Background
* မတ်ပဲကို ဈေးကောင်းရတဲ့လှောင်လက်တွေ ဝယ်ယူစုဆောင်းတာရယ်၊ ဒေါ်လာဈေးမြင့်လာတာရယ်၊ အိန္ဒိယဘက်ကလည်း သြင်္ကန်အပြီးမှာ ဝယ်အားများတာရယ်ကြောင့် ဘုရင့်နောင်၊ ဟင်္သာတ၊ ပြည်နဲ့ မန္တလေးမှာ ဈေးမြင့်လာ * ပဲစင်းငုံနီကို ပြည်ပအဆွဲပုံမှန်ရှိတာကြောင့် ပြည်တွင်းဈေးကွက်တိုင်းမှာ ဈေးမြင့်လာ * ပဲတီစိမ်း(အညာ)ကို တရုတ်ဈေးပေးအဝယ်ရှိလို့ ဈေးမြောက်လာ * ကုလားပဲဖြူလုံးကြီးနဲ့ ကုလားပဲ(ထိုင်ဝမ်)ကို သြင်္ကန်အပြီးမှာ ပဲခွဲစက်တွေ ဝယ်အားများလို့ ဈေးစွာလာ * ပြောင်းကို သြင်္ကန်အပြီးမှာ တရုတ်နဲ့ ဒေသတွင်းအစာစပ်များ ဝယ်အား ပါးလာ * နှမ်းမျိုးစုံကို ပြည်ပဝယ်လက်နဲ့ ပြည်တွင်းဆီစက်တွေဝယ်အားပုံမှန်ရှိပေ မယ့် ရောင်းသူကုန်သည်တွေထံမှာ ပစ္စည်းလက်ကျန်လျော့လာ
တောင်ကြီးဈေးကွက်မှာ သြင်္ကန်အပြီး ပြောင်းအရောင်းအ ဝယ်ပါးနေတယ်လို့ ဒေသခံပြောင်းကုန်သည်တစ်ဦးက ဆိုပါတယ်။ အရောင်းအဝယ်ဖြစ်မှု က တစ်ပိဿာ ၄၂၅ ကျပ်ဈေးနဲ့ တစ်ပတ်အ တွင်း ပိဿာချိန် ၁၂၉၀၀၀ ခန့်သာဖြစ်ခဲ့ကြောင်း သိရပါတယ်။
လားရှိုးဈေးကွက်မှာ ဒီတစ်ပတ်ပြောင်းက ဈေးကွက်သို့ဝင်ရောက် မှုပုံမှန်ရှိသလို တရုတ်ဝယ်လက်ကလည်း ဝယ်အားပုံမှန်ရှိပေ မယ့် ဈေးကငြိမ်နေ တယ်လို့ သိရပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိ ဿာ ၄၆၅ ကျပ်ဈေးနဲ့ တစ်ပတ်အတွင်း ပိဿာချိန် ၂၅၀၀၀၀ ခန့် ဖြစ်ခဲ့ကြောင်း သိရပါတယ်။
မူဆယ်ဈေးကွက်မှာ သြင်္ကန်အပြီး ဈေးကွက်သို့ပြောင်းအရောင်း အဝယ်ပြုလုပ်လိုသော ကုန်သည်ကြီးများလာရောက်မှုမှာ ပုံမှန်ထက် စာရင် နည်းသွားတယ်လို့ ဈေးကွက်အတွင်းမှသိရပါတယ်။ ဈေးကွက် စဖွင့်တဲ့ရက်မှာ ပြောင်းအရောင်းအဝယ်အေးနေပေမယ့် ဈေးကွက် ပိတ်ခါနီးမှာတော့ တရုတ်ယွမ်ငွေဈေးမြင့်လာလို့ ဝယ်လက်တွေက အဝယ်ပြန်လိုက်လာတယ်လို့ ပွဲရုံပိုင်ရှင်တစ်ဦးကဆိုပါတယ်။ အရောင်း အဝယ်အနေနဲ့ တစ်ပတ်လုံးမှ မက်တန် ၁၉၀၀ ခန့်သာ အရောင်းအ ဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။
