Main menu

Background

Tuesday, 9 Apr 2013

*    မတ်ပဲကို အိန္ဒိယအဆွဲလျော့လို့ ဘုရင့်နောင်၊ မန္တလေး၊ ပြည်နဲ့    ဟင်္သာတမှာ အောက်ဈေးနဲ့ အရောင်းအဝယ်ဖြစ် *    ပဲစင်းငုံနီကို အိန္ဒိယအဆွဲရော ပြည်တွင်းလှောင်လက်နဲ့ ခွဲစက်များကပါ အဝယ်ပါးလို့ ဈေးကွက်တိုင်းမှာ ဈေးကျလာ *    ပဲတီစိမ်း(အညာ)ထက်စာရင် ပဲတီစိမ်း(ခရမ်းရွှေဝါ)ကို             တရုတ်က အရည်အသွေးအပေါ်မူတည်ပြီး ဈေးဖြတ်အဝယ်ရှိနေ *    ကုလားပဲဖြူလုံးကြီးနဲ့ ကုလားပဲ(ထိုင်ဝမ်)က ဈေးကွက်ထဲ ဝင်ရောက်မှု တိုးလာပေမယ့် ပြည်ပအတွက်ဝယ်ယူနေတဲ့     ရန်ကုန်ဝယ်လက်နဲ့ ဒေသတွင်းခွဲစက်တွေ ဝယ်အားလျော့လို့ ဈေးကျဆင်း *    ပြောင်းကို တရုတ်ဝယ်လက်နဲ့ ပြည်တွင်းအစာစပ်လုပ်ငန်းရှင်များ ဝယ်အားပုံမှန်ရှိ *    နှမ်းမျိုးစုံကို တရုတ်ဝယ်လက်နဲ့ ဒေသတွင်းဆီစက်တွေ ဝယ်အားပုံမှန်ရှိပေမယ့် ပစ္စည်းလက်ကျန်နည်းလို့ အရောင်းအဝယ်ဖြစ်မှုပမာဏလည်း လျော့လာ

Tuesday, 9 Apr 2013

တောင်ကြီးဈေးကွက်မှာ ဒီတစ်ပတ်  ပြောင်းကို ရန်ကုန်-မန္တလေးဝယ်လက်အပြင် ဒေသတွင်းအစာစပ်လုပ်ငန်းရှင်များကပါ အဝယ်ပြန်လိုက်လာလို့ ယခင်အပတ်နဲ့စာရင် ဈေးအနည်းငယ်မြင့် လာပြီး တစ်ပိဿာကို ၄၂၀ ကျပ်ဈေးနဲ့ တစ်ပတ်အတွင်းပိဿာချိန် ၂၅၀၀၀၀ ခန့်အရောင်း အဝယ်ဖြစ်ခဲ့ကြောင်း ဒေသခံပြောင်းကုန် သည်တစ်ဦးက ဆိုပါတယ်။

Tuesday, 9 Apr 2013

လားရှိုးဈေးကွက်မှာ ဒီတစ်ပတ် ဈေးကွက်သို့ ပြောင်းဝင် ရောက်မှုပုံမှန်ရှိသလို တရုတ်ဝယ်လက်ကလည်း ဝယ်အားပြန်လိုက် လာပြီး တစ်ပိဿာကို ၄၆၀ ကျပ်ဈေးနဲ့ တစ်ပတ်အတွင်းပိဿာချိန် ၂၄၅၀၀၀၀ ခန့်အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ ဒေသခံပြောင်းကုန် သည်တစ်ဦးကဆိုပါတယ်။

Tuesday, 9 Apr 2013

မူဆယ်ဈေးကွက်မှာ ဈေးကွက်သို့  ပြောင်းအဝင် ပုံမှန်ရှိသ လို တရုတ်ဝယ်လက်ကလည်း ဝယ်အားပုံမှန်ရှိခဲ့တယ်လို့ ပွဲရုံရပ်ကွက် ကဆိုပါတယ်။ အရောင်းအဝယ်အနေနဲ့ တစ်ပတ်အတွင်း မက်တန် ၆၈၀၀ ခန့်ဖြစ်ခဲ့ကြောင်း သိရပါတယ်။

