Main menu

Background

Wednesday, 24 Aug 2011

ဝက်သားရောင်းဝယ်ရေးလုပ်ငန်းရှင်အဖွဲ့မှ ဝက်သားဈေးနှုန်း ထိန်းချုပ်သတ်မှတ်ပေးသွားမည်                  ထိုင်းနိုင်ငံ ချင်းရိုင်းခရိုင်မှာ ဝက်သားတစ်ကီလိုကို ဘတ် ၁၅ဝ မှ ၁၆ဝ ဈေးမြင့်တက်လာပြီး ရောင်းအား ၅ဝ ရာခိုင် နှုန်းခန့်ထိကျဆင်းသွားတဲ့အတွက် ချင်းရိုင်းဈေးမှာ ဝက်သားရောင်းသူများအား ထိခိုက်တဲ့အပြင် စားသုံးသူပြည်သူများလည်း အဆမတန်ဈေးကြီးပေးဝယ်နေကြရပါတယ်။ ဒါ့ကြောင့် သြဂုတ်လ ၁၄ ရက်မှ ၂၂ ရက်ထိကာလအတွင်း ဝက်သားမရောင်းဟု ကြေညာခဲ့ကြတယ်လို့သိရပါတယ်။ ကုမ္ပဏီကြီးများက ဝက်သား ၁ ကီလိုဘတ် ၂၅ဝ နှုန်းနဲ့ အိမ်နီးချင်းနိုင်ငံများကို တင်ပို့ နေတာကြောင့် ပြည်တွင်းဈေးကွက်မှာ ဝက်သားပြတ်လတ်နေရတာဖြစ်ပါတယ်။                              ဝက်သားရောင်းချမှုအားအစိုးရက ထိန်းချုပ်ပေးမှုမရှိဘဲ ယခုအတိုင်းဆက်လက်ဖြစ်ပွားနေပါက နောင်တစ်ချိန်တွင် ဝက် မွေးမြူရေးသမားများအတွက် အခက်အခဲရှိနိုင်ပြီး ကုမ္ပဏီကြီးများက လက်ဝါးကြီးအုပ် ဈေးနှုန်းခုျပ်ကိုင်သတ်မှတ် လာနိုင်ဖွယ် ရှိတယ်လို့ ဝက်သားရောင်းဝယ်ရေးလုပ်ငန်းရှင်များကဆိုကြပါတယ်။                                 သြဂုတ် ၁၅ ရက် မွန်းလွဲပိုင်းမှာ ချင်းရိုင်းခရိုင်၊ ဟော့ဝိန်းရပ်ကွက်၊ ချာခမ်းဘန့်ဆန်နှောင် စားသောက်ဆိုင်မှာ ပြုလုပ်တဲ့ ဝက်သားရောင်းဝယ်ရေးလုပ်ငန်းရှင် ၈ဝ ဦးခန့် စုရုံးစည်းဝေးခဲ့ကြပြီးနောက် ယခုလို စီးပွားရေးကျဆင်းနေချိန်မှာ ပြည်သူများ ဝက်သားဈေးကြီးပေးဝယ်စားရခြင်းမရှိစေရန် ဝက်သားရောင်းဝယ်တဲ့ လုပ်ငန်းရှင်အဖွဲ့မှ ဝက်သားဈေးနှုန်းကို သတ်မှတ် ပေးသွားမယ်လို့ ဆုံးဖြတ်ခဲ့ကြတယ်လို့ သိရပါတယ်။                              ကုမ္ပဏီကြီးများက ဝက်သားဈေးကွက်အား လက်ဝါးကြီးအုပ်ပြီး ဝက်မွေးမြူသူများထံက ဈေးနှိမ်ဝယ်ယူကာ ပြည်ပသို့ တင်ပို့ရောင်းချနေတာကြောင့် ဝက်မွေးမြူမှုမှာ ဝင်ငွေလျော့နည်းထိခိုက် လာနိုင်ခြင်း၊ ပြည်တွင်းစားသုံးရန် လုံလောက်မရှိသဖြင့် ဈေးကြီးပေးဝယ်စားရခြင်းတို့ကြောင့် လုပ်ငန်းရှင်များ စုပေါင်းပြီးဝက်သားဈေးနှုန်းထိန်းချုပ်သတ်မှတ်ရန် ဆုံးဖြတ်ခဲ့ကြခြင်း ဖြစ်ပါတယ်။ Source: ထိုင်းရက်သတင်းစာ၊ကျော်လင်းထွန်း

