Main menu

Background

Wednesday, 5 Oct 2011

အာရှဒေသတွင် ဝန်ထမ်းကိုယ်ရေးအကျဉ်းချုပ်မမှန်မကန် ဖော်ပြမှုမြင့်တက်                   အာရှဒေသများရှိ အလုပ်လျှောက်ထားသူတွေက သူတို့ရဲ့လုပ်ငန်းဆိုင်ရာ ကိုယ်ရေးအကျဉ်းချုပ် တင်ပြရာမှာ လိမ်လည်မှုများပိုမိုများပြား လာတယ်။ အထူးသဖြင့် အိုင်တီလုပ်ငန်း၊ ဘဏ်လုပ်ငန်းနဲ့ ဘဏ္ဍာရေးဝန် ဆောင်မှုလုပ်ငန်းတွေမှာ အများဆုံးဖြစ်တယ်လို့ အလုပ်အကိုင်စိစစ်ရေး အေဂျင်စီ First Advantage  ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ အာရှပိစိဖိတ်ဒေသရှိ အလုပ်လျှောက်ထားသူတွေက သူတို့ကိုယ်ရေး အကျဉ်းချုပ်မှာပညာအရည်အချင်းကို မမှန်မကန်ဖော်ပြတဲ့ဝန်ထမ်း အချိုးအစားက ၂၀၁၀ ပြည့်နှစ်က ၃ ဒသမ ၂ ရာခိုင်နှုန်းရှိရာမှ ယခုနှစ်မှာ ၄ ဒသမ ၄ ရာခိုင်နှုန်းထိ တိုးတက်လာတယ်လို့ ဆိုပါတယ်။ အစီရင်ခံစာအရ မမှန်မကန်ဖော်ပြတဲ့အထဲမှာ အလုပ်အကိုင်ဖြစ်စဉ် သမိုင်းကို မမှန်မကန်ဖော်ပြတာက စုစုပေါင်းမှားယွင်းဖော်ပြမှုရဲ့ ၆၆ ဒသမ ၄ ရာခိုင်နှုန်းရှိပြီး ၂၀၁၀ ပြည့်နှစ်ကထက် ၂ ဒသမ ၅ ရာခိုင်နှုန်းပိုမိုများ ပြားလာပါတယ်။ ပညာရေးက ၁၅ ဒသမ ၂၅ ရာခိုင်နှုန်းရှိပြီး ယခင်နှစ်ရဲ့ အောက် သုညဒသမ ၅ ရာခိုင်နှုန်းကျ ဆင်းလာပါတယ်။ လိပ်စာမှားယွင်း တာက ၁၆ ဒသမ ၉ ရာခိုင်နှုန်းရှိပြီး ၆ ဒသမ ၈ ရာခိုင်နှုန်းမြင့်တက်လာပါတယ်။ First Advantage က ၂၀၁၀ ပြည့်နှစ် ပထမသုံးလပတ်ကနေ ယခုနှစ် ဒုတိယသုံးလပတ်အထိ လျှောက်လွှာပေါင်းတစ်သန်းကို လေ့လာ စိစစ်ခဲ့တယ်လို့ အေဂျင်စီရဲ့ အလုပ်အကိုင်စိစစ်မှု အလားအလာ အစီရင်ခံ စာမှာ ဖော်ပြထားပါတယ်။                 မမှန်မကန်ဖော်ပြမှုတွေကို စိစစ်ရာမှာ ဘဏ်လုပ်ငန်းနဲ့ ဘဏ္ဍာရေး ဝန်ဆောင်မှုလုပ်ငန်း၊ အိုင်တီလုပ်ငန်းနဲ့ အိုင်တီအခြေပြုလုပ်ငန်းတွေမှာ မမှန်မကန်ဖော်ပြမှုပုံစံတွေ တူညီနေတာတွေ့ရတယ်လို့ဆိုပါတယ်။ ဘဏ်လုပ်ငန်းနဲ့ ဘဏ္ဍာရေးဝန်ဆောင်မှုကဏ္ဍမှာ အလုပ်အကိုင်ဖြစ်စဉ်ကို မမှန်မကန်ဖော်ပြတာက ၆၃ ရာခိုင်နှုန်းရှိပြီး ယခင်နှစ်ကထက် ၂ ရာခိုင်နှုန်းမြင့်တက်ခဲ့ပါတယ်။ ပညာရေးနဲ့ ပတ်သက်ပြီး မမှန်မကန် ဖော်ပြမှုက ၂၀ ရာခိုင်နှုန်းရှိပြီး ယခင်နှစ်ကအတိုင်းဖြစ်ပါတယ်။ လိမ်စာမမှန်တာက ၁၀ ရာခိုင်နှုန်းပိုမိုပြီး ၁၆ ရာခိုင်နှုန်းရှိပါတယ်။ Source. The Business Times

