Background
မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်ကုန်သွယ် ရေးဇုန်မှ ဖေဖော်ဝါရီလ၂၇ ရက်မှ မတ်လ ၅ ရက် ထိ ကာလအတွင်းမှာ ကန်ဒေါ်လာ ၂ ဒသမ ၁၇၀ သန်းတန်ဖိုးရှိ ရေထွက်ကုန် ၁၀၆၀ တန်ခန့် တင်ပို့ နိုင်ခဲ့ပါတယ်။ ယခင် အပတ်ကထက် တန် ၄၀၀ ကျော်ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ ရေခဲငါး၊ ငါးလေးခြောက်နဲ့ ကင်းမွန်ခြောက်တို့ ပိုမို တင်ပို့ နိုင်ခြင်းကြောင့်ဖြစ်ပါတယ်။ တင်ပို့တဲ့အမယ်တွေက တော့ ကဏန်းတန် ၁၂၀ ခန့်၊ ငါးရှဉ့် ၁၁၅ တန်ခန့်၊ ရေခဲငါး ၁၅၉ တန်ခန့်၊ ငါးဆားနယ် ၉၃ တန်ခန့်၊ ငါးလေးခြောက်တန် ၂၇၀ ခန့်၊ ငါးခြောက် ၃၇ တန်နီးပါး၊ ကင်းမွန်ခြောက် ၂၀၄ တန်နီးပါး၊ ပုစွန်ခြောက် ၁၁ တန်ကျော်၊ ငါးမှုန့် တန် ၅၀ ကျော်နဲ့ ပြည်ကြီးငါး ၁ တန်ကျော်ဖြစ်ပါတယ်။ ချင်းရွှေဟော် စခန်းမှ ယခုအပတ်မှာ ရေထွက်ကုန် တင်ပို့မှုမရှိခဲ့ပါဘူး။ မူဆယ်မှငါးရှဉ့်ဈေးမှာ တစ်တန်လျှင် ၄၇၄၁၀၀၀ ကျပ်၊ ၃၄၂၆၅ ယွမ်၊ ၅၅၀၀ ဒေါ်လာနဲ့ ယခင်အပတ်အတိုင်း ပြောင်းလဲမှု မရှိဘဲ ကဏန်းဈေးမှာတစ်တန်လျှင် ၃၇၄၁၀၈၀ ကျပ်၊ ၂၆၉၉၅ ယွမ်၊ ၄၃၄၀ ဒေါ်လာဈေးပေါက်ပြီး ယခင် အပတ်ထက် ကဏန်းအဝင်များတာကြောင့် ဈေးအနည်းငယ် ကျလျက်ရှိပါတယ်။ ကဏန်းတင်ပို့မှုမှာလည်း ၃၇ တန်ကျော် ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။
စစ်တွေဒေသမှ အဓိကထွက်ရှိတဲ့ ရေငန်ပုစွန်အပြင် ငါးမြစ်ချင်းများကို ရန်ကုန်မှတစ်ဆင့် တင်ပို့ခြင်း မပြုတော့ဘဲ စစ်တွေမှ တင်ပို့နိုင်အောင် ကြိုးစားဆောင်ရွက်လျက်ကြောင်း၊ ရခိုင်ပြည်နယ်အတွင်း ငါးမြစ်ချင်း နဲ့ပက်သတ်ပြီး သားဖောက် လုပ်ငန်းများလုပ်ဖို့ စီစဉ်ထားပါကြောင်း အကြံပြုချက်အနေ ဖြင့် တရားမဝင် လမ်းကြောင်းတွေကို အဖွဲ့အစည်းများဖြင့် ထိထိရောက်ရောက်ဆောင်ရွက်နိုင်မယ်ဆိုရင် ကုန်သွယ်မှုပိုင်း တက်လာနိုင်တယ်လို့ငါးလုပ်ငန်း ဦးစီးဌာန ဒုတိယပြည်နယ်မှူး ဦးမြင့်သိန်းမှ ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလ ၂၇ ရက်နေ့မှာ ရခိုင်ပြည်နယ် ကုန်သည်များနဲ့ စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်း အစည်းအဝေးခန်းမမှာ ကျင်းပပြုလုပ်တဲ့ ကုန်သွယ်မှု မြှင့်တင်ရေး အစည်းအဝေးမှာပြောကြားခဲ့တယ်လို့သိရပါတယ်။
တာချီလိတ်နယ်စပ်ကုန်သွယ်ရေးစခန်းတွင် ၂၀၁၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ရက်နေ့မှစပြီး တစ်နိုင်တစ်ဆွဲ သယ်ဆောင်နေတဲ့ စီးပွားရေးလုပ်ငန်း ရှင်များအား ITC ကတ်များ ထုတ်ပေးမှာဖြစ်ကြောင်း ဒေသနေပြည်သူ များအား အသိပေး ထားသော်လည်း တာချီလိတ်ဒေသတွင် လားဟူနှစ်သစ်ကူး ပွဲတော်ကာလနဲ့ တရုတ် နှစ်သစ်ကူး ကာလများ တိုက်ဆိုင်နေသဖြင့် နှစ်သစ်ကူးပွဲတော်ကာလများပြီးတဲ့ ဖေဖော်ဝါရီလ ၁၄ ရက်နေ့မှသာစတင်လျှောက် ထားမှုများရှိခဲ့ပါတယ်။ ၁၄ ရက် နေ့မှ ၂၁ ရက်နေ့ထိ ITC ကတ်ထုတ်ပေးမှု ၁၂ စောင်ရှိခဲ့ပြီးကျိုင်းတုံဒေသ၊ တာချီ လိတ် မြို့နဲ့ တာလေကျေးရွာမှ လျှောက်ထားမှုများရှိခဲ့ပါတယ်။ လိုင်စင်လျှောက် ထားမှု အနေဖြင့် သွင်းကုန်လိုင်စင် လေးစောင်လျှောက်ထားခဲ့ပြီး တန်ဖိုးအားဖြင့် ၁၄၄၄၈၃၆၅ ကျပ်ဖြစ်ပါတယ်။ အဓိကလျှောက်ထား တဲ့ပစ္စည်းများမှာ ခေါင်းလျှော် ရည်၊ ဆပ်ပြာမှုန့်၊ မင်းဂွတ်သီး၊ မန်ကျည်းသီး၊ သရက်သီး တို့ဖြစ်ကြပြီး လူသုံးကုန် ပစ္စည်းများလည်း လျှောက်ထားခဲ့ကြောင်း တွေ့ရှိရပါတယ်။ ITC ကတ်ဖြင့် လိုင်စင် လျှောက်ထားသူ များအနေဖြင့်တာချီလိတ်ဒေသတွင် FDA ရုံးမရှိသဖြင့် စားသောက် ကုန်များတင်သွင်းရာ တွင် အခက်အခဲများစွာ ရှိနေကြောင်း ဒေသခံများရဲ့ပြောကြား ချက်အရ သိရပါတယ်။ နယ်စပ်ဒေသဖြစ်သဖြင့် တစ်ဖက်နိုင်ငံမှ စားသောက်ကုန် များကိုသာ အဓိကအားထား စားသောက်တဲ့ဒေသဖြစ်သဖြင့် စားသောက်ကုန်များ အား လိုင်စင်လျှောက်ထားရာတွင် လွယ်ကူသည့် အစီအစဉ်များ ပြုလုပ်ပေး သင့် ကြောင်း ဒေသခံများ ရဲ့ပြောကြားချက်အရ သိရပါတယ်။Source:နကသ (တခလ)၊ကျော်စိုးဝင်း
