Main menu

Background

Tuesday, 9 Apr 2013

မြဝတီ-ရန်ကုန် ကုန်သွယ်မှုလမ်းကြောင်းမှာ စားသုံးသူအကာအကွယ်ပေးရေး နဲ့ တရားမဝင်ကုန်သွယ်မှု တားဆီးရေးအဖွဲ့ (၂) ဟာ ညောင်ခါးရှည်လမ်းဆုံမှာ တာဝန်ထမ်းဆောင်နေစဉ် မတ်လ ၂၂ ရက် ၂၃း၂၀ ချိန်မှာ မန်းရွှေမြို့တော် မှန်လုံယာဉ် ၇ဂ/xxxx ပေါ်မှ မုန်လာဥနီ (၃၄) ဖာနဲ့ မတ်လ ၂၃ ရက် ၁၅း၅၅ ချိန် မှာ မန္တလာမင်း ယာဉ်လိုင်းမှန်လုံယာဉ် ၇ဂ/xxxx ပေါ်မှ ၂၂၇ ကီလိုဂရမ် အလေးချိန်ရှိတဲ့ သစ်ခွပန်း (၅) ဖာကို စစ်ဆေးဆွေ့ရှိခဲ့ရတယ်လို့ သတင်းရရှိပါ တယ်။ ပုပ်သိုးပျက်စီးလွယ်တဲ့မုန်လာဥနီနဲ့ သစ်ခွပန်းတို့အား မတ်လ ၂၅ ရက်နေ့ မှာ လေလံပစ်ဆောင်ရွက်မှုပြုလုပ်မယ်လို့ သိရှိရပါတယ်။ Source:လရ-၂၊MTN

Tuesday, 9 Apr 2013

တမူးနယ်စပ်တွင်ကုန်သွယ်မှုပြုနေသော ကုမ္ပဏီအချို့နဲ့ ITC ကတ်အသုံးပြု ပြီး စားသောက်ကုန် တင်သွင်းသူများအနေနဲ့FDA  ထောက်ခံချက်ရရှိရေးအတွက် အခက်အခဲများရှိနေကြတဲ့အတွက်  FDA ထောက်ခံ ချက်နဲ့တင်သွင်းခွင့်ရရှိပြီးဖြစ်တဲ့ ကုန်ပစ္စည်းတူများအား တင်သွင်းခွင့်ရရှိရေးနဲ့ တမူးနယ်စပ်ကုန်သည် အသင်း အနေနဲ့FDA ရရှိပြီးကုမ္ပဏီများနဲ့ ညှိနှိုင်းဆောင်ရွက်ပေးရန်၊ ကူညီပံ့ပိုးပေးရန် မတ်လ ၂၁ ရက်နေ့က တမူးကူးသန်းရောင်းဝယ်ရေးနဲ့ စားသုံးသူအကာအကွယ် ပေးရေးဌာနမှာ ပြုလုပ်တဲ့ကုန်သွယ်မှုမြှင့်တင်ရေး အစည်း အဝေးမှာ တင်ပြလာ ကြပါတယ်။ တမူးနယ်စပ်ကုန်သည်များအသွင်းများပြီး FDA ထောက်ခံချက်အခက် အခဲရှိနေတဲ့ စားသောက်ကုန်ပစ္စည်းများမှာ စပျစ်သီးခြောက်၊ စွန်ပလွန်ယို၊ ပါပလာ တို့ဖြစ်တယ်လို့သိရပါတယ်။

Tuesday, 9 Apr 2013

တရုတ်နိုင်ငံလုပ်စားသောက်ကုန်များ ဖြစ်တဲ့ ကြက်အူချောင်း၊  ပဲနို့၊ ပဲပုပ်၊ ကြာစွယ်၊ အချိုရည်၊ အရက်၊ တို့ဟူး၊ မှိုခြောက်၊ ကြက်သွန်ဖြူ၊ မာလာခေါက် ဆွဲ (အစိမ်း/အဖြူ)၊ ကျောက်ပွင့်၊ မှိုမဲ၊ မဆလာ၊ တို့ဟူးခြောက်၊  ခေါက် ဆွဲ ခြောက် စတဲ့ စားသောက်ကုန်များဟာ တရားမဝင်လမ်းကြောင်းများမှ ကွတ် ခိုင်သို့ရောက်ရှိလာတဲ့အတွက် FDA စစ်ဆေးခွင့်ပြုချက်များ  မပါရှိပါဘူး။ ဒါပေမဲ့အထက်ပါတရားမဝင်အကောက် ခွန်မဲ့ဝင်လာတဲ့ စားသောက်ကုန်ပစ္စည်း များကို သိန္နီမြို့နယ် ပြည်တွင်းအခွန်ဦး စီးဌာနမှာ ကုန်သွယ်ခွန်နဲ့ ဝင်ငွေခွန် များ ပေးဆောင်ထားပြီး ပြည်မသို့ သယ် ဆောင်လာခြင်းကို မူဆယ်-မန္တလေး ကုန်သွယ်မှုလမ်းကြောင်းပေါ်တွင် စား သုံးသူ အကာအကွယ်ပေးရေးနဲ့ တရား မဝင်ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေး အဖွဲ့ (၁) က နောင်ချိုမြို့ Asia World Toll Gate အနီး ယာယီအခြေပြုစစ် ဆေးရာမှာ ယာဉ်နှစ်စီးပေါ်မှ ရှာဖွေ တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

