Main menu

Background

Thursday, 4 Oct 2012

မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်ရှိ မြန်မာ့ကုန်ပစ္စည်းစစ်ဆေးရေးနှင့် စမ်းသပ်မှုလုပ်ငန်းလီမိတက် (M.I.T.S) အဖွဲ့မှ အကောက်ခွန်ဦးစီးဌာန၊ အစား အသောက်နှင့်ဆေးဝါးကွပ်ကဲရေးဌာန (FDA)  တို့နဲ့ ပူးပေါင်းပြီး သွင်းကုန်ပစ္စည်း တင်သွင်းခွင့် IR (Import Recommendation)  လျှောက်ထားခြင်း၊ အစားအသော က်နှင့် ဆေးဝါးများ စားသုံးရန်သင့်မသင့် စစ်ဆေးပေးခြင်း၊ နမူနာများ အကောက်ခွန်ဦးစီးဌာနနှင့် ပူးပေါင်း ရယူခြင်း၊ စာရွက်စာတမ်းများ ကြည့်ရှု စစ်ဆေးခြင်း၊ နေပြည်တော်နှင့်ရန်ကုန်မြို့ရှိ ဓာတ်ခွဲခန်းများသို့ အစစ်ဆေးခံ ရန် ပေးပို့ခြင်း၊ ဓာတ်ခွဲခန်းမှထွက်ရှိ လာသော Certificate များအား ကုန်သည် လုပ်ငန်းရှင်များ၏ လက်ဝယ်သို့ရောက်ရှိအောင် အချိန်နဲ့တစ်ပြေးညီ ဝန်ဆောင်မှု ပေးခြင်းတို့ကို စက်တင်ဘာလ ၁၃ ရက်နေ့မှစပြီး ဆောင်ရွက်ပေးနေပြီဖြစ်ပါတယ်။

Thursday, 4 Oct 2012

မြန်မာ-အိန္ဒိယနယ်စပ်ရှိ တမူးနယ်စပ်ကုန်သွယ်ရေးမှ ယခုလအတွင်း အုန်းသီးတင်ပို့မှုဟာ ယခင်လထက် ပိုများလာတာတွေ့ရပါတယ်။ အုန်းသီး အဝယ်လိုက်ခြင်းဟာ အောက်တိုဘာလဆန်းမှာကျရောက်မဲ့ အိန္ဒိယနိုင်ငံ မဏိ ပူရပြည်နယ်ရဲ့ရိုးရာပွဲဖြစ်တဲ့ အုန်းမျှောပွဲ၊ မိဘကန်တော့ပွဲများအတွက် ယခု အချိန်ကစပြီး ဝယ်ယူသိုလှောင်ကြတဲ့ အတွက် ဖြစ်ပါတယ်။ အုန်းသီးကုန်သည် များဟာ ချင်းတွင်းမြစ်ရိုးတစ်လျှောက်ရှိ အုန်းသီးများကို ကလေးဝမြို့မှလည်း ကောင်း၊ ကလေးနယ်နဲ့ ဂန့်ဂေါနယ်တစ်ဝိုက်ရှိ အုန်းသီးများကို ကလေးမြို့မှ လည်းကောင်း တမူးကိုသယ်ဆောင်ပြီး တစ်ဖက်နိုင်ငံကို တင်ပို့နေတာဖြစ်ပါ တယ်။ ကလေးမြို့နဲ့ ကလေးဝပွဲရုံမှာ  အုန်းသီးတစ်လုံးကို ၁၄၀ိ/- ခန့်ရှိပြီး သယ်ယူခ၊ အလုပ်သမားတင်/ ချခနဲ့ တမူူးသို့အရောက်တစ်လုံးကို၂၅၀ိ/-ကျပ် ခန့်ရှိပါတယ်။ တမူးမှနန့်ဖာလုံသို့သယ်ခ တစ်လုံးချလျှင် ၂၅ိ/-ကျပ်နှုန်းနဲ့ဆိုလျှင် ၂၇၅ိ/-ခန့်ရှိကြောင်း သိရပါတယ်။ နန့်ဖာလုံဈေးတွင် အုန်းသီးလက်ရွေးစင် တစ်လုံးလျှင် ၂၂ ရူပီးနဲ့ ရောင်းချရတဲ့အတွက် မြန်မာကျပ်ငွေ ၃၄၀ိ/-ကျပ်ခန့် ရှိပါတယ်။ အကြမ်းအမြတ် ၆၅ ကျပ်ရှိပါတယ်။ မြစ်ရိုးတစ်လျှောက်ထွက်တဲ့ အုန်းသီးများထဲမှာ မင်းကင်းနဲ့ကန္နီကထွက်တဲ့ အုန်းသီးဟာ အလုံးချော၊ အသား ထူပြီးပိုဖွေးလို့ လူကြိုက်များကာ အရောင်းသွက် လျက်ရှိပါတယ်။