Tuesday, 9 Apr 2013

မကွေးဈေးကွက်မှာ ဒီတစ်ပတ် ပဲစင်းငုံနီက ဈေးကွက်သို့အဝင် ပုံမှန်ရှိပေမယ့် အိတ်စပို့အတွက်ဝယ်ယူနေတဲ့ ရန်ကုန်ဝယ်လက် က ဈေးချအဝယ်ရှိ တာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးကျလာပြီး တစ်ပိဿာကို ၁၀၃၅ ကျပ်(တစ်တန်ကို ၆၃၃၈၂၃ ကျပ်)ဈေးနဲ့ တစ် ရက်ကိုအိတ် ၃၀၀ ခန့်သာအရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ ကုလားပဲ(ထိုင်ဝမ်)က ဈေးကွက်သို့ဝင်ရောက်မှုတိုးလာပေမယ့် မြို့ခံ ခွဲစက်နဲ့ လှောင်လက်တွေက ဝယ်အားပုံမှန်ထက်စာရင် နည်းနေ တယ်လို့ ဈေးကွက်အတွင်းမှသိရပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ၉၀၀ ကျပ်(တစ်တန်ကို ၅၅၁၁၅၁ ကျပ်)ဈေးနဲ့ နေ့စဉ် အိတ် ၂၀၀ ခန့်သာဖြစ်ခဲ့ကြောင်း သိရပါတယ်။

Tuesday, 9 Apr 2013

ဘုရင့်နောင်ဈေးကွက်မှာ ဒီတစ်ပတ် မတ်ပဲ (RC) နဲ့ ပဲစင်း ငုံနီ (RC) ကို အိန္ဒိယဝယ်လက်တွေ ဝယ်လိုအား လျော့သွားတာ ကြောင့် ယခင်အပတ်နဲ့ စာရင် ဈေးကျလာပေမယ့် အရောင်းအဝယ် တော့ ပုံမှန်ရှိခဲ့ကြောင်း သိရပါတယ်။ ဒီရက်ပိုင်းမှာ မတ်ပဲကိုအိန္ဒိယ အဆွဲရော ပြည်တွင်းပဲခွဲစက်တွေပါ အဝယ်နည်းလို့ တစ်တန်ကို ကျပ် ၂၁၀၀၀ ခန့်ဈေးကျသွားတယ်လို့ ပဲကုန်သည်တစ်ဦးကဆိုပါတယ်။ ဒီတစ်ပတ်မှာ အရောင်းအဝယ်ဖြစ်တဲ့ဈေးက တစ်တန်ကို ၅၁၉၀၀၀ ကျပ်နဲ့ ဒိုင်ပြင်ပဈေးကွက်မှာ နေ့စဉ်အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ပဲစင်းငုံနီ (RC) က ယခင်တစ်ပတ်က တစ်တန် ကို ၆၈၂၀၀၀ ကျပ်ဈေးနဲ့ အရောင်းအဝယ်ဖြစ်မှုများခဲ့တဲ့ ငုံနီက ဒီ တစ်ပတ်မှာ အိန္ဒိယဝယ်လက်ဝယ်လိုအားပါးသွားတာကြောင့် ဈေး ကျလာပြီး တစ်တန်ကို ၆၅၇၀၀၀ ကျပ်ဈေးနဲ့ ဒိုင်ပြင်ပဈေးကွက်မှာ အရောင်းအဝယ်ဖြစ်မှုနည်းခဲ့တယ်လို့ သိရပါတယ်။

Tuesday, 12 Mar 2013

မြင်းခြံဈေးကွက်မှာ ဒီတစ်ပတ် ပဲစင်းငုံနီကို ရန်ကုန်ဝယ်လက် က ရက်ခြားသာအဝယ်ရှိနေ သလို ရောင်းလက်များက လည်း တက် ဈေးမျှော်ပြီး အရောင်းထိန်းထားတယ်လို့ ပွဲရုံရပ်ကွက်ကဆိုပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာကို ၉၉၀ ကျပ်(တစ်တန်ကို ၆၀၆၂၆၆ ကျပ်)ဈေးနဲ့ တစ်ပတ်လုံးမှ အိတ် ၃၀၀ ခန့်သာဖြစ်ခဲ့တယ် လို့သိရပါတယ်။ ဒါ့အပြင် ဒေသထွက်စီပီပြောင်းကိုလည်း ရန်ကုန် ဝယ်လက်က တစ်ပိဿာကို ၄၃၀ ကျပ်ဈေးနဲ့ တစ်ရက်ကိုအိတ် ၅၀ မှ ၁၀၀ ကြားပုံမှန်အဝယ်ရှိခဲ့တယ်လို့ ဈေးကွက်အတွင်းမှသိရ ပါတယ်။

