Background
ပြောင်း စဉ် ကုန်စည်ဒိုင် ရေတွက်ပုံ ယခင် ယခု ပြောင်းလဲမှု ၁ တောင်ကြီး ၁ ပိဿာ ၂၆၀ ၂၈၅ ၂ လားရှိုး ၁ ပိဿာ ၂၉၅ ၃၀၅ ၃ မူဆယ် ၁ တန် ၂၂၂၅၄၇ ၂၂၇၆၈၈ ၄ မန္တလေး ၁ ပိဿာ ၂၉၆ ၃၀၉ပြောင်းကို တရုတ်နဲ့ အစာစပ်များ ဝယ်အားသွက်လို့ ဈေးမြောက် တောင်ကြီးဈေးကွက်သို့ နယ်စုံမှ ပြောင်းတွေအဝင်သွက်နေ သလို ရန်ကုန်-မန္တလေး ဝယ်လက်နဲ့ ဒေသတွင်းအစာစပ်လုပ်ငန်းရှင် များကလည်း အဝယ်သွက်နေတယ်လို့ သိရပါတယ်။ ဝယ်လက်တွေ က ဈေးပေးအဝယ်ရှိနေသလို ရောင်းလက်များကလည်း တက်ဈေး မှာအရောင်းများခဲ့တယ်လို့ ဒေသခံပြောင်းကုန်သည်တစ်ဦးက ဆိုပါ တယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ၂၈၅ ကျပ်နဲ့တစ်ပတ် အတွင်းပိဿာချိန် ၆၇၀၀၀၀ ခန့်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ မူဆယ် ဈေးကွက်မှာ ပြောင်းကို တရုတ်ဘက်က ဝယ်အားများလာသလို ရောင်းလက်များကလည်း အဆိုပါဈေးနဲ့ အရောင်းများတာကြောင့် အရောင်းအဝယ်ဖြစ်မှုပမာဏက ယခင်အပတ်ထက်စာရင် ပိုများ လာတယ်လို့ ဆိုပါတယ်။ မန္တလေးဈေးကွက်မှာ ပြောင်းကို တရုတ် အဆွဲပုံမှန်ရှိတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးမြင့်လာပြီး တစ် ပိဿာကို ၃၀၉ ကျပ်နှင့် တစ်ရက်ကို အိတ် ၅၀၀ မှ ၇၀၀ ကြားအ ရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ လားရှိုးဈေးကွက်မှာ ပြောင်းကို တရုတ်အဝယ်အားကောင်းနေသလို ရောင်းသူကုန်သည် များကလည်း အဆိုပါဈေးနဲ့ အရောင်းများခဲ့တယ်လို့ သိရပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ၃၀၅ ကျပ်နဲ့ တစ်ပတ်အတွင်း ပိဿာချိန် ၁၆၅၀၀၀၀ ခန့်ဖြစ်ခဲ့တယ်လို့ ဒေသခံပြောင်းကုန်သည် တစ်ဦးက ဆိုပါတယ်။
ပဲစင်းငုံ စဉ် ကုန်စည်ဒိုင် ရေတွက်ပုံ ယခင် ယခု ပြောင်းလဲမှု ၁ ဘုရင့်နောင် ၁ တန် ၄၄၇၀၀၀ ၄၂၀၀၀၀ ၂ မန္တလေး ၁ ပိဿာ ၆၅၀ ၆၃၃ ၃ မုံရွာ ၁ ပိဿာ ၆၆၅ ၆၃၀ ၄ ပခုက္ကူ ၁ ပိဿာ ၆၆၀ ၆၄၀ ၅ မြင်းခြံ ၁ ပိဿာ ၆၄၀ ၆၁၀ ၆ အောင်လံ ၁ ပိဿာ ၆၅၀ ၆၃၀ ၇ မကွေး ၁ ပိဿာ ၆၆၅ ၆၂၀ ၈ ပြည် ၁ ပိဿာ ၆၆၅ ၆၃၅ ပဲစင်းငုံနီအောက်ဈေးနဲ့ အရောင်းအဝယ်ပုံမှန်ဖြစ် ဘုရင့်နောင်ဈေးကွက်မှာ ပဲစင်းငုံနီ (RC) ကို အိတ်စပို့ဝယ် လက်တွေက အောက်ဈေးနဲ့ အဝယ်ရှိနေသလို ရောင်းလက်များက လည်း အဆိုပါဈေးနဲ့ အရောင်းပုံမှန်ရှိနေတယ်လို့ ဆိုပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်တန်ကို အနိမ့်ဆုံး ၄၂၀၀၀၀ ကျပ်မှ အမြင့်ဆုံး ၄၃၇၀၀၀ ကျပ်အတွင်း တန် ၁၈၄၀ သို့ဖြစ်ခဲ့ကြောင်း သိရပါတယ်။ မန္တလေးဈေးကွက်မှာ ပဲစင်းငုံနီ(ဟောင်း)ကို ရန်ကုန် အဆွဲနည်းသွားပြီး ငုံနီ(သစ်)ကို ရန်ကုန်နဲ့ မြို့ခံပဲခွဲစက်တွေက ဝယ် အားများလာတယ်လို့ မြို့ခံကုန်သည်တစ်ဦးကဆိုပါတယ်။ အရောင်း အဝယ်ဖြစ်မှုက ငုံနီ(ဟောင်း)တစ်ပိဿာ ၆၃၀ ကျပ်(တစ်တန်ကို ၃၈၅၈၀၅ ကျပ်)၊ ငုံနီ(သစ်) တစ်ပိဿာကို ၆၃၃ ကျပ်(တစ်တန်ကို ၃၈၇၆၄၂ ကျပ်)နဲ့ နေ့စဉ်အိတ် ၁၀၀၀ ခန့်ဖြစ်ခဲ့ကြောင်း သိရပါ တယ်။ မုံရွာ ဈေးကွက်မှာ ပဲစင်းငုံနီ(သစ်)တွေ ဈေးကွက်သို့ အဝင်ပုံ မှန်ရှိသလို (အဟောင်း)တွေလည်း ပုံမှန်အရောင်းရှိခဲ့တယ်လို့ ဆိုပါ တယ်။ အရောင်းအဝယ်ဖြစ်မှုက (သစ်) တစ်ပိဿာ ၇၁၅ ကျပ် (တစ်တန်ကို ၄၃၇၈၅၈ ကျပ်) (ဟောင်း) တစ်ပိဿာ ၆၃၀ ကျပ် (တစ်တန်ကို ၃၈၅၈၀၅ ကျပ်)နဲ့ နေ့စဉ်အိတ် ၁၀၀၀ မှ ၁၂၀၀ ခန့် ရန်ကုန်-မန္တ လေးအဆွဲရှိခဲ့တယ်လို့ ဆိုပါတယ်။ မြင်းခြံဈေးကွက်မှာ ပဲစင်းငုံနီ (သစ်)က ဈေးကွက်သို့ အဝင်နည်းလို့ အရောင်းအဝယ် မဖြစ်သေးပဲ (ဟောင်း)ကိုသာ ရန်ကုန်ဝယ်လက်က တစ်ပိဿာကို ၆၁၀ ကျပ် (တစ်တန်ကို ၃၇၃၅၅၇ ကျပ်)နဲ့ တစ်ရက်ကို အိတ် ၂၀၀ မှ ၆၀၀ကြား အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ မြို့ခံပဲကုန်သည်တစ်ဦး ကဆိုပါတယ်။ မကွေးဈေးကွက်မှာ ပဲစင်းငုံနီ(သစ်) ရော (ဟောင်း) ပါ ရန်ကုန်အဆွဲပုံမှန်ရှိခဲ့တယ်လို့ ဆိုပါတယ်။ ပဲသစ်ကလည်း ပေါ် လာပြီ၊ ပဲဟောင်းကလည်း လှောင်ထားတာကြာပြီမို့ ရောင်းလက်တွေ ထုတ်ရောင်းပေမယ့် ရန်ကုန်ဝယ်လက်က ဈေးနှိမ်ပြီး အဝယ်ရှိ နေကြောင်း သိရပါတယ်။ အရောင်းအဝယ်ဖြစ်မှုက (ဟောင်း) တစ် ပိဿာ ၆၂၀ ကျပ်(တစ်တန်ကို ၃၇၉၆၈၁ ကျပ်) (သစ်) တစ်ပိÕဿာ ၆၈၀ ကျပ် (တစ်တန်ကို ၄၁၆၄၂၅ ကျပ်)နဲ့ နေ့စဉ်အိတ် ၃၀၀ မှ ၅၀၀ ကြားဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ ပခုက္ကူဈေးကွက်မှာ ဒီတစ် ပတ် ပဲစင်းငုံနီ (သစ်) ရော (ဟောင်း) ပါ ရန်ကုန်အဆွဲပုံမှန်ရှိခဲ့တယ် လို့ ဆိုပါတယ်။ အရောင်းအဝယ်ဖြစ်မှုက (သစ်)တစ်ပိဿာ ၇၂၅ ကျပ်(တစ်တန်ကို ၄၄၃၉၈၂ ကျပ်) (ဟောင်း)တစ်ပိဿာ ၆၂၅ ကျပ် (တစ်တန်ကို ၃၈၂၇၄၃ ကျပ်)နဲ့ တစ်ပတ်လုံး အိတ် ၁၃၀၀ ခန့် ဖြစ်ခဲ့ကြောင်း သိရပါတယ်။
သိပ္ပံနှမ်းစဉ် ကုန်စည်ဒိုင် ရေတွက်ပုံ ယခင် ယခု ပြောင်းလဲမှု ၁ အောင်လံ ၁ ပိဿာ ၁၈၈၉ ၁၈၉၀ နှမ်းဖြူကို တရုတ်နဲ့ နှမ်းလှော်လက်များ ဝယ်အားပုံမှန်ရှိ မန္တလေးဈေးကွက်မှာ နှမ်းဖြူ(သစ်)က ဈေးကွက်သို့အဝင်ပုံ မှန်ရှိသလို တရုတ်ဝယ်လက်ကလည်း အရည်အသွေးအပေါ်မူတည် ပြီး ဈေးပေးအဝယ်ရှိခဲ့တယ်လို့ ဆိုပါတယ်။ အရောင်းအဝယ်ဖြစ်မှု က တစ်ပိဿာ ၁၅၁၁ ကျပ်(တစ်တန်ကို ၉၂၅၃၂၁ ကျပ်)နဲ့ တစ် ရက်ကို အိတ် ၈၀၀ မှ ၁၀၀၀ ကြားဖြစ်ခဲ့တယ်လို့ မြို့ခံနှမ်းကုန်သည် တစ်ဦးကဆိုပါတယ်။ မကွေးဈေးကွက်မှာ နှမ်းဖြူ (ရိုးရိုးစ)နဲ့ (ခြုံ ကျော်စ)ကို မန္တလေးအဆွဲပုံမှန်ရှိပေမယ့် ယခင်အပတ်နဲ့စာရင် ဈေး မဆိုသလောက်ကျနေတယ်လို့ သိရပါတယ်။ အရောင်းအဝယ်ဖြစ် မှုက တစ်ပိဿာ ၁၄၂၅ ကျပ် (တစ်တန်ကို ၈၇၂၆၅၃ ကျပ်)နဲ့ နေ့ စဉ်အိတ် ၃၀၀ နဲ့ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ ရေစကြိုဈေးကွက်မှာ နှမ်းဖြူကို နှမ်းလှော်လက်များသာ အဝယ်များပြီး အိတ်စပို့အတွက် ဝယ်ယူသူများ ဝယ်အားနည်းနေတယ်လို့ သိရပါတယ်။ အရောင်း အဝယ်ဖြစ်မှုက တစ်ပိဿာ ၁၂၇၀ ကျပ် (တစ်တန်ကို ၇၇၇၇၃၅ ကျပ်)နဲ့ တစ်ရက်ကို အိတ် ၁၀၀ ခန့်သာဖြစ်ခဲ့တယ်လု့ိ မြို့ခံနှမ်းလှော် လက်တစ်ဦးက ဆိုပါတယ်။ အောင်လံဈေးကွက်မှာ သိပ္ပံနှမ်းကို ရန်ကုန်အဆွဲခပ်ပါးပါးသာ ရှိခဲ့တယ်လို့ သိရပါတယ်။ အရောင်းအ ဝယ်ဖြစ်မှုက တစ်ပိဿာ ၁၈၉၀ ကျပ် (တစ်တန်ကို ၁၁၅၇၄၁၇ ကျပ်)နဲ့ နေ့စဉ်အိတ် ၁၀၀ ခန့်သာဖြစ်ခဲ့တယ်လို့ သိရပါတယ်။
