Background
လွယ်ဂျယ်မှ ဖရဲသီး တန် ၅၅ဝ ကျော် မတ်လ တတိယပတ်မှာ တင်ပို့နိုင် မြန်မာ-တရုတ်နယ်စပ်ရှိ လွယ်ဂျယ်နယ်စပ်ကုန်သွယ်ရေးစခန်းမှ မတ်လတတိယပတ်မှာ ကျပ် ၄ ဒသမ ၅၄ သန်း တန်ဖိုးရှိဖရဲသီး တန် ၅၅ဝ ကျော်တင်ပို့နိုင်ခဲ့ပါတယ်။ ဇန်နဝါရီလ ၂၃ မှ ၂၉ ရက်ထိ ကာလအတွင်းမှာ ၉ တန်တင်ပို့ခဲ့ပြီးနောက် ဖရဲသီးတင်ပို့မှု မရှိပဲ ရပ်တန့်လျက်ရှိရာမှ ယခုမတ်လ တတိယပတ်မှာ တန် ၅၅ဝ ကျော် တင်ပို့လာနိုင်တာဖြစ်ပါတယ်။ လွယ်ဂျယ်နယ်စပ်မှ ၂ဝ၁ဝ-၂ဝ၁၁ ဘဏ္ဍာနှစ် ဧပြီလမှ ဇန်နဝါရီလကုန်ထိ ဖရဲသီး တန် ၄၉၇၇ တန် တင်ပို့ထားပြီး ဖြစ်တယ်လို့ သိရပါတယ်။ ှSource: နကသ MIRT (DOBT)
တရုတ်ပြည်တွင် ဆားလုံလုံလောက်လောက်ရှိဟု တရုတ် စီးပွားကူးသန်းဝန်ကြီးဌာန ကြေညာထား ဂျပန် နျူကလီးယား အကျပ်အတည်း ပြဿနာကြောင့် ရေဒီယို သတ္တိြွကမှု (radiation) ဒဏ်ကို ကာကွယ်ဖို့ တရုတ်နိုင်ငံရှိ ပေဂျင်းနဲ့ ရှန်ဟိုင်း အပါအဝင် နေရာတော်တော်များများတွင် ဆားဝယ်လိုအား ရုတ်တရက် မြင့်မားသွားကြောင်း သိရပါတယ်။ ဒါကြောင့်မတ်လ ၁၈ ရက်နေ့တွင် တရုတ်နိုင်ငံ စီးပွားရေးနဲ့ ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာနက အခြားအစိုးရ ဌာနတွေနဲ့ပူးပေါင်းပြီး ဆားရုတ်တရက် ဝယ်ယူမှုများလာခြင်းကို ရပ်တန့်စေလိုကြောင်း၊ ပြည်တွင်း ဆားသိုလှောင်ထားမှု လုံလုံလောက်လောက် ရှိကြောင်း ၎င်းရဲ့ဝက်ဘ်ဆိုက်တွင် ကြေ ညာထားပါတယ်။ တရုတ်က နှစ်စဉ် ဆားတန်ချိန် သန်း ၈ဝ ကျော်ထုတ်လုပ်ပြီး ပြည်တွင်း စားသုံးမှုမှာ တန်ချိန် ၈ သန်းသာ ဖြစ် ကြောင်း၊ တရုတ်နိုင်ငံတွင် ၃ လစာ အတွက်ဆားကို လုံလုံလောက်လောက် အမြဲတမ်း သိုလှောင်ထားရှိကြောင်း ဖော်ပြထားပါတယ်။ Source:chinadaily.com, ပပ
