Main menu

Background

Tuesday, 18 Oct 2011

              မြန်မာ-အိန္ဒိယနယ်စပ်ရှိ တမူးနယ်စပ်မှ ကန်ဒေါ်လာ သုည ဒသမ ၀၂၅ သန်းတန်ဖိုးရှိ ဇာတိပ္ဖိုလ်သီး ၁ တန်ခွဲ၊ လေးညှင်း သုည ဒသမ ၆ တန်၊ မင်သော် သုည ဒသမ ၅ တန်၊ ချဉ်ပေါင်ဖာလာ ၁ တန်နဲ့ တောင်လုံးကျော် ၁ တန်ခွဲ အသွင်း ရှိခဲ့ပါတယ်။ ယခင်အပတ်က တမူးနယ်စပ်မှ ပရဆေး ကုန်ကြမ်း အသွင်းမရှိခဲ့ဘဲ ယခုအပတ်မှာအသွင်းပြန်ရှိလာ တာ ဖြစ်ပါတယ်။ မူဆယ်နယ်စပ်မှ ကန်ဒေါ်လာ သုညဒသမ ၄၇၃၉ သန်း တန်ဖိုးရှိ ပရဆေး ကုန်ကြမ်း တင်ပို့မှုတွေ ကတော့ ချဉ်ပေါင်ဖာလာ (အခွံပါ) ၇၃ တန်ကျော်၊ စကား ပန်းပွင့်ခြောက် ၁၁ တန်ခန့်၊ ရှားစေး ၂၇ တန်ခန့် ၊ ကွမ်းစား ဂမုန်း ၁၇ တန်၊ မိကျောင်းကွမ်းဖတ်စေ့ ၆ တန်ခွဲ ၊ ရှားစေး ၂၇ တန် ခန့်၊ နနွင်းတက်ရှမ်းစ ၁၄ တန်ကျော်၊ နနွင်းခေါင်း ၅ တန်၊ ကြောင်ပန်းစေ့ ၁၃ တန်ကျော်၊ ရွေးရွက် ၁၇ တန်ကျော်၊ ဆေးမြင်းခွာတန်ဝက်ခန့် ၊ အုံတုံခေါက် ၁၀ တန်ခန့်၊ တောဂျင်း ၃ တန်ခွဲခန့်နဲ့ ဒရင်ကောက်မြစ် ၆ တန်ခန့် အပို့ရှိခဲ့ပါတယ်။ ယခုအပတ်မှာ ချဉ်ပေါင်ဖာလာ (အခွံပါ)၊ ကွမ်းစားဂမုန်း အပို့ပိုပြီး ရှားစေး၊ နနွင်း၊ တောဂျင်းနဲ့ ဒရင်ကောက်မြစ်တို့ ယခင်အပတ်ကအပို့မရှိခဲ့ပေမဲ့ ယခု အပတ် အပို့ရှိခဲ့ပါတယ်။ စကားပန်းပွင့်ခြောက် ၊ နနွင်းတက် (ရှမ်းစ)၊ မိကျောင်းကွမ်းဖတ်စေ့ ၊ ကြောင်ပန်းစေ့ ၊ ရွေးရွက်၊ ဆေးမြင်းခွာနဲ့ အုံတုံခေါက်တို့ အပို့လျော့ခဲ့ပါတယ်။ MIRT-DOBT

