Background
အောင်ပန်းမှာ အာလူးနဲ့ ဂေါ် ဖီ ပုံမှန်အရောင်းအဝယ်ဖြစ် ဒေသထွက် အာလူးက ဈေးကွက်သို့ အဝင်ပုံမှန်ရှိသလို ရန်ကုန်-မန္တလေးဝယ်လက်ကလည်း တစ်ပိဿာကို ၆၃ဝကျပ်နဲ့ တစ်ပတ်အတွင်း ပိဿာချိန် ၇၃၅ဝဝဝခန့်အဝယ်ရှိခဲ့ပြီး ယခင်အပတ် နဲ့ စာရင် ဈေးငြိမ်နေတယ်လို့ သိရပါတယ်။ ဂေါ်ဖီထုပ်ကို ရန်ကုန် ဝယ်လက်နဲ့ နယ်ဝယ်လက်အစုံက တစ်ပိဿာကို ၁ဝဝ ကျပ်နဲ့ တစ်ပတ်အတွင်း ပိဿာချိန် ၂၇ဝဝဝဝ ခန့် အရောင်းအဝယ်ဖြစ်ခဲ့ပေမယ့် ယခင်အပတ်နဲ့စာရင် အရောင်းအဝယ်ဖြစ်မှု လျော့နည်းသွားတယ် လို့ ဒေသခံကုန်သည်တစ်ဦးက ဆိုပါတယ်။
ပြည်မှာ ပဲတီစိမ်းဈေးမြင့်ပြီး မတ်ပဲဈေးကျ ပဲတီစိမ်းကို ငွေပြန်ပေါ်လိုသော ကုန်သည်အချို့က ပြန်လည် ထုတ်ရောင်းမှုတွေရှိသလို မန္တလေးဝယ်လက်ကလည်း အရည်အသွေး ပေါ်မူတည်ပြီး ဈေးပေးအဝယ်ရှိတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးမြင့်လာပြီး တစ်ပိဿာကို ၁၅ဝဝ ကျပ်(တစ်တန်ကို ၉၁၈၅၈၅ ကျပ်)နဲ့နေ့စဉ်အိတ် ၁ဝဝ ခန့်အဝယ်ရှိခဲ့ကြောင်းသိရပါတယ်။ မတ်ပဲ (ကုန်ကြမ်း)ကို ရန်ကုန်ဝယ်လက်က ဈေးပေးအဝယ်မရှိတဲ့အပြင် ဝယ်အားပါနောက်ဆုတ်သွားတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးကျလာပြီး တစ်ပိဿာကို ၁၂၇၅ ကျပ်(တစ်တန်ကို ၇၈ဝ၇၉၇ကျပ်) နဲ့ အရောင်းအဝယ်ဖြစ်မှုနည်းခဲ့တယ်လို့ မြို့ခံကုန်သည်တစ်ဦးကဆို ပါတယ်။
မုံရွာမှာ ကုလားပဲဖြူလုံးကြီးဈေးကျပြီး ပဲတီစိမ်းဈေးမြင့်လာ ပဲခွဲခြမ်းပြုလုပ်ရန် ဝယ်ယူသူများက ကုလားပဲဖြူလုံးကြီး ကို ဈေးလျော့အဝယ်ရှိသလို ဝယ်အားပါနည်းသွားတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးကျလာပြီး တစ်ပိဿာကို ၁၂၈၉ ကျပ်( တစ်တန်ကို ၇၈၉၃၇ဝ ကျပ်)နဲ့ နေ့စဉ်အိတ် ၂ဝဝ ခန့်သာအဝယ်ရှိခဲ့တယ်လို့ဆို ပါတယ။် ပဲတီစိမ်းကြီးကို ရန်ကုန်- မန ္တလေး ဝယ်လက်က အရည်အသွေးကြိုက်နှစ်သက်လို့ ဈေးပေးအဝယ်ရှိတာကြောင့် ယခင်အပတ် နဲ့စာရင် ဈေးမြင့်လာပြီး တစ်ပိဿာကို ၁၄၄၇ ကျပ်(တစ်တန်ကို ၈၈၆၁၂၈ ကျပ်)နဲ့ အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။
မန ္တလေး ပဲတီစိမ်းဈေးငြိမ်ပြီး ကုလားပဲဖြူလုံးကြီးအရောင်းအဝယ်ဖြစ်မှုနည်း ဒီတစ်ပတ်တွင် မန္တလေးမှာ ကထိန်ပွဲတော်ကြီးကြောင့် ဈေးကွက်သို့ ပဲအရောင်းအဝယ်ပြုလုပ်လိုသော ကုန်သည်ကြီးများလာ ရောက်မှုက အစောပိုင်းရက်တွေမှာပုံမှန်ရှိပေမယ့် ၁၈-၁၁-၂ဝ၁ဝ နေ့မှာတော့ ပဲအရောင်းအဝယ်မဖြစ်ခဲ့ဘူးလို့သိရပါတယ်။ ပဲတီစိမ်းကြီးကို တရုတ်တင်ပို့မဲ့ ကုန်သည်များက