Thursday, 4 Oct 2012

မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်မှ ကန်ဒေါ်လာ ၁ ဒသမ ၄၉၄ သန်းတန်ဖိုးရှိ ငါးရှဉ့် ၂၀၄ တန်ခန့်၊ အေးခဲငါး ၁၄၇ တန်ကျော်၊ ကဏန်း တန် ၉၀ ကျော်၊ အေးခဲပုစွန်တန် ၆၀ ကျော်၊ ငါးအသားလွှာ ၃၂ တန်ကျော်နဲ့ ငါးစည်ဖောင်း ၀ ဒသမ ၄၂၉ တန်ကို စက်တင်ဘာလ ၁၂ ရက်မှ ၁၈ ရက်ထိကာလအတွင်းမှာ အပို့ရှိခဲ့ပါတယ်။  ချင်းရွှေဟော် နယ်စပ်မှ ကန်ဒေါ်လာ သုညဒသမ ၇၃၇ သန်းတန်ဖိုးရှိ ငါးရှဉ့် ၁၄၂ တန်ခန့်နဲ့ ကဏန်း (အရှင်) ၆၄ တန်ခန့် ယခုအပတ်အတွင်းမှာ အပို့ရှိခဲ့ပါတယ်။ ယခင်အပတ်နဲ့ နှိုင်းယှဉ်လျှင် တန် ၄၀ ခန့် အပို့လျော့ခဲ့ပါတယ်။ ငါးရှဉ့်နဲ့ ကဏန်းများ မူဆယ်ရောချင်းရွှေဟော်မှာပါ ယခင်အပတ် ထက် အပို့လျော့ခဲ့ပါတယ်။ ယခင်အပတ်က ငါးရှဉ့်ဈေးသာ ကျပြီး ကဏန်းဈေးတက်ခဲ့ပေမဲ့  ယခုအပတ်မှာ ငါးရှဉ့်ရော ကဏန်းလေလံဈေး များလျော့ကျလျက် ရှိတာ တွေ့ရ ပါတယ်။ မိမိဘက်နဲ့တစ်ဘက်နိုင်ငံ ငါးရှဉ့်၊ ကဏန်းလေလံဈေးများကို နှိုင်းယှဉ် ဖော်ပြပေးလိုက်ရပါတယ် -

Thursday, 4 Oct 2012

ဆိုင်ကယ်အသစ်များကို မြိတ်နဲ့ မူဆယ်နယ်စပ်များမှ စက်တင်ဘာလ ၁၂ ရက်မှ ၁၈ ရက်ထိကာလ အတွင်းမှာ အသွင်းရှိပြီး သုံးဘီးဆိုင်ကယ်များကို မူဆယ်နဲ့ လွယ်ဂျယ် နယ်စပ်များက အသွင်းရှိတာ တွေ့ရပါတယ်။ ဆိုင်ကယ် အသစ်များ တင်သွင်းမှုကိုကြည့်လျှင် ကန်ဒေါ်လာ ၁ ဒသမ ၃၂၃ သန်းတန်ဖိုးရှိ ဆိုင်ကယ် ၃၈၇၆ စီးကို မူဆယ်နဲ့ ၈ စီးကို မြိတ်မှ တင်သွင်းခဲ့ရာ ယခင်အပတ်ကထက် ၁၈၇၅ စီး အသွင်းပိုခဲ့ပါတယ်။ သုံးဘီးဆိုင်ကယ်တင်သွင်းမှုမှာ ကန်ဒေါ်လာ သုည ဒသမ ၂၆၅ သန်းတန်ဖိုးရှိ သုံးဘီးဆိုင် ကယ် ၁၇၇ စီးကို မူဆယ်နဲ့ အစီး ၃၀ ကို လွယ်ဂျယ်နယ်စပ်မှ တင်သွင်းခဲ့ရာ ယခင်အပတ်ကထက် ၂၅ စီးအသွင်းပိုခဲ့ တယ်လို့ သိရပါတယ်။ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနမှ ဆိုင်ကယ်လိုင်စင်ထုတ်ပေးပြီးနောက်ပိုင်း ဆိုင် ကယ် တင်သွင်းမှုများ ပိုမိုများပြားလာနေတာဖြစ်ပါတယ်။MIRT(DOBT).

