Background
တရုတ်နယ်စပ်စခန်းများမှ အေးခဲအမဲသား၊ ကျွဲသား ကန်ဒေါ်လာ ၁ သန်းကျော်ဖိုး အပို့ရှိ မြန်မာ-တရုတ် နယ်စပ်ရှိ မူဆယ်နဲ့ ချင်းရွှေဟော် နယ်စပ်ကုန်သွယ်ရေးစခန်း များမှ တစ်ဆင့်တရုတ်နိုင်ငံသို့ ကန်ဒေါ်လာ ၁ ဒသမ ၃၅၅ သန်းတန်ဖိုးရှိ အေးခဲ အမဲသား၊ကျွဲသား၊ အမဲအကြော၊ အမြီး၊ အမဲခြောက်များ တန် ၄၀၀ ကျော် အပို့ ရှိခဲ့ပါတယ်။ ယခင်အပတ်ကထက် ၂၈ တန်ကျော် တင်ပို့မှုပိုမိုခဲ့ပါတယ်။ နယ်စပ် အလိုက်တင်ပို့နိုင်မှုများကတော့ မူဆယ်မှ အေးခဲအမဲသား ၁၅၅ တန်ခန့်၊ အေးခဲ ကျွဲသား ၁၅၈ တန် ခန့်နဲ့ ချင်းရွှေဟော် မှ အေးခဲအမဲသား ၈၅ တန်၊ အမဲအကြော သုည ဒသမ ၇ တန်၊ အမဲအမြီး သုည ဒသမ ၆၃ တန် နဲ့အမဲခြောက် ၁ဒသမ ၅၉တန်သီးသီးဖြစ်ပါတယ်။ ယခင်အပတ်ကထက် နယ်စပ်မှ အေးခဲအမဲသား၁၂၇ တန်၊ အေးခဲကျွဲသား ၇၃ တန် အပို့ပိုခဲ့ပြီး အမဲသားခြောက် တင်ပို့မှုကတော့ ၁၂၉ တန်လျော့နည်းခဲ့ပါတယ်။ ယခင်အပတ်က အစာရေမျိုအပို့ရှိပေမယ့် ယခု အပတ်မှာ အပို့မရှိပါဘူး။ ယခုအပတ်မှာ အမဲအမြီးနဲ့ အမဲအကြောများ အပို့ရှိခဲ့ပါတယ်။MIRT(DOBT)
မြန်မာ့ပို့ကုန်ပစ္စည်းများ နယ်စပ်မှတင်ပို့မှု မြန်မာ-တရုတ်နယ်စပ် မူဆယ် (၁၀၅) မိုင်ကုန်သွယ်ရေးဇုန်မှ တစ်ဖက် တရုတ်နိုင်ငံသို့ လယ်ယာထွက်ကုန်ပစ္စည်းများ၊ ရေထွက်ပစ္စည်းများ၊ သစ်တောထွက်ပစ္စည်းများတင်ပို့လျက်ရှိရာ အဆိုပါပို့ကုန်အချို့ရဲ့ မူဆယ်၁၀၅မိုင် ကုန်သွယ်ရေးဇုန်နဲ့ တစ်ဖက်နိုင်ငံ ရွှေလီပေါက်ဈေးတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်- ယခုအပတ် ယခင်အပတ်ပစ္စည်းအမည် ရေတွက်ပုံ မိမိဘက်ဈေး တစ်ဖက်နိုင်ငံဈေး မိမိဘက်ဈေး တစ်ဖက်နိုင်ငံဈေး ပြောင်းလဲမှု (ကျပ်) (ယွမ်) (ကျပ်) (ယွမ်)ပဲတီစိမ်း တန် ၆၄၇၀၉၉ ၅၆၀၀ ၆၅၈၀၄၃ ၅၇၀၀ပြောင်းဖူးစေ့ တန် ၂၂၇၁၇၅ ၁၈၅၀ ၂၁၆၂၆၇ ၁၈၅၀နှမ်းဖြူ တန် ၈၈၆၆၉၆ ၈၅၀၀ ၈၆၃၀၀၀ ၇၇၀၀မြင့်ဆွေ မြန်မာ-အိန္ဒိယနယ်စပ် ရိဒ်နယ်စပ်စခန်းမှ တစ်ဖက် အိန္ဒိယနိုင်ငံသို့ ကွမ်းသီး၊ မုန့်မျိုးစုံ၊ မဝတ်တီရှပ်တို့ တင်ပို့လျက်ရှိရာ အဆိုပါပို့ကုန်အချို့ရဲ့ ရိဒ်ပေါက်ဈေးနဲ့ တစ်ဖက်နိုင်ငံ မီဇိုရမ်ပေါက်ဈေးတွေကတော့ အောက်ပါ အတိုင်း ဖြစ်ပါတယ်- ယခုအပတ် ယခင်အပတ်ပစ္စည်းအမည် ရေတွက်ပုံ မိမိဘက်ဈေး တစ်ဖက်နိုင်ငံဈေး မိမိဘက်ဈေး တစ်ဖက်နိုင်ငံဈေး ပြောင်းလဲမှု (ကျပ်) (ရူပီး) (ကျပ်) (ရူပီး)ကွမ်းသီး တန် ၈၉၂၅၀၀ ၅၈၀၀၀ ၈၉၂၅၀၀ ၅၈၀၀၀မုန့်မျိုးစုံ ကီလို ၁၃၀၀ ၁၀၀ ၁၃၀၀ ၁၀၀မဝတ်တီရှပ် ဒါဇင် ၈၀၀၀ ၉၃၀ ၈၀၀၀ ၉၃၀ဆွေဆွေဝင်း
ပရဆေးတင်ပို့မှု ပမာဏလျော့ စက်တင်ဘာလ ၁၄ ရက်မှ ၂၀ ရက်ထိကာလအတွင်း မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်မှ ကန်ဒေါ်လာ သုည ဒသမ ၅၇၅ သန်းတန်ဖိုးရှိ ပရဆေးကုန်ကြမ်းများ ၃၁၄ တန်ခန့် တင်ပို့မှု ရှိခဲ့ပါတယ်။ ယခုအပတ်မှာ ယခင်အပတ် က တင်ပို့ခြင်းမရှိတဲ့ ချဉ်ပေါင်ဖာလာ (အခွံပါ၊ အခွံမပါ) ၊ နေလဲစေ့၊ စကား ပန်းပွင့်ခြောက်၊ ရှားစေး၊ နနွင်းခေါင်းတို့ တင်ပို့မှုရှိခဲ့ပြီး ဝဥခြောက်နဲ့ ကြောင်ပန်းစေ့ပိုမို တင်ပို့နိုင်ခဲ့ပါတယ်။ မိကျောင်းကွမ်းဖတ်စေ့၊ နနွင်းတက် (ရှမ်းစ)နဲ့ ကွမ်းစားဂမုန်း အပို့လျော့ခဲ့ပြီး ငရုတ်ကောင်း၊ အုံတုံခေါက်၊ မုတ်ခါး၊ ဆေးမြင်းခွာ၊ မာလာဥ၊ တောဂျင်း၊ ကြောင်လျာစေ့၊ တောဂျူးမြစ်နဲ့ တောင်လုံးကျော်တို့ ယခုအပတ်မှာ အပို့မရှိ ခဲ့ပါဘူး။ဒါ့ကြောင့် ယခုအပတ်မှာ ယခင်အပတ်ကထက် ပရ ဆေး ကုန်ကြမ်းတင်ပို့မှု တန်ချိန် ၈၉ တန် လျော့နည်းခဲ့ရတာ ဖြစ်ပါတယ်။ တမူးနယ်စပ်မှာတော့ ကန်ဒေါ်လာ သုည ဒသမ ၀၀၀၉ သန်း တန်ဖိုးရှိ တောင်လုံးကျော် ၄ တန်အပို့ရှိခဲ့ပြီး ယခင် အပတ်ကထက် ၂ တန် ပိုမိုတင်ပို့နိုင်ခဲ့တယ်လို့ သိရပါတယ်။ MIRT(DOBT)
