Main menu

Background

နိုင်ငံတကာသတင်းများ

ပြည်တွင်းသုံးငွေများဖြင့် နှစ်နိုင်ငံကုန်သွယ်မှု မြှင့်တင်ရေး နည်းလမ်းများကို အိန္ဒိယနှင့် မြန်မာ ဆွေးနွေးခဲ့

Mon, 10/07/2024 - 15:58 -- journal_editor

အိန္ဒိယနှင့် မြန်မာတို့သည် ပြည်တွင်းသုံးငွေဖြစ်သော ရူပီးနှင့် ကျပ်တို့မှတစ်ဆင့် နှစ်နိုင်ငံ ကုန်သွယ်မှုမြှင့်တင်ရေး နည်းလမ်းများကို စက်တင်ဘာ ၂၁ ရက် လာအိုနိုင်ငံ ဗီယင် ကျန်းမြို့၌ ကျင်းပသော (၁၂) ကြိမ်မြောက် အရှေ့တောင်အာရှ ထိပ်သီး စီးပွားရေးဝန်ကြီးများ အစည်းအဝေး ပြင်ပ၌ ကုန် သွယ်ရေးနှင့် စက်မှုဝန်ကြီး Piyush Goya နှင့် ရင်းနှီးမြှုပ်နှံမှု နှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီး ဒေါက်တာကံဇော် တို့ တွေ့ဆုံစဉ် ယခုကဲ့သို့ ဆွေးနွေးခဲ့ကြောင်း သိရသည်။

တရုတ်သည် အာဆီယံ ကုန်သွယ်ရေး မိတ်ဖက်အဖြစ် ထိပ်ဆုံးသို့ရောက်လာ

Mon, 10/07/2024 - 15:50 -- journal_editor

အရှေ့တောင်အာရှ နိုင်ငံများအသင်း(အာဆီယံ)နှင့် တရုတ်တို့သည် မဟာ ဗျူဟာမြောက် မိတ်ဖက်နိုင်ငံများဖြစ်ကြပြီး ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုတို့တွင် အားကောင်းစွာ ပေါင်းစပ်ထားခြင်းနှင့်အတူ ကာလကြာရှည် စီးပွားရေးဆက် နွှယ်မှုကို ထိန်းသိမ်းထားနိုင်ကြောင်း လာအိုနိုင်ငံ စက်မှုနှင့် စီးပွားရေးကူးသန်း ဝန်ကြီးMalaithong Kommasith  က လာအိုနိုင်ငံ Vietiane မြို့တွင် စက်တင်ဘာ ၂၂ ရက်က ကျင်းပခဲ့သော 23rd   ASEAN Economic Ministers-China Ministry of Commerce Consultation (AEM-MOFCOM) ) တွင် ပြောကြားခဲ့သည်။ ၂၀၂၃ ခုနှစ်တွင် နှစ်ဖက် အပြန်အလှန် ကုန်သွယ်မှုတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၇၀၂ ဘီလီယံရ

မြန်မာကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့မှ ဦးဆောင်၍ (၂၁) ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲသို့ မြန်မာနိုင်ငံမှ ကုန်သည်လုပ်ငန်းရှင်များ ပါဝင်ပြသ

Mon, 10/07/2024 - 11:15 -- journal_editor

(၂၁) ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည် ပြပွဲကို စက်တင်ဘာ ၂၄ ရက်မှ ၂၈ ရက်အထိ တရုတ် ပြည်သူ့သမ္မတနိုင်ငံ ကွမ်ရှီးကျွမ့် ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသ နန်နင်းမြို့တွင်  ကျင်းပခဲ့ရာ မြန်မာကုန် သွယ်မှုမြှင့်တင်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ပြသခဲ့ရာ ကုန်စည် ပြခန်း ၈၄ ခန်းတွင် မြန်မာနိုင်ငံမှ ကုန်သည် လုပ်ငန်းရှင် ၂၀ဝ ကျော်က ကျောက်မျက်ရတနာများ၊ လယ်ယာထွက်ကုန်များ၊ ရေထွက်ကုန်များ၊ လူသုံးကုန် ပစ္စည်းများနှင့် ြှနျြ ထုတ်ကုန်များ ပါဝင်ပြသခဲ့ သည်။

ထိုင်းနိုင်ငံတွင် လျှပ်စစ်ကားထုတ်လုပ်မှုများကို တရုတ် တိုးမြှင့်သွားမည်

Mon, 07/01/2024 - 16:08 -- journal_editor

ယခုနှစ်တွင်   တရုတ်နိုင်ငံမှ လျှပ်စစ်ကား  ထုတ်လုပ်သူများသည် ထိုင်းနိုင်ငံ၌ ၎င်းတို့၏ထုတ်လုပ်မှုများ ကို တိုးမြှင့်သွားမည်ဟုသိရသည်။ ထိုင်း နိုင်ငံ ရင်းနှီးမြှုပ်နှံမှုဘုတ်အဖွဲ့၏ပြော ကြားချက်အရ  တရုတ်နိုင်ငံမှ ကား ထုတ်လုပ်သူများသည် ယခုနှစ် တတိယ သုံးလပတ်တာ ကာလမှစတင်၍ ထိုင်း နိုင်ငံ၌ ထုတ်လုပ်မှုများကို စတင်သွား မည်ဖြစ်ပြီး ထိုင်းနိုင်ငံက လိုအပ်သည့် ကုန်ကြမ်းပစ္စည်းများကို ထောက်ပံ့ပေး သွားမည်ဖြစ်ကြောင်း သိရသည်။

ကမ္ဘာ့အကြီးမားဆုံး ပြောင်းတင်ပို့သည့်နိုင်ငံဖြစ်လာသည့် ဘရာဇီး

Mon, 01/01/2024 - 11:02 -- journal_editor

အမေရိကန်နိုင်ငံ စိုက်ပျိုးမွေးမြူရေးဌာန၏ အချက်အလက်များအရ ဘရာဇီးနိုင်ငံသည် ၂၀၂၃ ခုနှစ် သြဂုတ် ကောက်ရိတ်သိမ်းရာသီအပြီးတွင် အမေရိကန်နိုင်ငံကို ကျော်လွန်ပြီး ကမ္ဘာ့ပြောင်းတင်ပို့မှု အများဆုံးနိုင်ငံ ဖြစ်လာခဲ့ကြောင်း သိရသည်။
ဘရာဇီးနိုင်ငံသည် ကမ္ဘာ့ဈေးကွက်၏ ၃၂ ရာခိုင်နှုန်းပမာဏရှိသည့်  ပြောင်း တန်ချိန် ၅၆ သန်းကို တင်ပို့နိုင်ခဲ့ပြီး ယခင်တင်ပို့မှုအများဆုံး အမေရိကန်နိုင်ငံမှာ ကမ္ဘာ့ဈေးကွက်၏ ၃၂ ရာခိုင်နှုန်း ပမာဏရှိ သည့် ပြောင်းတန်ချိန် ၄၁ဒသမ၃ သန်းကို တင်ပို့ခဲ့ကြောင်း သိရသည်။

အယ်လ်နီညိုကြောင့် အင်ဒိုနီးရှား၏ ဆီအုန်းအထွက်နှုန်း ကျဆင်းနိုင်

Tue, 10/10/2023 - 15:01 -- journal_editor

အယ်လ်နီညို၏ သက်ရောက်မှုကြောင့်  အင်ဒိုနီးရှားနိုင်ငံ၏ စားအုန်းဆီအထွက်နှုန်းကျဆင်းနိုင်ကာ   စားအုန်းဆီကြမ်းဈေးနှုန်း များမှာ ၂၀၂၄ ခုနှစ်အတွင်း အနည်းဆုံး ၁၁ ရာခိုင်နှုန်း မြင့်တက်နိုင် ဖွယ်ရှိကြောင်း အင်ဒိုနီးရှား  ဆီအုန်းအသင်းက ခန့်မှန်းထားသည်။ ထုတ်လုပ်မှု  ကုန်ကျစရိတ်၊  သင်္ဘောစရိတ်နှင့်အာမခံအပါအဝင် ပျမ်းမျှ စားအုန်းဆီကြမ်းဈေးနှုန်းမှာ ယခုနှစ်တွင် မက်ထရစ်တစ်တန် လျှင် အမေရိကန်ဒေါ်လာ ၉၀ဝ ခန့်ရှိရာမှ ၂၀၂၄ ခုနှစ်၌ ဒေါ်လာ ၁၀ဝ၀ သို့ မြင့်တက်နိုင်ဖွယ်ရှိကြောင်း သိရသည်။

တရုတ်နည်းပညာနှင့် ဆက်သွယ်ရေးကုန်ပစ္စည်းတချို့ကို အမေရိကန်ပိတ်ပင်

Tue, 12/13/2022 - 10:58 -- journal_editor

အမေရိကန်ပြည်ထောင်စုသည် တရုတ်နည်းပညာနှင့်ဆက်သွယ်ရေးကုန်ပစ္စည်းတချို့ကို ပြည်တွင်း၌ရောင်းချခြင်းအား ပိတ်ပင်လိုက်ကြောင်း အမေရိကန်အစိုးရက သတင်းထုတ်ပြန်ထားကြောင်း ရိုက်တာသတင်းတစ်ရပ်၏ ရေးသားချက်အရ သိရသည်။ 
အမေရိကန်ပြည်ထောင်စုက တရုတ်နည်းပညာနှင့်  ဆက်သွယ်ရေးကုန်ပစ္စည်းတချို့ကို ပြည်တွင်း၌ရောင်းချခြင်းအား ပိတ်ပင်လိုက်ရာတွင် တရုတ်နိုင်ငံဆက်သွယ်ရေးကုမ္ပဏီများဖြစ်သည့် Huawei နှင့် ZTE ကုမ္ပဏီတို့ ပါဝင်ကြောင်း သိရသည်။ 