တမူးနယ်စပ်ကုန်သွယ်ရေးတွင် စားသုံးသူအကာအကွယ်ပေးရေးနှင့် တရား မဝင် ကုန်သွယ်မှုလျော့နည်း ပပျောက်ရေးတို့အတွက် Mobile Team အဖွဲ့ကို ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၁ ရက်နေ့မှစတင်ဖွဲ့စည်းဆောင်ရွက်ခဲ့ရာ ဇန်နဝါရီလ ၂၀ ရက်ထိကာလကို ပညာပေးကာလအဖြစ် သတ်မှတ်လုပ်ဆောင်ခဲ့ပါတယ်။ ဖမ်း ဆီးရရှိပစ္စည်းများ အနက်ခွင့်ပြုပစ္စည်း များအား တရားဝင်လိုင်စင်ဖြင့် အခွန်ပေး ဆောင်ပြီး သယ်ယူခွင့်ပြုခြင်း၊ တားမြစ်ကန့်သတ် ပိတ်ပင်ထားသော ပစ္စည်းများ အား သက်ဆိုင်ရာဌာနတို့သို့ လွှဲပြောင်းအပ်နှံခြင်းပြုလုပ်ခဲ့ပါတယ်။ Mobile Team မှာ နယ်စပ်ကုန်သည်အသင်း ကိုယ်စားလှယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ကိုယ်စားလှယ်၊ ရဲတပ်ဖွဲ့ OSS၊ အကောက်ခွန်၊ နယ်စပ်ကုန်သွယ်ရေးတို့အပါအဝင် သတင်းမီဒီယာ ဦးဝင်းနိုင် (မြန်မာ့အလင်း/ကြေးမုံ) လည်း ပါဝင်ခဲ့ပြီး၊ သတင်း မီဒီယာ အနေဖြင့် လုပ်ငန်းရည်မှန်းချက်များအောင်မြင်ရေး မီဒီယာဖြင့်ထိန်းကျော င်း ပြုပြင် ကာ ပြည်သူလူထုအား သတင်းမှန်သိရှိစေရေးနှင့် မှန်ကန်မြန်ဆန်စွာသတင်း ဖော်ပြနိုင်ရေး ပူးပေါင်း ပါဝင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါတယ်။ ဖေဖော်ဝါရီလ ၁၈ ရက်အထိ အခွန်ပေးဆောင်ခွင့်ပြုတန်ဖိုး ၁၁ ဒသမ ၉၂၀ ကျပ်သန်းနှင့် အကောက် ခွန် လွှဲအပ်ခဲ့တန်ဖိုး ၃၁ ဒသမ ၆၁၀ ကျပ်သန်း၊ စုစုပေါင်း ဖမ်းဆီးရမိ တန်ဖိုး ၄၃ ဒသမ ၅၃၀ ကျပ် သန်းရှိကြောင်း သတင်းရရှိပါတယ်။စမ်းစမ်းအေး (တမူး)
မြဝတီ-ရန်ကုန် ကုန်သွယ်မှု လမ်း ကြောင်းပေါ်တွင် စားသုံးသူ အကာ အကွယ်ပေးရေးနှင့် တရားမဝင် ကုန် သွယ်မှု တားဆီးထိန်းချုပ်ရေး အဖွဲ့ Mobile Team မှ တရားမဝင်(မှောင်ခို) ပစ္စည်း သယ်ဆောင်မှုများအား ပညာပေး ကာလကျော်လွန်၍ တားဆီးအရေးယူမှု များ ဆောင်ရွက်နေပြီဖြစ်ရာ အရေးယူ ဆောင်ရွက်ရာတွင် နိစ္စဒူ၀ သွားလာ လှုပ်ရှားနေကြတဲ့ ကုန်သည် စီးပွားရေး လုပ်ငန်းရှင်များနှင့်အတူ အလွှာအသီး သီးမှ ခရီးသွားပြည်သူလူထုလည်း ပါ ဝင်လျက်ရှိရာ ကုန်သည်များအနေဖြင့် နည်းလမ်းမျိုးစုံ အသုံးပြုပြီး ၎င်းင်းတို့ရဲ့ ကိုယ်ကျိုးစီးပွားအလို့ငှာအကာအကွယ် ပြု ခုတုံးလုပ်အသုံးချကာ တရားမဝင် ပစ္စည်းများ သယ်ဆောင်မှုပြုလုပ်နေ တာကို စစ်ဆေးတွေ့ရှိနေရတဲ့အတွက် ခရီးသွားပြည်သူများ စိတ်အနှောင့် အယှက် မဖြစ်အောင် လိုရာခရီးသို့ ချောချောမွေ့မွေ့ဖြင့် အချိန်မီ ရောက် ရှိနိုင်အောင် ဆောင်ရွက်ပေးရသလို တရားမဝင် ပစ္စည်းသယ်ဆောင်မှုများ ကိုလည်း ထိထိရောက်ရောက် တားဆီး အရေးယူနိုင်ဖို့ စစ်ဆေးကြပ် မတ် ဆောင်ရွက်နေကြပါတယ်။ မြဝတီ-ရန်ကုန် ကုန်သွယ်မှု လမ်း ကြောင်းအတွင်း ပြေးဆွဲနေကြတဲ့ ခရီးသည်တင် ယာဉ်လိုင်းအချို့ဟာ ယာဉ်ရဲ့ ကိုယ်ထည်အစိတ်အပိုင်း များ ကို တရားမဝင်ပစ္စည်းများ သိုဝှက်သယ် ဆောင် နိုင်အောင် အံဝှက်များ အဖြစ် ပြုပြင်ပြီးသယ်ဆောင်လျက်ရှိကြရာဖေဖော် ဝါရီ ၉ ရက်နေ့တွင်မှန်လုံ ယာဉ်အမှတ်၊ ၃ခ\xxxx ဟာ ခရီးသည်အပြည့်နီးပါး တင်ဆောင်လာတာကိုတွေ့ရှိရပြီးပစ္စည်း ထားသိုခန်းကိုစစ်ဆေးစဉ် ဘာပစ္စည်းမှ တင်ဆောင်လာခြင်း မရှိသော်လည်း ယာဉ်ရဲ့ အလေးချိန် (Net Weight / Gross Weight) အရ ရှိရမဲ့ အလေး ချိန်ထက် ကျော်လွန်နေသည်ကို စိစစ် တွေ့ရှိရတဲ့အတွက်သံသယရှိပြီး အံဝှက် များ ပြုလုပ်ပါရှိခြင်း ရှိ/မရှိ သိရှိနိုင် အောင် အသေးစိတ် စစ်ဆေးမှုများ ပြု လုပ်ခဲ့ရပါတယ်။ အဲဒီအခါမှာတော့ အဝတ်အထည်မျိုးစုံ၊ အပင်၊ ပိုးသတ် ဆေးမျိုးစုံ၊ အိမ်သုံးဆေးဝါးများ အပါ အဝင် စုစုပေါင်း ပစ္စည်း ၁၆ မျိုး (ခန့် မှန်းတန်ဖိုး ၁၉၁၆၉၅၀၀ ကျပ်) အား အံဝှက်များအတွင်းမှ ဖော်ထုတ်စစ် ဆေးတွေ့ရှိခဲ့တဲ့အတွက် အမှုဖွင့်လှစ် သိမ်းဆည်း အရေးယူနိုင်ခဲ့ ပါတယ်။ အလားတူပါပဲ ဖေဖော်ဝါရီလ ၁၂ ရက်နေ့ကသတင်းအရ မှန်လုံယာဉ် အမှတ်၊ ၉က\xxxx အား စစ်ဆေးခဲ့ရာ ထိုင်ခုံနောက်တန်းအောက် ရေတိုင်ကီ ခန်းတို့တွင် ထည့်သွင်းသိုဝှက်လာတဲ့ စပိုင်ဝိုင်၊ အဝတ်အထည်နဲ့ အလှကုန် စုစုပေါင်းပစ္စည်း ရှစ်မျိုး (ခန့်မှန်းတန်ဖိုး ၁၅၀၁၂၀၀ ကျပ်) အားသိမ်းဆည်းနိုင် ခဲ့တဲ့အပြင် ၎င်းနေ့မှာပင် မှန်လုံယာဉ် အမှတ်၊ ၈ည\xxxx ပေါ်မှ တရားမဝင် အကောက်ခွန်မဲ့ပစ္စည်း စားသောက် ကုန်နဲ့အချိုရည် ခုနစ်မျိုး (ခန့်မှန်းတန် ဖိုး ၅၁၁၀၀၀ ကျပ်) တို့ကို စစ်ဆေးဖော် ထုတ် အရေးယူ တားဆီးနိုင်ခဲ့ပါတယ်။ ဒီနေရာမှ ပြောချင်တာလေးရှိလာ ပါတယ်။ တာဝန်ရှိသူများက စစ်ဆေး ဖော်ထုတ်ရာမှာ အချိန်အတိုင်း အတာ တစ်ခုအထိ ကြာမြင့်နိုင်တဲ့အတွက် ယာဉ်ပေါ်မှာလိုက်ပါလာတဲ့ ခရီးသွား ပြည်သူများအတွက် နှောင့်နှေး ကြန့် ကြာမှုရှိမှာဖြစ်သလို အရေးတကြီး (သေရေးရှင်ရေး) ကိစ္စဆောင်ရွက်ရမည့် သူများ၊ တစ်ဆင့် ခရီးဆက်ရမည့် သူများ ပါရှိလာမည်ဆိုလျှင် ဘာပြော ကြမလဲ။ တွေးကြည့်ပါ။ အဖြေရှိပါ တယ်။ စစ်ဆေးရာတွင်လည်း မျက်မြင် မဟုတ်၊ သံသယကို အရင်းပြုပြီး ဖော် ထုတ်ရတဲ့အတွက် ဒီတရားမဝင်ပစ္စည်း သယ်ဆောင်လာတာကို မတွေ့ရှိခဲ့ဘူး ဆိုလျှင်ကော ခရီးသွားပြည်သူများက စစ်ဆေးတဲ့တာဝန်ရှိသူများကို ဘာပြော ကြမလဲ။ ခရီးသည် များရဲ့ ရိုးသားစွာ ယုံ ကြည်ပြီး စီးနင်းလိုက်ပါလာမှုကို အလွဲ သုံးစားလုပ်ပြီး ကိုယ်ချင်းစာနာစိတ်မရှိ၊ မိမိကိုယ်ကျိုး အတွက် လုပ်ကိုင် ဆောင် ရွက်နေသူများ အနေဖြင့် မှန်မှန်ကန်ကန် ဖြင့် လုပ်ကိုင်ကြဖို့ အချိန်တန်ပြီ လို့ ပြောလိုပါတယ်။ အဲဒီတော့ ခရီးသည် တင်ယာဉ်လိုင်းများ၊ ယာဉ်ပိုင်ရှင်များ အားလုံး မိမိတို့ကိုယ်တိုင်ဖြစ်စေ၊ မိမိတို့ ယာဉ်လိုင်း၊ မိမိကိုယ်ပိုင်ယာဉ်ကို အသုံး ချပြီး တရားမဝင်ပစ္စည်း သယ်ဆောင် နေမှုများကို ဆက်လုပ်နေမှာလား၊ လက်သင့်ခံလက်ပိုက် ကြည့်နေကြမယ် ဆိုရင် ပြည်သူများ ကအယုံအကြည်မဲ့ပြီး စီးပွားရေး ထိခိုက်လာမှာဖြစ်သလို တရားမဝင်ပစ္စည်း သယ်ဆောင်မှုအတွက် ပစ္စည်းကော၊ ယာဉ်ပါအသိမ်းခံရပြီး လူ ကိုပါ ဥဒေအရ အရေးယူအပြစ်ပေး ခံရမှာကို မလိုလားဘူးဆိုရင် ဝိုင်းဝန်း ကြပ်မတ်ထိန်းသိမ်းပေးဖို့ တိုက်တွန်း အသိပေးပြောကြားလိုက်ရပါတယ်။ ရွှေမြိုင်သား
ကချင်ပြည်နယ်အတွင်း ဖြစ်ပေါ်ခဲ့တဲ့နယ်မြေ မတည် ငြိမ်မှု အခြေအနေများ တဖြည်းဖြည်းနဲ့ တည်ငြိမ် အေးချမ်း လာပြီဖြစ်၍လည်းကောင်း၊ တစ်ဖက်တရုတ်နိုင်ငံအတွင်းရှိ ပေါက်စန်းခရိုင်နှင့် တယ်ဟုန်တိုင်းခရိုင်အတွင်းရှိ စားသောက် ကုန်နှင့် တိရစ္ဆာန်အစားအစာ လိုအပ်ချက်များ မြင့်တက် လာမှု ကြောင့်လည်းကောင်း၊ တရုတ်နှစ်သစ် ကူးပွဲတော်အပြီး ရာသီဥတုပူနွေးစပြုလာခြင်းတို့ကြောင့် မိမိတို့ကချင်ပြည်နယ် မြစ်ကြီးနားခရိုင်အတွင်း ရှိ ဧရာဝတီမြစ်ရိုးတစ်လျှောက်ရှိ မြစ်ကြီးနား၊ ဝိုင်းမော်စတဲ့ဒေသများမှ စိုက်ပျိုးထွက်ရှိစပြုလာ တဲ့ ပြောင်းဖူးစေ့နဲ့ ဖရဲသီးများ တရုတ်နိုင်ငံသို့ တင်ပို့ရန် ကြိုးပမ်းလျက်ရှိကြကြောင်း သိရသည်။ ယခုရက်ပိုင်းအတွင်း ပြောင်းဖူးစေ့ တန် ၁၀၀၀ ကျော်နဲ့ ဖရဲသီးတန်ချိန် ၅၀၀ ခန့်အား ပို့ကုန်လိုင်စင်များလျှောက်ထားခဲ့ပြီးဖြစ်ရာ မိမိတို့ ကန်ပိုက်တီး နယ်စပ်ကုန်သွယ်ရေးစခန်းရဲ့ ကုန်သွယ်မှု ပမာဏတိုးတက်ရေးနဲ့ ကုန်သည်လုပ်ငန်းရှင်များ ကုန်ပစ္စည်း တင်ပို့ ရေးလုပ်ငန်းများ လွယ်ကူလျင်မြန်ချောမွေ့စေရေး တို့အတွက် လိုအပ်တဲ့အကူအညီများကို အစွမ်းကုန်ကူညီ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း ပို့ကုန်တင်ပို့လိုသူကုန်သည် လုပ်ငန်းရှင်အပေါင်းအား သတင်းကောင်းပါးလိုက်ရပါတယ်။ကပတ (ကမရ)
စစ်တွေ နယ်စပ် ကုန်သွယ်ရေးစခန်းဟာ တစ်ဖက် ဘင်္ဂလားဒေ့ရှ်နိုင်ငံ တက္ကနဗ်မြို့နဲ့ ရေမိုင် ၇၀ ခန့်ခရီးကို ပင် လယ်ပြင်ဖြတ်သန်းပြီး ကုန်သွယ်မှုပြုလုပ်နေရတဲ့ စခန်း တစ်ခု ဖြစ်ပါတယ်။ ရေထွက်ကုန်ပစ္စည်း အုပ်စုဖြစ်တဲ့ ရေငန် ပုစွန်ဟာ စစ်တွေနယ်စပ်စခန်းရဲ့ အများဆုံး ပို့ကုန်ပစ္စည်းတစ်မျိုးပဲ ဖြစ်ပါတယ်။ တစ်ဖက်နိုင်ငံအေ နဖြင့် ခေါင်းပါ/မပါရေငန် ပုစွန်ကျားကုန်ကြမ်းများကို ရောင်းနိုင်သလောက် ဝယ်လိုအား ရှိပြီး အအေးခန်း စက်ရုံများမှ ပြုပြင်ထုတ်လုပ်ထားတဲ့ တန်ဖိုး မြင့်ကုန်ချောများကို ဝယ်ယူလေ့မရှိပါဘူး။ လက်ရှိကာလတွင် (တစ်ပေါင် ၁၅ ကောင်ပါ) ဆိုဒ်အကြီးဆုံးဖြစ်တဲ့ ရေငန် ပုစွန်ကျားမှာ မိမိဖက်ဈေးတစ်ပိဿာလျှင်(ကျပ် ၁၉၀၀၀ မှ ၂၀၀၀၀ ) ဖြစ်ပြီး တဖက်နိုင်ငံဈေးမှာ တစ်ပိဿာလျှင် (၂၁၅၀၀ မှ ၂၂၅၀၀)ဈေးဖြစ်တယ်လု့ိ သိရပါတယ်။ ၂၀၁၂-၂၀၁၃ ဘဏ္ဍာ နှစ်မှာ ရခိုင်ပြည်နယ်တစ်ဝန်းရှိ ပုစွန်မွေးကန်များမှ ကုန်ထုတ် လုပ်မှုကျဆင်းလျက်ရှိပြီး ရေငန်ပုစွန်အများဆုံး တင်ပို့နိုင်တဲ့ ကာလမှာ နှစ်စဉ်ဇွန်လမှ အောက်တိုဘာလအထိဖြစ်တယ်လို့ သိရပါတယ်။နကသ (စစ်တွေ)
မြဝတီ-ရန်ကုန် ကုန်သွယ်မှုလမ်းကြောင်းပေါ်မှာ စားသုံးသူ အကာအကွယ်ပေးရေးနဲ့ တရားမဝင် ကုန်သွယ်မှု တားဆီးရေးအတွက် Mobile Team များနဲ့ ရှောင်တခင်စစ်ဆေးမှုများကို နိုဝင်ဘာလနဲ့ ဒီဇင်ဘာလများမှာ ပညာပေးကာလအဖြစ် လုပ်ဆောင်ခဲ့ပြီး ဇန်နဝါရီ ၂၁ ရက်မှစ၍ ဖမ်းဆီးအရေးယူမှုများကို ဆက်လက် လုပ်ဆောင် လျက်ရှိပါတယ်။
ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၉ ရက်က တရားဝင် တင်သွင်းခွင့်ပြုထားတဲ့ ပလတ်စတစ်အိတ်များအစား ကျွတ် ကျွတ်အိတ်များ တင်သွင်းလာတဲ့ အတွက် သိမ်းဆည်းခံရကြောင်း သိရ ပါတယ်။
မော်လမြိုင်-ဘားအံ-မြဝတီလမ်းပိုင်းရှိ ခရီးသည်တင်မှန်လုံ မော်တော် ယာဉ်များဟာ ခရီးသွားများကို အကာအကွယ်ရယူပြီး အကောက်ခွန်မဲ့ပစ္စည်းများ တင်ဆောင်လာမှုများ၊ ဟိုင်းလပ်ယာဉ်များကလည်း ခရီးသည် စီးနင်းမှုနည်းပါးခြင်း ကြောင့် ကုန်စည်အားပြုသယ်ဆောင်လာမှုများရှိတယ်လို့ သတင်းများရရှိကြောင်း Mobile Team အဖွဲ့-၂ မှ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။ အဲဒီအတွက် မြဝတီ-ရန်ကုန် ကုန်စည်စီးဆင်းမှုလမ်းကြောင်းမှာ စားသုံးသူအကာအကွယ်ပေးရေးနဲ့ တရားမဝင်ကုန်စည်စီးဆင်းမှုတားဆီးနိုင်ရေး တာဝန်ယူဆောင် ရွက်နေတဲ့ Mobile Team အဖွဲ့ဟာ ဖေဖော်ဝါရီလ ၁၀ ရက်ညမှ ၁၁ ရက်နေ့မွန်းလွဲပိုင်းခန့်ထိ မြဝတီ အဆင်းယာဉ်တန်းများ အားစစ်ဆေးမှုများပြုလုပ်ခဲ့ပါတယ်။ ထိုသို့စစ်ဆေးရာ မှာ မှန်လုံယာဉ် ၁၂ စီးနဲ့ ဟိုင်းလပ် ယာဉ် ၂ စီးမှ ကျပ် ၃၆၂ သိန်းကျော်တန်ဖိုးရှိ ှSinga Beer ၊ Chang Beer ၊Diablo Beer ၊SPY Wine၊ Vodka အရက်၊ စကော့ဝီစကီ၊ ကားပစ္စည်းများ၊ ဂီယာဝိုင်၊ စားသောက်ကုန်များ (ကြက်ဥမြေပဲ၊ Green Peas ၊ အုန်းနို့၊ Queen အချိုရည်၊ ကိုကာကိုလာအချိုရည်၊ ပဲနို့၊ ဘူးခေါက်ဆွဲခြောက်၊ ဝေဖာ၊ ဘီစကစ်၊ ဂျယ်လီ၊ လစ်ပို၊ ကော်ဖီ၊ အချိုမှုန့်၊ ငါးသေတ္တာ၊ ကော်ဖီကရင်မ်မာ၊ စားဆီ၊ ကွမ်းစားဆေး၊ ပိန်ဆေး၊ အဆီချဆေး၊ ကြီးထွားဆေး၊ ဆံပင်ဆိုးဆေး၊ ကျား/မ ကလေးဝတ်ဂျင်းအထည်များ၊ ဆွဲသားများ၊ စွပ်ကျယ်များ၊ အမျိုးသမီး ဆံညှပ်/ကလစ်များ ကိုစစ်ဆေးတွေ့ရှိရတဲ့အတွက် အကောက်ခွန် အမှုတွဲ ၁၄ ခုဖွင့် လှစ်ပြီး အကောက်ခွန် လုပ်ထုံး လုပ်နည်းနဲ့အညီ ဆောင်ရွက်ထားပြီးပြီဖြစ်ကြောင်း သိရပါတယ်။Source: လရ-၂၊ MTN