Tuesday, 12 Mar 2013

ပြည်ဈေးကွက်မှာ မတ်ပဲသစ်တွေ ဈေးကွက်ထဲ ဝင်ရောက်မှု တိုးလာသလို ရန်ကုန်ဝယ်လက်နဲ့ မြို့ခံပဲခွဲစက်တွေ ကလည်း အရည် အသွေးပေါ်မူတည်ပြီး ဈေးပေးအဝယ်ရှိတာကြောင့် ယခင်အပတ်နဲ့ စာရင် ဈေးအနည်းငယ်မြင့် လာပြီး တစ်ပိဿာကို ၇၅၅ ကျပ်(တစ် တန်ကို ၄၆၂၃၅၄ ကျပ်)ဈေးနဲ့ တစ်ပတ်အတွင်း အိတ် ၂၅၀၀ ခန့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ ဈေးကွက်မှာ တောက် လျောက်အရောင်းအဝယ်လည်း သွက်  ဈေးကောင်းရနေတဲ့ ပဲစင်းငုံနီ ကတော့ ဒီတစ်ပတ်မှာ ရန်ကုန်ဝယ်လက်က ဝယ်လိုအားလျော့သွား တာကြောင့် ဈေးအပြောင်းအလဲမရှိဘဲ ဈေးတန့်နေတယ်လို့ ဆိုပါ တယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာကို ၁၀၀၀ ကျပ်(တစ် တန်ကို ၆၁၂၃၉၀ ကျပ်)ဈေးနဲ့ တစ်ပတ်အတွင်း အိတ် ၂၀၀၀ ခန့် သာဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် ပြည်ဈေးကွက်သို့ ပြည် အနီးတစ်ဝိုက်မှ ကုလားပဲသစ်တွေ ဈေးကွက်ထဲဝင်ရောက်လာသလို ရန်ကုန်ဝယ်လက်၊ လှောင်လက်နဲ့ မြို့ခံပဲခွဲစက်တွေကလည်း ဝင်သ လောက် အဝယ်ရှိခဲ့တယ်လိ့ု သိရပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ၈၈၀ ကျပ်(တစ်တန်ကို ၅၃၈၉၀၃ ကျပ်)ဈေးနဲ့ တစ်ပတ် အတွင်း အိတ် ၂၂၀၀ ခန့်ဖြစ်ခဲ့ကြောင်း မြို့ခံကုန်သည်တစ်ဦးကဆို ပါတယ်။

