှိသည့် အစေ့ကျွတ်  ကြက်မောက်သီး အလုံးရေ ၁၀ဝ လျှင် ငွေကျပ် ၈၀ဝ၀ မှ ၁၃၀ဝ၀ ဝန်းကျင်အထိ ရရှိနေသည်။  လက်လီဈေးအနေဖြင့် ကြက်မောက်သီး တစ် လုံးလျှင် ကျပ် ၂၀ဝ နှင့် ၂၅၀ ခန့်အတွင်း ဖြစ်သည်။ မေလ သည် ကြက်မောက်သီးထွက်ရှိသောအချိန်ဖြစ်သဖြင့် အရောင်း အဝယ်ကောင်းသည်။ မြို့ပေါ်ဈေးနှင့် အခြားတိုင်းဒေသကြီး ပြည်နယ်များသို့ အဓိကရောင်းကြသည်။ ထို့ပြင်  မွန်ပြည်နယ် မှ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မန္တလေးတိုင်း ဒေသကြီး၊  နေပြည်တော်၊ ကရင်ပြည်နယ်သို့  တင်ပို့လျက် ရှိသည်။ ယခင်နှစ်များထက် ဈေးကောင်းရရှိ၍ စိုက်ပျိုးသူများ အဆင်ပြေလျက်ရှိကြောင်း သိရှိရသည်။ 
သံပရာသီ
သံပရာသီးသည်   မေလတွင် အသီးထွက်လှိုင်သော အချိန်ဖြစ်၍ ဈေးကွက်အတွင်း  ပိုမိုရောင်းချလျက် ဝယ်ယူ သူများပြားသည်။ သံပရာသီးဈေးနှုန်းအခြေအနေမှာ အသေး တစ်လုံးလျှင် ကျပ် ၇၀  မှ၈၀၊  အကြီးတစ်လုံးလျှင် ကျပ် ၁၀ဝ မှ ၁၂၀ ဖြင့် ဈေးကွက်အတွင်း ရောင်းချလျက်ရှိသည်။ ရောင်း ချသူများအနေဖြင့် သံပရာခြံတို့မှ လက်ကားဈေးနှုန်းများဖြင့်  တိုက်ရိုက်ဝယ်ခြင်းနှင့် ပုတ်ပြတ်ဈေးဖြင့်   ဝယ်ယူကြကြောင်း သိရသည်။ ၎င်းသံပရာသီးများကို ဈေးကွက်အတွင်း ရောက် ရှိရန် သယ်ယူ ပို့ဆောင်ခ(ကားခ)၊ လုပ်သားခများ၏ကုန်ကျ စရိတ်တို့ ရှိသောကြောင့်  ဈေးနှုန်းကွာဟမှု  (ပြောင်းလဲမှု) ရှိကြောင်း သိရှိရသည်။
သရက်သီး 
မော်လမြိုင်ဒေသတွင်  ရင်ကွဲသရက်သီး၊ မနော်နွယ် သရက်သီး၊ တစုမိတ် သရက်သီးများ  အထွက်နှုန်းကောင်း၍ ဈေးကွက်အတွင်း ရောင်းချမှုတွင် ဈေးကောင်း ရရှိနေသည်။  မေလစတုတ္ထပတ်တွင် ရင်ကွဲသရက်သီး ဈေးနှုန်းအခြေအနေ မှာ ရင်ကွဲသရက်သီးအမှည့် (အကြီး) တစ်လုံးလျှင် ကျပ် ၆၅၀၊  အမှည့် (အသေး) တစ်လုံးလျှင် ကျပ် ၅၅၀ ဖြစ်သည်။ မနော် နွယ်မျိုးသရက်သီး  တစ်လုံးလျှင်  ကျပ် ၂၀ဝ  မှ ၂၅၀ ၊ တစု မိတ်မျိုး (ဘော်လုံးသီး) တစ်လုံးလျှင် ကျပ် ၂၅၀  မှ ၃၅၀ အတွင်းဖြစ်သည်။ မော်လမြိုင်မြို့  ဈေးကွက်အတွင်းအရောင်း အဝယ်ဖြစ်သော ရာသီစာသီးနှံများထဲတွင် သရက်သီးသည် လူကြိုက်များသော သီးနှံမျိုးဖြစ်သည်။
ပိန္နဲသီး
နှစ်ရှည်သီးနှံပင်မျိုးဖြစ်သော ပိန္နဲသီးကို ဒေသတွင်း   စိုက်ပျိုးထားကြသည်။ နှစ်စဉ် အထွက်နှုန်းကောင်း၊ ဈေး ကောင်းရသော ပိန္နဲသီးကို  ဒေသတွင်း၌ ကြိုက်နှစ်သက်သလို အမျိုးမျိုး ပြုလုပ်ချက်စားကြသည်။  ယခုနှစ် ပိန္နဲသီး ဈေး ကောင်းရ၍ အဝယ်များကြသည်။ မေလတွင်  ပိန္နဲသီး(အမှည့် သီး)ကို ဈေးကွက်အတွင်း  ရောင်းချလျက်ရှိသည်။ ဈေးနှုန်း အနေဖြင့်  ပိန္နဲသီးတစ်လုံးလျှင် (အကြီး) ကျပ် ၄၀ဝ၀ မှ ၅၀ဝ၀ အတွင်း၊  (အသေး) ကျပ် ၂၀ဝ၀ မှ ၃၅၀ဝ  အတွင်းဖြစ်သည်။ ပိန္နဲသီးမှာ အိမ်မာနှင့် အိမ်ပျော့ဟူ၍ နှစ်မျိုးရှိပြီး အရသာ ကွဲပြား မှုရှိသည်။ 

 

ခင်ကြည် (မွန်ပြည်နယ်)