Main menu

Background

Tuesday, 7 May 2013

စားသုံးသူအကာအကွယ်ပေးရေးနဲ့ တရားမဝင်ကုန်သွယ်မှု တားဆီးထိန်းချုပ် ရေးအဖွဲ့ လရ-၂ ဟာ စစ်တောင်းတံတားဟောင်းနဲ့တံတားသစ်လမ်းဆုံအနီး ယာယီအခြေပြုပြီး ကုန်တင်ယာဉ်၊ ခရီးသည်တင်ယာဉ်၊ မှန်လုံယာဉ်၊ ယာဉ်ငယ် များအားစစ်ဆေးမှု ကိုဆောင်ရွက်နေပါတယ်။ ဧပြီလ ၂၅ ရက် ၀၈း၀၀ ချိန်မှာတော့ တာဝန်သိသူတစ်ဦးက Mobile Ph:  နဲ့ဆက်သွယ်ပြီး သိန်းသန်းကျော်ယာဉ်လိုင်းက မှန်လုံယာဉ် ၈ဈ/xxxx ပေါ်မှာ ဘီယာဖာများတင်ဆောင်သွားတယ်လို့ သတင်း ပေးလာပါတယ်။ အဖွဲ့အနေနဲ့မှတ်တမ်းတင်ထားရှိပြီး စနစ်တကျစောင့်ဆိုင်းရှာ ဖွေမှုပြုလုပ်ခဲ့ရာ ၁၁း၀၀ ချိန်မှာ ကျိုက်ထိုမှရန်ကုန်သို့ပြေးဆွဲတဲ့ယာဉ်ပေါ်မှာ  Beer Chang ၃၃၀ မီလီမီတာပါ ၂၄ ဘူးပါ  ၂၉ ဖာကို ခရီးသည်ထိုင်ခုံများအောက်မှ သိုဝှက်သယ်ဆောင် လာတာကို စစ်ဆေးတွေ့ရှိခဲ့ပါတယ်။ အဆိုပါ  Beer Chang ၂၄ဘူးပါ ၂၉ ဖာဟာတန်ဖိုးအားဖြင့် ကျပ်၃ ဒသမ ၄၈၀ သိန်းတန်ဖိုးရှိပြီးအကောက် ခွန်လုပ်ထုံးလုပ်နည်းနဲ့အညီ အမှုတွဲဖွင့်လှစ်ထားပြီဖြစ်တယ်လို့ သတင်း ရရှိပါတယ်။Source: လရ (၂ )MTN

Monday, 29 Apr 2013

မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်ကူးသန်းရောင်းဝယ်ရေး ဇုန်မှ ဧပြီလ ၁၇ ရက်မှ ၂၃ ရက် သြင်္ကန်ကာလအပြီးမှာပဲ မြန်မာ့ သရက်တွေတရုတ်ကိုစတင်တင်ပို့နေပါပြီ၊ ကန်ဒေါ်လာ သုည ဒသမ ၂၃၁ သန်းတန်ဖိုးရှိတဲ့ သရက်သီး ၈၅၄ တန်ကျော်ကိုတင်ပို့ခဲ့ခြင်း ဖြစ်ပြီး တင်ပို့တဲ့သရက်သီးအမျိုးအစားတွေကတော့ စိန်တစ်လုံး၊ ရွှေဟင်္သာနဲ့သရက်သီးအကြမ်းတို့ပဲဖြစ်ပါတယ်။ ယမန်နှစ်ကာလတူ ၂၀၁၂ ခုနှစ်ဧပြီလ ၁၇ ရက်မှ ၂၃ ရက်အတွင်းမှာတော့ တန်ချိန် ၁၀၀၀ ကျော်တင်ပို့နိုင်ခဲ့ပြီး ယမန်နှစ်ကသြင်္ကန်ကာလမတိုင်ခင်ဧပြီ လဆန်းပိုင်းက တည်းက တင်ပို့ခဲ့တာလို့သိရပါတယ်။ စိန်တစ်လုံး သရက်သီးမိမိဘက်ပေါက်ဈေးတစ်တန်ကို ၅၁၄၁၂၀ ကျပ်၊ တစ်ဖက် နိုင်ငံဈေး ယွမ် ၃၆၀၀ ရှိပြီး ရွှေဟင်္သာဈေးတစ်တန် ၄၉၉၈၃၈ ကျပ်နဲ့ တစ်ဖက်နိုင်ငံဈေး ယွမ် ၃၅၀၀ ရှိတယ်လို့ သတင်းရရှိပါတယ်။မော်မော်အောင်၊ MIRT (DCCA)