Tuesday, 30 Aug 2011

မလေးရှားကုန်ပစ္စည်း သယ်ယူပို့ဆောင်ရေးလုပ်ငန်းတို့ အရည်အချင်းရှိ ယာဉ်မောင်း အခက်အခဲရှိ                     မလေးရှားနိုင်ငံရှိ ကုန်သေတ္တာသယ်ယူပို့ဆောင်ရေး လုပ်ငန်း တွင် မျိုးဆက်သစ်ကုန်သေတ္တာကားများကို မောင်းနှင်ရန် စနစ် တကျ လေ့ကျင့်ထားပြီး စည်းကမ်းကောင်းတဲ့ ယာဉ်မောင်းများရရှိ ရန် အခက်အခဲ ရှိနေပါတယ်။ တကယ်လို့အခြေအနေ ပိုမိုဆိုးဝါး လာမယ်ဆိုရင်တော့ လိုအပ်ချက်ကို ဖြည့်ဆည်းဖို့အတွက် ပြည်ပက ယာဉ်မောင်းတွေကို ခေါ်သွင်းရမှာပဲလို့ မလေးရှားကုန်ပစ္စည်း သယ်ယူပို့ဆောင်ရေး အသင်းဥက္ကဌ ဒါတွတ်ရှီ အာဇစ်ဇူဒင်ချီ အစ္စမေးက ပြောပါတယ်။ မျိုးဆက်သစ် ကုန်သေတ္တာကားများက တန်ဖိုးကြီးတဲ့အတွက် ကုန်ပစ္စည်း သယ်ယူပို့ဆောင်ရေး လုပ်ငန်းမှာ အရည်အချင်းပြည့်ပြီး တော်တဲ့ ယာဉ်မောင်းတွေလိုနေတယ်လို့ အမျိုးသား ကုန်းလမ်းသယ်ယူပို့ဆောင်မှု ဘေးအန္တရာယ်ကင်းရှင်း ရေးဌာနက ပြုလုပ်တဲ့ ကုန်းလမ်းသယ်ယူပို့ဆောင်ရေး ဘေး အန္တရာယ်ကင်းရှင်းရေးလှုပ်ရှားမှုဖွင့်ပွဲမှာ သူကပြောပါတယ်။ ယာဉ် တစ်စီးကို ရင်းဂစ် ၃၅ဝဝဝဝ ရှိသည့်အတွက် ကုန်ပစ္စည်းသယ်ယူ ပို့ဆောင်ရေးလုပ်ငန်းက စက်သစ်များအတွက် ရင်းဂစ်သန်း ၃ဝဝ မှ ၄ဝဝ အထိ သုံးစွဲခဲ့ရမှာ ဖြစ်ပါတယ်။                        ဒါကြောင့် ယာဉ်မောင်းတွေကို အဆင့်ကိုမြှင့်တင်ပေးရမှာ ဖြစ်သလိုသူတို့ရဲ့ လစာတွေကိုလည်းတိုးပေးရ မယ်။ ပျမ်းမျှအားဖြင့် တစ်လကိုရင်းဂစ် ၃ဝဝဝ ကနေ ၄ဝဝဝ အထိရရှိပြီး တော်တဲ့လူတွကို ရင်းဂစ် ၆ဝဝဝ ကနေ ၇ဝဝဝ အထိ ပေးတယ်လို့ သူကပြောပါတယ်။ အများစုကလုပ်ငန်းအပေါ်အထင်သေးတဲ့အတွက် ယာဉ် တွေကို မောင်းနှင်ဖို့အတွက် ယာဉ်မောင်းလိုအပ်ချက်က ၂ဝ ရာခိုင်နှုန်းက ၃ဝ ရာခိုင်နှုန်းထိ ရှိမယ်လို့လည်း ပြောပါတယ်။Source. bernama.com

Thursday, 2 Jul 2009

ကမ္ဘာ့စီးပွားရေးကို အကျပ်အတည်းမှ ရုန်းထွက်ဖို့ ရုန်းကန်ကြိုးပမ်းနေရသည့် တိုင်အောင် အာရှရှိ ဆောက်လုပ်ရေးလုပ်ငန်းများ အတွက် မျှော်လင့်ချက်ရောင်ခြည်များ စတင် တွေ့ရှိနေရပြီဖြစ်ပြီး အများစုမှာ တိုးတက်မှုရှိနိုင် မည့် အနေအထားများကို ရရှိနေကြပြီ ဖြစ်ပါတယ်။

Thursday, 2 Jul 2009

စီးပွားရေးအကြပ်အတည်းနဲ့ ကြုံတွေ့နေရပြီး စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် လူမှုနေရေးဖွံ့ဖြိုးတိုးတက်မှုမှာ အခြေခံအားဖြင့် ခြိမ်းခြောက်မှုတွေနဲ့ ရင်ဆိုင်နေရတဲ့တိုင်အောင်

Pages