Thursday, 4 Oct 2012

ဘင်္ဂလားဒေ့ရှ်သို့ နေလှန်းဆားတင်ပို့မှု နှစ်အတော် ကြာ ရပ်ဆိုင်းခဲ့ရာမှ ယခုအခါနှစ်နိုင်ငံ အောက်ခြေ အဆင့် ညှိနှိုင်းအစည်းအဝေးများမှ ညှိနှိုင်းနိုင်ခဲ့တဲ့ အကျိုးကျေးဇူး အဖြစ် တစ်ဘက်နိုင်ငံမှ ဆားဝယ်ယူရန် ပြန်လည် ကမ်းလှမ်း လာခဲ့ပါတယ်။ ယခုအခါ စက်တင်ဘာလ ၁၂ ရက်မှ ၁၈ ရက်ထိ ကာလအတွင်းမှာ စစ်တွေနယ်စပ် ကုန်သွယ်ရေးစခန်း မှ ကန်ဒေါ်လာ သုည ဒသမ ၀၁၅ သန်းတန်ဖိုးရှိ နေလှန်း ဆား ၄၄၅ တန်ကို ပထမဆုံးအနေနဲ့ တင်ပို့နိုင်ခဲ့တယ်လို့ သတင်းရရှိပါတယ်။                             MIRT(DOBT)

Thursday, 4 Oct 2012

မြန်မာနိုင်ငံဟာ သဘာဝသယံဇာတများပေါကြွယ်ဝတဲ့ အတွက် စီးပွားရေးဖွံ့ဖြိုးလာစေရန် စနစ်တကျ အကျိုးရှိစွာ ထုတ်ယူသုံးစွဲတတ်မှုအပေါ်မူတည်ပြီး ရေရှည်တည်တံ့အောင် ပျိုးထောင်ခြင်းဖြင့် သားစဉ်မြေးဆက် လက်ဆင့်ကမ်းအမွေ ဆက်ခံစေလျက်ရှိပါတယ်။ သစ်တောသစ်ပင်များ မပြုန်း တီးအောင် ထုတ်ယူသုံးစွဲမှုနဲ့ အစားထိုးပြုစုပျိုးထောင် စိုက် ပျိုးခြင်းများကို တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ဆောင်ရွက် လျက် ရှိပါတယ်။ အပူပိုင်း ဒေသစိမ်းလန်းစိုပြေရေးအတွက် ရာသီလဲမျှ စီးပွားလည်းဖြစ်မဲ့ သစ်ပင်သစ်တောများအား စနစ် တကျရွေးချယ်ပြီး စီမံချက်ချစိုက်ပျိုးခြင်းဖြင့် တောင်ကတုံးကို ရောင်ထုံးပေးလျက်ရှိပါတယ်။ အပူပိုင်းဒေသတစ်ခုဖြစ် တဲ့ အညာမြေက တမာပင်များနဲ့ တမာတန်း၊ တမာလမ်းတို့မှာ စာရေးဆရာများရဲ့ သီချင်းစပ်ဆိုရာအနုပညာအတွက် ကုန် ကြမ်း ဖြစ်သကဲ့သို့ တိုင်းပြည်ရဲ့ပို့ကုန်စွမ်းအား တိုးတက်လာ စေရေးအတွက် တစ်ထောင့်တစ်နေရာမှနေပြီး အားဖြည့်ပေး လျက်ရှိပါတယ်။ မြန်မာ့စိုက်ပျိုးရေးလုပ်ငန်းအနေနဲ့ တမာ ပင်မှ တမာစေ့ကုန်ကြမ်းများရယူကာ တမာပိုးသတ်ဆေးရည် များ ပြုပြင်ထုတ်လုပ်ခြင်းဖြင့် ပြည်ပသို့တင်ပို့ရောင်းချနေ သကဲ့သို့ တမာသွားတိုက်ဆေး၊ တမာဆေးဆပ်ပြာများလည်း ကုန်ချောအဖြစ် ပြည်တွင်းမှာထုတ်လုပ်သုံးစွဲလျက်ရှိပါတယ်။ ယခင်က ပို့ကုန်တင်ပို့ခွင့်မပြုခဲ့တဲ့ တမာစေ့နဲ့တမာဆီများအား ယခုအခါ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနရဲ့ စိစစ်ခွင့်ပြုထောက်ခံချက်နဲ့ တင်ပို့ ခွင့်ပြုပေးလိုက်ပြီဖြစ်ပါတယ်။ မြဝတီနယ်စပ်မှတစ်ဆင့် ထိုင်း နိုင်ငံသို့တင်ပို့ ရောင်းချရန်အတွက် ယခုလအတွင်းတမာစေ့ တန်ချိန် ၂၅ တန်၊ တန်ဖိုးအားဖြင့် အမေရိကန် ဒေါ်လာ ၁၂၅၁၀ အား မြဝတီနယ်စပ်ကုန်သွယ်ရေးစခန်းရဲ့ အမယ် သစ်ပို့ကုန်အဖြစ် တင်ပို့နိုင်ခဲ့ပါတယ်။ ဆက်လက်ပြီး တမာ စေ့နဲ့ တမာဆီများတင်ပို့ရန် စီစဉ်ထားပြီးဖြစ်တယ်လို့ သတင်း ရရှိပါတယ်။ကျော်ဆန်းထွန်း(မြဝတီ)