ဗီယက်နမ် လတ်ဆတ်သစ်သီး ပြည်ပတင်ပို့မှု အခက်အခဲများနဲ့ ရင်ဆိုင်နေရ ဗီယက်နမ် စီးပွားရေးလုပ်ငန်းရှင်များဟာ ၎င်းတို့ရဲ့ ထုတ်ကုန်များ ငြင်းပယ်ခံရမှုနဲ့ ကြုံတွေ့နေရတဲ့ အတွက် ၎င်းတို့ကုန်များကို လျှော့ဈေး နဲ့ ရောင်းချရောင်း ဒါမှမဟုတ် တရုတ် နိုင်ငံကို တင်ပို့ရမယ့် အခြေအနေဖြစ်နေတယ်လို့ သိရပါတယ်။ ၂ဝ၁၁ ခုနှစ် အစပိုင်းကစပြီး ဗီယက်နမ်လတ်ဆတ် သစ်သီးများဟာ ကမ္ဘာ့ ွGAP စံချိန် စံညွှန်းနဲ့မမီဘူးဆိုပြီး ဥရောပနိုင်ငံများစွာက တင်သွင်းမှု ရပ်ဆိုင်းခဲ့တဲ့အတွက် ဈေးနှုန်းတွေ ကျဆင်းခဲ့ရပါတယ်။ ဂရိတ်ဖရုသီးဈေးဟာ တစ်ကီလိုကို ဒေါင် ၁ဝဝဝဝ (ကန်ဒေါ်လာ ဝ ဒသမ ၄၈)ကျဆင်းပြီး ဒေါင် ၁၈ဝဝဝ (ကန်ဒေါ်လာ ဝ ဒသမ ၈၆) ဖြစ်လာပြီး တရုတ်လိုင်ချီး (Longan) သီးက တစ်ကီလို ဒေါင် ၁၂ဝဝဝ (ကန်ဒေါ်လာ ဝ ဒသမ ၅၈) ကို ဒေါင် ၈ဝဝဝ (ကန်ဒေါ်လာ ဝ ဒသမ ၃၈) ကျဆင်းခဲ့တယ် လို့ သိရပါတယ်။ ဥရောပကို သစ်သီး တင်ပို့ခြင်းက သီးနံှတန်ဖိုးကို မြင့်တက်စေပြီး တောင်သူနဲ့ တင်ပို့သူများ အကျိုးအမြတ် ပိုမိုရရှိစေတယ်လို့ တောင်ပိုင်းသစ်သီးသုတေသနတက္ကသိုလ် ဒါရိုက်တာ Nguyen Minh Chau က ပြောကြားပါတယ်။ အကယ်လို့ ဗီယက်နမ်အနေနဲ့ လျှော့ဈေးဈေးကွက်တွေကို မီခိုနေမယ်ဆိုရင် စိုက်ပျိုးသူများ ဆုံးရှုံး နိုင်တယ်လို့ ဆိုပါတယ်။ လတ်တလော ဥရောပဈေးကွက်များက ဗီယက်နမ်က ဂရိတ်ဖရုသီး၊ ငှက်ပျော၊ သင်္ဘောသီး၊ နဂါးမောက်သီး နဲ့ သရက်သီးလို အပူပိုင်းသစ်သီးတွေကို ဝယ်လိုကြပါတယ်။ ဒါပေမဲ့ ၎င်းတို့ အနေနဲ့ အကောင်းဆုံးအဆင့်မြင့် စားသုံးတဲ့ ဈေးကွက်အတွက် စဉ်းစားပြီး သစ်သီးအားလုံးကို ကမ္ဘာ့ ွGAP စံချိန်မီ စေ လိုကြပါတယ်။ ဒါကြောင့် အစိုးရ အနေနဲ့ ပြည်ပဈေးကွက်ခဲျ့ထွင်ဖို့နဲ့ တောင်သူအကျိုးအမြတ် တည်ငြိမ်စေရေးတို့အတွက် ကမ္ဘာ့ GAP စံချိန် စံညွှန်းအတိုင်း ထုတ်လုပ်ဖို့ တောင်သူများကို မူဝါဒများအကြံဉာဏ်ပေးသင့် တယ်လို့ Minh Chau က အကြံပြု ထားပါတယ်။ ယမင်းခင် Source: VOVnews.Un