အမေရိကန်ပြည်ထောင်စု၏ ဘဏ္ဍာရေးနှင့်ကုန်သွယ်ရေးမူဝါဒများက ကမ္ဘာ့စီးပွားရေးအန္တရာယ်ကိုဖန်တီး

Fri, 06/22/2018 - 10:35 -- journal_editor

အမေရိကန်စီးပွားရေး နာလန်ထူမှု ကြီးထွားစပြုလာချိန်မှာ သမ္မတ ဒေါ်နယ်ထရမ့်၏ ပြင်းထန်သော စီးပွားရေးမူဝါဒများနှင့် ကြီးမားသော အခွန်လျှော့ချမှုတို့က ပြည်တွင်းနှင့် ကမ္ဘာ့စီးပွားရေးကို ပျက်စီးစေနိုင်သော အန္တရာယ်များကိုဖန်တီးလျက်ရှိ ကြောင်း အပြည် ပြည်ဆိုင်ရာငွေကြေးရန်ပုံငွေအဖွဲ့ (အိုင်အမ်အက်ဖ်) က ဇွန် ၁၄ ရက် ကသတိပေးချက်ကိုကိုးကား၍ (အေအက်ဖ်ပီ) သတင်းတွင် ဖော်ပြ သည်။

စီးပွားရေးကျဆင်းမှုကို ရေရှည်ပြဿနာတစ်ရပ်အဖြစ် တောင်ကိုရီးယားလူမျိုးအများစုက ရှုမြင်

Wed, 05/11/2016 - 13:19 -- journal_editor

   ဆက်လက်ဖြစ်ပွားနေဆဲဖြစ်တဲ့စီးပွားရေးကျဆင်းမှုကိုရေရှည် အကျပ်အတည်းအဖြစ်တောင်ကိုရီးယားလူမျိုး ၁၀ ဦးအနက် ရှစ်ဦးကျော်က ရှုမြင်ထားပြီး  အဆိုပါကျဆင်းမှုက နောက်ထပ်သုံးနှစ်ကျော်လောက်ကြာ ဦးမယ်လို့မေ ၁ ရက်ကထုတ်ပြန်တဲ့ စစ်တမ်းအစီရင်ခံစာကိုကိုးကားပြီး ယွန်းဟပ်သတင်းမှာဖော်ပြပါတယ်။ကိုရီးယားစက်မှုလုပ်ငန်းများ ဖက်ဒရေးရှင်းကပြုလုပ်တဲ့စစ်တမ်း အရပြည်တွင်းစီးပွားရေးဖွံ့ဖြိုးမှုကိုမောင်းနှင်ပေးမယ့် အင်ဂျင်သစ်မွေး ဖွားနှုန်းကျဆင်းမှုနဲ့ သက်ကြီးရွယ်အိုလူဦးရေလျင်မြန်စွာတိုးတက်လာမှုကြောင့် ဖြစ်ရတဲ့နိုင်ငံရဲ့ လူလတ်ပိုင်းလူဦးရေ ကျဆင်းမှုစတဲ့ အချက်တွေအပါအဝင် စီးပွားရေးအခြေခံတွေကြောင့် ပြည် တွင်းစီ

နိုင်ငံခြားစီးပွားရေးလုပ်ငန်း အက်ဥပဒေချိုးဖောက်မှုကို ထိုင်းအစိုးရက တင်းတင်းကျပ်ကျပ် စစ်ဆေးမည်

Tue, 05/10/2016 - 15:52 -- journal_editor

   ပိုင်ဆိုင်မှုကိုအမည်ခံထားရှိပြီး နိုင်ငံခြားစီးပွားရေးလုပ်ငန်းအက်ဥပဒေ (Foreign Business Act) ကိုနိုင်ငံခြားခရီးသွားလုပ်ငန်းများကချိုးဖောက်လျက် ရှိတဲ့သံသယဖြစ်ဖွယ်ရာများတွေ့ရှိနေကြောင်းနဲ့အဆိုပါကိစ္စမှာပါဝင် ပတ်သက်ဖွယ်ရှိနေတဲ့ ကုမ္ပဏီတွေဖြစ်တဲ့  ဖူးခက်ဒေသရှိကုမ္ပဏီငါးခုကို စီးပွားရေး လုပ်ငန်းဖွံ့ဖြိုးရေးဌာနကစစ်ဆေးလျက်ရှိကြောင်း နေးရှင်းသတင်းမှာဖော်ပြပါတယ်။Zero-dollar Tour  လို့ခေါ်တဲ့ ဈေးနှုန်းသက်သာ စွာနဲ့ဆောင် ရွက်နေတဲ့ ခရီးသွားလုပ်ငန်းအုပ်စုများ အကြောင်းဝန်ကြီးချုပ်ထံ  တိုင်ကြားစာများရောက် ရှိပြီးနောက်ပိုင်းအဲဒီအမှုကိစ္စကို  ဖော်ထုတ်နိုင်ဖို့အတွက် အစိုးရဌာနနဲ့အခြားအေဂျ

Pages

Subscribe to RSS - နိုင်ငံတကာသတင်းများ