Background
ပြောင်း စဉ် ကုန်စည်ဒိုင် ရေတွက်ပုံ ယခင် ယခု ပြောင်းလဲမှု ၁ တောင်ကြီး ၁ ပိဿာ ၂၃၅ ၂၆၀ ၂ လားရှိုး ၁ ပိဿာ ၂၈၀ ၂၉၅ ၃ မူဆယ် ၁ တန် ၂၁၇၈၉၇ ၂၂၂၅၄၇ ၄ မန္တလေး ၁ ပိဿာ ၂၇၂ ၂၉၆
ပဲတီစိမ်း(အညာ) စဉ် ကုန်စည်ဒိုင် ရေတွက်ပုံ ယခင် ယခု ပြောင်းလဲမှု ၁ မုံရွာ ၁ ပိဿာ ၇၈၉ ၈၆၈ ၂ မန္တလေး ၁ ပိဿာ ၈၈၉ ၉၂၄ ၃ ပြည် ၁ ပိဿာ ၇၇၅ ၇၇၅ ၄ မကွေး ၁ ပိဿာ ၇၆၅ ၇၉၀ ၅ အောင်လံ ၁ ပိဿာ ၈၅၀ ၈၅၀
ထိုင်ဝမ်ကုလားပဲ စဉ် ကုန်စည်ဒိုင် ရေတွက်ပုံ ယခင် ယခု ပြောင်းလဲမှု ၁ မန္တလေး ၁ ပိဿာ ၈၆၂ ၉၀၇ ၂ မကွေး ၁ ပိဿာ ၈၂၀ ၈၉၅ ၃ ပခုက္ကူ ၁ ပိဿာ ၈၄၂ ၈၄၂ ၄ မုံရွာ ၁ ပိဿာ ၇၇၉ ၈၁၆ ၅ အောင်လံ ၁ ပိဿာ ၈၂၅ ၈၉၀ ၆ မြင်းခြံ ၁ ပိဿာ ၈၀၀ ၈၅၀ ၇ ပြည် ၁ ပိဿာ ၈၃၅ ၉၀၀ ၈ ရေစကြို ၁ ပိဿာ ၈၂၀ ၈၇၀
မတ်ပဲ စဉ် ကုန်စည်ဒိုင် ရေတွက်ပုံ ယခင် ယခု ပြောင်းလဲမှု ၁ ဘုရင့်နောင် ၁ တန် ၄၉၆၀၀၀ ၄၈၆၀၀၀ ၂ မုံရွာ ၁ ပိဿာ ၇၀၀ ၇၀၀ ၃ ပြည် ၁ ပိဿာ ၇၀၀ ၇၂၅ ၄ ဟင်္သာတ ၁ ပိဿာ ၇၃၀ ၇၀၅ ၅ မန္တလေး ၁ ပိဿာ ၆၃၃ ၆၃၃ မတ်ပဲဈေးလှုပ်ပြီး အရောင်းအဝယ်ဖြစ် ဘုရင့်နောင်ဈေးကွက်မှာ ဒီတစ်ပတ် မတ်ပဲ (RC) ကို ပြည်ပ တင်ပို့ရန် ဝယ်ယူနေတဲ့ကုန်သည်ကြီးများက ဈေးကွက်စဖွင့်ချိန်ဖြစ်တဲ့ ၁၂-၁၂-၂၀၁၁ နေ့မှာ တစ်တန်ကို ၄၉၀၀၀၀ ကျပ်နဲ့ အဝယ်ရှိရာက နောက်ပိုင်းမှာ အိတ်စပို့ဝယ်လက်တွေက ဈေးချအဝယ်ရှိသလို ဝယ် အားပါနည်းလာတာကြောင့် ၁၃-၁၂-၂၀၁၁ နေ့မှာ ၄၈၃၀၀၀ ကျပ် သို့ဈေးကျခဲ့ပြီး ၁၅-၁၂-၂၀၁၁ နေ့မှာ ၄၇၇၀၀၀ ကျပ်ဈေးသို့ ထပ်မံ ဈေးကျခဲ့ကာ ၁၆-၁၂-၂၀၁၁နေ့မှာတော့ ၄၈၆၀၀၀ ကျပ်သို့ ဈေးပြန် မြင့်လာကြောင်း သိရပါတယ်။ ဈေးမြင့်တဲ့အချိန်မှာ ရောင်းလက်များ အရောင်းများလာပေမယ့် အခုလိုဈေးတွေ တစ်ရိပ်ရိပ် ကျဆင်းလာ တဲ့အခါမှာတော့ ရောင်းလက်များက ဈေးကွက်မျှော်လင့်ချက်နဲ့ အရောင်းနည်းသွားတယ်လို့ ပဲကုန်သည်ကြီးတစ်ဦးကဆိုပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပတ်လုံး တန် ၃၇၀၀ ခန့်သာဖြစ်ခဲ့ တယ်လို့ ဆိုပါတယ်။ မန္တလေးဈေးကွက်မှာ မတ်ပဲ(ကုန်ကြမ်း)ကို ရန်ကုန်အဆွဲပါးပြီး မြို့ခံပဲခွဲစက်တွေက ပုံမှန်ဝယ်အားရှိပေမယ့် ယခင်အပတ်နဲ့စာရင် ဈေးတန့်နေတယ်လို့ သိရပါတယ်။ ဟင်္သာတ ဈေးကွက်မှာ မတ်ပဲ(ကုန်ကြမ်း)ကယခင်အပတ်နဲ့စာရင်ဈေးအနည်း ငယ်ကျသွားတယ်လို့ ဆိုပါတယ်။ ရန်ကုန်-ဘုရင့်နောင်ဈေးကွက်မှာ မတ်ပဲ(ျွဃ) ရောင်းဈေးကျလာတဲ့အပေါ် အကြောင်းပြပြီး ရန်ကုန် ဝယ်လက်တွေက ဈေးလျော့အဝယ်ရှိတာကြောင့် အခုလိုဈေးတွေကျ လာတာလို့ မြို့ခံကုန်သည်တစ်ဦးက ဆိုပါတယ်။ အရောင်းအဝယ် ဖြစ်မှုက တစ်ပိဿာကို ၇၀၅ ကျပ်(တစ်တန်ကို ၄၃၁၇၃၄ ကျပ်)နဲ့ နေ့စဉ်အိတ် ၅၀၀ ခန့်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ပြည်ဈေးကွက်မှာ မတ်ပဲ (ကုန်ကြမ်း)ကို ရန်ကုန်ဝယ်လက်နဲ့ မျိုးအတွက် ပြန်ဝယ်သူများ ဝယ်အားပုံမှန်ရှိပြီး မြို့တွင်းရောင်းဝယ်မှုက နည်းသွားတယ်လို့ သိရပါ တယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ၇၂၅ ကျပ်(တစ်တန်ကို ၄၄၃၉၈၂ ကျပ်)နဲ့ တစ်နေ့ကို အိတ် ၂၀၀ မှ ၅၀၀ ကြား ဖြစ်ခဲ့တယ် လို့ သိရပါတယ်။
V12 ကုလားပဲမျိုးသစ်ကို စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်တွင် မျိုးတင်း ၃၀၀ ခန့် ယခုနှစ်အတွင်း စတင်စိုက် ပျိုးကြောင်း သိရပါတယ်။စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင်တွင် ယခင်နှစ် V7 မျိုးများ စိုက်ပျိုးဖြန့်ဝေပေးပြီးနောက် ယခုနှစ်တွင် စတင်ပြီး၊ V12 မျိုးစိုက်ပျိုးခြင်းဖြစ်ပါတယ်။ V7 မျိုးထက်အလုံးကြီးပြီး ရာသီဥတုဒဏ်ခံနိုင်ပြီး၊ အထွက်နှုန်း ပိုကောင်းကြောင်း သိရ ပါတယ်။
ထိုင်ဝမ်(ကုလားပဲ) စဉ် ကုန်စည်ဒိုင် ရေတွက်ပုံ ယခင် ယခု ပြောင်းလဲမှု ၁ မန္တလေး ၁ ပိဿာ ၈၇၁ ၈၆၂ ၂ မကွေး ၁ ပိဿာ ၈၃၅ ၈၂၀ ၃ ပခုက္ကူ ၁ ပိဿာ ၈၄၂ ၈၄၂ ၄ မုံရွာ ၁ ပိဿာ ၇၈၉ ၇၇၉ ၅ အောင်လံ ၁ ပိဿာ ၈၃၀ ၈၂၅ ၆ မြင်းခြံ ၁ ပိဿာ ၈၀၀ ၈၀၀ ၇ ပြည် ၁ ပိဿာ ၈၅၅ ၈၃၅ ၈ ရေစကြို ၁ ပိဿာ ၈၃၀ ၈၂၀ ထိုင်ဝမ်(ကုလားပဲ) ကို