မကွေးဈေးကွက်မှာ ဒီတစ်ပတ် ပဲစင်းငုံနီကို အိတ်စပို့အတွက် ဝယ်ယူနေတဲ့ ရန်ကုန်ဝယ်လက်က ဝယ်အားပုံမှန်ရှိပေမယ့် ရောင်းသူ ကုန်သည်များက တက်ဈေးမျှော်ပြီး အရောင်းထိန်းထားတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးအပြောင်းအလဲမရှိဘဲ ဈေးတန့်နေတယ်လို့ ဈေးကွက်အတွင်းမှသိရပါတယ်။ အရောင်းအဝယ်အနေနဲ့ တစ်ပိ ဿာ ၁၀၅၅ ကျပ်(တစ်တန်ကို ၆၄၆၀၇၁ ကျပ်)ဈေးနဲ့ တစ်ရက်ကို အိတ် ၂၀၀ ခန့်သာဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ကုလားပဲ(ထိုင်ဝမ်) ကိုရန်ကုန်ဝယ်လက်နဲ့ ဒေသတွင်းခွဲစက်တွေ အဝယ်ပြန်လိုက်လာ တာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးမြင့်လာပြီး တစ်ပိဿာကို ၉၈၅ ကျပ်(တစ်တန်ကို ၆၀၃၂၀၄ ကျပ်)ဈေးနဲ့ နေ့စဉ်အိတ် ၄၀၀ မှ ၅၀၀ ကြားအရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။
ဘုရင့်နောင်ဈေးကွက်မှာ သြင်္ကန်အပြီး မတ်ပဲနဲ့ ပဲစင်းငုံနီ ကို အိတ်စပို့အဝယ်ပြန်လိုက်လာတာကြောင့် ဈေးအနည်းငယ်မြင့် လာပြီး အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ဒီတစ်ပတ်မှာ အိတ်စပို့အဆွဲပြန်လိုက်လာသလို ဒေါ်လာဈေးလည်းအနည်းငယ်မြင့် လာလို့ အခုလိုဈေးတွေမြင့်လာတာလို့ ပဲကုန်သည်တစ်ဦးကဆိုပါ တယ်။ အရောင်းအဝယ်ဖြစ်မှုက မတ်ပဲ (RC) တစ်တန်ကို ၅၆၅၀၀၀ ကျပ်ဈေးနဲ့ ဒိုင်ပြင်ပဈေး ကွက်မှာ နေ့စဉ်အရောင်းအဝယ်ဖြစ်ခဲ့တယ် လို့သိရပါတယ်။ ဒါ့အပြင် ပဲစင်းငုံနီ (RC) ကိုလည်း အိန္ဒိယဝယ်လက် က အရည်အသွေးပေါ် မူတည်ပြီး ဈေးပေးအဝယ်ရှိတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးမြင့်လာပြီး တစ်တန်ကို ၆၇၃၀၀၀ ကျပ်ဈေး နဲ့ ပုံမှန်အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။
မြင်းခြံဈေးကွက်မှာ ယခင်အပတ်က တစ်ပိဿာကို ၁၀၁၀ ကျပ်(တစ်တန်ကို ၆၁၈၅၁၃ ကျပ်)ဈေးနဲ့ အရောင်းအဝယ်ဖြစ်မှုနည်း ခဲ့တဲ့ ပဲစင်းငုံနီက ဒီတစ်ပတ်မှာ ရန်ကုန်အဆွဲပြန်လိုက်လာတဲ့အ တွက် ဈေးမြင့်လာပြီး တစ်ပိဿာ ၁၀၆၀ ကျပ်(တစ်တန်ကို ၆၄၉၁၃၃ ကျပ်)ဈေးနဲ့ တစ်ရက်ကို အိတ် ၁၀၀၀ မှ ၂၀၀၀ ကြား အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ ဒါ့အပြင်ဒေသထွက်စီပီ ပြောင်းကိုလည်း ရန်ကုန်ဝယ်လက်က တစ်ပိဿာကို ၄၁၇ ကျပ်ဈေး နဲ့ တစ်ရက်ကိုအိတ် ၃၀၀ ခန့်ဝယ်အားပုံမှန်ရှိခဲ့တယ်လို့ မြို့ခံပြောင်း ကုန်သည်တစ်ဦးကဆိုပါတယ်။