Tuesday, 9 Apr 2013

Mobile Team  အဖွဲ့-၂   ခေတ္တ အခြေပြုအား  သတင်းပေးချက်အရ အဗျားဝေါကွင်းရှောင်လမ်းပေါ်တွင် တရားမဝင် ကုန်တင်ယာဉ်များကို တွေ့ ရှိ၍ လိုက်လံဖမ်းဆီးမှုများ ပြုလုပ်ခဲ့ ရာမှာ ဟိုင်းလတ်ယာဉ် တစ်စီးနဲ့ Light Truck  တစ်စီးတို့အား လက်ရဖမ်းဆီးရ သဖြင့် Mobile Team  အဖွဲ့-၂ ခေတ္တ အခြေပြုရာသို့ ယာဉ်နှစ်စီးအား ခေါ် ယူပြီး ယာဉ်ပေါ်ပါ  ကုန်ပစ္စည်းများ ကိုစစ်ဆေးခဲ့ပါတယ်။ ဟိုင်းလတ်ယာဉ် အမျိုးအစားယာဉ်အမှတ် ၂ခ/xxxx  ပေါ်မှ   ကားလေးဒိုင်နမို၊ ဒီဇယ်ပန့်၊ ကားရှေ့ဘောနပ်ဖုံးများ၊  ရေတိုင်ကီ၊ ကားစတီယာတိုင် (one set)၊ ဒတ်ရှ် ဘုတ်၊ မော်တာပါကားနောက်ကြည့်မှန်၊ ကားရှေ့မီးအုံ၊ Silent မီးအုံ၊ Milage အုံ၊ နောက်ကြည့်မှန်၊ ကားရေတိုင်ကီ အဖုံး၊ ပလပ်ကြိုး၊ စတီရာရင်ဂျွိုင်းဘော၊ ကားဟွန်း၊  အိပ်ဇောစွပ်၊  ရေသုတ်တံ၊ လျှပ်စစ်ပစ္စည်းမျိုးစုံ၊ အပင်အားဆေးနဲ့ ပိုးသတ်ဆေးများ အပါအဝင် ကာလ တန်ဖိုး ကျပ် ၇၃ ဒသမ ၅၂၁ သိန်း တန်ဖိုးရှိ အကောက်ခွန်မဲ့ ပစ္စည်း ၂၃ မျိုးကို စစ်ဆေးရှာဖွေတွေ့ရှိခဲ့ရတယ် လို့ သတင်းရရှိပါတယ်။ အဆိုပါရှောင် ကွင်းလမ်းမှာပင် Light Truck  ယာဉ် အား တားဆီးရှာဖွေရာမှာ ကျပ် ၂၂ ဒသမ ၆၈၀ သိန်းတန်ဖိုးရှိ Beer Chang ၃၁၅ ဖာကိုလည်း သိမ်းဆည်း ခဲ့ရပါတယ်။တရားမဝင်ပစ္စည်းများ တင် ဆောင်လာတဲ့ယာဉ်များဟာ တရားဝင် မှတ်ပုံတင်ထားသော ယာဉ်များဟုတ် မဟုတ်စိစစ်ဆောင်ရွက်ရာမှာဟိုင်းလတ် ယာဉ် ၂ခ/xxxx မှာ တရားမဝင် မှတ်ပုံ တင်မဲ့ယာဉ်ဖြစ်ကြောင်း စိစစ်တွေ့ရှိရ သဖြင့် ခန့်မှန်းတန်ဖိုး ကျပ်သိန်း ၃၀ နဲ့ အမှုဖွင့် ဆောင်ရွက်ထားတယ်လို့ သိရှိရပါတယ်။Source:လရ-၂                                                                                                         MTN