ခွဲစက်များဈေးချအဝယ်ရှိ မန္တလေးဈေးကွက်မှာ ကုလားပဲကို မြို့ခံပဲခွဲစက်တွေက ပစ္စည်း ဝယ်ယူဖြည့်တင်းတဲ့အနေနဲ့ ဝယ်အားအထိုက်အလျောက်ရှိသလို မျိုး အတွက် ပြန်လည်ဝယ်ယူသူများကလည်း ဝယ်အားအနည်းငယ်ရှိ ပေမယ့် ယခင်အပတ်နဲ့စာရင် ဈေးကျနေတယ်လို့ ဆိုပါတယ်။ အ ရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ၆၆၂ ကျပ် (တစ်တန်ကို ၄၁၇၆၄၉ ကျပ်)နဲ့ နေ့စဉ်အိတ် ၅၀၀ မှ ၈၀၀ ကြားဖြစ်ခဲ့တယ်လို့ သိရပါတယ်။ မုံရွာဈေးကွက်မှာ ကုလားပဲကို အိတ်စပို့အတွက်ဝယ် ယူသူများ ဝယ်အားနည်းနေပြီး မြို့ခံပဲခွဲစက်နဲ့ အမှုန့်ကြိတ်စက်တို့ ကသာ တစ်ပိဿာ ၇၇၉ ကျပ် (တစ်တန်ကို ၄၇၇၀၅၁ ကျပ်)နဲ့ တစ်ရက်ကိုအိတ် ၂၀၀ ခန့်အဝယ်ရှိခဲ့ကြောင်း မြို့ခံပဲကုန်သည်တစ် ဦးကဆိုပါတယ်။ မကွေးဈေးကွက်မှာ ကုလားပဲကို ဒေသတွင်းခွဲ စက်တွေက တစ်ပိဿာ ၈၂၀ ကျပ်(တစ်တန်ကို ၅၀၂၁၅၉ ကျပ်)နဲ့ တစ်ရက်ကို အိတ် ၂၅၀ ခန့်ဝယ်အားပုံမှန်ရှိပေမယ့် ယခင်အပတ်နဲ့ စာရင် ဈေးကကျရိပ်သန်းနေတယ်လို့ ဆိုပါတယ်။ အောင်လံ ဈေးကွက်မှာ ကုလားပဲကို မြို့ခံပဲခွဲစက်များက ပစ္စည်းဝယ်ယူဖြည့် တင်းတဲ့အနေနဲ့ ဝယ်အားအထိုက်အလျောက်ရှိပေမယ့် ဈေးကွက်သို့ ပစ္စည်းအဝင်နည်းတာကြောင့် ဈေးကအကျဘက်မှာရှိနေတယ်လို့ သိရပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ၈၂၅ ကျပ် (တစ် တန်ကို ၅၀၅၂၂၁ ကျပ်)နဲ့ နေ့စဉ်အိတ် ၂၀၀ ခန့်ဖြစ်ခဲ့တယ်လို့ဆို ပါတယ်။ ရေစကြိုဈေးကွက်မှာတော့ ကုလားပဲကို ဒေသတွင်းပဲ ခွဲစက်တွေနဲ့ လက်လီသမားများက ဝယ်အားခပ်ပါးပါးရှိခဲ့တယ်လို့ သိရပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ၈၂၀ ကျပ် (တစ် တန်ကို ၅၀၂၁၅၉ ကျပ်)နဲ့ နေ့စဉ်အိတ် ၁၀၀ခန့်ဖြစ်ခဲ့ကြောင်း သိရပါ တယ်။ ပြည်ဈေးကွက်မှာ ကုလားပဲကို ခွဲစက်တွေက ဈေးလျော့ အဝယ်ရှိတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးကျလာပြီး တစ် ပိဿာကို ၈၃၅ ကျပ်(တစ်တန်ကို ၅၁၁၃၄၅ ကျပ်)နဲ့ တစ်ပတ် အတွင်း အိတ် ၂၅၀၀ခန့်အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။