ချင်းရွှေဟော်မှ ဖရုံသီးတင်ပို့မှု အားကောင်းနေ မြန်မာ-တရုတ်နယ်စပ်ရှိ ချင်းရွှေဟော်နယ်စပ်မှ မတ်လ ၁၆ ရက်မှ ၂၂ ရက်ထိကာလအတွင်း ကွမ်းလုံ ဒေသထွက် ဖရုံသီး တန် ၁ဝဝ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၉ဝ၉ဝ ဖိုး တင်ပို့နိုင်ခဲ့ပါတယ်။ ယခင် အပတ်က တန် ၇ဝ သာ တင်ပို့ခဲ့ တာမို့ ယခုအပတ် တန်ချိန်အားဖြင့် ၃ဝ ၊ ရာခိုင်နှုန်းအားဖြင့် ၄၂ ရာခိုင်နှုန်း ခန့် တင်ပို့မှု ပိုမိုလျက်ရှိပါတယ်။ မိမိဘက်မှာ ဖရုံသီး တစ်ကီလို ၁၃ဝ ကျပ်နဲ့ တစ်ဘက်နိုင်ငံမှ ၁ ဒသမ ၁၅ ယွမ် ဈေးပေါက် လျက် ရှိတယ်လို့ သိရပါတယ်။MIRT (DOBT)
အိန္ဒိယနယ်စပ်မှ ယခုအပတ်ကွမ်းသီး တင်ပို့မှုရှိ မြန်မာ-အိန္ဒိယနယ်စပ်ရှိ တမူးနဲ့ ရိဒ်နယ်စပ်ကုန်သွယ် ရေး စခန်းများမှ ကန်ဒေါ်လာ ဝ ဒသမ ဝ၃၉ သန်းတန်ဖိုးရှိ ကွမ်းသီး ၃၈ တန်ခန့် တင်ပို့နိုင်ခဲ့တယ်လို့ သတင်းရရှိပါတယ်။ MIRT (DOBT)
ပီလောပီနံခြောက်နဲ့ပီလောပီနံကုန်ကြမ်းများ ကန်ပိုက်တီးမှဆက်လက်တင်ပို့လျက်ရှိ မြန်မာ-တရုတ်နယ်စပ်ရှိ ကန်ပိုက်တီးနယ်စပ်စခန်းမှ မတ်လ ၁၆ ရက်မှ ၂၂ ရက်ထိ ကာလအတွင်း စက်မှု ကုန်ကြမ်း ပီလောပီနံခြောက် တန် ၁ဝဝ နဲ့ ပီလောပီနံမှုန့် (စတာ့ချ်) တန် ၃ဝဝ စုစုပေါင်းကန်ဒေါ်လာ ဝ ဒသမ ၁ဝ၉ သန်းဖိုး တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်အပတ်က ပီလောပီနံမှုန့် တင်ပို့မှုသာရှိခဲ့ပေမဲ့ ယခုအပတ်မှာပီလောပီနံခြောက်ပါ တင်ပို့ နိုင်ခဲ့တာဖြစ်ပါတယ်။ MIRT (DOBT)
ကောက်ခံရရှိအခွန်ငွေထက် အသုံးစရိတ်က ပိုမိုလျက်ရှိသော ထိုင်းနိုင်ငံ ၂ဝ၁ဝ ပြည့်နှစ် အောက်တိုဘာလမှ ၂ဝ၁၁ ခုနှစ် ဖေဖော်ဝါရီလထိ ပထမငါးလအတွင်း ထိုင်းအစိုးရမှ အခွန်ကောက်ခံ ရရှိမှုမှာ ဘတ် (၆၄၄) ဘီလီယံဖြစ်ပြီး စီးပွားရေးလုပ်ငန်းများ ကျယ်ကျယ်ပြန့်ပြန့်ဆက်လက် ဆောင်ရွက်နိုင်ရန်နှင့် ဘဏ္ဍာရေး