Wednesday, 24 Aug 2011

တရုတ်နယ်စပ်မှ အေးခဲ အမဲသားအပြင် ကွဲျနွားသားရေဆားနယ်အစို အပို့ရှိ               သြဂုတ်လ ၁ဝ ရက်မှ ၁၆ ရက်ထိကာလအတွင်း မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်နဲ့ ချင်းရွှေဟော် နယ်စပ်ကုန်သွယ်ရေး စခန်းများမှ ကန်ဒေါ်လာ ဝ ဒသမ ၄၄ သန်းတန်ဖိုးရှိ အေးခဲအမဲသား ၁၃၇ တန်အပို့ ရှိခဲ့ပါတယ်။ မူဆယ်မှ ၇၉ တန်ခန့် နဲ့ ချင်းရွှေဟော်မှ ၆၁ တန်တင်ပို့ခဲ့တာဖြစ်ပါတယ်။ ယခင်အပတ်ထက် မူဆယ်မှ ၇ တန်ကျော်ပိုပို့နိုင်ခဲ့ပေမယ့် ချင်းရွှေဟော်မှ ၇၆ တန် တင်ပို့မှုလျော့နည်းခဲ့ပါတယ်။ ယခုရက်ပိုင်းမှာ မိုးသည်းထန်တဲ့အတွက် ချင်းရွှေဟော်တောင်တက်လမ်းမှာ လမ်းပန်းဆက်သွယ်ရေးအရ ကုန်တက်နည်း နေတာကြောင့် အေးခဲအမဲသားတင်ပို့မှုလျော့နည်းခဲ့တာဖြစ်ပါတယ်။ ယခုအပတ် အေးခဲအမဲသားအပြင် ကန်ဒေါ်လာ ဝ ဒသမ ၁ဝ၂ သန်းတန်ဖိုးရှိ ကွဲျနွားသားရေဆားနယ်အစို ၁၇၇ တန်ကို မူဆယ်မှ တင်ပို့နိုင်ခဲ့ပါသေးတယ်။ ဧပြီလမှစပြီး လအလိုက် နယ်စပ်မှ အေးခဲအမဲသား တင်ပို့နိုင်မှုကို ဖော်ပြ ပေးလိုက်ရပါတယ်-                                         တန်ချိန်             တန်ဖိုး (ကန်ဒေါ်လာသန်း)ဧပြီ                                      ၇၅၂                   ၂ .၁၈၅မေ                                      ၇၆ဝ                   ၂ .၂ဝ၃ဇွန်                                       ၃၁၅                   ဝ .၉၂၇ဇူလိုင်                                   ၄၆၉                   ၁ .၇၆ဝသြဂုတ် (၁ရက်မှ ၁၆ ရက်ထိ)     ၂၈၇                   ဝ .၉၁၆MIRT(DOBT)