Tuesday, 18 Oct 2011

                     မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်နဲ့ချင်းရွှေဟော်နယ်စပ်စခန်းများမှ ကန်ဒေါ်လာ ၁ ဒသမ ၇၉၁ သန်း တန်ဖိုးရှိ အေးခဲအမဲသား ၃၉၇ တန်ကျော်၊ အေးခဲကျွဲသား ၆၈ တန်၊ သားရေဆားနယ်အစို တန် ၁၈၀၊ အေးခဲအရိုးလွတ်အမဲ/ကျွဲသား ၂၈ တန်၊ အေးခဲကျွဲဝမ်းတွင်းသား ၂၈ တန်ကျော် နဲ့ အမဲခြောက် သုညဒသမ ၈၂၅ တန်ကိုအောက်တိုဘာလ ၅ ရက်မှ ၁၁ ရက်ထိကာလအတွင်း အပို့ရှိခဲ့ပါတယ်။ယခင်အပတ်ကထက် ယခုအပတ်မှာ အမယ်စုံတင်ပို့နိုင်ပြီး တန်ချိန်အားဖြင့်လည်း ၁၂၅ တန်ခန့် တင်ပို့မှုပိုမိုခဲ့တယ်လို့သိရပါတယ်။ တစ်မျိုးချင်းကြည့်မယ်ဆိုလျှင် မူဆယ်မှ အေးခဲအမဲသား၊ အေးခဲကျွဲသားတို့ အပို့လျော့ခဲ့ပေမဲ့ ချင်းရွှေဟော်မှ အပို့ပိုခဲ့ပါတယ်။ ယခုအပတ်မှာကျွဲနွားသားရေဆားနယ်အစို ၊ အေးခဲအရိုးလွတ်အမဲ/ကျွဲသား၊ အမဲခြောက်နဲ့ အေးခဲကျွဲဝမ်းတွင်းသားများ တင်ပို့နိုင်တာတွေ့ရပါတယ်။ MIRT-DOBT

Tuesday, 18 Oct 2011

                မူဆယ်နယ်စပ်မှ ၂၀၁၁ ခုနှစ် စက်တင်ဘာလမှာ ကန်ဒေါ်လာ ၅ ဒသမ၈၂၆ သန်းတန်ဖိုးရှိ ပဲတီစိမ်း ၇၀၈၃ တန် အပို့ ရှိခဲ့ရာ ယခင်နှစ်ကာလတူထက် ၃၄၆၇ တန် တင်ပို့မှု ပိုမို တင်ပို့နိုင်ခဲ့ပါတယ်။ ဧပြီလမှ စက်တင်ဘာလအထိ ကန်ဒေါ်လာ၉၆သန်း ကျော် တန်ဖိုးရှိ ပဲတီစိမ်း ၁၀၄၀၈၃ တန်ခန့် တင်ပို့နိုင်ခဲ့ပြီး ဖြစ်ပါတယ်။                  စက်တင်ဘာလတွင် ယခင်နှစ်ကာလတူထက် ပိုမို တင်ပို့နိုင်ခြင်းဟာ တရုတ်မှာ ရာသီဥတုပူပြင်း မှုကြောင့် စားသုံးမှု များပြားလာပြီး ဝယ်လိုအားပိုလာတဲ့အတွက်လို့ သိရပါတယ်။ တရုတ်နိုင်ငံသို့ တင်ပို့သော ပဲတီစိမ်းများကို ဒေသသုံးအဖြစ် တရုတ်နိုင်ငံက ခွင့်ပြုထားတဲ့အတွက် အခွန်ပေး ဆောင်ရမှု လျော့နည်းသဖြင့် ကုန်သည်များအကျိုးအမြတ် ပိုမိုရရှိခြင်း၊ အခွန်နှုန်းထား ကျဆင်းခဲ့ခြင်းတို့ကြောင့် တင်ပို့မှု အားကောင်း လာစေတာလည်းဖြစ်ပါတယ်။ ယခုဘဏ္ဍာနှစ် အတွင်း လအလိုက် ပြည်တွင်းပဲတီစိမ်း ဈေးနှုန်းများမှာ                         ကျပ်/တန်ဧပြီလ                ၉၀၃၆၂၂မေ            ၉၀၃၆၂၂ - ၉၅၈၀၅၇ဇွန်            ၆၁၅၁၁၇ - ၇၄၀၃၁၇ဇူလိုင်        ၅၄၄၃၅၁ - ၅၈၇၈၉၉သြဂုတ်     ၄၃၅၄၈၀ - ၅၄၄၃၅၁စက်တင်ဘာ ၄၈၀၀၀၀ - ၅၀၀၀၀၀               ဖြစ်ပြီး ပဲတီစိမ်းအကြီးကတော့ သြဂုတ်လနှောင်းပိုင်းမှာ ၁ တန်ကို ၅၉၈၇၈၆ ကျပ်နဲ့ စက်တင်ဘာလ နှောင်းပိုင်းမှာ ၅၆၀၀၀၀ ကျပ် အသီးသီးရှိခဲ့ပါတယ်။ ပဲတီစိမ်း (အညာ) ရွှေလီဖက်မြေပြင်ဈေးတွေကို ကြည့်မယ်ဆိုလျှင် ဈေးကတော့ အကျဘက်သွားနေတာတွေ့ရပါတယ်-                         ယွမ်/တန်ဧပြီ             ၇၀၀၀ - ၇၅၀၀မေ              ၈၅၀၀ - ၈၉၀၀ဇွန်              ၇၅၀၀ - ၈၃၀၀ဇူလိုင်          ၆၄၀၀ - ၆၇၀၀သြဂုတ်        ၅၇၀၀ - ၆၁၀၀စက်တင်ဘာ ၅၄၀၀ - ၅၈၀၀                                      Source:နကသ MIRT-DOBT