အဝယ်အေးသလို ရန်ကုန် ဝယ်လက်ကလည်း ဝယ်အားနည်းသွားတာကြောင့် တစ်ပိဿာကို ၁၅၁၁ ကျပ်(တစ်တန်ကို ၉၂၅၃၂၁ ကျပ်)နဲ့ နေ့စဉ်အိတ် ၂၅ဝဝ ခန့် အရောင်း အဝြယ်ဖစ်ခဲ့ပြီး ယခင်အပတ်နဲ့စာရင် ဈေးအ ပြောင်းအလဲ မရှိဘူးလို့ မြို့ခံကုန်သည်တစ်ဦးက ဆိုပါတယ်။ကုလားပဲဖြူ လုံးကြီးကို ပဲခွဲစက်လုပ်ငန်းရှင်များက တစ်ပိဿာကို ၁၃၄၅ ကျပ် (တစ်တန်ကို ၈၂၃၆၆၄ ကျပ်) နဲ့ဝယ်အားပုံမှန်ရှိပေမယ့် ရောင်းသူ ကုန်သည်များက ဝယ်ယူတဲ့ဈေးကို မကြိုက်နှစ်သက်တာကြောင့် အရောင်းနည်းခဲ့တယ်လို့သိရပါတယ်။
မန ္တလေး ပဲတီစိမ်းဈေးငြိမ်ပြီး ကုလားပဲဖြူလုံးကြီးအရောင်းအဝယ်ဖြစ်မှုနည်း ဒီတစ်ပတ်တွင် မန္တလေးမှာ ကထိန်ပွဲတော်ကြီးကြောင့် ဈေးကွက်သို့ ပဲအရောင်းအဝယ်ပြုလုပ်လိုသော ကုန်သည်ကြီးများလာ ရောက်မှုက အစောပိုင်းရက်တွေမှာပုံမှန်ရှိပေမယ့် ၁၈-၁၁-၂ဝ၁ဝ နေ့မှာတော့ ပဲအရောင်းအဝယ်မဖြစ်ခဲ့ဘူးလို့သိရပါတယ်။ ပဲတီစိမ်းကြီးကို တရုတ်တင်ပို့မဲ့ ကုန်သည်များက အဝယ်အေးသလို ရန်ကုန် ဝယ်လက်ကလည်း ဝယ်အားနည်းသွားတာကြောင့် တစ်ပိဿာကို ၁၅၁၁ ကျပ်(တစ်တန်ကို ၉၂၅၃၂၁ ကျပ်)နဲ့ နေ့စဉ်အိတ် ၂၅ဝဝ ခန့် အရောင်း အဝြယ်ဖစ်ခဲ့ပြီး ယခင်အပတ်နဲ့စာရင် ဈေးအ ပြောင်းအလဲ မရှိဘူးလို့ မြို့ခံကုန်သည်တစ်ဦးက ဆိုပါတယ်။ကုလားပဲဖြူ လုံးကြီးကို ပဲခွဲစက်လုပ်ငန်းရှင်များက တစ်ပိဿာကို ၁၃၄၅ ကျပ် (တစ်တန်ကို ၈၂၃၆၆၄ ကျပ်) နဲ့ဝယ်အားပုံမှန်ရှိပေမယ့် ရောင်းသူ ကုန်သည်များက ဝယ်ယူတဲ့ဈေးကို မကြိုက်နှစ်သက်တာကြောင့် အရောင်းနည်းခဲ့တယ်လို့သိရပါတယ်။
လားရှိုးမှာ ပြောင်းအဝင်ရှိသလောက် အရောင်းအဝယ်ဖြစ်မှုများ ပြောင်း ကဈေးကွက်သို့ အဝင်ရှိသလောက် တရုတ်ပြည်တင်ပို့ရန်ဝယ်ယူနေတဲ့ ကုန်သည်များနဲ့ ဒေသတွင်းအစာစပ်လုပ်ငန်းရှင် များက ဝယ်အားးများနေတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးမြင့့်် လာပြီး တစ်ပိဿာကို ၃၂ဝ ကျပ်နဲ့ တစ်ပတ်အတွင်း ပိဿာချိန် ၁၄၅ဝဝဝဝ ခန့်အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင ် ပဲပုပ်ကိုလည်း တရုတ်ပြည်တင်ပို့ရန်ဝယ်ယူနေတဲ့ ကုန်သည်များ က ဝယ်အားပုံမှန်ရှိတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးမြင့်လာ ပြီး တစ်ပိဿာကို ၉၂ဝ ကျပ်နဲ့ တစ်ပတ်အတွင်း ပိဿာချိန် ၃၅ဝဝဝ ခန့်အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ ဒေသခံကုန်သည်များကဆိုပါတယ်။
အောင်လံမှာ ပဲတီစိမ်းဈေးမြင့်ပြီး စမုံနက်နှမ်းဈေးကျလာ ရန်ကုန်ဝယ်လက်က ပဲတီစိမ်းကြီးကို ဝယ်အားပုံမှန်ရှိသလို မန္တလေးဝယ်လက်က စမုံနက်နှမ်းကိုဝယ်အားနည်းခဲ့တယ်လို့သိရပါတယ။် ပဲတီစိမ်း က ဈေးကွက် သို့ အဝင်များသလို ရန်ကုန်ဝယ်လက် ကလည်း ပုံမှန်အဝယ်ရှိတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးမြင့့်် လာပြီး တစ်ပိဿာကို ၁၄၂၅ ကျပ် (တစ်တန်ကို ၈၇၂၆၅၅ ကျပ်)နဲ့ နေ့စဉ်အိတ် ၃ဝဝ မှ ၅ဝဝ ကြား အဝယ်ရှိခဲ့တယ်လို့ သိရပါတယ်။ စမံုံနုနက်နှမ်းကို မန္တလေးဝယ်လက် ကဈေးချအဝယ်ရှိလာသလို ဝယ်အား ပါနည်း သွာ းတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးကျလာပြီး တစ်ပိဿာကို ၂၅၅၆ ကျပ်(တစ်တန်ကို ၁၅၆၅၂၆၈ ကျပ်)နဲ့နေ့စဉ်အိတ် ၁ဝဝ ခန့်သာ အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ နှမ်းကုန်သည်တစ်ဦးက ဆိုပါတယ်။
ဘုရင့်နောင်မှာ မတ်ပဲ (RC) ကျဈေးနဲ့ အရောင်းအဝယ်ဖြစ် မတ်ပဲ (RC) ကို ပြည်ပတင်ပို့ရန် ဝယ်ယူနေတဲ့ ကုန်သည်ကြီး များက ရန်ကုန်ဈေးကွက်မှာ နေ့စဉ်ဖြစ်ပေါ်နေတဲ့ပို့ကုန်ဝင်ငွေဒေါ် လာတစ်ယူနစ်တန်ဖိုး ဈေးအတက်အကျအပေါ် မူတည်ပြီး အဝယ်ရှိ သလို ရောင်းသူကုန်သည်များကလည်း အရောင်းများနေတာကြောင့် ယခင်အပတ်နဲ့ စာရင် မတ်ပဲ (RC) ဈေးကျလာပြီး တစ်တန်ကို အနိမ့်ဆုံး ၇၇၃ဝဝဝ ကျပ်မှ အမြင့်ဆုံး ၇၈၇ဝဝဝ ကျပ်အတွင်း ၂၁၈၅ တန်ခန့် အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။
လားရှိုးမှာ တရုတ်ဝယ်လက် ဝယ်အားသွက်လို့ ပြောင်းဈေးမြင့် ပြောင်းး ကဈေးကွက်အဝင်ပုံမှန်ရှိပြီး တရုတ်ပြည်တင်ပို့ရန် ဝယ်ယူနေတဲ့ ကုန်သည်များနှင့် ဒေသတွင်းအစာစပ်လုပ်ငန်းရှင်များ က ဈေးပေးအဝယ်ရှိသလို ဝယ်အားပါ များလာတာကြောင့် ယခင် အပတ်နဲ့စာရင် ဈေးမြင့်လာပြီး တစ်ပိဿာကို ၂၉၅ ကျပ်နှင့် တစ် ပတ်အတွင်း ပိဿာချိန် ၁၁ဝ၆ဝဝဝ ခန့် အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ ဒေသခံပြောင်းကုန်သည်တစ်ဦးက ဆိုပါတယ်။
ပခုက္ကူမှာ ကုလားပဲဖြူလုံးကြီးနဲ့ ပဲစင်းငုံနီအရောင်းအဝယ်ပုံမှန်ဖြစ် ပဲစင်းငုံနီကို ငွေပြန်ပေါ်လိုသော ကုန်သည်များက အနည်း ငယ် ထုတ်ရောင်းမှုရှိသလို ရန်ကုန်ဝယ်လက်ကလည်း တစ်ပိဿာကို ၈၂၅ ကျပ်(တစ်တန်ကို ၅ဝ၅၂၂၁ ကျပ်)နဲ့ နေ့စဉ်အိတ် ၁ဝဝ ခန့်အဝယ်ရှိခဲ့တယ်လို့သိရပါတယ။် ကုလုလားပဲြဲဖူလံုံးကြီး ကို ပဲခွဲစက်လုပ်ငန်းရှင် များက တစ်ပိဿာကို ၁၃၃၆ ကျပ်(တစ်တန်ကို ၈၁၈၁၅၃ ကျပ်)နဲ့ နေ့စဉ်အိတ် ၁ဝဝ မှ ၂ဝဝ ကြားအဝယ်ရှိသလို ရောင်းသူကုန်သည် များကလည်း အဆိုပါဈေးနဲ့ အရောင်းများခဲ့တယ်လို့ မြို့ခံကုန်သည်များက ဆိုပါတယ်။