Monday, 29 Apr 2013

မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင် ကူးသန်းရောင်း ဝယ်ရေးဇုန်မှ ၂၀၁၃ ခုနှစ်မတ်လအတွင်း ကန်ဒေါ်လာ ၁ ဒသမ ၁၀၃ သန်းတန်ဖိုးရှိ သီဟိုဠ်စေ့ (အခွံမပါ) ၁၄၅ တန်ကျော် တင်ပို့ နိုင်ခဲ့ပါတယ်။ အနီးစပ်ဆုံးကာလနဲ့နှိုင်းယှဉ်ပါက ၁၀၅ တန်ကျော်ပိုမို တင်ပို့နိုင်ခဲ့ပါတယ်။ ၂၀၁၃ ခုနှစ် ဇန်နဝါရီလမှ မတ်လထိ ကန် ဒေါ်လာ ၂ ဒသမ ၂၀၄ သန်းတန်ဖိုးရှိ သီဟိုဠ်စေ့ (အခွံမပါ) တန် ၂၉၀ ကျော်တင်ပို့နိုင်ခဲ့ပါတယ်။ မိမိဖက်မှ သီဟိုဠ်စေ့များကို တစ်ဖက် နိုင်ငံတွင်မုန့်လုပ်ငန်းများနဲ့ စားသောက်ဆိုင်များတွင် အသုံးပြုတယ် လို့ သိရပါတယ်။ခင်မြနွယ် MIRT

Monday, 29 Apr 2013

စားသုံးသူအကာအကွယ်ပေးရေးနဲ့ တရားမဝင်ကုန်သွယ်မှုတားဆီးထိန်းချုပ်ရေးအဖွဲ့ Mobile Team  နှစ်ဖွဲ့ကို မူဆယ်-မန္တလေးကုန်သွယ်မှုလမ်းကြောင်းနဲ့ မြဝတီ-ရန်ကုန် ကုန်သွယ်မှုလမ်းကြောင်းများမှာ တာဝန်ပေး ဆောင်ရွက် ထားစေသလို စခန်းအလိုက်ထုတ်နုတ်အင်အားများနဲ့ ပညာပေးကာလ၊ အရေးယူကာလများရယ်လို့ ခွဲခြားပြီးတရား မဝင် ကုန်သွယ်မှုများကိုတားဆီးလုပ်ဆောင်လျက်ရှိနေပါတယ်။

Monday, 29 Apr 2013

ကူးသန်းရောင်းဝယ်ရေးနှင့်စားသုံးသူရေးရာ ဦးစီးဌာန အနေနဲ့ အိမ်နီးချင်းနိုင်ငံများဖြစ်တဲ့ တရုတ်၊ ထိုင်း၊ ဘင်္ဂလား ဒေ့ရှ်နဲ့ အိန္ဒိယနိုင်ငံတို့ရဲ့ နယ်စပ်များမှာ ကူးသန်းရောင်းဝယ် ရေး စခန်း (ယခင်နယ်စပ်ကုန်သွယ်ရေး စခန်း) များဖွင့်လှစ် ကာ ကုန်သွယ်မှု လုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါ တယ်။ ကုန်သွယ်မှုလုပ်ငန်းများလျင်မြ န်ချောမွေ့စေရေးအတွက် နယ် စပ် ဖြတ်ကျော်ပုံမှန်ကုန်သွယ်ရေး (Normal Trade) စနစ် အရ ဒေါ်လာ၊ ယူရိုငွေကြေးများအပြင် Border Trade  စနစ်အရ "ကျပ်" ငွေကြေးနဲ့ကုန်သွယ်မှု များဆောင်ရွက် ခွင့် ပေးထားခဲ့ပါတယ်။ ကျပ်ငွေကြေးနဲ့ ကုန်သွယ်မှုပြုရာမှာ ကုန် သွယ်မှုတန်ဖိုးရဲ့ ၁၀ ရာခိုင်နှုန်းကိုသာ ပို့ကုန်အခွန်အခဖြတ် တောက်ရန်အတွက် ဘဏ်များသို့ ပေးသွင်းရပြီး ကျန် ၉၀ ရာခိုင်နှုန်းကို ပို့ကုန်ကြောင့် ရငွေသွင်းကုန်အကျိုးခံစားခွင့် Earning အဖြစ် သတ်မှတ်ပြီး သွင်းကုန်ပစ္စည်းများပြန်လည် တင်သွင်းခွင့်ပြုစေ တာဖြစ်ပါတယ်။

