မအူပင်ခရိုင် မအူပင်မြို့နယ်တွင် အင်းအိုင်များ၊ ချောင်းများ ပေါများပြီး ၎င်းအင်းအိုင်များပေါ် အမှီပြု၍ စီးပွားရေးလုပ်ကိုင် ဆောင်ရွက်လျက်ရှိသည်။ နှစ်စဉ်အင်းဖော်ချိန်မှာ အောက်တိုဘာလ တွင် အင်းဖော်ပြီး အင်းထဲတွင် ငါးမျိုးစုံမွေးမြူ၍ စီးပွားဖြစ် လုပ်ကိုင် ဆောင်ရွက်ခြင်းများရှိသည်။ အင်းထဲတွင် ငါးရံ့၊ ငါးခုံးမ၊ ငါးဖယ် ဟောင်း၊ ငါးကျည်း၊ ငါးခူ ၊ ငါးမွေထိုး အစရှိသော ငါးများ မွေးမြူ ကြောင်း သိရသည်။ အင်းဖော်ချိန်သုံးလအတွင်း ငါးရံ့များရရှိ၍ ငါးရံ့ခြောက်ပြုလုပ်သူ လုပ်ငန်းများရှိသည်။ မအူပင်မြို့နယ်တွင် အင်းများပြားစွာရှိပြီး ထွက်ရှိသော ငါးများကို ငါးပိပြုလုပ်သူများ၊ ငါးရံ့ခြောက်ပြုလုပ်သူများ၊ ရန်ကုန်မြို့သို့ တင်ပို့ခြင်းများ နှစ်စဉ် လုပ်ကိုင်ဆောင်ရွက်လျက်ရှိသည်၊ မအူပင်မြို့နယ် ကျောင်းဆပ် ကျေးရွာ၊ အောင်ဟိတ်ကျေးရွာ၊ စွန်သိုက်ကျေးရွာ၊ ရေလဲကျေးရွာ များတွင် ငါးရံ့ခြောက်ပြုလုပ်သူများရှိသည်။
ဝယ်ယူရသော ဈေးအနေဖြင့် ငါးရံ့အစိုများကို ငါးရံ့ခြောက် ပြုလုပ်နိုင်ရန် ငါးအရွယ်ဆိုဒ် ငါးမျိုးအင်းထဲမှ ဝယ်ယူရပြီး ၁၀ သားလျှင် ကျပ် ၁၃၀ဝ၀၊ ၂၅ ကျပ်သားလျှင် ကျပ် ၁၆၀ဝ၀၊ ၃၅ ကျပ် သားကို ကျပ် ၁၈၀ဝ၀၊ ၄၀ သားလျှင် ကျပ် ၂၃၀ဝ၀၊ ၅၀ သားလျှင် ကျပ် ၂၅၀ဝ၀ ဖြင့် ဝယ်ယူပြီး ငါးရံ့ခြောက်ခွဲခြမ်း ပြုလုပ်ရကြောင်း သိရသည်။
ထွက်ရှိမှုအနေဖြင့် အောက်တိုဘာလမှ စတင်ထွက်ပေါ်နေပြီး ငါးရံ့ ၁၀ သား တစ်ပိဿာခွဲ လျှင် ၂၀ သား ငါးရံ့ခြောက်ထွက်ရှိ ကြောင်း သိရသည်။ ငါးရံ့များကို ဆားအနည်းငယ်လူး၍ နေပူကျဲကျဲ တွင် ဝါးစင်ထိုး၍ နေလှန်းရသည်။
ရောင်းချမှု ဈေးနှုန်းအနေဖြင့် ၂၀၂၆ ခုနှစ် ဇန်နဝါရီလဆန်း ပိုင်းတွင် ငါးရံ့ခြောက်ဈေးနှုန်းမှာ ၂၀ ကျပ်သားအကောင် တစ် ပိဿာလျှင် ကျပ် ၆၀ဝ၀-၇၅၀ဝ-၈၅၀ဝ၊ ၂၅ ကျပ်သား ငါးရံ့ တစ်ပိဿာလျှင် ကျပ် ၉၀ဝ၀-၁၀ဝ၀ဝ၊ ၄၀ ကျပ်သား၊ ၅၀ ကျပ်သား ငါးရံ့ခြောက်ဈေးမှာ တစ်ပိဿာလျှင် ကျပ် ၁၂၀ဝ၀-၁၃၀ဝ၀-၁၅၀ဝ၀ အထိ ဈေးရရှိကြောင်းသိရသည်။ ၂၀၂၅ ခုနှစ် ငါးခြောက် ပေါ်ချိန်ဈေးဖြင့် နှိုင်းယှဉ်ပါက ဈေးနှုန်းပြောင်းလဲမှု မရှိကြောင်း သိရသည်။
ဇန်နဝါရီနောက်ဆုံးပတ်တွင် ငါးရံ့ခြောက်များ လှိုင်လှိုင် ထွက် ပေါ်လာသော်လည်း ဈေးအနည်းငယ် မြင့်တက်လာကြောင်း ဈေး ကွက်အတွင်းမှ သိရသည်။ မအူပင်မြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ တင်ပို့ရောင်းချနေသည့် ငါးရံ့ခြောက်များကို အချိုခြောက်နှင့် ဆာ လတ်ခြောက်ဟူ၍ နှစ်မျိုးထုတ်လုပ်ရောင်းချလျက်ရှိကြောင်းနှင့် ငါးရံ့ခြောက်ထုတ်လုပ်သူများ စီးပွားရေး အဆင်ပြေလျက်ရှိကြောင်း သိရသည်။
DOCA (ဧရာဝတီ)