Friday, 28 Sep 2012

ရခိုင်ပြည်နယ်ဒေသထွက် နေလှန်းဆားများတန်ချိန် ၁၀၀၀၀ ခန့် ဝယ် ယူရန် တစ်ဘက်ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ကုန်သည်များက သြဂုတ်လ နောက် ဆုံးပတ်မှာ ကမ်းလှမ်းမှုရှိလာတယ်လို့ သတင်းရရှိပါတယ်။ စက်တင်ဘာလ အတွင်းမှာ ပထမဆုံးအသုတ်အနေနဲ့ တန် ၃၀၀၀ တင်ပို့ရန်စီစဉ်ထားပြီးဖြစ် တယ်။ကျန်တဲ့တန် ၇၀၀၀ ကို တစ်ဘက်နိုင်ငံက စေလွှတ်တဲ့သင်္ဘောရဲ့ ကုန် တင်ဆန့်မှုပေါ် မူတည်ပြီး တင်ပို့သွားမှာဖြစ်တယ်လို့ စစ်တွေနယ်စပ် ကုန် သွယ်ရေးစခန်းတာဝန်ခံ ဦးနန္ဒက  Commerce Journal  ကို ပြောပြပါတယ်။

Friday, 28 Sep 2012

မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်နယ်စပ်မှ ကန်ဒေါ်လာ သုည ဒသမ ၆၈၃ သန်းတန်ဖိုးရှိ ငါးရှဉ့် ၄၁၂ တန် ခန့်၊ အေးခဲငါး တန် ၂၅၀၀ ကျော်၊ ကဏန်း ၁၂၁ တန်ကျော်နဲ့ ငါးစည်ဖောင်း သုည ဒသမ ၃၂၆ တန်ကို စက်တင်ဘာလ ၅ ရက်မှ ၁၁ ရက်ထိကာလအတွင်းမှာ တင်ပို့မှုရှိခဲ့ပါတယ်။ ချင်းရွှေဟော်နယ်စပ်မှ ကန်ဒေါ်လာ သုည ဒသမ ၈၅၁ သန်းတန်ဖိုးရှိ ကဏန်း ၆၂ တန်ကျော်နဲ့ ငါးရှဉ့် ၁၇၄ တန် ခန့် အပို့ရှိခဲ့ပါတယ်။

Friday, 28 Sep 2012

မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်နဲ့ချင်းရွှေဟော်နယ်စပ် ကုန်သွယ်ရေးစခန်းများမှ ကန်ဒေါ်လာသုည ဒသမ ၀၀၃ သန်း တန်ဖိုးရှိ မျှစ်ခြောက် ၈ တန်ကို မူဆယ်မှ ၃ တန်နဲ့ ချင်း ရွှေဟော်မှ ၅ တန်အပို့ရှိခဲ့ပါတယ်။ ကန်ဒေါ်လာ သုည ဒသမ ၀၀၂ သန်းတန်ဖိုးရှိ မျှစ်စို ၁၃ ဒသမ ၅ တန်ကိုတော့ မူဆယ်မှ အပို့ရှိခဲ့ပါတယ်။ မျှစ်စို၊ မျှစ်ခြောက်များကို သာမန် လူများက ဟင်းလျာချက်ပြုတ်စားသောက်ရာမှာသုံးသလို  စားသောက်ဆိုင်များကလည်း ဝယ်ယူအသုံးပြုမှု ရှိတယ်လို့ သိရပါတယ်။MIRT(DOBT)

Friday, 28 Sep 2012

မြိတ်နယ်စပ်မှ စက်တင်ဘာလ ၅ ရက်မှ ၁၁ ရက်ထိကာလအတွင်းမှာ ကန်ဒေါ်လာ သုည ဒသမ ၁၉၁ သန်း တန်ဖိုး ရှိ ဟင်းရွက်ဆီ ၁၇၅ တန် အသွင်းရှိခဲ့တယ်လို့ သိရပါတယ်။ Fisherman  အမှတ်တံဆိပ်ဖြစ်ပြီး ၁၈ လီတာဆန့် ပလပ်စတစ်ဂျယ်ရီကင်န် (ပုံး) များနဲ့ တင်သွင်းတာဖြစ်ပါတယ်။ Cloud Point  ၈ ဒီဂရီစင်တီဂရိတ် အမြင့်ဆုံးရှိပြီး အနိမ့်ဆုံး  Iodine Value ၈ ရှိတယ်လို့ သိရပါတယ်။ MIRT(DOBT)

Pages