Thursday, 11 Apr 2013

မြဝတီ-ရန်ကုန် လမ်းကြောင်းပေါ်ရှိကသရ (လရ-၂) အဖွဲ့ဟာ၂၀၁၃ ခုနှစ် မတ်လ ၂၂ ရက်နေ့ နံနက် ၀၉း၁၅ ချိန်ခန့်မှာ ဝေါမြို့နယ် ညောင်ခါးရှည်ကျေးရွာ အနီးရှိ ယာဉ်အမှတ် ၈ဂ/xxxx ပေါ်မှ ထိုင်းနိုင်ငံ ထုတ် ပုစွန် ၁၂၄ ကီလိုနဲ့ ကြက်မြစ်ကြက်သဲ ၂၀၀ ကီလို တရားမဝင်သယ်ဆောင်လာတဲ့အတွက် Mobile Team အဖွဲ့-၂ အဖွဲ့ဝင်များမှ ဟန့်တားထိန်းသိမ်းရပြီး အများပြည်သူ စားသုံးဖို့ အန္တရာယ်ရှိတဲ့အတွက်ကြောင့် မီးရှို့ဖျက်ဆီးဖို့ဆုံးဖြတ်ကြပါတယ်။ တားဆီးထားတဲ့အန္တရာယ်ရှိ စားသောက်ကုန်ပစ္စည်းကို အကောက်ခွန် ဦးစီးဌာနသို့ အမှုတွဲအမှတ် ၁၁-လရ-၂/၂၀၁၃ (၅၁၅) ဖြင့်အမှုဖွင့်ဆောင်ရွက်ခဲ့ ခြင်းဖြစ်ကြောင်း၊ ခန့်မှန်းကာလတန်ဖိုးဟာ ပုစွန် ၁၂၄ ကီလို (၂၇၂၈၀၀ ကျပ်)၊ ကြက်မြစ်ကြက်သဲ ၂၀၀ ကီလိုအတွက် (၂၄၀၀၀၀ ကျပ်) စုစုပေါင်း (၅၁၂၈၀၀ ကျပ်) ရှိကြောင်း အဖွဲ့စုံရဲ့ရှေ့မှောက်မှာမီးရှို့ဖျက်ဆီးပြီးဖြစ်ကြောင်း သတင်းရရှိပါ တယ်။                                                  Source:ကသရ (လရ-၂)ဒသက

Thursday, 11 Apr 2013

ယခုအခါ စိုက်ပျိုးရေးသွင်းအားစု ဓာတ်မြေသြဇာနဲ့ပိုးသတ်ဆေး များ အရည်အသွေးမပြည့်မီမှု၊ အတုအပ ပြုလုပ်မှု၊ သက်တမ်းလွန်မှု များကြောင့် တောင်သူများအခက်အခဲနဲ့ ကြုံတွေ့နေရခြင်းနဲ့ စပ်လျဉ်းပြီး အရောင်းဆိုင်တွေအနေနဲ့ အမျိုးသားရေးအမြင်နဲ့ လာ ရောက်ချပေးတဲ့ပစ္စည်းတွေဟာ မှတ်ပုံတင်ထားခြင်းရှိမရှိ၊ Life ရှိမရှိ အားExpirary Date  များကိုစစ်ဆေးပြီးမှ လက်ခံရောင်းပေးသင့် ပါတယ်။ တောင်သူတွေကို လျင်လျင်မြန်မြန် စီးပွားဖြစ်စေ၊ အောင်မြင် စေရန် ထုတ်လုပ်သူ၊ ဖြန့်ဖြူးသူ၊ ရောင်းချသူ၊ သုံးစွဲသူများ အားလုံး စည်းနဲ့ကမ်းနဲ့လိုက်နာ လုပ်ဆောင်ကြဖို့လိုတယ်လို့ အသိပေးလိုပါ တယ်။

Thursday, 11 Apr 2013

စားသုံးသူ အကာအကွယ်ပေး ရေးနဲ့ တရားမဝင်ကုန်သွယ်မှုများ လျော့နည်းကျဆင်းစေရေးအတွက် မြဝတီ-ရန်ကုန် ကုန်သွယ်မှုလမ်း ကြောင်းမှာ တာဝန်ထမ်းဆောင်နေတဲ့ Mobile Team အဖွဲ့-၂ ဟာ မတ်လ ၃၀ ရက်နေ့ ၀၂း၅၅ အချိန်မှာ ဒိုင်နာ အမျိုးအစားယာဉ်အမှတ် ၂ခ/xxxx  ဟာ ရေခဲငါးပုံးများတင်ဆောင်ပြီး သြဘငူန ွှနော စစ်ဆေးမှုကိုခံယူခဲ့ပါတယ်။ ထိုယာဉ်အားစစ်ဆေးရာမှာ ယာဉ်ပေါ် မှာပါရှိလာတဲ့ ရေခဲပုံးများအတွင်းမှာ ထိုင်းနိုင်ငံမှကြက်သဲ၊ ကြက်မြစ်၊ ကြက်သားများကို ရေခဲငါး၊ ပုစွန်တို့နဲ့ ရောနှောဖုံးအုပ်ထားတာကို စစ်ဆေး တွေ့ရှိခဲ့ရတယ်လို့ သတင်းရရှိပါတယ်။ သြဘငူန ွှနော အဖွဲ့အနေနဲ့ ယာဉ်ပေါ်မှာတွေ့ရှိရတဲ့ ပုစွန်များမှာ မွေးမြူရေးနဲ့ရေလုပ်ငန်းဝန်ကြီးဌာန၊ ငါး လုပ်ငန်းဦးစီးဌာနရဲ့ မျှောစာပါရှိတဲ့ အတွက် ပုစွန်များကိုတော့သိမ်းဆည်း ခြင်းမပြုဘဲ ခန့်မှန်းကျပ် ၈၁၃၀၀၀ တန်ဖိုးရှိ ကြက်သဲကြက်မြစ် ၅၄၀ ကီလိုဂရမ်နဲ့ ကြက်သားကီလို ၁၁၀ ကို သိမ်းဆည်းခဲ့ပါတယ်။

