Main menu

Background

ချည်မျှင်ရှည်ဝါ(B.31) စံပြကွက်ဧက ၅၀ ပန်းတိုင် အထွက်နှုန်းရရှိရေးသွင်းအားစုများ ပေးအပ်

Tue, 09/15/2026 - 14:22 -- journal_editor

မိတ္ထီလာမြို့နယ်၌ မိုးနှောင်းချည်မျှင်ရှည်ဝါစံပြကွက်(B.31) ဧက  ၅၀ ပန်းတိုင်အထွက်နှုန်းရရှိရေး သွင်းအားစုများပေးအပ်ပွဲကို သြဂုတ်  ၅ ရက်က ဝါးရုံအုပ်စု အိုင်ကြီးလည်ကျေးရွာတွင်ကျင်းပခဲ့သည်။    
ပေးအပ်ပွဲတွင် မန္တလေးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယတိုင်းဒေသကြီးဦးစီးမှူး ဦးစိုးသိန်းနှင့် မိတ္ထီလာခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူးဦးအောင်မျိုးဝေတို့က ဝါသီးနှံစိုက်ခင်းများ အထွက်နှုန်းတိုးတက်ရေးဆောင် ရွက်ရမည့်အခြေအနေများ၊ ဝါစိုက်ခင်းများတွင်ကျရောက်တတ်သော ပိုးမွှားရောဂါများနှင့် ကာကွယ်ရေးနည်းလမ်းများ၊ ဝါများဈေးကောင်းရရှိစေရန် ဝါကောက်ယူသိမ်းဆည်းရာတွင် Grade ခွဲ၍ကောက်ယူသည့်နည်းလမ်းများ အသုံးပြုရန်ရှင်းလင်းပြောကြားခဲ့ပြီး ဒုတိယတိုင်းဒေသကြီးဦးစီးမှူး၊ ခရိုင်ဦးစီးမှူး၊ မြို့နယ်ဦးစီးမှူး ဦးသက်နိုင်အေးနှင့် တာဝန်ရှိသူများက မိုးနှောင်းချည်မျှင်ရှည်ဝါ (B.31) စံပြကွက်ဧက ၅၀ တွင် စိုက်ပျိုးထားရှိသည့် ဝါစိုက်တောင်သူများအား သွင်းအားစု(ယူရီးယားဓာတ်မြေသြဇာနှင့် သဘာဝမြေသြဇာ)တို့ကို အသီးသီးပေးအပ်ခဲ့သည်။
ယင်းနောက် ဒုတိယတိုင်းဒေသကြီးဦးစီးမှူး၊ ခရိုင်ဦးစီးမှူးများ၊ မြို့နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူများက ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်၊ ဝါးရုံအုပ်စု၊ အိုင်ကြီးလည်ကျေးရွာ၊ ကွင်းအမှတ်(၁၀၈၈)တွင် စိုက်ပျိုးထားသည့် မိုးနှောင်းချည်မျှင်ရှည်ဝါ (B.31) စံပြကွက်ဧက ၅၀ စိုက်ခင်းသို့ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။                                                                      

စိမ်းစိမ်းထွေး (MDYDOCA)