Tuesday, 18 Oct 2011

                      မြန်မာ-တရုတ် နယ်စပ်ရှိ မူဆယ် နယ်စပ်မှ အောက်တိုဘာ ၅ ရက်မှ ၁၁ ရက်ထိ ကာလအတွင်းကန်ဒေါ်လာ ၁ သန်းကျော် တန်ဖိုးရှိ ပန်းသီး ၂၂၅၁ တန်ကျော်နဲ့ ကန်ဒေါ်လာ သုညဒသမ ၂၁၂သန်း တန်ဖိုးရှိ ပန်းသစ်တော် ၃၅၃ တန်ကျော်၊ ကန်ပိုက်တီးမှ ပန်းသီးတန် ၁၇၀ အသွင်းရှိခဲ့ပါတယ်။ ယခင်အပတ် ကထက် ၅၄၃ တန် ပိုမိုတင်သွင်းနိုင်ခဲ့ပါတယ်။ တမုူးနယ်စပ်မှာတော့ ကန်ဒေါ်လာ သုညဒသမ ၀၀၁၅ သန်းတန်ဖိုးရှိ ပန်းသီး ၄ ဒသမ ၅၈ တန် တစ်ဖက်နိုင်ငံမိုရေးသို့ အပို့ရှိခဲ့တယ်လို့ သိရပါတယ်။ MIRT-DOBT

Tuesday, 18 Oct 2011

                 ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ် ဧပြီလမှ စက်တင်ဘာလထိကာလအတွင်း မူဆယ်မှ ကန်ဒေါ်လာ ၆၆ သန်းကျော်တန်ဖိုးရှိ ပြောင်းတန်ချိန် ၂၄၀၀၀၀ ကျော် အပို့ရှိခဲ့ပါတယ်။ ယခင်နှစ်ကာလတူထက် ပြောင်းတန်ချိန် ၁၃၀၇၅၇ ခန့်ပိုမို တင်ပို့နိုင်ခဲ့ပါတယ်။ တောင်ကြီး၊မန္တလေးနဲ့သီပေါတို့မှပြောင်းလက်ကျန် အဟောင်း များ လက်ရှိတင်ပို့ နေခြင်းဖြစ်ပြီး စက်တင်ဘာ လဆန်းကစပြီး ပြောင်းသစ်များ ထွက်ရှိလာပြီ ဖြစ်တဲ့အတွက် ယခုအခါ ပြောင်းသစ်များပါ အပို့ ရှိနေပြီလို့ သိရပါတယ်။ တရုတ်ပြည်အတွင်းပိုင်းဒေသအချို့မှာ ရာသီဥတုဖောက်ပြန်မှု ကြောင့် တစ်ဖက်နိုင်ငံက ပြောင်းဝယ်လိုအားများသလို မိမိဖက်မှာလည်း ယခုနှစ် ဘဏ္ဍာ နှစ်မှာ ပြောင်းအထွက်များလျက်ရှိပါတယ်။ ဒါ့အပြင် ပို့ကုန်အခွန်နှုန်းထားများ သက်သာခွင့်ရရှိတာကြောင့် တင်ပို့မှု ပိုမိုရခြင်းဖြစ်တယ်လို့ သိရပါတယ်။ Source: နကသ၊ MIRT-DOBT

