Main menu

Background

Thursday, 11 Apr 2013

လားရှိုးဈေးကွက်မှာ ပြောင်းကို တရုတ်ဘက်က ဈေးပေးအဝယ် ရှိသလို ဝယ်အားပါများလာတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေး အနည်းင ယ်မြင့် လာပြီး တစ်ပိဿာကို ၄၆၅ ကျပ်ဈေးနဲ့ တစ်ပတ် အတွင်း ပိဿာချိန် ၂၃၀၀၀၀၀ ခန့်အရောင်းအဝယ်ဖြစ် ခဲ့ကြောင်း ဒေသခံပြောင်းကုန်သည်တစ်ဦးက ဆိုပါတယ်။

Thursday, 11 Apr 2013

မူဆယ်ဈေးကွက်မှာ ဒီတစ်ပတ်ပြောင်းအဝင်ပုံမှန်ရှိသလို တရုတ်ဝယ်လက်ကလည်း အရည်အသွေးအပေါ်မူတည်ပြီး ဝယ်အား ပုံမှန်ရှိနေတယ်လို့ ဆိုပါတယ်။ အရောင်းအဝယ်အနေနဲ့ တစ်ပတ် အတွင်း မက်တန် ၆၈၀၀ ခန့်ဖြစ်ခဲ့ကြောင်း ဈေးကွက်အတွင်းမှသိရ ပါတယ်။

Thursday, 11 Apr 2013

မကွေးဈေးကွက်မှာ ဒီတစ်ပတ် ပဲစင်းငုံနီကို ရန်ကုန်ဝယ်လက်က အိန္ဒိယအဆွဲပြန်လိုက်လာတဲ့အပေါ် မူတည်ပြီး ဈေးပေးအဝယ်ရှိတာ ကြောင့် ယခင်အပတ်နဲ့စာရင် ဈေးမြင့်လာပြီး တစ်ပိဿာကို ၁၀၅၅ ကျပ်(တစ်တန်ကို ၆၄၆၀၇၁ ကျပ်)ဈေးနဲ့ တစ်ရက်ကိုအိတ် ၅၀၀ ခန့်အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ ပဲဈေးကျတဲ့အခါမှာ အရောင်းနည်းခဲ့တဲ့ ရောင်းလက်တွေက ခုလိုဈေးမြင့်လာတဲ့အခါမှာ ထုတ်ရောင်းမှုတွေရှိလာတာကြောင့် အရောင်းအဝယ်ဖြစ်မှုပမာဏ တွေလည်း အနည်းငယ်တိုးလာတယ်လို့ ဆိုပါတယ်။ ကုလားပဲ (ထိုင်ဝမ်) ကို ရန်ကုန်ဝယ်လက်တချို့နဲ့ မြို့ခံခွဲစက်တွေက ဝယ်အား ပုံမှန်ရှိတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးအနည်းငယ်မြင့်လာ တယ်လို့ သိရပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ၉၁၆ ကျပ်(တစ်တန်ကို ၅၆၀၉၄၉ ကျပ်)ဈေးနဲ့ တစ်ရက်ကို အိတ် ၂၀၀ မှ ၃၀၀ ကြားဖြစ်ခဲ့တယ်လို့ သိရပါတယ်။

Thursday, 11 Apr 2013

ဘုရင့်နောင်ဈေးကွက်မှာ ဒီတစ်ပတ် မတ်ပဲ (RC) နဲ့ ပဲစင်း ငုံနီ (RC) ကို အိန္ဒိယအဆွဲပြန်လိုက်လာသလို ပြည်တွင်းခွဲစက်တွေ လည်း ပုံမှန်ဝယ်အားရှိလို့ ယခင်အပတ်နဲ့စာရင် ဈေးမြင့်လာတယ်လို့ ဈေးကွက်အတွင်းမှသိရပါတယ်။ ဒီတစ်ပတ်မတ်ပဲ (RC) ကို အိန္ဒိယ မွန်ဘိုင်းစေးျကွက်က ဝယ်လိုအားပြန်လိုက်လာလို့ မတ်ပဲက ယခင် အပတ်နဲ့စာရင် တစ်တန်ကို ၁၀၀၀၀ ကျပ်ခန့်ဈေးမြင့်သွားတယ်လို့ ပဲကုန်သည်တစ်ဦးက ဆိုပါတယ်။ အရောင်းအဝယ်ဖြစ်မှုက မတ်ပဲ (RC)  တစ်တန်ကို ၅၂၉၀၀၀ ကျပ်ဈေးနဲ့ ဒိုင်ပြင်ပဈေးကွက်မှာ နေ့စဉ်အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင်ယခင် အပတ်က တစ်တန်ကို ၆၅၇၀၀၀ ကျပ်ဈေးနဲ့ အရောင်းအဝယ်ဖြစ်မှု နည်းခဲ့တဲ့ ပဲစင်းငုံနီ (RC)  က ဒီတစ်ပတ်မှာ အိတ်စပို့အဆွဲပြန်လိုက် လာသလ့ို ဈေးမြင့်လာပြီး တစ်တန်ကို ၆၇၀၀၀၀ ကျပ်ဈေးနဲ့ ဈေး ကွက်မှာအရောင်းအဝယ်ဖြစ်မှုများခဲ့တယ်လို့ သိရပါတယ်။

Tuesday, 9 Apr 2013

ဟင်္သာတဈေးကွက်မှာ ဒီတစ်ပတ် မတ်ပဲက ဈေးကွက်သို့ ဝင်ရောက်မှုတိုးလာပေမယ့် ရန်ကုန်ဝယ်လက်နဲ့ မြို့ခံလှောင်လက် တွေ က ပြည်ပဝယ်လိုအားလျော့သွားတာကို အကြောင်းပြပြီး ဈေး လျော့အဝယ်ရှိတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးကျလာပြီး တစ် ပိဿာကို ၈၀၅ ကျပ်(တစ်တန်ကို ၄၉၂၉၇၃ ကျပ်)ဈေးနဲ့ တစ်ရက်ကို အိတ် ၁၀၀၀ ခန့်သာ အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ ဈေးကွက်အ တွင်းမှသိရပါတယ်။

Tuesday, 9 Apr 2013

မန္တလေးဈေးကွက်မှာ ဒီတစ်ပတ် မတ်ပဲနဲ့ ပဲစင်းငုံနီကို အိန္ဒိယ ဝယ်လက်၊ ဒေသတွင်းခွဲစက်တွေနဲ့ လှောင်လက်များက ဝယ်လိုအား လျော့သွား တာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးကကျရိပ်သန်းနေ ကြောင်း သိရပါတယ်။ ဒါ့အပြင် ပဲတီစိမ်းကြီးနဲ့ ပဲတီစိမ်း(ခရမ်းရွှေဝါ) ကို တရုတ်ဝယ်လက်က အရည်အသွေးပေါ်မူတည်ပြီး တွက်ချက်ဝယ် ယူမှုတွေရှိတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးကျလာကြောင်း ဈေးကွက်အတွင်းမှသိရပါတယ်။ မတ်ပဲကို ရန်ကုန်ဝယ်လက်နဲ့ ဒေသ တွင်းခွဲစက်တွေက ဈေးချအဝယ်ရှိသလို ဝယ်အားပါနည်းသွားတာ ကြောင့် ယခင်အပတ်နဲ့စာရင် ဈေးကျလာပြီး တစ်ပိဿာကို ၇၈၃  ကျပ်(တစ်တန်ကို ၄၇၉၅၀၁ ကျပ်)ဈေးနဲ့ တစ်ရက်ကိုအိတ် ၅၀၀ ခန့်သာအရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ ပဲစင်းငုံနီကို ရန်ကုန်ဝယ်လက် ပြည်ပအဆွဲလျော့သွားတာကိုအကြောင်းပြပြီး ဈေးလျော့အဝယ်ရှိပေမယ့် မြို့ခံပဲခွဲစက်တွေကတော့ ဝယ်အားပုံမှန် ရှိခဲ့တယ်လို့ ဆိုပါတယ်။ ပဲဈေးကောင်းရတဲ့အခါမှာ ရောင်းလက်တွေ အရောင်းများခဲ့ပေမယ့် အခုလိုပဲဈေးတွေကျဆင်းလာတဲ့အခါ မှာ တော့ ဈေးကွက်မျှော်လင့်ချက် နဲ့ အရောင်းနည်းသွားတယ်လို့ မြို့ခံ ကုန်သည်တစ်ဦးကဆိုပါတယ်။ အရောင်းအဝယ်အနေနဲ့ တစ်ပိဿာ ကို ၁၀၃၃ ကျပ်(တစ်တန်ကို ၆၃၂၅၉၈ ကျပ်)ဈေးနဲ့ တစ်ရက်ကို အိတ် ၁၀၀၀ ခန့်သာဖြစ်ခဲ့ကြောင်း သိရပါတယ်။ ပဲတီစိမ်းကြီးကို တရုတ်ဝယ်လက်က ဝယ်လိုအားပါးသွားပေ မယ့် ဈေးကွက်ထဲဝင်လာ တဲ့ပဲတီစိမ်း(ခရမ်းရွှေဝါ)ကိုတော့ တရုတ်ဝယ်လက်က အရည်အသွေး ပေါ်မူတည်ပြီး ဈေးဖြတ်အဝယ်ရှိနေတယ်လို့ ပွဲရုံရပ်ကွက်က ဆိုပါ တယ်။ အရောင်းအဝယ်အနေနဲ့ တစ်ပိဿာ ၁၂၈၀ ကျပ်(တစ်တန် ကို ၇၈၃၈၅၉ ကျပ်)ဈေးနဲ့ တစ်ရက်ကိုအိတ် ၆၀၀ ခန့်သာဖြစ်ခဲ့ ကြောင်း သိရပါတယ်။ ဈေးကွက်ထဲအသစ်ဝင်ရောက်လာတဲ့ ကု လားပဲဖြူလုံးကြီးနဲ့ ကုလားပဲ(ထိုင်ဝမ်)က ဝယ်လိုအားရော ရောင်း လိုအားပါရှိပေမယ့် ပစ္စည်းရဲ့ အရည်အသွေးအပေါ်မူတည်ပြီး ဈေး ဖြတ်အဝယ်ရှိနေတယ်လိ့ု ဈေးကွက်အတွင်းမှ သိရပါတယ်။ အရောင်း အဝယ်ဖြစ်မှုက ကုလားပဲဖြူလုံးကြီးတစ်ပိဿာ ၉၂၆ ကျပ်(တစ်တန် ကို ၅၆၇၀၇၃ ကျပ်) ၊ ကုလားပဲ(ထိုင်ဝမ်) တစ်ပိဝဿာ ၉၃၃ ကျပ်  (တစ်တန်ကို ၅၇၁၃၅၉ ကျပ်)ဈေးနဲ့ နှစ်မျိုးပေါင်း တစ်ရက်ကိုအိတ် ၁၀၀၀ မှ ၁၃၀၀ ကြားဖြစ်ခဲ့တယ်လို့သိရပါတယ်။ နှမ်းမျိုးစုံကို တရုတ် ဝယ်လက်နဲ့ ဒေသတွင်းဆီစက်တွေက ဝယ်လိုအားပုံမှန်ရှိပေမယ့် ရောင်းသူကုန်သည်တွေထံမှာတော့ ပစ္စည်းလက်ကျန်လျော့နည်းသွား ပြီလို့ သိရပါတယ်။ အရောင်းအဝယ်အနေ နဲ့ နှမ်းဖြူတစ်ပိဿာ ၂၆၆၇ ကျပ်၊ နှမ်းညိုတစ်ပိဿာ ၂၃၅၆ ကျပ်၊ နှမ်းကြားတစ်ပိဿာ ၂၃၃၃ ကျပ်၊ နှမ်းနက်တစ်ပိဿာ ၃၀၄၄ ကျပ်ဈေးနဲ့ နှမ်းမျိုးစုံတစ် ရက်ကိုအိတ် ၈၀၀ မှ ၁၀၀၀ ကြားသာဖြစ်ခဲ့ကြောင်း သိရပါတယ်။

Tuesday, 9 Apr 2013

မြင်းခြံဈေးကွက်မှာ ဒီတစ်ပတ်ပဲစင်းငုံနီကို ရန်ကုန်ဝယ်လက်  အဝယ်အေးသွားတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးကျလာပြီး တစ်ပိဿာကို ၁၀၁၀ ကျပ်(တစ်တန်ကို ၆၁၈၅၁၃ ကျပ်)ဈေးနဲ့ တစ် ပတ်လုံးမှအိတ် ၈၀၀ ခန့်သာ အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရပါ တယ်။ ဒါ့အပြင် ဈေးကွက်ထဲအသစ်ဝင်ရောက်လာတဲ့ ကုလားပဲ (ထိုင်ဝမ်)စကို ရန်ကုန်ဝယ်လက်တချို့နဲ့ ပဲခွဲစက်တွေက အရည်အ သွေးပေါ်မူတည်ပြီး တွက်ချက်ဝယ်ယူမှုတွေရှိတာကြောင့် ယခင်အ ပတ်နဲ့စာရင် ဈေးအနည်းငယ်ကျလာပြီး တစ်ပိဿာကို ၉၁၀ ကျပ် (တစ်တန်ကို ၅၅၇၂၇၄ ကျပ်)ဈေးနဲ့ အရောင်းအဝယ်ဖြစ်မှုနည်းခဲ့ တယ်လို့ မြို့ခံခွဲစက်လုပ်ငန်းရှင်တစ်ဦးက ဆိုပါတယ်။