Wednesday, 24 Aug 2011

ယခုအပတ် နယ်စပ်မှ ပရဆေးကုန်သွယ်မှုပိုမို               ယခုအပတ်မှာ မူဆယ်နယ်စပ်မှ ကန်ဒေါ်လာ ဝ ဒသမ ၆ဝဝ သန်းတန်ဖိုးရှိ ပရဆေးကုန်ကြမ်း တန် ၃၂ဝ ကျော်အပို့ရှိခဲ့ပါတယ်။ ယခင်အပတ်ထက် ၁၂၂ တန် ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ မူဆယ်နယ်စပ်မှ ယခုအပတ်တင်ပို့တဲ့ ပရဆေးကုန်ကြမ်းတွေကတော့ မာလာဥ၊ ဒရင်ကောက်မြစ်၊ ကွမ်းစားဂမုန်း၊ ချဉ်ပေါင်ဖာလာ (အခွံပါ/အခွံမပါ)၊ စကားပန်းပွင့်ခြောက်၊ နနွင်းတက် (ရှမ်းစ)၊ မိကျောင်း ကွမ်းဖတ်စေ့၊ မာလာဥခေါင်း၊ ကြောင်လျှာစေ့၊ ကြောင်ပန်းစေ့နဲ့တောဂျင်းတို့ပဲဖြစ်ပါတယ်။ ယခင်အပတ်ကထက် ကွမ်းစားဂမုန်း၊ နနွင်းတက်၊ မိကျောင်းကွမ်းဖတ်စေ့၊ ကြောင်ပန်းစေ့များကို ပိုမိုတင်ပို့နိုင်ခဲ့ပြီး မာလာဥသာ ယခင်အပတ် တင်ပို့မှုထက် လျော့ နည်းခဲ့ပါတယ်။ ယခုအပတ်မှာ ယခင်အပတ်က တင်ပို့နိုင်ခြင်းမရှိတဲ့ ဒရင် ကောက်မြစ်၊ ချဉ်ပေါင်ဖာလာ၊ စကားပန်းပွင့်ခြောက်၊ မာလာဥခေါင်း၊ ကြောင်လျှာ စေ့နဲ့ တောဂျင်းများလည်း တင်ပို့မှုရှိခဲ့တာဖြစ်ပါတယ်။                    တမူးနယ်စပ်မှ ယခုအပတ်မှာ ကန်ဒေါ်လာ ဝ ဒသမ ဝ၃၆ သန်းတန်ဖိုးရှိ ဖာလာ ဝ ဒသမ ၇ တန်၊ ဇာတိပ္ဖိုလ်သီး ဝ ဒသမ ၂ တန်၊ မင်သော် ၂ တန်နဲ့ ရှိန်းခို ၁ ဒသမ ၄၄ တန်၊ စုစုပေါင်း ၄ ဒသမ ၃၄ တန် အပို့ရှိခဲ့ပါတယ်။ ယခင် အပတ်ကနဲ့ နှိုင်းယှဉ်လျှင် တင်သွင်းမှု ပမာဏနည်းသော်လည်း တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ဝ ဒသမ ဝ၃၁ သန်းဖိုးပိုမိုခဲ့ပါတယ်။MIRT(DOBT) 

Wednesday, 24 Aug 2011

ကနေဒါမှ တိရစ္ဆာန်အရှင်များ ဗီယက်နမ် တင်သွင်းခွင့်ပြု                ၂ဝဝ၃ ခုနှစ်ကတည်းက ကနေဒါကနေ ကွဲျနွား၊ သိုးနဲ့ဆိတ် တင်သွင်းမှုကို ပိတ်ပင်ထားရာကနေ ပထမဆုံးအကြိမ်အနေနဲ့ အာရှဈေးကွက်ကို ပြန်လည်ဖွင့်လှစ် ပေးတော့မှာဖြစ်ကြောင်းသိရပါတယ်။ ဗီယက်နမ် စိုက်ပျိုးရေးဝန်ကြီးနဲ့ ကုန်သွယ် ရေးဝန်ကြီးတို့က ဗီယက်နမ်ဈေးကွက်ကို ကနေဒါအတွက် မကြာမီပြန်လည် ဖွင့်လှစ် ပေးမှာဖြစ်ကြောင်းကြေငြာခဲ့ပါတယ်။ ဗီယက်နမ် တိရစ္ဆာန် ကျန်းမာရေး ဌာနက လည်း ကနေဒါရဲ့ ပို့ကုန် ကွဲျနွား၊ ဆိတ်နဲ့ သိုးအရှင်များရဲ့ ထောက်ခံချက်လက်မှတ် ထုတ်ပေးပြီးဖြစ်ကြောင်းသိရပါတယ်။ ၂ဝဝ၃ ခုနှစ် မေလမှာ ကနေဒါကနေ အမဲ သားနဲ့အမဲသားထုတ်ကုန်တွေမှာ နွားရူးရောဂါရှိကြောင်း ကြေညာခဲ့ပြီး နောက်ပိုင်း ဗီယက်နမ်က ကနေဒါကနေ ကွဲျနွားအရှင်တင်သွင်းမှုကို တားမြစ်ခဲ့ တာဖြစ်တယ်။ ဗီယက်နမ်ကို ကနေဒါကနေ တိရစ္ဆာန် အရှင်တင်သွင်းမှု တန်ဖိုး ဒေါ်လာ သန်း ၅ဝ ဖိုးလောက်ပျမ်းမျှရှိနိုင်ကြောင်း သိရပါတယ်။ Source:VNS,KZW 

Wednesday, 24 Aug 2011

မြန်မာ့ပို့ကုန်ပစ္စည်းများ နယ်စပ်မှတင်ပို့မှု                 မြန်မာ-တရုတ်နယ်စပ် မူဆယ် (၁ဝ၅) မိုင် ကုန်သွယ်ရေးဇုန်မှ တစ်ဘက် တရုတ်နိုင်ငံသို့ လယ်ယာထွက်ပစ္စည်းများ၊ ရေထွက်ပစ္စည်းများ၊ သစ်တောထွက် ပစ္စည်းများ တင်ပို့လျက်ရှိရာ အဆိုပါပို့ကုန်အချို့ရဲ့မူဆယ်၁ဝ၅မိုင် ကုန်သွယ် ရေးဇုန်နဲ့ တစ်ဖက်နိုင်ငံ ရွှေလီပေါက်ဈေးတွေကတော့ အောက်ပါအတိုင်း ပဲဖြစ်ပါတယ် -ယခုအပတ် ယခင်အပတ်ပစ္စည်းအမည် ရေတွက်ပုံ     မိမိဘက်ဈေး တစ်ဖက်နိုင်ငံဈေး    မိမိဘက်ဈေး တစ်ဖက်နိုင်ငံဈေး    ပြောင်းလဲမှု                                           (ကျပ်)      (ယွမ်)                    (ကျပ်)          (ယွမ်)ပဲတီစိမ်း          တန်              ၆ဝ၇၄၅၃        ၅၂ဝဝ                ၆၁၁၈၉၇        ၅၅ဝဝပြောင်းဖူးစေ့    တန်               ၂ဝ၈၇၆၉        ၁၈၄ဝ                ၂ဝ၈၇၆၉        ၁၈ဝဝနှမ်းဖြူ             တန်              ၈၃၅၁၈၂        ၇၅ဝဝ                ၈၃၅၁၈၂         ၈၃ဝဝ            မြန်မာ-အိန္ဒိယနယ်စပ် ရိဒ်နယ်စပ်စခန်းမှ တစ်ဖက် အိန္ဒိယနိုင်ငံသို့ ကွမ်းသီး၊ မုန့်မျိုးစုံ၊ ဝက်အရှင်တို့ တင်ပို့လျက်ရှိရာ အဆိုပါပို့ကုန်အချို့ရဲ့ ရိဒ် ပေါက်ဈေးနဲ့ တစ်ဖက်နိုင်ငံ မီဇိုရမ်ပေါက်ဈေးတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ် -                                                  ယခုအပတ်                          ယခင်အပတ်ပစ္စည်းအမည် ရေတွက်ပုံ      မိမိဘက်ဈေး တစ်ဖက်နိုင်ငံဈေး     မိမိဘက်ဈေး တစ်ဖက်နိုင်ငံဈေး         ပြောင်းလဲမှု                                        (ကျပ်)              (ရူပီး)                (ကျပ်)          (ရူပီး)ကွမ်းသီး         တန်             ၈၉၂၅ဝဝ          ၅၄ဝ၄ဝ               ၈၉၂၅ဝဝ       ၅၄ဝ၄ဝမုန့်မျိုးစုံ         ကီလို              ၁၃ဝဝ              ၁ဝဝ                  ၁၃ဝဝ            ၁ဝဝဝက်(အရှင်)    ကီလို              ၂ဝဝဝ                ၉၈                  ၂ဝဝဝ            ၉၈

Tuesday, 23 Aug 2011

နယ်စပ်မှ သစ်သီးဝလံတင်ပို့မှု ကျပ် ၄၁ သန်းကျော် ဆောင်ရွက်                ယခုအပတ်မှာ မူဆယ်နဲ့ တမူးနယ်စပ်ကုန်သွယ်ရေး စခန်းများမှတဆင့် တစ်ဖက်အိမ်နီးချင်းနိုင်ငံများသို့ ကျပ် ၄၁ သန်းကျော်တန်ဖိုးရှိ နာနတ်သီးတန် ၂ဝဝ၊ ဖရဲသီး ၇၃ တန် ခန့်၊ သခွားမွှေး ၁၆ တန်၊ သရက်သီး ၁ဝ တန်ခွဲနဲ့ တမူးမှ ပန်းသီး ၈ တန်နီးပါးအပို့ရှိခဲ့ပါတယ်။မူဆယ်နယ်စပ်ကတော့ ယခုအပတ်မှာ ကျပ် ၁၅၄ သန်းဖိုး တန်ဖိုးရှိ ပန်းသီး ၄၄၄ တန်ခန့် အသွင်းရှိခဲ့ပါတယ်။ ယခင်အပတ်ကထက် ပန်းသီး ၇၄ တန်ပိုမိုတင်သွင်းခဲ့ပါတယ်။                                ရာသီချိန်ကုန်ပြီဖြစ်တဲ့အတွက် သရက်သီးတင်ပို့နိုင်မှုမှာ သိသိသာသာလျော့နည်းသွားပြီဖြစ်ပါတယ်။ ယခုအပတ်မှာ သခွားမွှေးတင်ပို့မှု ၁ တန်သာပိုမိုခဲ့သော်လည်း နာနတ်နဲ့ ဖရဲတင်ပို့မှုမှာတော့ လျော့ကျသွားတာတွေ့ရပါတယ်။ MIRT(DOBT)

