Background
၂၄-၄-၂၀၁၂ ရက် ထိုင်းနိုင်ငံဝန်ကြီးချုပ်ရုံးမှ ဒုတိယပြောရေးဆိုခွင့်ရှိသူ နိုင်းဖတ်ဒီဟံဟိမထောင်းခမ်းက ကုန်ပစ္စည်း သိုလှောင်ရေးအသင်းအဖွဲ့သည် တောင်သူလယ်သမားဘဏ်မှ ဘတ်သန်း ၃၀၀ ချေးငှားယူပြီးနောက် လာအိုနိုင်ငံမှ တိရစ္ဆာန်ကျွေးပြောင်းဖူး တန်ချိန် ၃၀၀၀၀ ဝယ်ယူရန် ဝန်ကြီးများအဖွဲ့မှ အတည်ပြုပေး ခဲ့ကြောင်း၊ ၂၀၁၂ ခုနှစ် မေလနှင့် ဇွန်လတွင် တိရိစ္ဆာန်အစားအစာထုတ်လုပ်ပြီး ပြည်တွင်းရှိတိရိစ္ဆာန်မွေးမြူရေး သမားများအား ပြန်လည်ဖြန့်ဖြူးရောင်းချ ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု သတင်းရရှိသည်။ှသကမခနါ်ထိုင်းရတ်သတင်းစာ၊မြင့်ဦး
မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ စစ်တွေနဲ့ မောင်တောနယ်စပ်များမှ ဧပြီလ ၂၅ ရက်မှ မေလ ၁ ရက် ထိကာအတွင်းမှာ တင်ပို့မှုအရှိန်ပြန်ယူလာတာ တွေ့ရပါတယ်။ စစ်တွေနယ်စပ်မှ ကန်ဒေါ်လာ သုည ဒသမ ၀၆၈ သန်းတန်ဖိုးရှိ ရေချိုငါး တန် ၇၀နဲ့ ကန်ဒေါ်လာ သုည ဒသမ ၁၉၉ သန်းတန်ဖိုးရှိ ရေငန်ပုစွန် ၃၆ တန်ဝန်းကျင် အပို့ရှိခဲ့ပါတယ်။ ယခင်အပတ်က မောင်တော နယ်စပ်တစ်ခုတည်းမှသာ ရေငန်ပုစွန်အပု့ိရှိခဲ့တာ ဖြစ်ပါတယ်။MIRT(DOBT)
ဧပြီလ ၂၅ ရက်မှ မေ ၁ ရက်အထိကာလအတွင်း မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်မှ ကန်ဒေါ်လာ ၂ ဒသမ ၆၄၃ သန်းတန်ဖိုးရှိ ပရဆေး ကုန်ကြမ်း ၁၆၀၇ ဒသမ ၈၀၁ တန် အပို့ရှိခဲ့ပါတယ်။ ယခင်အပတ်ကထက် ချဉ်ပေါင်ဖာလာ (အခွံပါ/အခွံမပါ)၊ စကားပန်းပွင့်ခြောက်၊ နနွင်းခေါင်း၊နနွင်းတက် (ရှမ်းစ)၊ ဖန်ခါးသီးခြောက်၊ မိကျောင်း ကွမ်းဖတ်စေ့၊ ဝဥခြောက်၊ တောချင်း၊ နေလဲစေ့၊ ခပေါင်းစေ့၊ ကြက်ဆူစေ့နဲ့