အခြေအနေ ခိုင်မာစေရန် များစွာအထောက်အကူပြုစေလျက်ရှိကြောင်း ပြည်တွင်းအခွန်ဦးစီးဌာ ညွှန်ကြားရေးမှူးချုပ်Naris Chaiyasoot မှ ပြောကြားခဲ့ပါသည်။၏ ပြည်တွင်းအခွန်၊ စည်းကြပ်ခွန်၊ အကောက်ခွန်ဌာနစသည့်ဌာနများနှင့် ပြည်နယ်စီးပွားရေးလုပ်ငန်းများမှ တစ်နှစ် ထက်တစ်နှစ် ရာခိုင်နှုန်းအားဖြင့် ၄ ဒသမ ၄ ရာခိုင်နှုန်း၊ တန်ဖိုးအားဖြင့် ဘတ် (၈၁) ဘီလီယံပိုမိုကောက်ခံ ရရှိလျက်ရှိသည်ဟု သူကဆိုသည်။ သို့သော် ထိုင်းအစိုးရ အသုံးစရိတ်မှာ ဘတ် (၉၈၈) ဘီလီယံဖြစ်ပြီး ယခင်နှစ် ထက် ၂၆ ဒသမ ၁ ရာခိုင်နှုန်း၊ တန်ဖိုးအားဖြင့် ဘတ် (၂ဝ၄) ဘီလီယံပိုမိုသုံးစွဲခဲ့သဖြင့် အခွန်ငွေထက် အသုံးစရိတ် မှာ ကျော်လွန်လျက်ရှိပြီး ဘတ် (၃၄၃) ဘီလီယံမှာ လိုငွေပြလျက်ရှိကြောင်း သိရသည်။ ယခုဘဏ္ဍာနှစ်အတွင်း လျာထားချက် ဘတ် ၁ ဒသမ ၂ ထရီလီယံကျော် ပိုမိုကောက်ခံရရှိနိုင်ဖွယ် ရှိသည်ဟု ဘဏ္ဍာရေး ဝန်ကြီးဌာနက ယုံကြည်မှုရှိကြောင်း ြမေငျ ဃ့ငေပျေသသအ က ထပ်လောင်း ပြောကြားခဲ့ပါသည်။ အေးသက်၊ ှSource:bangkokpost.com
နယ်စပ်မှ ပုံမှန်တင်ပို့နေရတဲ့ ပရဆေးကုန်ကြမ်း မတ်လ ၁၆ ရက်မှ ၂၂ ရက်ထိ ကာလအတွင်း မူဆယ် ၁ဝ၅ မိုင်ကုန်သွယ်ရေးဇုန်မှ ကန်ဒေါ်လာ ၁ ဒသမ ၁၈၂ သန်းတန်ဖိုးရှိ ပရဆေးကုန်ကြမ်း ဆယ်မျိုးကျော်ကို ၈ဝ၅ တန်ကျော် တင်ပို့နိုင်ခဲ့ပါတယ်။ မိကျောင်းကွမ်းဖတ်စေ့၊ နေလဲစေ့၊ ချဉ်ပေါင်ဖာလာအခွံပါ၊ ဒရင်ကောက်မြစ်၊ ကွမ်းစားဂမုန်း၊ ကြောင်ပန်းစေ့၊ ကြောင်လျှာစေ့၊ မျောက်ဥခြောက်နဲ့ မာလာဥ ခေါင်းများ တင်ပို့ခဲ့တာဖြစ်ပါတယ်။ တမူးနယ်စပ်ကနေတော့ ကန်ဒေါ်လာ ၁ဝဝ တန်ဖိုးရှိ တောင်လုံးကျော် တန်ဝက်နဲ့ ကန်ဒေါ်လာ ၁ဝဝဝ တန်ဖိုး၊ စမုံညို ၁ ဒသမ ၄ တန် တင်သွင်းမှုရှိခဲ့တယ်လို့ သတင်းရရှိပါတယ်။ Source: နကသMIRT (DOBT)