Monday, 17 Oct 2011

မြန်မာ့ပို့ကုန်ပစ္စည်းများ နယ်စပ်မှတင်ပို့မှု              မြန်မာ-တရုတ်နယ်စပ် မူဆယ် (၁၀၅) မိုင်ကုန်သွယ်ရေးဇုန်မှ တစ်ဖက် တရုတ်နိုင်ငံသို့ လယ်ယာထွက်ကုန်ပစ္စည်းများ၊ ရေထွက်ပစ္စည်းများ၊ သစ်တောထွက်ပစ္စည်းများတင်ပို့လျက်ရှိရာ အဆိုပါပို့ကုန်အချို့ရဲ့ မူဆယ်၁၀၅မိုင် ကုန် သွယ်ရေးဇုန်နဲ့ တစ်ဖက်နိုင်ငံ ရွှေလီပေါက်ဈေးတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်-                                                   ယခုအပတ်                                ယခင်အပတ်ပစ္စည်းအမည် ရေတွက်ပုံ     မိမိဘက်ဈေး တစ်ဖက်နိုင်ငံဈေး    မိမိဘက်ဈေး တစ်ဖက်နိုင်ငံဈေး ပြောင်းလဲမှု                                            (ကျပ်)          (ယွမ်)                    (ကျပ်)            (ယွမ်)ပဲတီစိမ်း             တန်            ၇၀၂၅၂၇        ၅၇၀၀                  ၆၅၃၅၀၀         ၅၇၀၀ပြောင်းဖူးစေ့      တန်            ၂၆၂၅၅၉       ၁၈၆၀                 ၂၂၈၃၆၅           ၁၈၆၀နှမ်းဖြူ               တန်            ၉၁၇၁၅၆         ၈၄၀၀                  ၉၈၅၀၀၀         ၈၄၀၀                                                                                                                          သြဝင်း                          မြန်မာ-အိန္ဒိယနယ်စပ် ရိဒ်နယ်စပ်စခန်းမှ တစ်ဖက် အိန္ဒိယနိုင်ငံသို့ ကွမ်းသီး၊ မုန့်မျိုးစုံ၊ မဝတ်တီရှပ်တို့ တင်ပို့လျက်ရှိရာ အဆိုပါပို့ကုန်အချို့ရဲ့ ရိဒ်ပေါက်ဈေးနဲ့ တစ်ဖက်နိုင်ငံ မီဇိုရမ်ပေါက်ဈေးတွေကတော့ အောက်ပါ အတိုင်း ဖြစ်ပါတယ်-                                                  ယခုအပတ်                                      ယခင်အပတ်ပစ္စည်းအမည် ရေတွက်ပုံ      မိမိဘက်ဈေး တစ်ဖက်နိုင်ငံဈေး         မိမိဘက်ဈေး တစ်ဖက်နိုင်ငံဈေး ပြောင်းလဲမှု                                            (ကျပ်)           (ရူပီး)                          (ကျပ်)            (ရူပီး)ကွမ်းသီး           တန်             ၈၉၂၅၀၀         ၅၈၀၀၀                    ၈၉၂၅၀၀         ၅၈၀၀၀မုန့်မျိုးစုံ           ကီလို               ၁၃၀၀            ၁၀၀                         ၁၃၀၀              ၁၀၀မဝတ်တီရှပ်      ဒါဇင်               ၈၀၀၀            ၉၃၀                         ၈၀၀၀              ၉၃၀                                                                                                                           မြင့်ဆွေ              မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် မောင်တောနယ်စပ်စခန်းမှ တစ်ဖက် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ရေငန်ပုစွန်၊ ကြိမ်တို့ တင်ပို့လျက်ရှိရာ အဆိုပါ ပို့ကုန် အချို့ရဲ့ မောင်တောပေါက်ဈေးနဲ့ တစ်ဖက်နိုင်ငံ တက္ကနာဗ် ပေါက်ဈေးတွေ ကတော့ အောက်ပါအတိုင်းဖြစ်ပါတယ် -                                                     ယခုအပတ်                                  ယခင်အပတ်ပစ္စည်းအမည် ရေတွက်ပုံ        မိမိဘက်ဈေး တစ်ဖက်နိုင်ငံဈေး        မိမိဘက်ဈေး တစ်ဖက်နိုင်ငံဈေး ပြောင်းလဲမှု                                                (ကျပ်)         (တာကာ)                     (ကျပ်)        (တာကာ)ရေငန်ပုဇွန်      တန်                  ၄၁၇၅၉၄၀      ၃၈၈၄၆၀                ၄၁၇၅၉၄၀      ၃၈၈၄၆၀ကြိမ်               တန်                    ၄၈၃၈၀၀         ၆၃၈၄                    ၄၈၃၈၀၀       ၆၃၈၄သြဝင်း