Tuesday, 23 Aug 2011

တရုတ်နယ်စပ်မှ အေးခဲအမဲသားတင်ပို့မှု ပိုမို            သြဂုတ်လ ၃ ရက်မှ ၉ ရက်ထိကာလအတွင်း မြန်မာ-တရုတ်နယ်စပ်ရှိ ချင်းရွှေဟော်နယ်စပ်ကုန်သွယ်ရေးစခန်းမှ ကန်ဒေါ်လာ ဝ ဒသမ ၄၅၂ သန်းတန်ဖိုးရှိ အေးခဲအမဲသား ၁၃၇ တန် တင်ပို့ခဲ့ပြီး မူဆယ်နယ်စပ်မှ ကန်ဒေါ်လာ ဝ ဒသမ ၂၁၄ သန်း တန်ဖိုးရှိ အေးခဲအမဲသား ၇၁ တန်ကျော် တင်ပို့မှု ရှိခဲ့ ပါတယ်။ ယခင်အပတ်ကထက် အေးခဲအမဲသား တန် ၆ဝ ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ချင်းရွှေဟော်နယ်စပ်မှ ဇူလိုင်လက စတင်ပြီး စမ်းသပ်တင်ပို့ခဲ့ရာ စုစုပေါင်း ၃၉၈ တန် တင်ပို့ ထားနိုင်ခဲ့ပြီးဖြစ်ပါတယ်။MIRT(DOBT)

Tuesday, 23 Aug 2011

ယခုအပတ် နယ်စပ်မှ ဂဏန်းတင်ပို့မှုပို            မူဆယ် ၁ဝ၅ မိုင် ရေထွက်ကုန်ကုန်စည်ဒိုင်မှတစ်ဆင့် ရေထွက်ကုန်များ တင်ပို့လျက်ရှိရာ ယခု အပတ်မှာ ကဏန်း တင်ပို့မှု ၂၇ တန် ပိုမိုခဲ့ပါတယ်။ မူဆယ်မှ ယခုအပတ်မှာ ကန်ဒေါ်လာ ဝ ဒသမ ၆၉၅ သန်း တန်ဖိုးရှိ ငါးရှဉ့် ၂၇၄ တန်ကျော်၊ ကန်ဒေါ်လာ ဝ ဒသမ ၃၈၁ သန်းတန်ဖိုးရှိ ဂဏန်း ၁၄၈ တန်ခန့်နဲ့ ကန်ဒေါ်လာ ဝ ဒသမ ၁၁၇ သန်းတန်ဖိုးရှိ ရေငန်ငါးမျိုးစုံ ၃၇ တန်ကျော် အပို့ရှိခဲ့ပါတယ်။ ယခင်အပတ်ကထက် ငါးရှဉ့် ၄၈ တန်၊ ရေငန်ငါးမျိုးစုံ ၅ တန်တင်ပို့မှုလျော့နည်းခဲ့ပါတယ်။ ကုန်ကြမ်းစတင် စုဆောင်းသောအရပ်များတွင် မိုးသည်းထန်စွာရွာသွန်းနေမှုများကြောင့် ပစ္စည်းစုဆောင်းရခက်ခဲခြင်း၊ သယ်ယူပို့ဆောင်မှု အခက်အခဲ များရှိခြင်းကြောင့် ကုန်တက်နည်းရခြင်းဖြစ်ပါတယ်။ ယခုအပတ်မှာ ဂဏန်းဈေးများ ပိုရတာတွေ့ရပါတယ်။ ကုန်တက်နဲ့ ပစ္စည်းအရည်အသွေးပေါ် မူတည်ပြီး ငါးရှဉ့်ဒိုင်မှ ကြားခံဈေးသတ် မှတ်ပေးလျက်ရှိတာဖြစ်ပါတယ်။ မိမိဘက်နဲ့ တစ်ဖက်နိုင်ငံ မြေပြင်ပေါက်ဈေးများကို နှိုင်းယှဉ်ဖော်ပြပေး လိုက်ရပါတယ်                                          မိမိဘက်(ကျပ်/တန်)                  တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)                         ယခု            ယခင်        ပြောင်းလဲမှု    %      ယခု     ယခင်    ပြောင်းလဲမှု   %ငါးရှဉ့်                  ၁၉၃၂၅ဝဝ    ၁၉၆၃ဝဝဝ     ၃ဝ၅ဝဝ      ၁ .၆   ၂၅ဝဝ  ၂၆ဝဝ        ၁ဝဝ        ၄ကဏန်း (ဂရမ်)၂၅ဝဂရမ်အထက်   ၂၅၄၃၁၇ဝ    ၂၃၄ဝ၅ဝဝ      ၂ဝ၂၆၇ဝ     ၈      ၃၂၉ဝ   ၃၁ဝဝ       ၁၉ဝ         ၆၂ဝဝ-၂၅ဝ ဂရမ်     ၂၃၈၈၅၇ဝ    ၂၁၈၉၅ဝဝ      ၁၉၉ဝ၇ဝ     ၈      ၃ဝ၉ဝ   ၂၉ဝဝ       ၁၉ဝ         ၆၁၅ဝ-၂ဝဝ ဂရမ်    ၂၂၃၃၉၇ဝ     ၂ဝ၃၈၅ဝဝ      ၁၉၅၄၇ဝ     ၉      ၂၈၉ဝ   ၂၇ဝဝ       ၁၉ဝ         ၇၁ဝဝ-၁၅ဝ ဂရမ်    ၂၁၁၈ဝ၂ဝ     ၁၉၂၅၂၅ဝ      ၁၉၂၇၇ဝ     ၉     ၂၇၄ဝ    ၂၅၅ဝ       ၁၉ဝ          ၇MIRT(DOBT)