မူဆယ်မှ ဖရဲသီးတင်ပို့မှု လျော့ကျသော်လည်း သခွားမွှေးတင်ပို့မှု ပိုမို မတ်လ ၁၆ ရက်မှ ၂၂ ထိ ရက်သတ္တပတ်အတွင်း မူဆယ် ၁ဝ၅ မိုင်ကုန်သွယ်ရေးဇုန်ရှိ သစ်သီးဝလံ ကုန်စည် ဒိုင်သို့ ဖရဲသီးကားများ အဝင်နည်းသော်လည်း သခွားမွှေး ကားများ ပိုမိုဝင်လာလျက်ရှိပါတယ်။ မန္တလေးတိုင်းဒေသကြီး ထွက်ဖရဲသီး ၈ဝ၂၉ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၁ ဒသမ ဝ၆၂၇ သန်းဖိုး တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်အပတ်က တန်ချိန် ၁ဝ၂ဝဝ ကျော်တင်ပို့ခဲ့တာမို့ ယခုအပတ်မှာ တန် ၂၂ဝဝ နီးပါး တင်ပို့မှုလျော့နည်းခဲ့ပါတယ်။ မူဆယ်အပြင် ယခုအပတ်မှာ မောင်တောနယ်စပ်မှလည်း ဒေသထွက် ဖရဲသီး ၄၄ တန်ကျော်တင်ပို့နိုင်ခဲ့ပြီး ယခင်အပတ်ကထက် ၁၇ တန်ကျော် တင်ပို့မှုပိုမိုခဲ့ပါတယ်။ သခွားမွှေး တင်ပို့မှုကို ကြည့်လျှင်တော့ ယခုအပတ်မှာ ကန်ဒေါ်လာ ဝ ဒသမ ၈၅ဝ၇ သန်းတန်ဖိုးရှိ သခွားမွှေး ၄၄၈၇ တန်ကျော် တင်ပို့နိုင် ခဲ့ပြီး ယခင်အပတ်ကထက် တန်ချိန် ၁၁၆၉ တန်ကျော် ပိုမို တင်ပို့နိုင်ခဲ့ပါတယ်။ နယ်စပ်မှာ ရွှေသခွားမွှေး ၁ ကီလို ၆ ဒသမ ၅ ယွမ်မှ ၇ ယွမ်၊ ဖရဲသခွား ၁ ကီလို ၆ ယွမ်ကျော်နဲ့ ပိုက်ကွက်သခွား ၁ ကီလို ၆ ယွမ်ဈေး ဝန်းကျင်ဈေးပေါက် လျက် ရှိပါတယ်။ MIRT (DOBT)
နယ်စပ်က ပန်းသီးပို့သလို အသွင်းလည်းရှိ မြန်မာ-အိန္ဒိယနယ်စပ်ရှိ ရိဒ်နယ်စပ်ကုန်သွယ်ရေးစခန်းမှတစ်ဆင့် တစ်ဘက်နိုင်ငံ ရိခေါဒါရ်သို့ ဒေသထွက်ချင်း တောင်ပန်းသီး ၁၃ တန်ကျော် ကန်ဒေါ်လာ ၃၉၅၄ ဖိုး မတ်လ ၁၆ ရက်မှ ၂၂ ရက်ထိ ကာလအတွင်း တင်ပို့နိုင်ခဲ့ပါတယ်။ မြန်မာ-တရုတ် နယ်စပ်မှာတော့ တစ်ဖက်နိုင်ငံ ရွှေလီ-ကျယ်ဂေါင်တို့မှ တစ်ဆင့် တရုတ်ပန်းသီးတန်ချိန် ၄၃၅ တန်ကျော် တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၁၃၉၄ဝဝ ဖိုး တင်သွင်းနိုင်ခဲ့တယ်လို့ သတင်းရရှိပါတယ်။ MIRT (DOBT)