လေးလအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အမေရိကန် ဒေါ်လာ သန်း ၁၀ဝ ကျော် ဝင်ရောက်လာ
ပြည်တွင်း၊ ပြည်ပ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ကဏ္ဍတွင် ၂၀၂၅- ၂၆ ဘဏ္ဍာနှစ် ဧပြီလမှ ဇူလိုင်လကုန်အထိ လေးလအတွင်း နိုင်ငံခြားတိုက် ရိုက်ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ ၁၁၈ သန်း ကျော် ဝင် ရောက်ထားကြောင်း သိရသည်။
လေးလတာကာလအတွင်း ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအသစ် ၂၆ ခု ဝင်ရောက်ထားပြီး ယင်းလုပ်ငန်းများ၏ ရင်းနှီးမြှုပ်နှံမှုတန်ဖိုး အမေရိကန် ဒေါ်လာ ၁၀၆ သန်းကျော်ရှိကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန် ကြားမှုဦးစီးဌာနမှ သိရသည်။