Tuesday, 23 Aug 2011

ယခင်အပတ်ထက် ပရဆေး အဝင်လျော့              ယခုအပတ်မှာ မူဆယ်နယ်စပ်မှ ကန်ဒေါ်လာ ဝ ဒသမ ၃၁၁ သန်းတန်ဖိုးရှိ ပရဆေးကုန်ကြမ်း ၂ဝ၁ တန် အပို့ရှိခဲ့ပြီး ယခင်အပတ်ထက် ၈၆ တန် လျော့နည်းတင်ပို့ခဲ့တာတွေ့ရပါတယ်။ ယခုအပတ်တင်ပို့တဲ့ ပရဆေးကုန် ကြမ်းတွေကတော့ မိကျောင်းကွမ်းဖတ်စေ့၊ စကားပန်းပွင့်ခြောက်၊ နေလဲစေ့၊ နနွင်းတက် (ရှမ်းစ)၊ နနွင်းခေါင်း၊ မာလာဥ၊ ကွမ်းစားဂမုန်း၊ ကြောင်ပန်းစေ့၊ အုံတုံခေါက်၊ တောဂျူးမြစ် နဲ့ တောင်လုံးကျော် တို့ဖြစ်ပါတယ်။ယခင်အပတ် တင်ပို့မှုရှိခဲ့တဲ့ တောဂျင်းကတော့ ယခုအပတ်မှာ တင်ပို့မှုမရှိပါဘူး။ ယခင်အပတ်က တင်ပို့ခဲ့ခြင်းမရှိပေမဲ့ ယခုအပတ်မှာ တောင်လုံးကျော် တင်ပို့မှု ရှိခဲ့ပါတယ်။ နေလဲစေ့၊ ကြောင်ပန်းစေ့၊ မာလာဥနဲ့ တောဂျူးမြစ်တို့ ယခင်အပတ်ကထက် ပိုမိုတင်ပို့နိုင်ခဲ့ပြီး မိကျောင်းကွမ်းဖတ်စေ့၊ နနွင်းတက် (ရှမ်းစ)၊ နနွင်းခေါင်း၊ စကားပန်းပွင့်ခြောက်၊ အုံတုံခေါက်နဲ့ ကွမ်းစားဂမုန်းတို့ လျော့နည်းတင်ပို့ခဲ့ပါတယ်။ တမူးနယ်စပ်မှ ကန်ဒေါ်လာ ဝ ဒသမ ဝဝ၁ သန်းတန်ဖိုးရှိ တောင်လုံးကျော် ၅ ဒသမ ၅ တန်နဲ့ ကန်ဒေါ်လာ ဝ ဒသမ ဝဝ၄ သန်းတန်ဖိုးရှိ ဖာလာ ဝ ဒသမ ၅ တန်အသွင်းရှိခဲ့ပါတယ်။ ယခင်အပတ်ကထက် တင်သွင်းမှု ပမာဏ ပိုမိုခဲ့သော်လည်း တန်ဖိုးမှာမူ ယခင်အပတ်ကို မမီခဲ့ပါဘူး။ ယခင်အပတ်က မင်သော်၊ ရှိန်းခို၊ ဆောင်မေခါးတို့ကို ၃ တန်ကျော် တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ဝ ဒသမ ဝ၁၅ သန်းဖိုး တင်သွင်းခဲ့တာ ဖြစ်ပါတယ်။MIRT(DOBT)