လုပ်ငန်းရှင်များထိုင်းနိုင်ငံအတွင်း ရင်းနှီးမြှုပ်နံှမှုပြုလုပ်သည့်တန်ဖိုးငွေ ဘတ်သန်း ၃၄၀၀၀၀ ရှိ ၁၁-၉-၂၀၁၁ ရက်နေ့တွင် ရင်နှီးမြှုပ်နှံမှုဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ပေးရေးအဖွဲ့ (B.O.I)အတွင်းရေးမှူး နန်းအော်ချ ကားစီဘွန်းရိန်းက ၂၀၁၁ ခုနှစ်၊ ပထမ ၈ လ အတွင်း ရင်နှီးမြှုပ်နှံမှုလုပ်ငန်းအခြေအနေနဲ့ ပတ်သက်ပြီး ပြောကြားရာမှာ ရင်နှီး မြှုပ်နှံရေး လုပ်ငန်းစီမံကိန်း ၁၁၉၀ ခုအဖွဲ့သို့တင်ပြခဲ့ပြီး စုစုပေါင်း ရင်နှီးမြှုပ်နှံမှု တန်ဖိုးငွေ ဘတ်သန်း ၃၃၅၀၀၀ခန့် ရှိကြောင်း၊ လွန်ခဲ့တဲ့နှစ်က ရင်နှီးမြှုပ်နှံရေး စီမံကိန်း ၈၉၉ ခုရှိခဲ့ပြီး ရင်နှီးမြှုပ်နှံမှု တန်ဖိုးမှာ ဘတ်သန်း ၂၃၈၀၀၀ ရှိကြောင်း စက်တင်ဘာ ၁၁ ရက်က ပြောကြားခဲ့ပါတယ်။ ယခုနှစ် သြဂုတ်လ တစ်လထဲမှာ ရင်နှီးမြှုပ်နှံရေး စီမံကိန်း ၁၈၉ ခုလျှောက်ထားမှုရှိပြီး တန်ဖိုးငွေ ဘတ်သန်း ၃၈၀၀၀ ခန့်ရှိကြောင်း၊ ယခုနှစ် ပထမ ၈ လအတွင်း၌ အထူးသဖြင့် ရင်နှီးမြှုပ်နှံမှု တန်ဖိုးငွေ ဘတ်သန်း ၅၀၀ အထက် စီမံကိန်း ၁၃၇ ခုရှိပြီး ရင်နှီးမြှုပ်နှံမှုတန်ဖိုးငွေ စုစုပေါင်း ဘတ်သန်း ၂၂၅၀၀၀ ရှိပြီး ယခင်နှစ်ကာလတူမှာ ရင်နှီးမြှုပ်နှံရေးစီမံကိန်း ၈၂ ခု စုစုပေါင်း တန်ဖိုးငွေ ဘတ်သန်း ၁၅၉၀၀၀၀ ခန့်သာရှိတယ်လို့ အတွင်းရေးမှူးက ဆိုပါတယ်။ ဌာနကိုလျှောက်ထားခဲ့တဲ့ လုပ်ငန်းကြီးများမှာ အီလက်ထရွန်းနစ်စွမ်းအင် အစားထိုးလုပ်ငန်း၊ တိရစ္ဆာန် မွေးမြူရေးလုပ်ငန်း တို့ ဖြစ်ကြောင်း၊ အကြီးစားရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများကို ကြည့်ခြင်းအားဖြင့် ထိုင်းနဲ့ပြည်ပမှ လုပ်ငန်းရှင်များကြားမှာ ယုံကြည်မှု ရှိလာတာကိုတွေ့ရကြောင်း၊ နောင်နှစ်အထိ ရင်နှီးမြှုပ်နှံရေးလုပ်ငန်းထပ်မံတိုး မြင့်လာမယ်လို့ ခန့်မှန်းကြောင်းပြောကြားပါတယ်။ ထို့အပြင် (B.O.I) သည် ၂၀၁၁ ခုနှစ် နိုဝင်ဘာလတွင် (B.O.I)Fair ပွဲတော်ကို အရှေ့တောင်အာရှတွင် အကြီးဆုံးသော စက်မှုပြပွဲအဖြစ် ကျင်းပသွားမှာဖြစ်ပြီး တစ်ကမ္ဘာလုံးရှိ လုပ်ငန်းရှင်များ ထိုင်းနိုင်ငံအတွင်း ရင်နှီးမြှုပ်နှံမှု ပြုလုပ်ရာတွင် ယုံကြည်မှုရှိလာအောင် ကျင်းပသွားတာလို့သိရပါတယ်။ Source: မတ်ကီချွန်သတင်းစာ၊ကျော်ဆန်းထွန်း