ပဲစင်းငုံနီ စဉ် ကုန်စည်ဒိုင် ရေတွက်ပုံ ယခင် ယခု ပြောင်းလဲမှု ၁ ဘုရင့်နောင် ၁ တန် ၄၁၇၀၀၀ ၄၄၈၀၀၀ ၂ မန္တလေး ၁ ပိဿာ ၆၁၇ ၆၆၇ ၃ မုံရွာ ၁ ပိဿာ ၆၁၅ ၆၇၀ ၄ ပခုက္ကူ ၁ ပိဿာ ၆၂၅ ၆၇၅ ၅ မြင်းခြံ ၁ ပိဿာ ၆၀၀ ၆၅၀ ၆ အောင်လံ ၁ ပိဿာ ၆၂၅ ၆၇၀ ၇ မကွေး ၁ ပိဿာ ၆၃၀ ၆၆၅ ၈ ပြည် ၁ ပိဿာ ၆၃၅ ၆၆၅ ပဲစင်းငုံနီကို အိတ်စပို့အဆွဲပုံမှန်ရှိလို့ ဈေးစွာ ဘုရင့်နောင်ဈေးကွက်မှာ ပဲစင်းငုံနီ (RC) ကို ပြည်ပတင်ပို့ ရန်ဝယ်ယူနေတဲ့ ဝယ်အားပုံမှန်ရှိတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးမြင့်လာပြီး တစ်တန်ကို အနိမ့်ဆုံး ၄၃၆၀၀၀ ကျပ်မှ အမြင့်ဆုံး ၄၄၈၀၀၀ ကျပ်အတွင်း တန် ၂၃၉၀ ခန့်အရောင်းအဝယ်ဖြစ်ခဲ့ ကြောင်းသိရပါတယ်။ မန္တလေးဈေးကွက်မှ ပဲစင်းငုံနီသစ်တွေဈေး ကွက်ထဲ စတင်ဝင်ရောက်လာနေပြီး အဖွင့်ဈေးက တစ်ပိဿာ ၆၅၀ ကျပ် (တစ်တန်ကို ၃၉၈၀၅၃ ကျပ်)နဲ့ ဈေးဖွင့်ပေမယ့် အဝင်နည်းလို့ အရောင်းအဝယ်မဖြစ်သေးဘူးလို့ သိရပါတယ်။ လက်ရှိအရောင်းအ ဝယ်ဖြစ်တာက ပဲစင်းငုံနီ(ဟောင်း) ဖြစ်ပြီး ရန်ကုန်ဝယ်လက်က တစ် ပိဿာကို ၆၆၇ ကျပ်(တစ်တန်ကို ၄၀၈၄၆၄ ကျပ်)နဲ့ နေ့စဉ်အိတ် ၁၀၀၀ ခန့်အဝယ်ရှိခဲ့ကြောင်း မြို့ခံကုန်သည်တစ်ဦးကဆိုပါတယ်။ ပြည်ဈေးကွက်မှာ ပဲစင်းငုံက ဈေးကွက်သို့အဝင်ပုံမှန်ရှိသလို ရန်ကုန် အဆွဲကလည်း ပုံမှန်ရှိတာကြောင့် ယခင်အပတ်ထက် ဈေးမြင့်လာ ပြီး တစ်ပိဿာကို ၆၆၅ ကျပ် (တစ်တန်ကို ၄၀၇၂၃၉ ကျပ်)နဲ့ နေ့ စဉ်အိတ် ၂၀၀ မှ ၄၀၀ ကြားအရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါ တယ်။ မြင်းခြံဈေးကွက်မှာ ပဲစင်းငုံနီကို ရန်ကုန်အဆွဲပုံမှန်ရှိတာ ကြောင့် ယခင်အပတ်နဲ့စာရင် ဈေးမြင့်လာပြီး တစ်ပိဿာကို ၆၅၀ ကျပ် (တစ်တန်ကို ၃၉၈၀၅၃ ကျပ်) နဲ့ တစ်ရက်ကို အိတ် ၇၀၀ ခန့်အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ ပခုက္ကူဈေးကွက်မှာ ပဲစင်းငုံနီက ဈေးကွက်သို့ခပ်ပါးပါးဝင်ရောက်နေပေမယ့် ပဲစင်းငုံနီ (ဟောင်း) ကိုသာ ရန်ကုန်အဆွဲပုံမှန်ရှိခဲ့တယ်လို့ ဆိုပါတယ်။ အ ရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ၆၇၅ ကျပ်(တစ်တန်ကို ၄၁၃၃၆၃ ကျပ်)နဲ့ တစ်ပတ်ကို အိတ် ၇၀၀ ခန့် ဖြစ်ခဲ့တယ်လို့ သိရပါတယ်။