Tuesday, 9 Apr 2013

ပခုက္ကူဈေးကွက်မှာ ဒီတစ်ပတ် ပဲစင်းငုံနီကို ရန်ကုန်ဝယ်လက် က ဝယ်လိုအားလျော့သွားသလို ရောင်းသူကုန်သည်များကလည်း တက်ဈေးမျှော်ပြီး အရောင်းထိန်းထားတယ်လို့ ပွဲရုံရပ်ကွက်ကဆိုပါ တယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ၁၀၃၅ ကျပ်(တစ်တန် ကို ၆၃၃၈၂၃ ကျပ်)ဈေးနဲ့ တစ်ရက်ကိုအိတ် ၃၀၀ ခန့်သာဖြစ်ခဲ့ တယ်လို့ သိရပါတယ်။

Tuesday, 9 Apr 2013

အောင်လံဈေးကွက်မှာ ဒီတစ်ပတ် ပဲစင်းငုံနီကို  ရန်ကုန်ဝယ် လက်ရော မြို့ခံခွဲစက်တွေပါ အဝယ်ပါးလို့ ဈေးကအကျဘက်သို့ဦး တည်နေကြောင်း သိရပါတယ်။ အရောင်းအဝယ်အနေနဲ့ တစ်ပိဿာ ကို ၁၀၂၅ ကျပ်(တစ်တန်ကို ၆၂၇၆၉၉ ကျပ်)ဈေးနဲ့ တစ်ရက်ကိုအိတ် ၅၀၀ ခန့်သာဖြစ်ခဲ့ကြောင်း သိရပါတယ်။ ဒေသထွက်သိပ္ပံနှမ်းကို ပြည်ပအတွက်ဝယ်ယူနေတဲ့ ရန်ကုန်ဝယ်လက်က အဝယ်အေးတာ ကြောင့် ယခင်အပတ်နဲ့စာ ရင် ဈေးတန့်နေ တယ်လို့ ဆိုပါတယ်။ အ ရောင်းအဝယ်အနေနဲ့ တစ်ပိဿာ ၃၀၄၅ ကျပ်ဈေးနဲ့ တစ်ရက်ကို အိတ် ၂၀၀ ခန့်သာဖြစ်ခဲ့တယ်လို့ မြို့ခံနှမ်းကုန်သည် တစ်ဦးကဆိုပါ တယ်။

Tuesday, 9 Apr 2013

ပြည်ဈေးကွက်မှာ ဒီတစ်ပတ်မတ်ပဲကို ရန်ကုန်ဝယ်လက်နဲ့ မြို့ခံ ပဲခွဲစက်တွေက ဝယ်လိုအားလျော့သွားတာကြောင့် ယခင်အပတ်နဲ့ စာရင် ဈေးကျလာပြီး တစ်ပိဿာကို ၈၀၅ ကျပ် (တစ်တန်ကို ၄၉၂၉၇၃ ကျပ်)ဈေးနဲ့ တစ်ရက်ကို အိတ် ၅၀၀ ခန့်သာ အရောင်းအ ဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ ပဲဈေးကျလာတာက အိန္ဒိယအဆွဲ လျော့သွားတာရယ်၊ ဈေးကွက်သို့ အဝင်လှိုင်တာရယ်ကြောင့် အခု လိုဈေးတွေကျလာတယ်လို့ ပွဲရုံပိုင်ရှင်တစ်ဦးက ဆိုပါတယ်။ ဒါ့အပြင် ပဲစင်းငုံနီကိုလည်း ရန်ကုန်ဝယ်လက်က ဒီတစ်ပတ်မှာ ဝယ်လိုအား ပါးသွားသလို ရောင်းလက်များ ကလည်း ဈေးကွက်မျှော်လင့် ချက်နဲ့ အရောင်းထိန်းထားတယ်လို့ ဈေးကွက်အတွင်းမှသိရပါတယ်။ အ ရောင်းအဝယ်အနေနဲ့ တစ်ပိဿာကို ၁၀၁၅ ကျပ်(တစ်တန်ကို ၆၂၁၅၇၅ ကျပ်)ဈေးနဲ့ တစ်ပတ်အတွင်းအိတ် ၁၀၀၀ ခန့်သာဖြစ်ခဲ့ ကြောင်း သိရပါတယ်။

Pages