ဟင်္သာတဈေးကွက်သို့ မတ်ပဲတွေဝင်ရောက်မှုတိုးလာသလို အဝင်ရှိသလောက်လည်း ရန်ကုန်အဆွဲသွက်ခဲ့တယ်လို့ ဆိုပါတယ်။ ယခင်အပတ် က လှောင်လက်တွေရော ရန်ကုန်ဝယ်လက်တွေပါ ပြည်ပဈေးကွက်အခြေအနေကို စောင့်ကြည့်ပြီး တွက်ချက်ဝယ်ယူမှု တွေရှိခဲ့တယ်။ ဒီတစ်ပတ်မှာေ တာ့ အိန္ဒိယဘက်မှ အဆွဲပြန်လိုက်လာ တဲ့အပေါ် ရန်ကုန်ဝယ်လက်က ဈေးပေးအဝယ်ရှိသလို ဝယ်အားပါ များလာ တာကြောင့် ဈေးမြင့်လာပြီး တစ်ပိဿာကို ၈၄၀ ကျပ်(တစ် တန်ကို ၅၁၄၄၀၇ ကျပ်)ဈေးနဲ့ တစ်ရက်ကိုအိတ် ၃၀၀၀ မှ ၅၀၀၀ ကြားအရောင်း အဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။
မန္တလေးဈေးကွက်မှာ ဒီတစ်ပတ် သြင်္ကန်ပွဲတော်နီးကပ်လာ ချိန်မှာ ပဲမျိုးစုံကို ဝယ်လက်တွေအဝယ်ဆုံလို့ ယခင်အပတ်နဲ့စာရင် ဈေးမြင့် လာပြီး နှမ်းမျိုးစုံကတော့ တရုတ်အဆွဲက ပုံမှန်ထက်စာရင် နည်းနည်းအေးသွားတာကြောင့် ဈေးကအပြောင်းအလဲမရှိဘဲ ဈေး တန့်နေတယ်လို့ ပွဲရုံရပ်ကွက်ကဆိုပါတယ်။ မန်းဈေးကွက်မှာ ဒီတစ် ပတ်မတ်ပဲကို ရန်ကုန်ဝယ်လက်နဲ့ မြို့ခံပဲခွဲစက်တွေက ဈေးပေးအဝယ် ရှိသလို ဝယ်အားပါများလာတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေး မြင့်လာပြီး တစ်ပိဿာကို ၈၁၀ ကျပ်(တစ်တန်ကို ၄၉၆၀၃၅ ကျပ်) ဈေးနဲ့ တစ်ရက်ကိုအိတ် ၇၀၀ ခန့်အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ ပဲတီစိမ်း (အညာ)ထက်စာရင် ပဲတီစိမ်း (ခရမ်းရွှေဝါ) ကို တရုတ်ဝယ်လက်က အရည်အသွေးအပေါ်မူတည်ပြီး ဈေးပေး အဝယ်ရှိတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးမြင့်လာပြီး တစ်ပိဿာ ကို ၁၂၉၈ ကျပ်(တစ်တန်ကို ၇၉၄၈၈၂ ကျပ်)ဈေးနဲ့ တစ်ရက်ကိုအိတ် ၅၀၀ ခန့်အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ယခင်အပတ် က အောက်ဈေးနဲ့ အရောင်းအဝယ်ဖြစ်မှုနည်းခဲ့တဲ့ ပဲစင်းငုံနီကိုတော့ ဒီတစ်ပတ်မှာ ရန်ကုန်ဝယ်လက်က ဈေးပေးအဝယ်ရှိသလို ဝယ်အား ပါများလာတာကြောင့် ယခင်အပတ်နဲ့ စာရင် ဈေးမြင့်လာပြီး တစ်ပိ ဿာကို ၁၀၆၀ ကျပ်(တစ်တန်ကို ၆၄၉၁၃၃ ကျပ်)ဈေးနဲ့ တစ်ရက် ကိုအိတ် ၁၀၀၀ နဲ့အထက် အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ မြို့ခံကုန် သည်တစ်ဦးကဆိုပါတယ်။ ကုလားပဲဖြူလုံးကြီးနဲ့ ကုလားပဲ (ထိုင်ဝမ်) ကိုရန်ကုန်ဝယ်လက်နဲ့ ဒေသတွင်းခွဲစက်တွေက သြင်္ကန်ပွဲတော်မတိုင် မီ ပစ္စည်းဝယ်ယူဖြည့်တင်းတဲ့အနေနဲ့ ဝယ်အားများခဲ့တာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးမြင့်လာကြောင်း ပွဲရုံရပ်ကွက်ကဆိုပါတယ်။ အရောင်းအဝယ်ဖြစ်မှုက ကုလားပဲဖြူလုံးကြီး တစ်ပိဿာ ၉၃၀ ကျပ် (တစ်တန်ကို ၅၆၉၅၂၂ ကျပ်)ဈေးနဲ့ တစ်ရက်ကိုအိတ် ၈၀၀ ခန့်၊ ကုလားပဲ (ထိုင်ဝမ်) က တစ်ပိဿာ ၉၅၀ ကျပ်(တစ်တန်ကို ၅၈၁၇၇၀ ကျပ်) ဈေးနဲ့ တစ်ရက်ကိုအိတ် ၇၀၀ ခန့်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ နှမ်းမျိုးစုံကို တရုတ်ဝယ်လက်နဲ့ ဒေသတွင်းဆီစက်တွေ ဝယ်အားပုံမှန် ရှိပေမယ့် ရောင်းသူကုန်သည်တွေထံမှာတော့ ပစ္စည်းလက်ကျန်နည်း နေပြီလို့ မြို့ခံနှမ်း ကုန်သည်တစ်ဦးက ဆိုပါတယ်။ အရောင်းအဝယ် ဖြစ်မှုက နှမ်းဖြူတစ်ပိဿာ ၂၆၀၀ ကျပ်၊ နှမ်းညိုတစ်ပိဿာ ၂၃၅၆ ကျပ်၊ နှမ်းကြားတစ်ပိဿာ ၂၃၃၃ ကျပ်၊ နှမ်းနက်တစ်ပိဿာ ၃၀၀၀ ကျပ်ဈေးနဲ့ နှမ်းမျိုးစုံတစ်ရက်ကိုအိတ် ၈၀၀ ခန့်သာဖြစ်ခဲ့တယ် လို့ ဈေးကွက်အတွင်းမှ သိရပါတယ်။
ပခုက္ကူဈေးကွက်မှာ နှစ်ကူးသြင်္ကန်ပွဲတော်နီးကပ်လာတာနဲ့ အမျှ ပဲစင်းငုံနီကိုလည်း ရန်ကုန်ဝယ်လက်က အရည်အသွေးပေါ်မူ တည်ပြီး ဈေးပေးအဝယ်ရှိသလို ဝယ်အားပါသွက်လာတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးမြင့်လာပြီး တစ်ပိဿာကို ၁၀၇၀ ကျပ် (တစ်တန်ကို ၆၅၅၂၅၇ ကျပ်)ဈေးနဲ့ တစ်ရက်ကိုအိတ် ၃၀၀ မှ ၆၀၀ ကြားအရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ကျန်ပဲမျိုးစုံက တော့ ဈေးသာရှိပြီး အရောင်းအဝယ်အေးနေတယ်လို့ ပွဲရုံရပ်ကွက်က ဆိုပါတယ်။