Tuesday, 12 Mar 2013

မန္တလေးဈေးကွက်မှာ မတ်ပဲကို ရန်ကုန်ဝယ်လက်နဲ့ မြို့ခံပဲခွဲ စက်တွေက ဝယ်အားပုံမှန်ရှိပေမယ့် ဈေးက တန့်နေတယ်လို့ ဆိုပါ တယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ၇၀၀ ကျပ်(တစ်တန်ကို ၄၂၈၆၇၃ ကျပ်)ဈေးနဲ့ တစ်ရက်ကိုအိတ် ၅၀၀ ခန့်သာဖြစ်ခဲ့ကြောင်း သိရပါတယ်။ ပဲတီစိမ်း(အညာ)ကို တရုတ်အဆွဲပါးပြီး ဈေးကွက်ထဲ အသစ်ဝင်ရောက်လာတဲ့ ပဲတီစိမ်း(ခရမ်းရွှေဝါ)ကိုသာ အရည်အ သွေးပေါ် မူတည်ပြီး ဈေးပေးအဝယ်ရှိနေတယ်လို့ ပွဲရုံရပ်ကွက်ကဆို ပါတယ်။ အရောင်းအဝယ်အနေနဲ့ တစ်ပိဿာ ၁၃၃၃ ကျပ် (တစ် တန်ကို ၈၁၆၃၁၅) ကျပ်ဈေးနဲ့ နေ့စဉ်အိတ် ၈၀၀ ခန့်ဖြစ်ခဲ့ ကြောင်း မြို့ခံကုန်သည်တစ်ဦးကဆိုပါတယ်။ ရောင်းသူကုန်သည် တွေထံမှာ ပစ္စည်းလက်ကျန် နည်းနေတဲ့ ကုလားပဲဖြူလုံးကြီးကို  မြို့ခံပဲခွဲစက် တွေက ဝယ်လိုအားပုံမှန်ရှိတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေး မြင့်လာပြီး တစ်ပိဿာကို ၉၀၈ ကျပ် (တစ်တန်ကို ၅၅၆၀၅၀ ကျပ်) ဈေးနဲ့ တစ်ရက်ကို အိတ် ၃၀၀ မှ ၅၀၀ ကြား အရောင်းအဝယ်ဖြစ် ခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် ဈေးကွက်မှာ လှုပ်လှုပ်ရှားရှားနဲ့ အရောင်းအဝယ် ဆက်တိုက်ကောင်းခဲ့တဲ့ ပဲစင်းငုံနီကို အိန္ဒိယဝယ် လက်နဲ့ ရန်ကုန်ဝယ်လက်တို့က အဝယ်အီသွား တာကြောင့် ယခင် အပတ်နဲ့စာရင် ဈေးအနည်းငယ်လျော့ကျသွားပေမယ့် အရောင်း အဝယ်တော့ နေ့စဉ်ရှိခဲ့ကြောင်း သိရပါတယ်။ ငုံနီကို ဈေးကောင်းရ နေတဲ့အချိန်မှာ ရောင်းလက်တွေက အရောင်းများခဲ့ပေမယ့် အခုလို ဈေးအနည်း ငယ်ကျလာတဲ့အပေါ် တက်ဈေးမျှော်ပြီး ရောင်းလိုအား လျော့သွားတယ်လို့ သိရပါတယ်။ အရောင်းအဝယ်အနေနဲ့ တစ်ပိ ဿာကို ၁၀၀၀ ကျပ်(တစ်တန်ကို ၆၁၂၃၉၀ ကျပ်)ဈေးနဲ့ တစ်ရက်ကို အိတ် ၁၀၀၀ ဝန်းကျင်သာဖြစ်ခဲ့ကြောင်း သိရပါတယ်။ နှမ်းမျိုးစုံထဲက နှမ်းဖြူနဲ့ နှမ်းနက်ထက်စာရင် စမုံနှမ်းကို တရုတ်အဆွဲ ပုံမှန်ရှိတာ ကြောင့် ဈေး ကတက်ရိပ်ပြနေတယ်လို့ ဆိုပါတယ်။ အရောင်းအဝယ် အနေနဲ့ နှမ်းဖြူတစ်ပိဿာ ၂၅၃၃ ကျပ်၊ နှမ်းနက် တစ်ပိဿာ ၂၆၆၇ ကျပ်၊ နှမ်းညိုတစ်ပိဿာ ၂၃၅၆ ကျပ်၊ နှမ်းနက်စမုံ ၃၁၇၈ ကျပ်ဈေးနဲ့ နှမ်းမျိုးစုံတစ်ရက်ကို အိတ် ၁၅၀၀ မှ ၂၀၀၀ ကြားဖြစ်ခဲ့တယ်လို့ သိရပါတယ်။

Tuesday, 12 Mar 2013

ရေစကြိုဈေးကွက်မှာ စီပီပြောင်းက ဈေးကွက်သို့ ဝင်ရောက် မှုပုံမှန်ရှိသလို ရန်ကုန်ဝယ်လက်ကလည်း ဝယ်အားပုံမှန်ရှိခဲ့တယ်လို့ ဆိုပါတယ်။ အရောင်းအဝယ်အနေနဲ့ တစ်ပိဿာ ၄၃၀ ကျပ်ဈေးနဲ့ နေ့စဉ်အိတ် ၃၀၀ မှ ၄၀၀ ကြားဖြစ်ခဲ့တယ်လို့ သိရပါတယ်။

Pages