နှမ်းဖြူ စဉ် ကုန်စည်ဒိုင် ရေတွက်ပုံ ယခင် ယခု ပြောင်းလဲမှု ၁ မန္တလေး ၁ ပိဿာ ၁၅၀၀ ၁၄၂၂ ၂ မကွေး ၁ ပိဿာ ၁၄၉၀ ၁၄၃၅ ၃ မုံရွာ ၁ ပိဿာ ၁၄၅၃ ၁၃၈၀ ၄ ရေစကြို ၁ ပိဿာ ၁၃၇၀ ၁၃၃၅
သိပ္ပံနှမ်း စဉ် ကုန်စည်ဒိုင် ရေတွက်ပုံ ယခင် ယခု ပြောင်းလဲမှု ၁ အောင်လံ ၁ ပိဿာ ၁၉၁၅ ၁၈၂၃ နှမ်းဖြူနဲ့ သိပ္ပံနှမ်း ကျဈေးနဲ့ အရောင်းအဝယ်ဖြစ်မှုနည်းလာ မန္တလေးဈေးကွက်သို့ ကျောက်ဆည်၊ စဉ့်ကိုင်၊ မြစ်သား၊ ပုသိမ်ကြီးနဲ့ ပခုက္ကူဘက်မှ နှမ်းဖြူတွေ ပုံမှန်ဝင်ရောက်နေပေမယ့် တရုတ်ကအရည်အသွေးအပေါ် မူတည်ပြီး တွက်ချက်ဝယ်ယူမှုတွေ ရှိတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးအနည်းငယ်ကျလာပြီး တစ်ပိဿာကို ၁၄၂၂ ကျပ်(တစ်တန်ကို ၈၇၀၈၁၈ ကျပ်)နဲ့ တစ်ရက် ကို အိတ် ၆၀၀ ခန့်သာ အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ မကွေးဈေးကွက်မှာ နှမ်းဖြူရိုးရိုးစနဲ့ ခြုံကျော်စကို မန္တလေးဝယ် လက်ကပုံမှန်ထက်စာရင် အဆွဲပိုနည်းလာတာကြောင့် ယခင်အပတ် နဲ့စာရင် ဈေးကကျရိပ်သန်းနေတယ်လို့ သိရပါတယ်။ အရောင်းအ ဝယ်ဖြစ်မှုက နှမ်းဖြူရိုးရိုးစ တစ်ပိဿာ ၁၃၀၀ ကျပ် (တစ်တန်ကို ၇၉၆၁၀၇ ကျပ်)၊ ခြုံကျော်စတစ်ပိဿာ ၁၄၃၅ ကျပ် (တစ်တန်ကို ၈၇၈၇၇၉ ကျပ်)နဲ့ နေ့စဉ်အိတ် ၄၀၀ ခန့်သာအရောင်း အဝယ်ဖြစ်ခဲ့ တယ်လို့ ဆိုပါတယ်။ ရေစကြိုဈေးကွက်မှာတော့ နှမ်းဖြူကို နှမ်းလှော်လက်များက တစ်ပိဿာကို ၁၃၃၅ ကျပ်(တစ်တန်ကို ၈၁၇၅၄၀ ကျပ်)နဲ့ တစ်ရက်ကို အိတ် ၁၀၀ ခန့်အဝယ်ခပ်ပါးပါးရှိ ပေမယ့် ယခင်အပတ်နဲ့စာရင် ဈေးက အကျဘက်မှာရှိနေတယ်လို့ မြို့ခံနှမ်းကုန်သည်တစ်ဦးက ဆိုပါတယ်။ အောင်လံဈေးကွက်မှာ သိပ္ပံနှမ်းကို ယခင်တစ်ပတ်က တစ်ပိဿာ ၁၉၁၅ ကျပ်(တစ်တန်ကို ၁၁၇၂၇၂၆ ကျပ်)နဲ့ ရန်ကုန်ဝယ်လက်က တစ်ရက်ကို အိတ် ၅၀၀ ခန့်အဝယ်ရှိခဲ့ရာက ဒီတစ်ပတ်မှာတော့ ဈေးချအဝယ်ရှိသလို ဝယ်အားပါနည်းခဲ့ကြောင်း သိရပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာကို ၁၈၀၀ ကျပ်(တစ်တန်ကို ၁၁၀၂၃၀၂ ကျပ်)နဲ့ တစ်ရက်ကို အိတ် ၁၀၀ ခန့်သာအရောင်းအဝယ် ဖြစ်ခဲ့တယ်လို့ မြို့ခံ နှမ်းကုန်သည်တစ်ဦးက ဆိုပါတယ်။
ကုလားပဲဖြူလုံးကြီး စဉ် ကုန်စည်ဒိုင် ရေတွက်ပုံ ယခင် ယခု ပြောင်းလဲမှု ၁ ဘုရင့်နောင် ၁ ပိဿာ ၁၁၀၀ ၁၀၅၀ ၂ မန္တလေး ၁ ပိဿာ ၉၂၆ ၈၇၃ ၃ မုံရွာ ၁ ပိဿာ ၈၉၅ ၈၉၅ ၄ မြင်းခြံ ၁ ပိဿာ ၈၂၅ ၈၀၀ ကုလားပဲဖြူလုံးကြီး ဈေးဆင်းလာသလို အရောင်းအဝယ်ဖြစ်မှုလည်းနည်းလာ မန္တလေးဈေးကွက်မှာ ကုလားပဲဖြူလုံးကြီးက ပစ္စည်းအဝင် နည်းလာပြီလို့သိရပါတယ်။ အရင်အပတ်တွေက အိတ်စပို့အဆွဲပုံမှန် ရှိတာရယ် ၊ ခွဲစက်တွေဝယ်အားပုံမှန်ရှိတာရယ် မျိုးအတွက် ပြန်လည် ဝယ်ယူမည့်သူများ ဝယ်အားရှိတာကြောင့် ဈေးမြင့်တက်ခဲ့တဲ့ ကုလား ပဲဖြူလုံးကြီးက ဒီတစ်ပတ်မှာတော့ အိတ်စပို့အဆွဲအေးတာရယ်၊ ခွဲ စက်တွေကလည်း ဝယ်အားပျော့သွားတာရယ်ကြောင့် ဈေးကအ ကျဘက်သို့ ဦးတည်နေတာတွေ့ရပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ၈၇၃ ကျပ် (တစ်တန်ကို ၅၃၄၆၁၆ ကျပ်)နဲ့ နေ့စဉ်အိတ် ၆၀၀ မှ ၈၀၀ ကြားသာဖြစ်ခဲ့တယ်လို့ သိရပါတယ်။ မုံရွာဈေးကွက် မှာ ကုလားပဲဖြူလုံးကြီးကို အိတ်စပို့အဆွဲအေးပြီး ပဲခွဲစက်တစ်ချို့နဲ့ မျိုးအတွက် ပြန်လည်ဝယ်ယူမည့်သူများက တစ်ပိဿာ ၈၉၅ ကျပ် (တစ်တန်ကို ၅၄၈၀၈၉ ကျပ်)နဲ့ နေ့စဉ်အိတ် ၁၀၀ ခန့်သာအဝယ်ရှိခဲ့ ကြောင်း သိရပါတယ်။ မြင်းခြံဈေးကွက်မှာ ကုလားပဲဖြူလုံးကြီး ပစ္စည်းလက်ကျန် နည်းလာတာကြောင့် လှောင်လက်အချို့ ထုတ် ရောင်းတာနည်းပါတယ်။ အိတ်စပို့အတွက် ရန်ကုန်အဆွဲပြန်လိုက် လာရင်တော့ အရောင်းအဝယ် ဖြစ်လာမှာပါ။ အခုတော့ ဈေးသာ ရှိပြီး အရောင်းအဝယ်မဖြစ်ခဲ့ဘူးလို့ မြို့ခံခွဲစက်လုပ်ငန်းရှင် တစ်ဦးက ဆိုပါတယ်။