Background
ပြည်ပဲပုပ်မှာ ပိဿာ ၂၀ တစ် တင်းကို ၁၆၅၀၀ ကျပ်ရှိပြီး ပဲပုပ်ဈေးမှာ တစ်ပတ်နဲ့တစ်ပတ် ဈေးအတက် အကျ မြန်နေတာကို တွေ့ရပါတယ်။ ယခု တစ်ပတ်ဈေးကျချိန်မှာတော့ လှောင် လက်သမားများနဲ့ လုပ်ငန်းသမားများ အဝယ်လိုက်နေပါတယ်။ ပြည်ဈေး ကွက်သို့ ပေါက်ခေါင်း၊ ပန်းတောင်းမှ အဝင်များပြီး အိတ် ၄၀၊ ၅၀ မှ ၁၀၀ အတွင်းအဝင်ရှိနေပါတယ်။ ယခုတစ် ပတ် ပြည်ပဲပုပ်မှာတော့ အဝင်များသ လို အရောင်းအဝယ်မှာလည်း သွက် နေတယ်လို့ သိရပါတယ်။ ဆုမွန်ဆွေ-ပြည်
ရေတွက်ပုံ - ဒေါ်လာ စဉ် နေ့စွဲ CIF (ရန်ကုန်) (၁) ၁၀-၁၂-၂၀၁၂ ၈၃၅ (၂) ၁၁-၁၂-၂၀၁၂ ၈၃၀ (၃) ၁၂-၁၂-၂၀၁၂ ၈၂၀ (၄) ၁၃-၁၂-၂၀၁၂ ၈၁၀ (၅) ၁၄-၁၂-၂၀၁၂ ၈၁၀ Source:ဆီကုန်သည်များအသင်း
မလေးရှားစားအုန်းဆီ သိုလှောင်လက်ကျန် စံချိန်တက်မြင့်တင်ခြင်းနဲ့ အမေရိ ကန် ဘဏ္ဍာရေး အခြေအနေအပေါ် စိုးရိမ်မှုများကြောင့် မလေးရှား စားအုန်းဆီ ကြိုပွိုင့်ဈေး ဆက်တိုက်ကျဆင်းလာကြောင်း သိရပါတယ်။ အမေရိကန်အစိုးရရဲ့ ငွေကြေးလည်ပတ်မှု ပိုမိုကောင်းမွန်စေတဲ့ ကြေညာချက်များ ထုတ်ပြန်ခ ဲ့ပေမယ့် အမေရိကန်လွှတ်တော်အဖွဲ့နဲ့ အိမ်ဖြူတော်အကြား ၂၀၁၃ ငွေကြေးအသုံးစရိတ် ဆွေးနွေးမှုများနဲ့ ပတ်သက်လို့ သိသာကွာခြားမှုများကြောင့် ကုန်သည်များ ရောင်း ဝယ်မှုအပေါ် ဆက်ပြီး သတိထားနေ ကြပါတယ်။
မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်မှ ဒီဇင်ဘာလ ၅ ရက်မှ ၁၁ ရက်အတွင်း ကန်ဒေါ်လာ သုည ဒသမ ၆၂၈ သန်းတန်ဖိုးရှိ နှမ်းဖြူအခွံချွတ် ၃၂၁ တန်ကျော် အပို့ရှိခဲ့ရာ ယခင်အပတ်ထက် အခွံချွတ် ၁၈၇ တန် ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ နှမ်းရောင်စုံတင်ပို့မှုကိုကြည့်မယ်ဆိုလျှင် နှမ်းဖြူ ၂၂၀၃ တန်ခန့်နဲ့ နှမ်းနက် ၁၇၆၃ တန်ကျော်တင်ပို့ခဲ့တာ ဖြစ်ပါတယ်။ ယခုအပတ်မှာ မြန်မာ-ထိုင်းနယ်စပ်ရှိ မြဝတီ စခန်းမှလည်း ကန်ဒေါ်လာ သုည ဒသမ ၁၂၀ သန်းဖိုးရှိ နှမ်းညို ၇၅ တန်ကျော်ကို တင်ပို့ခဲ့တာတွေ့ရပါတယ်။ MIRT (DOBT)
ယခုတစ်ပတ် ပင်လယ်ရေကြောင်းက နှမ်းတင်ပို့မှု သွက်လက်လာခဲ့ပါတယ်။ ယခင်တစ်ပတ်က နှမ်းတန် ၉၀၀ ကျော်တင်ပို့ခဲ့ပြီး ဒီဇင်ဘာလ ၇ ရက်ထိ သီတင်းပတ်အတွင်း ဂျပန်၊ ဗီယက်နမ်၊ စင်ကာပူ၊ ကိုရီးယားကို တန်ချိန် ၁၃၀၀ ကျော်တင်ပို့ခဲ့ကြောင်း သိရပါတယ်။ လက်ရှိ ဘဏ္ဍာနှစ်အတွင်း နှမ်းစုစုပေါင်း တင်ပို့ပြီးစီးမှု အနေနဲ့ တန်ချိန် ၈၅၀၀၀ ခန့်ရှိပြီး ဝင်ငွေမှာ ကန်ဒေါ်လာ ၁၄၄ သန်းခန့် ရရှိပြီး မြေပဲဆန် တန်ချိန် ၃၆၀၀၀ ကျော် တင်ပို့ခြင်းမှ ကန်ဒေါ်လာ ၅၂ သန်းခန့် ရရှိထားရာ ယခုနှစ်အတွင်း ဆီထွက်သီးနှံ စုစုပေါင်း တန်ချိန် ၁၂၁၀၀၀ တင်ပို့ခြင်းမှ ကန်ဒေါ်လာ ၁၉၅ သန်းကျော် ရရှိထားကြောင်း သိရပါတယ်။MIRT- MAPT
ဆီထွက်သီးနှံအုပ်စုထဲမှာ မြေ၊ ရေ၊ ရာသီသဘာဝကို အရွေးချယ် ဆုံးဖြစ်တဲ့ မြေပဲစိုက်ပျိုးခြင်းဟာ ဈေး ကွက်အရ တောင်သူကို ဆွဲဆောင်မှု ရှိသလို သဘာဝအခြေအနေရဲ့ ကန့် သတ် ခွင့်ပြုချက်အရသာ အကျိုး အမြတ် ခံစားရခဲ့တတ်တာမို့ တောင် သူတိုင်း စိုက်ဖို့စိတ်မကူးရဲကြဘူးလို့ ကြားခဲ့ဘူးပေမယ့် ယခုနှစ် ချင်းတွင်း မြစ်ရေအကျမှာ ဖြစ်ပေါ်လာတဲ့ နုန်း မြေလွှာနုတွေကို ပိုင်ပိုင်နိုင်နိုင် အသုံး ပြုခဲ့တဲ့ မြောင်မြို့နယ်က ပရိမ္မ၊ ဆည် ရွာနဲ့ ဘူးကိုင်းစတဲ့ ကျွန်းမြေ တွေမှာ ရာသီအမီ တောင်သူအများစု မြေပဲ ကိုအားပြုစိုက်ပျိုးခဲ့ကြတယ်လို့ ဒေသ ခံ တစ်ဦးကဆိုပါတယ်။
အာဂျင်တီးနားမှာ မကြုံဖူးတဲ့ ရာသီဥတုအေးခြင်းကြောင့် ပဲပုပ်ရောင်းချမှု အဟန့်အတားဖြစ်ခြင်းနဲ့ တရုတ်နိုင်ငံဝယ်လိုအား မြင့်တက်ဖွယ်ရှိခြင်းအလား အလာများအရ ဒီဇင်ဘာ ၆ ရက် မလေးရှားစားအုန်းဆီ ကြိုပွိုင့်ဈေး သုည ဒသမ ၇ ရာခိုင်နှုန်းမြင့်တက်ခဲ့ပါတယ်။ ဒါပေမယ့် မလေးရှားနိုင်ငံရဲ့ နိုဝင်ဘာလ ပဲပုပ် သိုလှောင် လက်ကျန် စံချိန်တင်မြင့်တက်မှုနဲ့ ပတ်သက်လို့တော့ ရင်းနှီးမြှုပ်နှံသူ တွေရဲ့ စိုးရိမ်မှုရှိခြင်းက ဈေးနှုန်းမြင့်တက်မှု ကို ထိန်းချုပ်နိုင်တယ်လို့ ခန့်မှန်းကြပါ တယ်။ နိုဝင်ဘာလ မလေးရှားနိုင်ငံရဲ့ စားအုန်းဆီသိုလှောင်လက်ကျန်က တန်ချိန် ၂ ဒသမ ၅၈ သန်းခန့်အထိ ရှိနိုင်တယ်လို့ ဆိုပါတယ်။
မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်နယ်စပ်ကုန်သွယ်ရေးစခန်းမှ ကန်ဒေါ်လာ ၃ ဒသမ ၇၇၉ သန်းတန်ဖိုးရှိတဲ့ နှမ်းရောင်စုံ ၂၀၇၁ တန်ကျော်ကို နိုဝင်ဘာလ ၂၈ ရက်မှ ဒီဇင်ဘာလ ၄ ရက်အတွင်း တင်ပု့ိခဲ့တာတွေ့ရပါတယ်။နှမ်းရောင်စုံ တင်ပို့မှုတွေကတော့ နှမ်းနက် ၁၂၆၀ တန်ခန့်၊ နှမ်းဖြူ ၇၇၃ တန်ခွဲနဲ့ နှမ်းညို ၃၇ တန်ကျော်တို့ကို အပို့ရှိခဲ့ပါတယ်။ နှမ်းဖြူအခွံချွတ် ၁၃၄ တန်ကိုလည်း ကန်ဒေါ်လာ ၀ ဒသမ ၂၆၂ သန်းဖိုး တင်ပို့နိုင်ခဲ့ပါတယ်။ နှစ်ဖက်မြေပြင်နှမ်းဈေးများကိုကြည့်လျှင် မိမိဘက်နှမ်းဈေးများ တရိပ်ရိပ်မြင့် တက်နေတာ တွေ့ရပါတယ် -
လက်ရှိ ၂၀၁၂-၁၃ ဘဏ္ဍာနှစ် နိုဝင်ဘာလကုန်အထိ ပြည်ပကို နှမ်းမျိုးစုံ တင်ပို့မှု တန်ချိန် ၈၁၀၀၀ ကျော်ရှိပြီး ရရှိတဲ့ ဝင်ငွေမှာ ကန်ဒေါ်လာ ၁၃၇ သန်းခန့် ရရှိထားကြောင်း သက်ဆိုင်ရာ စာရင်းများအရ သိရပါတယ်။ ပြီးခဲ့တဲ့ ဘဏ္ဍာနှစ် ကာလတူမှာ တန်ချိန် ၇၇၀၀၀ ကျော် တင်ပို့ထားခြင်းမှ ကန်ဒေါ်လာ ၁၀၉ သန်းခန့် ဝင်ငွေရရှိလို့ ပြီးခဲ့တဲ့နှစ် ကာလတူထက် ပမာဏအားဖြင့် တန်ချိန် ၄ ထောင်ခန့်ပိုမိုပြီးရရှိတဲ့ ဝင်ငွေမှာ ကန်ဒေါ်လာ ၂၈ သန်းခန့် ပိုမိုကြောင်း သိရပါ တယ်။ယခုတစ်ပတ်အတွင်း တင်ပို့မှုမှာ တန်ချိန် ၉၅၀ ကျော်ကို ကိုရီးယား၊ ဂျပန်၊ မလေးရှား၊ ထိုင်းနဲ့ တရုတ်ကိုတင်ပို့ကြောင်း သိရပါတယ်။ လက်ရှိဘဏ္ဍာနှစ် အတွင်း မြေပဲတန်ချိန် ၃၅၀၀၀ကျော်တင်ပို့ထားပြီးကန်ဒေါ်လာ ၅၁ သန်းခန့် ရရှိ ထားရာ ယခင် ၂၀၁၁-၁၂ ဘဏ္ဍာနှစ် တစ်နှစ်လုံး မြေပဲဆန်တင်ပို့မှု တန်ချိန် ၁၂၂၀၀ ကျော်မှ ရရှိတဲ့ ဝင်ငွေ ကန်ဒေါ်လာ ၁၈ သန်းခန့်ထက် ၃ ဆခန့် တင်ပို့မှုပိုမိုနေပြီ ဖြစ်ကြောင်း သိရပါတယ်။ MIRT - MAPT
သီးနှံထုတ်လုပ်နိုင်စွမ်း ပြန်လျော့ နိုင်တာကြောင့် လာမယ့်နှစ်သီးနှံဈေး နှုန်း ဦးတည်ရာက ပြောင်းထက် ဂျုံက ပိုနိုင်တယ်လို့ FAO မှ စီးပွားရေး ပညာရှင် Abdolreza Abbassiam မှ ပြောကြားပါတယ်။ ပင်လယ်နက် ပြ ဿနာကြောင့် အမေရိကန်မှ ရောင်းချ မှု နည်းနိုင်တဲ့အတွက် ဂျုံက ဦးဆောင် နိုင်တဲ့ အခြေအနေရှိတယ်လို့ ခန့်မှန်း ခြင်းဖြစ်ကြောင်း ၎င်းင်းကဆိုပါတယ်။ ချီ ကာကိုမှာ ယခုနှစ် ပြောင်းဈေးက ၁၆ ရာခိုင်နှုန်းနဲ့ ပဲပုပ်က ၂၃ ရာခိုင်နှုန်း မြင့်တက်ခဲ့တာကြောင့် ဂျုံဈေးက ၃၁ ရာခိုင်နှုန်းမြင့်တက်ပြီး၊ တစ်ဘူရှယ် ကန်ဒေါ်လာ ၈ ဒသမ ၅၅၅ (တစ်တန် ကန်ဒေါ်လာ ၂၃၁)ထိရှိခဲ့ပါတယ်။