Tuesday, 11 Oct 2011

               မန်းမြို့စီးပွားရေးဈေးကွက်အတွင်း Door to Door စနစ်ဖြင့် ဝန်ဆောင်မှုပေးရောင်းချနေတဲ့ စက်ဘီး၊ ဆိုင်ကယ် မိုဘိုင်းဈေးသည်လေးများ နေရာတိုင်းမှာ တွေ့နေပါတယ်။ ဈေးသွားဖို့ အချိန်မပေးနိုင်သူတွေအတွက် လိုအပ်ချက်ကို ဖြည့်ဆည်းပေးတယ်လို့လဲ ပြောလို့ရပါတယ်။ မိုဘိုင်းဈေးသည်လေးတွေက ဈေးမှာမရနိုင်တဲ့ တစ်ယောက်စာ တစ်ဆယ် သား၊ ဆယ့်ငါးကျပ်သား ပုစွန်အသား၊ ငါးထုပ်လေးတွေ၊ အသီးအရွက်တစ်ယောက်စာချက်လေးတွေ အိမ်ရှင်မတွေ အတွက် စားဖိုဆောင်ပစ္စည်းစုံ အဆင်သင့်ထုပ်ပိုးပြီး တစ်ပိုင်တစ်နိုင်ရောင်းချပေးတဲ့အတွက် အလေအလွင့်မရှိ စားသုံး သူရော ရောင်းချသူပါ အဆင်ပြေစေတာ တွေ့ရပါတယ်။                  အသားငါးဝယ်ရင် ငရုတ်သီးအနည်းငယ်နဲ့ နံနံပင်၊ ပင်စိမ်းအပိုဝန်ဆောင်မှုအနေနဲ့ ထည့်ပေးပြီး တစ်ခါတစ်ရံ ငါးပိဝယ်ရင် လိုက်ဖက်တဲ့ ရာသီစာ တညင်းသီးတစ်လုံးစ နှစ်လုံးစ မေတ္တာလက်ဆောင်ထပ်ဆောင်းပေးပြီး ဝယ်သူကို ဆွဲဆောင်ပါသေးတယ်။ မိုဘိုင်းဈေးသည်လေးတွေက အထည်ဈေးသည်တွေထက် ဝယ်လို့လည်းကောင်း ဈေးလည်းချိုပါ တယ်။ ဒါကြောင့် ရုံးဝန်ထမ်းနဲ့ အဆောင်နေတက္ကသိုလ်ဆရာ၊ ဆရာမတွေအတွက် အားထားရာ ဖြစ်သလို အခြေခံ လူတန်းစားရပ်ကွက်အတွက်လည်း အဆင်ပြေစေပါတယ်။ ဈေးထဲမှာ အရင်းအနှီးများများနဲ့ ထိုင်မရောင်းနိုင်ပေမယ့်မန်းမြို့ကိုင်းတန်းဈေးမှ အဆင်သင့်ထုပ်ပိုးပြီးသား ဝယ်ယူရောင်းချရင်း ဝမ်းရေးဖြည့်တင်းနေကြတဲ့ မိုဘိုင်းဈေးကွက်လေးတစ်ခုဖြစ်ပါကြောင်း -------- ခင်မြင့်မြင့်သန်း