Tuesday, 9 Apr 2013

မတ်လ ၂၀ ရက် ၁၂း၀၀ အချိန်မှာ Mobile Team  အဖွဲ့-၂ စစ်ဆေးရေးအဖွဲ့ အခြေပြုရာနေရာမှ ဖြတ်သန်း သွားတဲ့ကုန်တင်ယာဉ် ၄/xxxx အားစစ်ဆေးရာမှာ ကျပ် ၄၄ ဒသမ ၉၀၆ သိန်းတန်ဖိုးရှိ လူသုံးဆေးဝါး (သောက်ဆေး၊ လိမ်းဆေး) ၃၂ မျိုးကို စစ်ဆေးတွေ့ရှိခဲ့ရတယ်လို့ သတင်းရရှိပါတယ်။

Monday, 8 Apr 2013

မိုင်းယောင်းမြို့နယ်အတွင်းထွက်ရှိတဲ့ ဒေသသုံးထက်ပိုလျှံသောကောက်ညှင်း စပါးများကို ပြည်ပသို့ တင်ပို့နေခြင်းအား ၂၀၁၄ ခုနှစ်မှစ၍ စပါးအတိုင်းပြည်ပသို့ တင်ပို့ခွင့်ပြုတော့မည်မဟုတ်ကြောင်း ဖေဖော်ဝါရီလ ၂၇ ရက်နေ့ တာချီလိတ်မြို့  မြို့နယ်အကောက်ခွန်ဦးစီးဌာနမှာ ကျင်းပပြုလုပ်တဲ့ကုန်သွယ်မှုမြှင့်တင်ရေးအစည်း အဝေး မှာ ဒုတိယစခန်းတာဝန်ခံလက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်စိုးဝင်းမှ အထက်ဌာန ညွှန်ကြားချက်များကို ရှင်းလင်းပြောကြားရာမှာထည့်သွင်း ပြောကြား ခဲ့တယ်လို့ သိရပါတယ်။ ပြည်သူလူထုအလုပ်အကိုင် အခွင့်အလမ်း များရရှိရန် ရည်ရွယ်ပြီး ဒေသအတွင်းအရည်အသွေးမီကြိတ်ခွဲနိုင်သောဆန်စက်များ တည်ဆောက် ကာ  ဆောင်ရွက်သွားရန် ညွှန်ကြားချက်များအရ ၂၀၁၄ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှစ၍ မိုင်းယောင်းဒေသမှ ထွက်ရှိလာမဲ့ ကောက်ညှင်းစပါးများအား တင်ပို့ ခွင့် ပေးတော့မှာမဟုတ်ကြောင်းသိရှိရပါတယ်။ Source: ကသရ (တခလ) ၊ခင်မိုးသူ

Monday, 8 Apr 2013

မြဝတီ-ရန်ကုန် ကုန်သွယ်မှုလမ်းကြောင်းပေါ်တွင် စား သုံးသူအကာအကွယ်ပေးရေးနဲ့ တရားမဝင် ကုန်သွယ်မှုတား ဆီးရေး တာဝန်ထမ်းဆောင်နေသော Mobile Team  အဖွဲ့-၂ ဟာ မတ်လ ၁၉ ရက်နေ့ သန်းခေါင်ယံအချိန် ၀၀း၂၀ နာရီမှာ ကျိုက်ထိုဘက်မှမောင်းနှင်လာတဲ့ ၆ ဘီးယာဉ် ၉က/**** အားစစ်ဆေးရာ မှာ တစ်ဖက်နိုင်ငံမှ တရားမဝင် တင်သွင်းလာတဲ့ ကြက်အသဲအမြစ် ၇၈၄ ကီလိုဂရမ်နဲ့ ပုစွန် ၃၈၅ ကီလိုဂရမ်အား စစ်ဆေးတွေ့ရှိသိမ်းဆည်းမှု ပြုလုပ် ခဲ့ရတယ်လို့ သတင်းရရှိပါတယ်။