Tuesday, 23 Aug 2011

စစ်တွေနယ်စပ်မှ ယခုအပတ်ရေထွက်ပစ္စည်း တင်ပို့မှုလျော့                  သြဂုတ် ၃ ရက်မှ သြဂုတ် ၉ ရက်ထိ ကာလအတွင်း စစ်တွေနယ်စပ်မှ ရေငန်ပုစွန် ၅ တန်ကျော် တန်ဖိုးကန်ဒေါ်လာ ဝ ဒသမ ဝ၃၁ သန်း၊ ငါးနီတူခြောက် ၃ တန် တန်ဖိုးကန်ဒေါ်လာ ဝဒသမ ဝဝ၄ သန်း၊ရေချိုငါးတန် ၁၄ဝကျော် တန်ဖိုး ကန်ဒေါ်လာ ဝ ဒသမ ၁၁၉ သန်း၊ စုစုပေါင်းတန်ချိန် ၁၅ဝကျော်တန်ဖိုး ကန် ဒေါ်လာ ဝ ဒသမ ၁၅၄သန်းတင်ပို့နိုင်ခဲ့ပါတယ်။                 ယခင်အပတ်က တန်ချိန် ၄၂ဝကျော်တင်ပို့နိုင်ခဲ့ပြီး၊ ယခုအပတ်မှာတော့ တန်ချိန် ၂၇ဝ ကျော်လျော့နည်းတင်ပို့တာတွေ့ရပေမဲ့လည်း ယခုအပတ်မှာ ငါးနီတူ ခြောက် ပါတင်ပို့နိုင်တာ တွေ့ရပါတယ်။ ရာသီဥတုအခြေအနေကြောင့် မိုးသည်း ထန်စွာရွာသွန်းနေတဲ့ အတွက် ရေထွက်ကုန်များစုစည်းရရှိမှုနည်းခြင်း၊ လမ်းပန်း ဆက်သွယ်ရေးအခက်အခဲများကြောင့် တင်ပို့မှုလျော့နည်းခဲ့ ရခြင်းဖြစ်ပါ တယ်။ စစ်တွေနယ်စပ်မှ တစ်ဘက်ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ဇူလိုင်လတစ်လလုံး ရေထွက်ပစ္စည်းတန်ချိန် ၁၄၃၇ ကျော် တန်ဖိုး ကန်ဒေါ်လာ ၁ ဒသမ ၃၅၇ သန်း တင်ပို့နိုင်ခဲ့တယ်လို့သိရပါတယ်။              မိမိဘက်မြေပြင်ပေါက်ဈေးများကတော့ ရေချိုငါး ၁ တန်ကို ကန်ဒေါ်လာ ၇၇၅ မှ ၁၄၂၈ ထိ ဖြစ်ပြီး၊ ငါးနီတူခြောက် ၁ တန်ကို ကန်ဒေါ်လာ ၁၃၉ဝ နဲ့ ရေငန် ပုစွန် တန် ၁ တန်ကို ကန်ဒေါ်လာ ၄၂ဝဝ မှ ၁ဝ၅ဝဝ ထိဈေးပေါက်လျက် ရှိပြီး ယခင်အပတ်အတိုင်း ဈေးပြောင်းလဲ မှု မရှိဘူးလို့သိရပါတယ်။ တင်တင်ထွန်း၊MIRT(DOBT)

Pages