နှမ်းဖြူ စဉ် ကုန်စည်ဒိုင် ရေတွက်ပုံ ယခင် ယခု ပြောင်းလဲမှု ၁ မန္တလေး ၁ ပိဿာ ၁၅၁၁ ၁၅၁၁ ၂ မကွေး ၁ ပိဿာ ၁၄၄၅ ၁၄၂၅ ၃ မုံရွာ ၁ ပိဿာ ၁၄၅၃ ၁၄၃၃ ၄ ရေစကြို ၁ ပိဿာ ၁၂၇၀ ၁၂၇၀
ဟင်္သာတခရိုင် ဟင်္သာတမြို့နယ် လယ်တော်ကျေးရွာအနီးရှိ ဟင်္သာတ အဝေးပြေးယာဉ်ရပ်နားစခန်းအတွင်း ကုန်စည်ဒိုင် ဆိုင်း ဘုတ်တင်ပွဲ အခမ်းအနားကို ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၁၆ ရက် နံနက်က ဖွင့်လှစ်ခဲ့ကြောင်း သိရပါတယ်။
မွန်ပြည်နယ်၊ မော်လမြိုင်မြို့မှာ လက်ကားကုန်စည်ဒိုင် အဆောက်အအုံဆောက်လုပ်ရန် ဒီဇင်ဘာ ၁၅ ရက်က မွန်ပြည်နယ် ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင် များအသင်းရုံးအစည်းအဝေးခန်းမမှာ ကုန်စည်ဒိုင်အဆောက် အအုံ စတင်ဆောက်လုပ်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပခဲ့ပါတယ်။ အစည်းအဝေးကို မွန်ပြည်နယ်အစိုးရအဖွဲ့ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီးဌာန ဝန်ကြီး ဒေါက်တာ မင်းနွယ်စိုး၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူး ဦးလှသောင်း၊ မြန်မာ့လယ်ယာထွက်ကုန် ပစ္စည်းရောင်းဝယ်ရေး ပြည်နယ်မန်နေဂျာ ဦးတင့်ဆန်း၊ မွန်ပြည်နယ် ကုန်သည်များနဲ့ စက်မှုလက်မှုလုပ်ငန်းရှင် များအသင်း ဥက္ကဋ္ဌ ဦးတင်မော်နဲ့ အသင်းအဖွဲ့များမှ ဥက္ကဋ္ဌနဲ့ အတွင်းရေးမှူးများ ကုန်စည်ဒိုင်လုပ်ငန်းကော်မတီနဲ့ ဆပ် ကော်မတီများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါတယ်။
ကုလားပဲဖြူလုံးကြီး စဉ် ကုန်စည်ဒိုင် ရေတွက်ပုံ ယခင် ယခု ပြောင်းလဲမှု ၁ ဘုရင့်နောင် ၁ ပိဿာ ၁၀၅၀ ၁၀၅၀ ၂ မန္တလေး ၁ ပိဿာ ၈၇၃ ၉၂၆ ၃ မုံရွာ ၁ ပိဿာ ၈၉၅ ၉၄၇ ၄ မြင်းခြံ ၁ ပိဿာ ၈၀၀ ၆၀၀ကုလားပဲဖြူလုံးကြီးကို အိတ်စပို့အဆွဲပါးပြီး မျိုးပဲအဖြစ်သာ အရောင်းအဝယ်ဖြစ် မန္တလေးဈေးကွက်မှာ ကုလားပဲဖြူလုံးကြီးက လှောင်လက် တွေထံမှာ ပစ္စည်းလက်ကျန်နည်းနေပြီး အိတ်စပို့အတွက်ဝယ်ယူနေ တဲ့ ရန်ကုန်အဆွဲအေးကာ မြို့ခံပဲခွဲစက်တစ်ချို့နဲ့ မျိုးအတွက် ပြန်လည် ဝယ်ယူသူများ ဝယ်အားပုံမှန်ရှိခဲ့တယ်လို့ ဆိုပါတယ်။ အရောင်းအ ဝယ်ဖြစ်မှုက တစ်ပိဿာ ၉၂၆ ကျပ် (တစ်တန်ကို ၅၆၇၀၇၃ ကျပ်)နဲ့ နေ့စဉ်အိတ် ၅၀၀ ခန့်သာ ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ မြင်းခြံဈေး ကွက်မှာတော့ ဒီတစ်ပတ်ကုလားပဲဖြူလုံးကြီးက အရည်အသွေးညံ့ လာတာကြောင့် တစ်ပိဿာ ၆၀၀ ကျပ်(တစ်တန်ကို ၃၆၇၄၃၄ ကျပ်) နဲ့ အိတ်အနည်းငယ်သာ အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ဆိုပါတယ်။ ပဲတွေကလည်း လှောင်ထားတာကြာလို့ ပိုးကိုက်တွေဖြစ်လာတယ်။ ဒါကြောင့် ဝယ်လက်အချို့က ဈေးချအဝယ်ရှိလို့ အခုလိုဈေးတွေ ကျလာတယ်လို့ မြို့ခံလှောင်လက်ကုန်သည်တစ်ဦးက ဆိုပါတယ်။ မုံရွာဈေးကွက်မှာ ကုလားပဲဖြူလုံးကြီးကို အိတ်စပို့အဝယ်မရှိခဲ့ဘဲ မျိုးပဲအဖြစ်သာ အရောင်းအဝယ်ရှိခဲ့တာကြောင့် တစ်ပိဿာကို ၉၄၇ ကျပ် (တစ်တန်ကို ၅၇၉၉၃၃ ကျပ်)နဲ့ အိတ်အနည်းသာ အရောင်း အဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။
ပဲစင်းငုံနီ စဉ် ကုန်စည်ဒိုင် ရေတွက်ပုံ ယခင် ယခု ပြောင်းလဲမှု ၁ ဘုရင့်နောင် ၁ တန် ၄၄၈၀၀၀ ၄၄၇၀၀၀ ၂ မန္တလေး ၁ ပိဿာ ၆၆၇ ၆၅၀ ၃ မုံရွာ ၁ ပိဿာ ၆၇၀ ၆၆၅ ၄ ပခုက္ကူ ၁ ပိဿာ ၆၇၅ ၆၆၀ ၅ မြင်းခြံ ၁ ပိဿာ ၆၅၀ ၆၄၀ ၆ အောင်လံ ၁ ပိဿာ ၆၇၀ ၆၅၀ ၇ မကွေး ၁ ပိဿာ ၆၆၅ ၆၆၅ ၈ ပြည် ၁ ပိဿာ ၆၆၅ ၆၆၅ ပဲစင်းငုံနီ ကျဈေးနဲ့ အရောင်းအဝယ်ပုံမှန်ဖြစ်နေ ဘုရင့်နောင်ဈေးကွက်မှာ ဒီတစ်ပတ် ပဲစင်းငုံနီ (RC) ကို အိတ်စပို့ဝယ်လက်တွေက ပြည်ပဈေးကွက်ရဲ့ ဝယ်လိုအားအခြေအ နေကို တွက်ချက်ပြီး ဝယ်ယူမှုတွေရှိတာကြောင့် ယခင်အပတ်နဲ့စာ ရင် ဈေးကအနည်းငယ်ကျနေကြောင်း သိရပါတယ်။ အရောင်း အဝယ်ဖြစ်မှုက တစ်တန်ကို ၄၃၆၀၀၀ ကျပ်မှ ၄၄၇၀၀၀ ကျပ် အတွင်း တန် ၂၅၀၀ ခန့်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ မန္တလေးဈေး ကွက်မှာ ပဲစင်းငုံနီသစ်တွေ ဈေးကွက်ထဲဝင်ပေမယ့် ဝင်ရောက်တဲ့ ပမာဏနည်းနေသေးတယ်။ (အဟောင်း) ကပဲ အရောင်းအဝယ် ဆက်ဖြစ်နေတာ သိရပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ၆၅၀ ကျပ် (တစ်တန်ကို ၃၉၈၀၅၃ ကျပ်)နဲ့ တစ်ရက်ကိုအိတ် ၁၀၀၀ မှ ၁၂၀၀ ကြားဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ အောင်လံဈေးကွက်မှာ ရန်ကုန် ဝယ်လက်က ဈေးချအဝယ်ရှိတာကြောင့် ယခင်အပတ်နဲ့စာ ရင် ဈေးအနည်းငယ်ကျလာပြီး တစ်ပိဿာကို ၆၅၀ ကျပ် (တစ် တန်ကို ၃၉၈၀၅၃ ကျပ်)နဲ့ နေ့စဉ်အိတ် ၂၀၀ မှ ၃၀၀ ကြားသာ အရောင်း အဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ မကွေးမှာ ပဲစင်းငုံနီ (သစ်) ရော (ဟောင်း)ပါ ရန်ကုန်အဆွဲပုံမှန်ရှိခဲ့သလို ရောင်းသူကုန် သည်များကလည်း အဆိုပါဈေးနဲ့ အရောင်းရှိခဲ့တယ်လို့ ဆိုပါတယ်။ အရောင်းအဝယ်ဖြစ်မှုက ငုံနီ(သစ်)တစ်ပိဿာကို ၇၁၅ ကျပ် (တစ်တန်ကို ၄၃၇၈၅၈ ကျပ်) နဲ့နေ့စဉ်အိတ် ၃၀၀ငုံနီ(ဟောင်း) က တစ်ပိဿာ ၆၅၅ ကျပ် (တစ်တန်ကို ၄၀၁၁၁၅ ကျပ်)နဲ့ နေ့စဉ်အိတ် ၄၀၀ ခန့်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ ပခုက္ကူဈေးကွက်မှာ ပဲစင်းငုံနီ (သစ်) က ဈေးကွက်ထဲ ဝင်ရောက်မှုနည်းနေပြီး (အဟောင်း) ကိုသာ ရန် ကုန်ဝယ်လက်က ဝယ်အားပုံမှန်ရှိပေမယ့် ယခင်အပတ်နဲ့စာရင် ဈေးကအကျဘက်မှာ ရှိနေတယ်လို့ဆိုပါတယ်။ အရောင်းအဝယ် ဖြစ်မှုက (သစ်) တစ်ပိဿာ ၇၃၅ ကျပ် (တစ်တန်ကို ၄၅၀၁၀၆ ကျပ်)နဲ့ တစ်ရက်ကို အိတ် ၅၀ ခန့် (ဟောင်း) က တစ်ပိဿာ ၆၆၀ ကျပ်(တစ်တန်ကို ၄၀၄၁၇၇ ကျပ်) နဲ့ တစ်ရက်ကို အိတ် ၅၀၀ မှ ၁၀၀၀ ကြားဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ငုံနီသစ်တွေ ဈေးကွက်ထဲ အဝင်မလှိုင်ခင် လှောင်လက်တွေက လက်ကျန်ပဲတွေကို ထုတ်ရောင်း မှုတွေများလာတာကြောင့် အရောင်းအဝယ်ဖြစ်မှုတွေလည်း ယခင် အပတ်နဲ့စာရင် ပိုများလာတယ်လို့ မြို့ခံကုန်သည်တစ်ဦးက ဆိုပါ တယ်။ မုံရွာဈေးကွက်မှာ ပဲစင်းငုံနီ(သစ်)မဝင်မီ (အဟောင်း) တွေ အရောင်းအဝယ်သွက်လာကြောင်း