Tuesday, 12 Mar 2013

မြန်မာ-ထိုင်းနယ်စပ်ရှိ မြဝတီနယ်စပ်ကုန်သွယ်ရေးစခန်းမှ ဖေဖော်ဝါရီလ ၂၇ ရက်မှ မတ်လ ၅ ရက်နေ့ အတွင်းမှာ ရေထွက်ကုန်တင်ပို့မှုမရှိပါ။ ရာသီဥတု ပူပြင်းလာပြီဖြစ် ၍ ရေထွက်တင်ပို့မှုလျော့နည်း လာတဲ့အပြင် ဖေဖော်ဝါရီလအတွင်း တရုတ်နှစ်ကူးပွဲတော်ရက်များမှာ ရေထွက်ပစ္စည်းများတရုတ်မျက်နှာစာသို့ ပိုမို တင်ပို့နေခြင်းကြောင့် လျော့နည်းခဲ့ရတယ်လို့သိရှိရပါတယ်။ တစ်ဖက်နိုင်ငံမှ မိမိ ရေထွက်ပစ္စည်းများကိုကြိုက်နှစ် သက်ခြင်းကြောင့် ဈေးကွက်ဝယ်လိုအားရှိ ကြောင်း၊  မိမိဘက်မှတင်ပို့တဲ့ငါးများကိုလည်း တစ်ဖက်နိုင်ငံတွင် အမှုန့်ကြိတ်၍ ငါးမှုန့်ပြု လုပ်ခြင်းဖြင့်တန်ဖိုးမြှင့်ထုတ်ကုန်များပြုလုပ်ခြင်း၊ ပြည်တွင်း၌လည်းစားသုံးပြီးအချို့ကို ငါးအသားလွှာလုံး ပြုလုပ်ခြင်းနဲ့ ပြုပြင်အအေးခံ၍ Re-export  ပြန်လည်ပြုလုပ် ကြောင်း သိရှိရပါတယ်။

Tuesday, 12 Mar 2013

မြန်မာ-ထိုင်းနယ်စပ်ရှိတာချီလိတ်နယ်စပ်မှတစ်ဆင့် ဒေသထွက်လိမ္မော်သီး များအား ထိုင်းနိုင်ငံသို့ တင်ပို့လျက်ရှိပါတယ်။ ဒေသထွက်လိမ္မော်သီးများမှာ နိုဝင် ဘာလမှ ဖေဖော်ဝါရီလထိထွက်ရှိပါတယ်။ ဇန်နဝါရီလမှာ တန်ဖိုးကျပ် ၁၀၉ သန်းကျော်ဖိုးရှိ လိမ္မော်သီး ၅၈၁ တန်ကျော်၊  တင်ပို့ခဲ့ပြီး ဖေဖော်ဝါရီလမှာ တန်ဖိုး ကျပ် ၉၂ သန်းကျော်ဖိုးရှိ လိမ္မော်သီး ၄၉၁ တန်ကျော်၊  တင်ပို့ခဲ့ပါတယ်။ အဆိုပါ လိမ္မော်သီးများကိုဖြောင့်ဖြူးပျော်ရွှင် ကုမ္ပဏီနဲ့ Eastern Agriculture ကုမ္ပဏီ တို့မှ တင်ပို့ခဲ့ကြပါတယ်။ လိမ္မော်သီးအဓိကထွက်ရှိတဲ့ ဒေသများမှာ တာချီ လိတ်မြို့နယ်ရှိ ဖန်မင်ကျေးရွာ၊ ဝမ်ကျောက်လုံကျေးရွာ၊ မိုင်းဆတ်မြို့နယ်ရှိ ဝမ်ဟုန်ကျေးရွာနဲ့ ကျိုင်းတုံမြို့နယ် များမှဖြစ်ပါတယ်။ ထွက်ရှိတဲ့ လိမ္မော်သီးများကို ထိုင်းနိုင်ငံမယ်ဆိုင် ဈေးကွက်သို့ ၁ ကီလိုဂရမ်လျှင် ၁၈၉ ကျပ်ဈေး (၁ တန်ကို ၁၈၉၀၀၀ ကျပ်) နဲ့တင်ပို့လျက်ရှိတယ်လို့သိရှိရပါတယ်။Source:  နကသ (တခလ)

Tuesday, 12 Mar 2013

မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်စခန်းမှ ဖေဖော်ဝါရီလ ၂၇ ရက်မှ မတ်လ ၅ ရက်ထိကာလ အတွင်း မှာ ကန်ဒေါ်လာ ၂ ဒသမ ၂၁၇ သန်းတန်ဖိုးရှိ ဖရဲသီး ၁၄၇၀၄ တန် တင်ပို့ခဲ့ပါတယ်။ ယခင်အပတ်ကထက်  တန် ၆၀၀ ကျော်လျော့နည်းခဲ့ပါတယ်။ ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလ အတွင်းမှာ ဖရဲသီးများဈေးကောင်းရရှိလာပြီး ဖရဲတစ်တန် လျှင် ယွမ် ၃၅၀၀-၄၀၀၀ အထိ ရရှိတယ်လို့ ဖရဲတင်ပို့သူ ကုန်သည်များထံမှ သိရပါတယ်။ ပဲခူးတိုင်း ဒေသကြီး၊ ပြွန်တန်ဆာမြို့နဲ့ ကျောက်ဆည်နယ်၊ မုံရွာနယ်တစ်ဝိုက်မှ ဖရဲ တွေဝင်နေတာဖြစ်ပါတယ်။

Pages