Tuesday, 11 Oct 2011

               စက်တင်ဘာ ၂၈ ရက်မှ အောက်တိုဘာ ၄ ရက်ထိကာလအတွင်း မြန်မာ-တရုတ်နယ်စပ် ကုန်သွယ်ရေး စခန်းဖြစ်တဲ့ ချင်းရွှေဟော်မှ ရော်ဘာတင်ပို့မှုဟာ ယခင်အပတ်တင်ပို့ မှုထက် တန် ၅၀ ပိုမိုတဲ့အပြင် ယခင်အပတ်က RSS-3 တစ်မျိုးသာ အပို့ရှိပေမဲ့ ယခုအပတ်မှာ RSS-3 အပြင်RSS-5  နဲ့MSR -20 ပါ တင်ပို့နိုင်ခဲ့တာတွေ့ရပါတယ်။ မူဆယ်နယ်စပ်မှာတော့ တန် ၂၉၀ ခန့် အပို့ရှိပြီး ယခင်အပတ် တင်ပို့တဲ့ ပမာဏထက် ၁၅ တန်ခန့် လျော့နည်းခဲ့ပါတယ်။ မူဆယ်နယ်စပ်မှ ယခု အပတ်ရော်ဘာအဆင့်အလိုက်တင်ပို့မှုတွေကတော့RSS-3 တန် ၁၅၀ ၊MSR -20 တန် ၁၂၀ နဲMSR -50 တန် ၂၀ ၊ ချင်းရွှေဟော်နယ်စပ်မှ RSS-3 ၈၅ တန်၊ RSS-5 တန် ၃၀ နဲ့MSR -20  ၆၅ တန် အသီးသီးဖြစ်ပါတယ်။ ယခုအပတ်မှာ နယ်စပ်မှ ရော်ဘာတင်ပို့မှု တန် ၄၇၀ ရှိပြီး ယခင်အပတ်တင်ပို့မှုထက် ၃၅ တန် ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ စက်တင်ဘာလအတွင်း နယ်စပ်စခန်များမှ ရော်ဘာ ၂၆၆၄ တန် အပို့ရှိပြီး ဧပြီလမှ စက်တင်ဘာလထိကာလမှာ ရော်ဘာအဆင့်စုံ၁၈၅၈၆ တန်ခန့် တင်ပို့ထားပြီးဖြစ်ပါတယ်။မိမိဘက်ရော်ဘာဈေး မပြောင်းလဲပေမဲ့ တစ်ဖက်နိုင်ငံဈေးကျလျက် ရှိပါတယ်                                    မိမိဘက်(ကျပ်/တန်)                         တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)                     ယခု              ယခင်     ပြောင်းလဲမှု    %       ယခု       ယခင်   ပြောင်းလဲမှု   %RSS - 3     ၃၄၁၃၈၀၀     ၃၄၁၃၈၀၀        -             -      ၄၁၅၉     ၄၅၄၂        ၃၈၃       ၉RSS - 5     ၃၃၀၀၃၁၉     ၃၃၀၀၃၁၉        -             -      ၄၁၀၂     ၄၃၈၆       ၂၈၄         ၉MIRT(DOBT)

Tuesday, 11 Oct 2011

             စက်တင်ဘာ ၂၅ မှ အောက်တိုဘာ ၁ ရက်အထိ ကာလအတွင်း ပင်လယ်ရေကြောင်းမှ ရော်ဘာ RSS-5 အမျိုးအစား တန် ၂၀ (ကန်ဒေါ်လာ ၈၆၁၀၀) မလေးရှားကိုတင်ပို့ခဲ့ကြောင်း သိရပါတယ်။ လောလောဆယ်မှာ ကုန်ပစ္စည်း လက်ကျန်မရှိတာ ကြောင့် တင်ပို့မှုလျော့နည်းခြင်းဖြစ်ကြောင်း သိရပါတယ်။ ယခု အောက်တိုဘာလလယ်လောက်ကစပြီး ပစ္စည်းအသစ်ထွက်ရင် တော့ တင်ပို့မှုတိုးတက်နိုင်ဖွယ်ရှိတယ်လို့ သိရပါတယ်။ နယ်စပ်ကတော့ ပုံမှန်တန် ၄၀၀ ကျော် တင်ပို့နေရတာ တွေ့ရပါတယ်။                      FOB ရန်ကုန်ဈေးကတော့ ကျဆင်းသွားပြီး RSS-3,MSR-20 တစ်တန်ကို ဒေါ်လာ ၄၀၀၀ နဲ့RSS-5 တစ်တန်ကို ဒေါ်လာ ၃၉၀၀ အသီးသီး ဈေးပေါက်ကြောင်း သတင်းရရှိပါတယ်။ KZW

Tuesday, 11 Oct 2011

                မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်မှ ကန်ဒေါ်လာ သုည ဒသမ ၀၇၁၆ သန်း တန်ဖိုးရှိ ကြိမ် ၇၈ တန်ကျော် စက်တင်ဘာ ၂၈ ရက်မှ အောက်တိုဘာ ၄ ရက်အထိ ကာလအတွင်း အပို့ရှိခဲ့ပါတယ်။ ယခု ဘဏ္ဍာနှစ်မှာ ပထမဆုံးအကြိမ်စတင် တင်ပို့တာဖြစ်ပါတယ်။ MIRT(DOBT)

Pages