Main menu

Background

ပခုက္ကူဒေသထွက် ချည်ထည်စောင်များ

Mon, 08/04/2025 - 11:52 -- journal_editor

ပခုက္ကူမြို့နယ်တွင်  ယခင်က လက်ရက်ကန်းများကို တွင်တွင်ကျယ်ကျယ် အသုံးပြုခဲ့ပြီး  ယခုအခါ စက်ရက်ကန်း များပါ သုံးစွဲလာကြသည်။ ရက်လုပ်သော အထည်များမှာ  ကျားဝတ်လုံချည် အမျိုးမျိုး၊ မဝတ်လုံချည်အမျိုးမျိုး၊ လက် သုတ်ပဝါ၊  မျက်နှာသုတ်ပဝါ၊  စောင်၊ ချင်းပုလဲစောင်နှင့် ခေါက်ချိုးစောင်များကို အဓိက ရက်လုပ်ကြောင်း သိရသည်။ 
ယခုအခါတွင် လက်ရက်ကန်းများအပြင် စက်ရက်ကန်း များကိုပါ အသုံးပြုလာကြပြီး  အများစုမှာ အနံလွန်ခေါက် ချိုးစောင်များကို ရက်လုပ်မှု ပိုမိုများပြားလာကြောင်း သိရှိရ သည်။
အနံ လွန် ခေါက်ချိုးစောင် လက်ရက်ကန်းတစ်တန်းတွင် တိုင်ချည် ထုပ် ၁၄ ထုပ်၊ တစ်ထုပ်လျှင် ၁၈ လိမ်ပါဝင်ပြီး တစ် လိမ်လျှင် နှစ်ခင်ပါဝင်ကြောင်း၊ ဖောက်ချည်တွင် ဖောက်ချည် ထုပ်ငါးထုပ်၊ တစ်ထုပ်လျှင် အလိမ်၂၀၊ တစ်လိမ်လျှင် သုံးခင် အသုံးပြုရကြောင်း၊ အသုံးပြုသောချည်များမှာ ဗမာချည်(၇) ဖြစ်သည်။ 
ယခင်နှစ်က တိုင်ချည်ထုပ် တစ်ထုပ်ဈေးနှုန်းမှာ ကျပ် ၃၃၅၀ဝ၊ ဖောက်ချည်(၁၀)ချည်ကို အသုံးပြုရပြီး တစ်ထုပ်လျှင် ကျပ် ၃၅၅၀ဝ ပေးရကြောင်း၊ ချည်ထုပ်များ ဆေးဆိုးခမှာ အရောင်အမျိုးအစားကိုလိုက်၍ တစ်ထုပ်လျှင် ကျပ် ၃၀ဝ၀- ၅၀ဝ၀- ၅၅၀ဝ၊ ချည်စာနင်းခမှာ တစ်ထုပ် လျှင် ကျပ် ၁၈၀ဝ၊ ချည်ချခမှာ (၁၀)တွဲလျှင် ကျပ် ၃၀ဝ၀၊ ရက်ဖောက်ရက်ခမှာ တစ်တွဲလျှင် ကျပ် ၁၇၀ဝ၊ ရက်ကန်းလုပ်သားခမှာ တစ်ထည် လျှင် ကျပ် ၁၅၀ဝ ပေးရသည်။ 
ယခုနှစ်တွင် လက်ရက် ကန်းတစ်စင်တွင် တိုင်ချည်ထုပ် တစ်ထုပ်လျှင် ကျပ် ၇၂၀ဝ၀၊ ဖောက်ချည်မှာ ၁၀ ချည်ကို အသုံးပြုရပြီး တစ်ထုပ်လျှင် ကျပ် ၆၂၀ဝ၀ ပေးရကြောင်း၊ ချည်ထုပ်များဆေးဆိုးခမှာ အရောင် အမျိုးအစားကိုလိုက်၍ တစ်ထုပ်လျှင်ကျပ် ၅၀ဝ၀- ၇၅၀ဝ၊ ချည်စာနင်းခမှာ တစ် ထုပ်လျှင် ကျပ် ၂၈၀ဝ၊ ချည်ချခမှာ (၁၀) တွဲလျှင် ကျပ် ၅၀ဝ၀၊ ရက်ဖောက်ရက်ခမှာ တစ်တွဲလျှင် ကျပ် ၂၅၀ဝ၊ ရက်ကန်းလုပ် သားခမှာ တစ်ထည်လျှင် ကျပ် ၂၂၀ဝ၊ လိပ်တုန်းရှည်ခမှာ တစ်လိပ်တုန်းလျှင် ကျပ် ၁၄၀ဝ၀ ပေးရပြီး တစ်စင်စာ စုစု ပေါင်း ကုန်ကျ စရိတ်မှာ ကျပ် ၁၂ သိန်းခန့် ကုန်ကျသည်။ ရက်ကန်းတစ်စင်၏ အထွက်နှုန်း မှာ ၁၅ ရက်လျှင် ၅၇ ထည် ထွက်ရှိသည်။  
အနံလွန် ခေါက်ချိုးစောင် တစ်ထည်၏  ဈေးနှုန်းမှာ ကျပ်  ၂၆၅၀ဝ ဖြစ်ပြီး ထွက်ရှိ လာသော အထည်များကို မိမိတို့ ဒေသတွင်းသာမက မန္တလေးတိုင်းဒေသကြီးအတွင်းရှိ  ပုဂံ၊ ညောင်ဦးမြို့နယ်များရှိ  ဟိုတယ်လုပ်ငန်းရှင်များမှလည်း ဝယ်ယူ အသုံးပြုလျက်ရှိကြောင်း ရက်ကန်းလုပ်ငန်းရှင်တစ်ဦး ထံမှ သိရသည်။

လှိုင်ဥမ္မာဦး (ပခုက္ကူ)