ဧပြီလ ၂၅ ရက်မှ မေ ၁ ရက်အတွင်း မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်နဲ့ ချင်းရွှေဟော်နယ်စပ်ကုန်သွယ်ရေး စခန်းများမှ ကန်ဒေါ်လာ ၁ ဒသမ ၇၅၄ သန်း တန်ဖိုးရှိ အေးခဲအမဲသား ၄၃၃ တန်ခန့်၊ သားရေ ၅၅ တန်ကျော်၊ ဘေးထွက်ပစ္စည်း ၁၉ တန်ခန့်၊ ကလီစာ ၃၆ တန်ကျော်နဲ့ အမဲပြုတ်သား ၈ တန်ခွဲ အပို့ရှိခဲ့ပါတယ်။ ယခင်အပတ် ကထက် အေးခဲအမဲသား ၂၆၃ ဒသမ ၅၂၈ တန် ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ နယ်စပ်အလိုက်တင်ပို့နိုင်မှုတွေကတော့ မူဆယ်မှ အေးခဲအမဲသား ၃၄၁ တန်၊ ကျွဲနွားသားရေ ၅၅ တန်ကျော်၊ ကလီစာ ၃၇ တန်ခန့်၊ ချင်းရွှေဟော်မှ အေးခဲအမဲသား ၉၁ တန်ကျော်၊ နွားဘေးထွက် ၁၉ တန်ခန့်နဲ့ အမဲပြုတ်သား ၈ တန်ခွဲ တင်ပို့ခဲ့တာ ဖြစ်ပါတယ်။ ယခင်အပတ်ကထက် အေးခဲအမဲသား ၂၆၃ ဒသမ ၅၂၈ တန်အပို့ပိုခဲ့ပါတယ်။ နယ်စပ်မှ ဧပြီလမှ အေးခဲအမဲသား တန် ၁၀၀၀ ကျော်၊ ကျွဲနွားသားရေ ၄၃၉ တန်ခန့်၊ နွားကြော ၉ တန်၊ ကလီစာ ၃၇ တန်၊ အမဲပြုတ်သား ၈ တန် ခွဲ၊ နွားဘေးထွက် တန် ၂၀ ခန့် တင်ပို့ထားပြီးဖြစ်ပါတယ်။MIRT(DOBT)
ဧပြီလ ၂၅ ရက်မှ မေလ ၁ ရက်ထိကာလအတွင်းမှာ မြဝတီနယ်စပ်မှ ကန်ဒေါ်လာ သုည ဒသမ ၃၃၉ သန်း တန်ဖိုးရှိ ငါးမျိုးစုံ ၁၁၄ တန်၊ ပုစွန် ၇ တန်ကျော်နဲ့ ကဏန်း ၁၆ တန်ကျော် အပို့ရှိခဲ့ပါတယ်။ ကော့သောင်းနယ်စပ်မှ ကန်ဒေါ်လာ သုညဒသမ ၈၆၈ သန်းတန်ဖိုးရှိ ငါးမျိုးစုံ ၁၂၁၁ ဒသမ ၉၂၃ သန်းတန်ဖိုးရှိ ကဏန်း ၃ တန်၊ ခရု သုညဒသမ ၃၇၅ တန်၊ငါးဆားနယ်၁၁ ဒသမ ၂၂၀ တန်နဲ့ ပဂဲ ၁ ဒသမ ၆၅၈ တန် အပို့ရှိခဲ့ပါတယ်။
ဧပြီလဆန်းကစပြီး မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ စစ်တွေနဲ့မောင်တော နယ်စပ်များမှ ရေထွက် ကုန်တင်ပို့မှုနားနေရာမှ ယခုဧပြီလ ၁၈ ရက်မှ ၂၄ ရက်ထိကာလအတွင်းမှာတော့ မောင်တောနယ်စပ်မှသာ ကန်ဒေါ်လာ သုညဒသမ ၁၇၀ သန်းတန်ဖိုးရှိ ရေငန်ပုစွန် ၂၉ တန်ဝန်းကျင်တင်ပို့နိုင်ခဲ့တယ်လို့ သတင်းရရှိပါ တယ်။ MIRT (DOBT)
မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်နဲ့ ချင်းရွှေဟော် နယ်စပ်ကုန်သွယ်ရေးစခန်း များမှ ဧပြီလ ၁၈ ရက်မှ ၂၄ ရက်ထိကာလအတွင်းမှာ ကန်ဒေါ်လာ သုညဒသမ ၆၁၀ သန်းတန်ဖိုးရှိ ရေထွက်ကုန် ၂၁၅ တန်ဝန်းကျင် အပို့ရှိခဲ့ရာ ယခင်အပတ်ကထက် တန် ၁၀၀ နီးပါးအပို့ပိုခဲ့ပါတယ်။ တရုတ်နယ်စပ်မှ တင်ပို့တဲ့ ရေထွက်ကုန်တွေကတော့ မူဆယ်မှ ငါးရှဉ့် ၃၂ တန်ခန့်၊ ကဏန်း ၄၅ တန်ကျော်နဲ့ ငါးဆားနယ် တန် ၁၀၀ နီးပါး ချင်းရွှေဟော်မှ ငါးရှဉ့် ၃၈ တန်ဝန်းကျင်အပို့ရှိခဲ့တာဖြစ်ပါတယ်။ ဧပြီလအတွင်းမှာ တရုတ်နယ်စပ်မှ ရေထွက်ကုန် ၅၄၇ တန်တင်ပို့ထားပြီးဖြစ်တယ်လို့သိရပါတယ်။ MIRT (DOBT)
မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်မှ ကန်ဒေါ်လာသုည ဒသမ ၄၆၁ သန်းတန်ဖိုးရှိ စိန်တစ်လုံး သရက် ၈၃၆ တန်ကျော်ကို ဧပြီလ ၁၈ ရက်မှ ၂၄ ရက်ထိကာလအတွင်းမှာအပို့ရှိခဲ့ပါတယ်။ ဧပြီလဆန်းပိုင်း စတင်ပို့စဉ်က တစ်တန်ခွဲ၊ နောက် တန် ၇၀ ဝန်းကျင်အပို့ရှိခဲ့ရာမှ ယခုအခါ တန် ၈၀၀ ကျော်ထိ ပို့အား တက်လာတွေ့ရပါတယ်။ စိန်တစ်လုံးဂျပ်ဖာ ၁ လုံးကို ယွမ် ၁၈၀ ဈေးပေါက်ပြီး ရင်ခွဲသရက် ဂျပ်ဖာ ၁ လုံးကို ယွမ် ၃၀ မှ ၃၆ ယွမ် ဝန်းကျင်ဈေးသာရတယ်လို့ သိရပါတယ်။MIRT (DOBT)
ဧပြီလ ၁၈ ရက်မှ ၂၄ ရက်ထိကာလအတွင်းမှာ ကန်ဒေါ်လာ သုည ဒဿမ ၆၄၂ သန်းတန်ဖိုးရှိ မူဆယ်မှ အေးခဲအမဲသား ၁၂၄ တန်ကျော်နဲ့ ချင်းရွှေဟော်မှ ၄၅ တန်ခန့်ကို အပို့ရှိခဲ့ရာ ယခင်အပတ်ကထက် ၈၂ တန်ကျော် အပို့ပိုခဲ့ပါတယ်။ ဒါ့အပြင် မူဆယ်မှ နွားကြော ၉ တန်၊ နွားသားရေ ၁၆၉ တန်ခန့် တန်ဖိုး ကန်ဒေါ်လာ သုည ဒသမ ၁၁၆ သန်းဖိုးနဲ့ ချင်းရွှေဟော်မှ နွားဘေးထွက် ၂ တန်ကျော် ကန်ဒေါ်လာ သုည ဒသမ ၀၀၂ သန်းဖိုးတင်ပို့မှုရှိခဲ့တယ်လို့သိရပါ တယ်။ MIRT (DOBT)
ရာသီချိန်ကုန်ပြီးဖြစ်လို့ သခွားမွှေးတင်ပို့မှုများ ကျသထက်ကျလျက်ရှိရာ ဧပြီလ ၁၈ ရက်မှ ၂၄ ရက်ထိကာလအတွင်းမှာ ကန်ဒေါ်လာ သုည ဒသမ ၄၂၈ သန်းတန်ဖိုးရှိ သခွားမွှေး ၁၉၅၆ တန်သာ တင်ပို့နိုင် ပါတော့တယ်။ တစ်နေ့ကို သခွားမွှေးကား ၂ စီးမှ ၃ စီးသာ အတက်ရှိတာဖြစ်ပါတယ်။ ရာသီချိန်ကုန်လာ တာနဲ့အမျှ လဆန်းပထမပတ်မှာ တန် ၄၀၀၀ ကျော်၊ ဒုတိယပတ်မှာ တန် ၃၅၀၀ ကျော်နဲ့ ယခုတတိယပတ်မှာ တန် ၂၀၀၀ နီးပါးသာ အပို့ရှိတော့တာဖြစ်ပါတယ်။MIRT (DOBT)