Tuesday, 9 Apr 2013

ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ မတ်လ ၁၇ ရက်မှ ၂၃ ရက်ထိကာလ အတွင်း စင်္ကာပူနိုင်ငံသို့ ဒေါ်လာ ၂၀၁၀၀ တန်ဖိုးရှိ ပြောင်း ၆၇ တန်တင်ပို့ခဲ့ပါတယ်။ ယခင်အပတ်က ၅ တန်ကျော်သာတင်ပို့ခဲ့တဲ့အတွက် ယခုအပတ်မှာတန် ၆၀ ကျော် ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ ယခုအပတ်ပြောင်း FOB ပေါက်ဈေး တစ်တန်လျှင် ဒေါ်လာ ၃၀၀ ဖြစ်ပါတယ်။ ပင်လယ်ရေကြောင်းမှ တင်ပို့တဲ့ပြောင်းပမာဏ နည်း သော်လည်း ကူးသန်းရောင်းဝယ်ရေးစခန်းများမှ ယခုအပတ်မှာ တန်ချိန် ၁၆၇၀၀ ကျော်တင်ပို့မှုရှိခဲ့တယ်လို့ သတင်းရရှိပါတယ်။ယဉ်ယဉ်အေး၊MIRT (DOBT)

Tuesday, 9 Apr 2013

မတ်လ ၂၀ ရက်မှ ၂၆ ရက်ထိကာလ အတွင်းမှာ မူဆယ် ၁၀၅ မိုင် ကူးသန်းရောင်းဝယ်ရေးစခန်းမှ ကန်ဒေါ်လာ ၂ ဒသမ ၂၁၄ သန်းတန်ဖိုးရှိ ပရဆေးကုန်ကြမ်း ၁၀၄၇ တန်ကျော်တင်ပို့ခဲ့ပါတယ်။ ယခင်အပတ်ကထက်  ၂၂၃ တန်ကျော် တင်ပို့မှုလျော့ခဲ့ပါတယ်။ ယခင်အပတ်ကထက် ကြောင်ပန်းစေ့၊ ကြက်ဆူစေ့နဲ့တောဂျင်း တို့တင်ပို့မှုပိုမို ခဲ့သော်လည်း ဝဥခြောက်၊ မိကျောင်းကွမ်းဖတ်စေ့၊ ကွမ်းစားဂမုန်း၊ ကြောင်လျာစေ့၊ ချဉ်ပေါင်ဖာလာ (အခွံပါ/မပါ)၊ နေ လဲစေ့နဲ့ ဆီးဆံတို့တင်ပို့မှု လျော့နည်းခဲ့တဲ့အတွက် ဖြစ်ပါတယ်။ ယခင်အပတ်ကတင်ပို့မှုမ ရှိတဲ့ တောဂျူးမြစ် နဲ့စကားပန်းပွင့်ခြောက်တို့ကိုတော့ ယခု အပတ်မှာ တင်ပို့မှုရှိတာတွေ့ရပါတယ်။ ဝဥခြောက်ဟာသွေးကြောထဲရှိ ကိုလက်စထရောများကိုလျော့ကျစေနိုင်တဲ့ ဆေးဘက် ဝင် ကုန်ကြမ်းပစ္စည်း တစ်မျိုးဖြစ်တာကြောင့် ဈေးကွက် ခိုင်မာ လျက်ရှိပါတယ်။ ယခုအပတ်မှာ မြန်မာ-အိန္ဒိယနယ်စပ်ရှိ တမူးကူးသန်းရောင်း ဝယ်ရေးစခန်းမှ ကန်ဒေါ်လာ သုည ဒသမ ၀၀၈ သန်းတန်ဖိုးရှိ ဇာတိပ္ဖိုလ်သီး ၁ တန် ကို တင်သွင်းခဲ့ တယ်လို့သိရပါတယ်။ခင်ကလျာဦး၊ MIRT (DOBT)

Pages