နယ်စပ်စခန်းများမှ မျှစ်အစို၊ မျှစ်ခြောက်၊ ချင်းအစိုအပါအဝင် အခြားကုန်ခြောက်များလည်း အပို့ရှိနေ မြန်မာ-တရုတ် နယ်စပ်ရှိ မူဆယ်နယ်စပ်စခန်းနဲ့ ကန်ပိုက်တီး နယ်စပ်စခန်းများမှ ကန်ဒေါ်လာ သုည ဒသမ ၀၀၈၃ သန်း တန်ဖိုးရှိ မျှစ်အစို ၅၁ တန်ကျော်၊ ကန်ဒေါ်လာ သုည ဒသမ ၀၁၃ သန်း တန်ဖိုးရှိ မျှစ်ခြောက် တန် ၃၀ အပို့ရှိခဲ့ သလို ကန်ဒေါ်လာ သုည ဒသမ ၀၁၇ သန်း တန်ဖိုးရှိ ဖရဲသီး ၁၁၈ တန်၊ ကန်ဒေါ်လာ သုညဒသမ ၁၀၇သန်း တန်ဖိုးရှိ သရက်ပြားခြောက် ၁၂၄ တန်ခန့်နဲ့ ကန်ဒေါ်လာ သုညဒသမ ၀၇၂ သန်း တန်ဖိုးရှိ ဇီးသီးခြောက် တန် ၅၀၀ ကျော်လည်း ယခု အပတ်မှာ တစ်ဖက်အိမ်နီးချင်းနိုင်ငံများသို့ တင်ပို့နိုင် ခဲ့တယ်လို့ သတင်းရရှိပါတယ်။ ချင်းရွှေဟော်နယ်စပ်မှလည်း ဖရဲသီး တန် ၅၀ ၊ တောဂျင်း ၁၅ တန်၊ မျှစ်ခြောက် ၁၅ တန်နဲ့ အုံတုံခေါက် တန် ၂၀ ၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ သုညဒသမ ၀၂၄ သန်းဖိုး တင်ပို့မှုလည်းရှိခဲ့တယ်လို့ သိရပါတယ်။ MIRT (DOBT)
မြန်မာ့ပို့ကုန်ပစ္စည်းများ နယ်စပ်မှတင်ပို့မှု မြန်မာ-တရုတ်နယ်စပ် မူဆယ် (၁၀၅) မိုင်ကုန်သွယ်ရေးဇုန်မှ တစ်ဖက် တရုတ်နိုင်ငံသို့ လယ်ယာထွက်ကုန်ပစ္စည်းများ၊ ရေထွက်ပစ္စည်းများ၊ သစ်တော ထွက်ပစ္စည်းများတင်ပို့လျက်ရှိရာ အဆိုပါပို့ကုန်အချို့ရဲ့ မူဆယ်၁၀၅မိုင် ကုန် သွယ်ရေးဇုန်နဲ့ တစ်ဖက်နိုင်ငံ ရွှေလီပေါက်ဈေးတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်- ယခုအပတ် ယခင်အပတ်ပစ္စည်းအမည် ရေတွက်ပုံ မိမိဘက်ဈေး တစ်ဖက်နိုင်ငံဈေး မိမိဘက်ဈေး တစ်ဖက်နိုင်ငံဈေး ပြောင်းလဲမှု (ကျပ်) (ယွမ်) (ကျပ်) (ယွမ်)ပဲတီစိမ်း တန် ၆၅၈၀၄၃ ၅၇၀၀ ၆၀၉၃၁၄ ၅၈၀၀ပြောင်းဖူးစေ့ တန် ၂၁၆၂၆၇ ၁၈၅၀ ၂၀၂၄၅၇ ၁၈၂၀နှမ်းဖြူ တန် ၈၆၃၀၀၀ ၇၇၀၀ ၈၅၃၀၀၀ ၇၇၀၀ မြင့်ဆွေ မြန်မာ-အိန္ဒိယနယ်စပ် ရိဒ်နယ်စပ်စခန်းမှ တစ်ဖက် အိန္ဒိယနိုင်ငံသို့ ကွမ်းသီး၊ မုန့်မျိုးစုံ၊ မဝတ်တီရှပ်တို့ တင်ပို့လျက်ရှိရာ အဆိုပါပို့ကုန်အချို့ရဲ့ ရိဒ်ပေါက်ဈေးနဲ့ တစ်ဖက်နိုင်ငံ မီဇိုရမ်ပေါက်ဈေးတွေကတော့ အောက်ပါ အတိုင်း ဖြစ်ပါတယ်- ယခုအပတ် ယခင်အပတ်ပစ္စည်းအမည် ရေတွက်ပုံ မိမိဘက်ဈေး တစ်ဖက်နိုင်ငံဈေး မိမိဘက်ဈေး တစ်ဖက်နိုင်ငံဈေး ပြောင်းလဲမှု (ကျပ်) (ရူပီး) (ကျပ်) (ရူပီး)ကွမ်းသီး တန် ၈၉၂၅၀၀ ၅၈၀၀၀ ၈၉၂၅၀၀ ၅၈၀၀၀မုန့်မျိုးစုံ ကီလို ၁၃၀၀ ၁၀၀ ၁၃၀၀ ၁၀၀မဝတ်တီရှပ် ဒါဇင် ၈၀၀၀ ၉၃၀ ၈၀၀၀ ၉၃၀ ဆွေဆွေဝင်း မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် မောင်တောနယ်စပ်စခန်းမှ တစ်ဖက် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ငါးနီတူခြောက်၊ ရေငန်ပုစွန်၊ ငါးစုံလေးခြောက်တို့ တင်ပို့ လျက်ရှိရာ အဆိုပါပို့ကုန်အချို့ရဲ့ စစ်တွေပေါက်ဈေးနဲ့ တစ်ဖက်နိုင်ငံ တက္ကနက် ပေါက်ဈေးတွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ် - ယခုအပတ် ယခင်အပတ် ပစ္စည်းအမည် ရေတွက်ပုံ မိမိဘက်ဈေး တစ်ဖက်နိုင်ငံဈေး မိမိဘက်ဈေး တစ်ဖက်နိုင်ငံဈေး ပြောင်းလဲမှု (ကျပ်) (ရူပီး) (ကျပ်) (ရူပီး)ငါးနီတူခြောက် တန် ၉၇၅၀၀ ၉၃၇၅၀ ၉၇၅၀၀ ၉၃၇၅၀ရေငန်ပုစွန် တန် ၄၁၇၅၉၄၀ ၃၈၈၄၆၀ ၄၁၇၅၉၄၀ ၃၈၈၄၆၀ငါးစုံလေးခြောက် တန် ၃၄၅၀၀၀ ၃၃၁၇၃ ၃၄၅၀၀၀ ၃၃၁၇၃
အေးခဲအမဲသား အပို့ ပိုတဲ့ မူဆယ်နယ်စပ် စက်တင်ဘာ ၁၄ ရက်မှ ၂၀ ရက်ထိကာလအတွင်း မူဆယ် ၁၀၅ မိုင် ကုန် သွယ်ရေးဇုန်မှ အေးခဲအမဲသားသာမကအမဲသားခြောက်၊ အေးခဲကျွဲသားနဲ့ ကျွဲအစာရေမျိုများပါ တင်ပို့မှု ရှိတယ်လို့ သိရပါတယ်။ ကန်ဒေါ်လာ သုည ဒသမ ၃၆ သန်းတန်ဖိုးရှိ အေးခဲအမဲသား ၁၁၂ တန်ကျော်၊ ကန်ဒေါ်လာ သုည ဒသမ ၁၆၉ သန်းတန်ဖိုးရှိ အမဲသားခြောက် ၄၄ တန်ကျော်၊ကန်ဒေါ်လာ သုည ဒသမ ၂၂၈ သန်းတန်ဖိုးရှိအေးခဲ ကျွဲသား ၈၅ တန်ခန့်နဲ့ ကန်ဒေါ်လာ သုည ဒသမ ၁၂၆ သန်းတန်ဖိုးရှိ ကျွဲအစာရေမျို ၁၃၀ ကျော် အသီးသီးတင်ပို့ နိုင်ခဲ့တာဖြစ်ပါ တယ်။ ယခင်အပတ်က အေးခဲအမဲသား ၁၃၆ တန်ခန့်သာ အပို့ရှိခဲ့တာမို့ ယခု အပတ်မှာ အေးခဲအမဲသားတင်ပို့တဲ့ ပမာဏလျော့နည်းခဲ့သော်လည်း အမယ် စုံတင်ပို့နိုင်ခဲ့တာတွေ့ရပါတယ်။ ချင်းရွှေဟော် နယ်စပ်မှလည်း ကန်ဒေါ်လာ သုည ဒသမ ၃၇၂ သန်းတန်ဖိုးရှိ အေးခဲအမဲသား ၁၁၃ တန်ခန့်လည်း ယခု အပတ်မှာ အပို့ရှိခဲ့ပါတယ်။MIRT(DOBT)
တရုတ်နိုင်ငံ မုန့်စားပွဲတော်အကြိုကာလဖြစ်၍ နှမ်းအဝယ်ရှိနေ သြဂုတ်လအတွင်း မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်မှ ကန်ဒေါ်လာ ၁၂ ဒသမ ၉၃၄ သန်းတန်ဖိုးရှိ နှမ်းမျိုးစုံ ၁၀၁၂၂ တန် အပို့ရှိခဲ့ပါတယ်။ အနီးစပ်ဆုံးကာလဖြစ်တဲ့ ဇူလိုင်လထက် ၈၀၅၅ တန်ခန့်နဲ့ ယမန်နှစ် ကာလတူထက် ၆၄၅၉ တန်ခန့် ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ ဘဏ္ဍာနှစ် ဧပြီလမှ သြဂုတ်လထိ ၅ လတာကာလမှာတော့ မူဆယ်မှ ကန်ဒေါ်လာ ၁၈ ဒသမ ၃၁ သန်း တန်ဖိုးရှိ နှမ်းမျိုးစုံ ၁၃၉၂၈ တန်တင်ပို့ထားပြီးဖြစ်ပါတယ်။ ယခုရာသီဟာ တရုတ်နိုင်ငံမုန့်စားပွဲတော် အကြိုကာလ ဖြစ်တဲ့အတွက် မုန့်စားပွဲတော်အတွက်လိုအပ်တဲ့ နှမ်းအဝယ်ရှိတဲ့ရာသီဖြစ်ပါတယ်။ ဒီနှစ်မှာ တရုတ်ဘက်က ဝယ်လို အားလည်းကောင်းနေတာ တွေ့ရပါတယ်။ သြဂုတ်လအတွင်း ပြည်တွင်းနှမ်းဈေးနှုန်းများမှာ နှမ်းဖြူ ကျပ် ၇၆၂၀၉၀-၈၈၄၅၇၀ နဲ့ နှမ်းနက် ကျပ် ၉၅၂၆၁၄-၁၁၂၉၅၂ ရှိပြီး ရွှေလီဈေးမှာ နှမ်းဖြူ ၁ တန် ယွမ် ၇၅၀၀ မှ ၈၀၀၀ နဲ့ နှမ်းနက် ၁ တန် ယွမ် ၉၀၀၀ မှ ၉၂၀၀ ထိရှိခဲ့ပါတယ်။ MIRT(DOBT)