သိရပါတယ်။ ဒီတစ်ပတ်မှာ ငုံနီ သစ်တွေ ဈေးကွက်ထဲဝင်လာပေမယ့် အရေအတွက်နည်းသလို ဈေး လည်းမငြိမ်ခဲ့လို့ ပဲဟောင်းကတော့ အရောင်းသမားရော အဝယ်သ မားပါ ခပ်သွက်သွက်ရောင်းဝယ်နေကြတယ်လို့ မြို့ခံပဲကုန်သည်တစ် ချို့ကဆိုပါတယ်။ အရောင်းအဝယ်ဖြစ်မှုက (သစ်) ကတစ်ပိဿာ ၇၂၅ ကျပ်(တစ်တန်ကို ၄၄၃၉၈၂ ကျပ်)နဲ့ တစ်ရက်ကို အိတ် ၁၀၀၀ ခန့် (အဟောင်း) က တစ်ပိဿာ ၆၆၅ ကျပ်(တစ်တန်ကို ၄၀၇၂၃၉ ကျပ်)နဲ့ တစ်ရက်ကို အိတ် ၂၀၀၀ မှ ၃၀၀၀ ကြားဖြစ်ခဲ့တယ်လို့ သိရပါတယ်။
သိပ္ပံနှမ်းစဉ် ကုန်စည်ဒိုင် ရေတွက်ပုံ ယခင် ယခု ပြောင်းလဲမှု၁ အောင်လံ ၁ ပိဿာ ၁၈၂၃ ၁၈၈၉နှမ်းဖြူကို တရုတ်ဝယ်အားပုံမှန်ရှိ မန္တလေးဈေးကွက်မှာ နှမ်းဖြူကို တရုတ်ဝယ်လက်က အရည် အသွေးပေါ်မူတည်ပြီး ဈေးပေးအဝယ်ရှိတာကြောင့် ယခင်အပတ် နဲ့စာရင် ဈေးမြင့်လာပြီး တစ်ပိဿာကို ၁၅၁၁ ကျပ်(တစ်တန်ကို ၉၂၅၃၂၁ ကျပ်)နဲ့ တစ်ရက်ကို အိတ် ၈၀၀ ခန့်အရောင်းအဝယ်ဖြစ် ခဲ့ကြောင်း သိရပါတယ်။ မကွေးဈေးကွက်မှာ နှမ်းဖြူကို ရန်ကုန်- မန္တလေးအဆွဲပုံမှန်ရှိတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးအနည်း ငယ်မြင့်လာတယ်လို့ ဆိုပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိ ဿာ ၁၄၄၅ ကျပ်(တစ်တန်ကို ၈၈၄၉၀၃ ကျပ်)နဲ့ နေ့စဉ်အိတ် ၃၀၀ မှ ၄၀၀ ကြားဖြစ်ခဲ့တယ်လို့ မြို့ခံနှမ်းကုန်သည်တစ်ဦးကဆိုပါ တယ်။ ရေစကြိုဈေးကွက်မှာ နှမ်းလှောင်လက်များက တစ်ပိဿာ ကို ၁၂၇၀ ကျပ်(တစ်တန်ကို ၇၇၇၇၃၅ ကျပ်)နဲ့ တစ်ရက်ကို အိတ် ၃၀၀ ခန့်ဝယ်အားပုံမှန်ရှိပေမယ့် ယခင်အပတ်နဲ့စာရင် ဈေးအနည်း ငယ်ကျသွားတယ်လို့ သိရပါတယ်။ အောင်လံဈေးကွက်မှာ သိပ္ပံ နှမ်းကို ယခင်တစ်ပတ်က တစ်ပိဿာ ၁၈၂၃ ကျပ် တစ်တန်ကို ၁၁၁၆၃၈၆ကျပ်နှင့် အိတ် ၂၀၀ ခန့်အဝယ်ရှိခဲ့ရာက ဒီတစ်ပတ်မှာ ဈေးမြင့်ပေးဝယ်တာကြောင့် တစ်ပိဿာကို ၁၈၈၉ ကျပ် (တစ်တန် ကို ၁၁၅၆၈၀၄ ကျပ်)နဲ့ တစ်ရက်ကို အိတ် ၃၀၀ ခန့်အထိ အရောင်း အဝယ်ဖြစ်လာတယ်လို့ မြို့ခံနှမ်းကုန်သည်တစ်ဦးက ဆိုပါတယ်။