Background
နှမ်းရောင်စုံ တင်ပို့မှု အားကောင်း မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်၁၀၅ မိုင် ကုန်သွယ်ရေးဇုန်မှတစ်ဆင့် ကန်ဒေါ်လာ ၅ ဒသမ ၇၁၉ သန်း တန်ဖိုးရှိ နှမ်းရောင်စုံ ၄၄၀၃ တန်ကျော် ယခုအပတ်မှာ အပို့ရှိခဲ့ပြီး ယခင်အပတ်တင်ပို့မှုထက် ၂၈၄ တန် ပိုမိုခဲ့တာတွေ့ရပါတယ်၊၊ နှမ်းအမျိုးအစားအလိုက် တင်ပို့မှုတွေကတော့ ကန်ဒေါ်လာ ၂ ဒသမ ၅၅၆ သန်း တန်ဖိုးရှိနှမ်းဖြူ ၂၁၃၀ တန်၊ ကန်ဒေါ်လာ ၂ ဒသမ ၈၇၂ သန်း တန်ဖိုးရှိနှမ်းနက် ၂၀၅၁ တန်ကျော်နဲ့ ကန်ဒေါ်လာ ၀ ဒသမ ၂၉၁ သန်း တန်ဖိုးရှိ နှမ်းဖြူအခွံချွတ် ၂၂၂ တန် အသီးသီးဖြစ်ပါတယ်။ မြေပြင်နှမ်းဈေးများကိုကြည့်တဲ့အခါ မိမိဘက်ရော တစ်ဘက်နိုင်ငံမှာပါ နှမ်းနက်ဈေး ယခင် အပတ်အတိုင်း ပြောင်းလဲမှုမရှိပေမဲ့ မိမိဘက်မှာ နှမ်းဖြူဈေး မြင့်တက်နေပြီး တစ်ဘက်နိုင်ငံဈေးကတော့ ပြောင်းလဲမှု မရှိတာ တွေ့ရပါတယ် မိမိဘက်(ကျပ်/တန်) တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်) ယခု ယခင် ပြောင်းလဲမှု % ယခု ယခင် ပြောင်းလဲမှု %နှမ်းနက် ၁၀၂၉၇၈၉ ၁၀၂၉၇၈၉ - - ၁၄၁၀ ၁၄၁၀ - -နှမ်းဖြူ ၈၆၃၀၀၀ ၈၅၃၀၀၀ ၁၀၀၀၀ ၁၂ ၁၂၀၆ ၁၂၀၆ - -MIRT (DOBT)
နှမ်းတန်ချိန် ၈၆၀ ကျော်နဲ့ တင်ပို့မှု အားကောင်းနေ ပင်လယ်ရေကြောင်း နှမ်းတင်ပို့မှုဟာ ယခုသီတင်းပတ် (စက်တင်ဘာ၁၁ ရက်မှ ၁၇ ရက်)အတွင်း တန်ချိန် ၈၆၀ ကျော်နဲ့ တင်ပို့မှုအားကောင်းနေတာ တွေ့ရပါတယ်။ တင်ပို့တဲ့နိုင်ငံတွေကတော့ တရုတ်၊ ဂျပန်၊ တောင်ကိုရီးယား၊ မလေးရှားနဲ့ စင်ကာပူတို့ဖြစ်ပြီး တင်ပို့တဲ့ ပမာဏများတာကတော့ ဂျပန်ကိုဖြစ်ပါတယ်။ ပြည်တွင်းမှာ နှမ်းအသစ်တွေ ဈေးကွက်ထဲ ဝင်ရောက်မှု တိုးတက်ခြင်းနဲ့အတူ ပြည်ပပို့ကုန်ဝင်ငွေ တစ်ယူနစ် တန်ဖိုး တိုးမြင့်လာတဲ့အတွက် ပြည်ပပို့ကုန်သမားများ တင်ပို့မှုသွက်လာတယ်လို့ သိရပါတယ်။ လက်ရှိဘဏ္ဍာနှစ်အတွင်း စက်တင်ဘာလ ၁၆ ရက်နေ့အထိ နှမ်းတန်ချိန် ၃၃၀၀၀ ကျော်တင်ပို့ပြီး ယခင်ဘဏ္ဍာနှစ်က တင်ပို့ခဲ့တဲ့ တန်ချိန် ၂၅၀၀၀ ကျော်ထက် ပိုမိုတင်ပို့ပြီးတာ တွေ့ရပါတယ်။ စက်တင်ဘာလ ၂၃ ရက် ရန်ကုန် FOB ဈေးမှာ သိပ္ပံနှမ်းနက် တစ်တန်ကန် ဒေါ်လာ ၁၈၀၀-၁၉၀၀၊ နှမ်းနက် တစ်တန် ကန်ဒေါ်လာ ၁၄၅၀-၁၅၀၀၊ နှမ်းဖြူတစ်တန် ကန်ဒေါ်လာ ၁၃၀၀-၁၃၅၀၊ နှမ်းနီနဲ့ နှမ်းညိုဈေးမှာ တစ်တန် ကန်ဒေါ်လာ ၁၂၂၅-၁၂၇၅ အသီးသီးနဲ့ ယခင်တစ်ပတ် ဈေးထက်အနည်းငယ် တိုးလာတာ တွေ့ရပါတယ်။ MIRT- MAPT
စားအုန်းဆီဈေးနှုန်းများ (၁၉-၉-၂၀၁၁ မှ ၂၃-၉-၂၀၁၁ နေ့ထိ) ရေတွက်ပုံ-ဒေါ်လာ စဉ် နေ့စွဲ CIF(ရန်ကုန်) Cloud Point 10.C Max CIF(ရန်ကုန်) Cloud Point 8.C Max (၁) ၁၉-၉-၂၀၁၁ ၁၁၄၀ ၁၁၅၀ (၂) ၂၀-၉-၂၀၁၁ ၁၁၂၀ ၁၁၄၂ (၃) ၂၁-၉-၂၀၁၁ ၁၁၂၀ ၁၁၅၀ (၄) ၂၂-၉-၂၀၁၁ ၁၁၁၀ ၁၁၃၇ (၅) ၂၃-၉-၂၀၁၁ ၁၁၁၀ ၁၁၁၅ Source:ဆီကုန်သည်များအသင်း
မလေးရှားစားအုန်းဆီအပတ်စဉ်ပျမ်းမျှ(FOB)ဈေးနှုန်း ၂၃-၉-၂၀၁၁ US$/Ton စက်တင်ဘာလဒုတိယပတ် စက်တင်ဘာလတတိယပတ် နှိုင်းယှဉ်ချက် RBD P.Oil ၁၁၀၇ .၀၀ ၁၀၅၉ .၅၀ RBD P.Olein ၁၁၃၇ .၀၀ ၁၀၈၅ .၀၀ RBD P.Strarin ၈၈၄ .၀၀ ၈၆၉ .၀၀ Source: econ.mpob
အမေရိကန်စီးပွားရေး အကျပ်အတည်းကို စိုးရိမ်ပေမယ့် အိန္ဒိယ ဝယ်လိုအားကြောင့် စားအုန်းဆီကြမ်း ကျဆင်းမှု ကန့်သတ် မလေးရှား ဘာစာကုန်စည်ဒိုင်မှာ စားအုန်းဆီကြိုပွိုင့်ဈေးများဟာ အမေရိကန်စီးပွားရေး အကျပ်အတည်း စိုးရိမ်မှုများကြောင့် ဈေးလျော့ကျနေခဲ့ရာမှ အချို့ အထောက်အပံ့ဖြစ်စေတဲ့အချက်များကြောင့် ဈေးကျဆင်းမှု ကန့်သတ်ခဲ့ပါတယ်။ ချီကာကိုမှာ ပဲပုပ်ဆီကြိုပွိုင့်ဈေး အနည်းငယ်မြင့်တက်ခဲ့ပြီး၊ ဒီဇင်ဘာလ စာချုပ် ဈေးဟာ တစ်ပေါင် ၀ ဒသမ ၃ ရာခိုင်နှုန်းမြင့်တက်ပြီး၊ ကန်ဒေါ်လာ ၅၅ ဒသမ ၈၂ ဆင့် (တစ်တန်ကန်ဒေါ်လာ ၁၂၃၀ ) ဖြစ်လာခဲ့ ပါတယ်။ အဓိကဝယ်လက်ဖြစ်တဲ့ အိန္ဒိယက အောက်တိုဘာလမှာကျင်းပမယ့် ဒီပဝါလီ ပွဲတော်အတွက် ဆီသိုလှောင်မှု ပြန်လည်စတင်တော့မှာဖြစ်လို့ ပြည်ပဝယ်လိုအား မျှော်လင့်ချက်အရလည်း ဈေးနှုန်းကို အထောက်အပံ့ဖြစ်စေပါတယ်။ ကုန်သည် များက ဥရောပဇုန်နဲ့ အမေရိကန်တို့နဲ့ပတ်သက်လို့ မသေချာတဲ့အနေအထားအရ ဈေးမြှင့်ပေးဝယ်လိုခြင်းမရှိတာကြောင့် ကျန်တဲ့လများမှာလည်း စားအုန်းဆီကြမ်း ဈေးဟာ တစ်တန်ကိုရင်းဂစ် ၃၀၀၀ နဲ့ ၃၁၀၀ (ကန်ဒေါ်လာ ၉၅၁-၉၈၃ ) ကြား ရှိနေလိမ့်မယ်လို့ ကွာလာလမ်ပူမှ ကုန်သည်တစ်ဦးက ခန့်မှန်း ထားပါတယ်။ ဒါပေမဲ့ စက်တင်ဘာမှာ စားအုန်းဆီထွက်ရှိမှု သိသိသာသာမြင့်တက်ဖွယ်ရှိလို့ စားအုန်းဆီကြမ်းဈေးဟာ တစ်တန်ရင်းဂစ် ၂၉၀၀ (ကန်ဒေါ်လာ ၉၁၉ ) ကို ထပ်မံကျဆင်းနိုင်တယ်လို့ အခြားကုန်သည်တစ်ဦးကဆိုပါတယ်။ သြဂုတ်လကုန်မှာ မလေးရှားစားအုန်းဆီသိုလှောင်လက်ကျန်ဟာ တန်ချိန် ၁ ဒသမ ၈၈ သန်းရှိတယ် လို့ မလေးရှား စားအုန်းဆီအဖွဲ့က စက်တင်ဘာလ ၁၂ ရက်နေ့မှာ ပြောကြားပါ တယ်။ လက်ငင်းဈေးကွက်မှာ အောက်တိုဘာလအတွက် သန့်စင်ပြီးစားအုန်းဆီ (Palm Olein) ဈေးဟာ တစ်တန်ကန်ဒေါ်လာ ၁၀၇၅ ရှိပြီး ချက်ချင်းပို့ရမယ့် စားအုန်းဆီကြမ်းဈေးဟာ တစ်တန်ရင်းဂစ် ၃၀၈၀ (ကန်ဒေါ်လာ ၉၇၇) ဈေးရှိတယ်လို့သိရပါတယ်။ ယုဇန Source: palmoilhq.com
မလေးရှားစားအုန်းဆီအပတ်စဉ်ပျမ်းမျှ(FOB)ဈေးနှုန်း၉-၉-၂၀၁၁ US$/Ton သြဂုတ်လစတုတ္ထပတ် စက်တင်ဘာလပထမပတ် နှိုင်းယှဉ်ချက်RBD P.Oil ၁၁၃၂ .၀၀ ၁၁၄၂ .၀၀RBD P.Olein ၁၁၅၆ .၀၀ ၁၁၆၂ .၀၀RBD P.Strarin ၈၆၆ .၀၀ -Source: econ.mpob
မသေချာတဲ့ ဝယ်လိုအား အလားအလာအရ စားအုန်းဆီကြမ်းဈေးကျဆင်း လာမယ့်လများအတွင်း မသေချာတဲ့ ဝယ်လိုအားကြောင့် ဘာစာမလေးရှား ကုန်စည်ဒိုင်မှာ စားအုန်းဆီကြမ်း ကြိုပွိုင့်ဈေးကျဆင်းခဲ့တယ်လို့ ကုန်သည်များက စက်တင်ဘာလ ၈ ရက်နေ့မှာပြောကြားပါတယ်။ နိုဝင်ဘာလ အခြေခံစံနှုန်း စားအုန်း ဆီကြမ်းဈေးက ယခင်ရက်ထက် ၀ ဒသမ ၆ ရာခိုင်နှုန်းကျဆင်းပြီး တစ်တန် ကို ရင်းဂစ် ၃၀၂၃ (ကန်ဒေါ်လာ ၁၀၀၈)ဈေးဖြစ်ခဲ့ပါတယ်။ အဓိက ဝယ်လက်ထဲမှာပါဝင်တဲ့ တရုတ်နိုင်ငံမှာ သိုလှောင်လက်ကျန်များနေ တာကြောင့် ဝယ်ယူမှုနဲ့ သင်္ဘောတင်ပို့မှု နှေးကွေးဖွယ်ရှိလို့ စက်တင်ဘာလ ပထမ ၁၀ ရက်အတွက် ပြည်ပတင်ပို့မှု နည်းလိမ့်မယ်လို့ ကွာလာလမ်ပူရှိကုန်သည်တစ်ဦး က ပြောကြားပါတယ်။ ဒါ့အပြင် အင်ဒိုနီးရှားနိုင်ငံရဲ့ အောက်တိုဘာလ ၁ ရက်မှာ အကျုံးဝင်မယ့် စားအုန်းဆီကြမ်းနဲ့ စားအုန်းဆီထုတ်ကုန်များအပေါ် ပြည်ပတင်ပို့ခွန် စနစ်အသစ်ချမှတ်ပြီးတဲ့နောက် မလေးရှားနိုင်ငံရဲ့ သန့်စင်ပြီး ဆီအုန်းထုတ်ကုန်များ ရောင်းချမှုကိုလည်း ထိခိုက်ဖွယ်ရှိတယ်လို့ ကုန်သည်များက ဆိုပါတယ်။ အင်ဒိုနီးရှားက စားအုန်းဆီအနိမ့်ဆုံး ပြည်ပတင်ပို့ခွန်ကို ၂၅ ရာခိုင်နှုန်း မှ ၂၂ ဒသမ ၅ ရာခိုင်နှုန်းကိုလည်းကောင်း၊ သန့်စင်ပြီး ဆီအုန်းထုတ်ကုန်များအတွက် ၂၅ ရာခိုင်နှုန်းမှ ၁၃ ရာခိုင်နှုန်းကိုလည်းကောင်း လျှော့ချမှာ ဖြစ်ပါတယ်။ ဒါကြောင့် အင်ဒိုနီးရှားက ပိုမိုတင်ပို့နိုင်လိမ့်မယ်လို့လည်း ကုန်သည်တစ်ဦးက ဆိုပါတယ်။ စားအုန်းဆီ ရာသီအရ ထုတ်လုပ်မှု မြင့်တက်တဲ့အချိန် ဒုတိယနှစ်ဝက်အတွင်း ဝယ်လိုအားကျဆင်းမှုက သိုလှောင်မှုပမာဏကို မြင့်တက်စေပြီး၊ စားအုန်းဆီဈေး ကိုလည်း ထပ်မံကျဆင်းစေနိုင်ပါတယ်။ ၂၀၁၁ ခုနှစ် စပိုင်းကနေလက်ရှိ အချိန်ထိ စားအုန်းဆီဈေး ၂၂ ရာခိုင်နှုန်းနီးပါး ကျဆင်းခဲ့ပြီလိုဆိုပါတယ်။ သြဂုတ်လအတွင်း အလုပ်သမားနားရက်တွေကြောင့် စားအုန်းဆီထုတ်လုပ်မှု တန်ချိန် ၁ ဒသမ ၆၈ သန်း - ၁ ဒသမ ၇၃ သန်းခန့်ရှိလို့ ဇူလိုင်လအတွင်းမှာ တန်ချိန် ၁ ဒသမ ၇၅ သန်းနဲ့ နှိုင်းယှဉ်ရင် လျော့ကျခဲ့ပါတယ်။ ဒါပေမယ့် ထုတ်လုပ်မှုကျဆင်းခြင်းဟာ ယာယီမျှသာဖြစ်နိုင်ပါတယ်။ ယခုလအတွင်း ရိတ်သိမ်း ခူးဆွတ်မှု အရှိန်ပြန်ရလာပြီလို့ စားအုန်းဆီ ထုတ်လုပ်သူများက ဆိုပါတယ်။ လက်ငင်းဈေးကွက်မှ မလေးရှား FOB ဈေးဟာ အောက်တိုဘာလအတွက် သန့်စင်ပြီး စားအုန်းဆီ တစ်တန် ကန်ဒေါ်လာ ၁၁၃၀၊ ဇန်နဝါရီ၊ ဖေဖော်ဝါရီ၊ မတ်လအတွက် ဈေးက ကန်ဒေါ်လာ ၁၀၉၀ ရှိတယ်လို့ သိရပါတယ်။ ချက်ချင်း တင်ပို့မယ့် စားအုန်းဆီကြမ်းလက်ငင်းဈေးက တစ်တန် ရင်းဂစ် ၃၀ လျော့ကျပြီး၊ ရင်းဂစ် ၃၁၂၀ (ကန်ဒေါ်လာ ၁၀၄၀)ဈေးနဲ့ ကမ်းလှမ်းခဲ့တယ်လို့ သိရပါတယ်။ ယုဇန၊Source: palmoilhq.com