ယခုအပတ် နယ်စပ်မှ ပရဆေးအပို့လျော့ ယခုအပတ်မှာ မူဆယ်နယ်စပ်မှ ကန်ဒေါ်လာ သုညဒသမ ၅၈၈ သန်းတန်ဖိုးရှိ ပရဆေးကုန်ကြမ်း ၃၁၈ တန်ကျော်အပို့ရှိခဲ့ပြီး ယခင်အပတ်တင်ပို့မှုထက် ၂၉၁ တန် တင်ပို့မှုလျော့နည်းခဲ့ပါတယ်။ ယခု အပတ်မူဆယ်နယ်စပ်မှ တင်ပို့တဲ့ ပရဆေး ကုန်ကြမ်းတွေက မိကျောင်းကွမ်းဖတ်စေ့၊ နနွင်းတက် (ရှမ်းစ)၊ ကွမ်းစားဂမုန်း၊ ချဉ်ပေါင်ဖာလာ (အခွံပါ/အခွံမပါ)၊ ကြောင်လျာစေ့၊ ကြောင်ပန်းစေ့၊ တစေး၊ အုံတုံခေါက်၊ တောချင်း၊ နေလဲစေ့နဲ့ တောင်လုံးကျော်တို့ဖြစ်ပါတယ်။ ယခင် အပတ် ကတင်ပို့နိုင်ခြင်းမရှိတဲ့ ချဉ်ပေါင်ဖာလာ၊ ကြောင်လျာစေ့၊ တစေးနဲ့ တောင်လုံး ကျော်တို့ ယခုအပတ်မှာ အပို့ရှိပေမဲ့ ယခင်အပတ်ကအပို့ရှိခဲ့တဲ့ မာလာဥ၊ မာလာဥ ခေါင်း၊ နနွင်ခေါင်း၊ ဖန်ခါးသီးခြောက်၊ စကားပန်းပွင့်ခြောက် ၊ ရှားစေး၊ ကျောက်ချင်း၊ ဒရင်ကောက်မြစ်နဲ့ ရွေးရွက်တို့တော့ ယခုအပတ် တင်ပို့နိုင်ခြင်း မရှိခဲ့ပါဘူး။ ဒါ့ကြောင့်မို့ ယခုအပတ်မှာ ပရဆေးတင်ပို့မှု အမယ်ရော၊ ပမာဏပါလျော့နည်းခဲ့ တာ ဖြစ်ပါတယ်။ တမူးနယ်စပ်ကနေ ကန်ဒေါ်လာ ၂၀၀ တန်ဖိုးရှိ တောင်လုံးကျော် ၁ တန်သာ ယခုအပတ်မှာ အသွင်းရှိခဲ့ပါတယ်။ MIRT(DOBT)
နယ်စပ်မှ အေးခဲအမဲသားတင်ပို့မှု ပိုမို မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်နဲ့ ချင်းရွှေဟော် နယ်စပ်ကုန်သွယ်ရေး စခန်းတွေကနေ သြဂုတ်လ ၃၁ ရက်မှ စက်တင်ဘာလ ၆ ရက်ထိကာလအတွင်း ကန်ဒေါ်လာ သုည ဒသမ ၅၂၀၈ သန်းတန်ဖိုးရှိ အေးခဲအမဲသား ၁၅၇ တန်ကျော် အပို့ရှိခဲ့ပါတယ်။ ယခင်အပတ်ကထက် ၃၃ တန်ကျော် ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ နယ်စပ်အလိုက် တင်ပို့နိုင်မှုကတော့ မူဆယ်မှ ၆၂ တန်ကျော်နဲ့ ချင်းရွှေဟော်မှ ၉၅ တန်ကျော် အသီးသီး ဖြစ်ပါတယ်။ အေးခဲအမဲသားအပြင် ယခုအပတ်မှာ အေးခဲကျွဲသား ၂၈ တန်ကန်ဒေါ်လာသုညဒသမ ၀၇၈ သန်းဖိုး အပို့ရှိခဲ့ပြီး ယခင် အပတ်ကတော့ ၃၃၈ တန်တင်ပို့ခဲ့တာဖြစ်ပါတယ်။ MIRT(DOBT)
