Background
မတ်လ ၁၄ ရက်မှ ၂၀ ရက်ကာလအတွင်းမှာ မူဆယ်နယ်စပ်မှ ကန်ဒေါ်လာ ၃ ဒသမ ၇၂၄ သန်း တန်ဖိုးရှိ ဧည့်မထ ၅ မှတ် ၂၅၁၇ တန်၊ ၁၀ မှတ် ၁၄၂၅ တန်ခန့်၊ ၁၅ မှတ် ၂၁၄၆ တန်ခန့်၊ ၂၅ မှတ် ၁၇၀၂ တန် ခန့်နဲ့ ငစိန် ၁၀ မှတ် ၁၀၀၅ တန်ကို တင်ပို့နိုင်ခဲ့ပါတယ်။ ချင်းရွှေဟော်နယ်စပ်မှ ကန်ဒေါ်လာ သုည ဒသမ ၁၄၇ သန်း တန်ဖိုးရှိ ဧည့်မထ တန် ၃၅၀၊ ကန်ဒေါ်လာ
မူဆယ် ၁၀၅ မိုင်မှာ ပေးဆောင်ရတဲ့ အလုပ်သမားခမှာ မြေဆီတစ်တန်လျှင် ၁၀၀၀ိ/-နှုန်းနဲ့ ကားတစ်စီးကို ၁၈၀၀၀ိ/-နှုန်း ပေးချေနေရသဖြင့် သယ်ယူခ နှုန်းထားလျှော့ချပေးရန်ကုန်သွယ်မှုမြှင့်တင်ရေး အစည်းအဝေးမှာ နယ်စပ်ကုန်သည် အသင်း ဒုတိယဥက္ကဋ္ဌ ဦးဌေးဦးက အဆိုပြုခဲ့တာဖြစ်ပါတယ်။ ဦးဌေးဦးက ဆက် လက်ပြီး ၁၀၅ မိုင်ကုန်သွယ်ရေးစခန်းမှာ
ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ စစ်တွေနယ်စပ်မှကန်ဒေါ်လာ သုညဒသမ ၁၇၆သန်း တန်ဖိုးရှိ ရေချိုငါး ၁၄၂ တန်ကျော်၊ ငါးစုံလေးခြောက် ၁၂ တန်၊ ငါးနီတူခြောက် ၂ တန်နဲ့ ရေငန်ပုစွန်ကျား ၃ ဒသမ ၆ တန် အပို့ရှိခဲ့ရာ ယခင်အပတ်ကထက် ၁၁၆ တန် လျော့နည်းတင်ပို့ခဲ့တာ တွေ့ရပါတယ်။ ရေချိုငါးနဲ့ ငါးစုံလေးခြောက် တင်ပို့မှု လျော့နည်းခဲ့တဲ့အတွက် ဖြစ်ပါတယ်။ မောင်တော
မတ်လ ၁၄ ရက်မှ ၂၀ ရက်အထိကာလအတွင်းမှာ မြန်မာ - တရုတ်နယ်စပ်၊ ထိုင်းနယ်စပ်နဲ့ အိန္ဒိယ နယ်စပ်များမှ ကန်ဒေါ်လာ ၃ သန်းကျော်ဖိုး သစ်သီးဝလံကုန်သွယ်မှုကို ဆောင်ရွက်နိုင်ခဲ့ပါတယ်။ ပို့ကုန်အနေနဲ့ မူဆယ်နဲ့ ချင်းရွှေဟော်မှ ကန်ဒေါ်လာ၂ သန်းနီးပါးတန်ဖိုးရှိ ဖရဲသီး တန် ၁၂၃၀၀ ကျော်နဲ့ ကန်ဒေါ်လာ ၁ သန်းကျော် တန်ဖိုးရှိ သခွားမွှေး ၅၄၁၉ တန်ကို မူဆယ်နယ်စပ်မှ
မူဆယ် ၁၀၅ မိုင်၊ ချင်းရွှေဟော်နဲ့ စစ်တွေနယ်စပ်စခန်း များမှ ယခုအပတ်မှာ ကန်ဒေါ်လာ ၁ သန်းကျော် တန်ဖိုးရှိ ပရဆေး ကုန်ကြမ်း တန် ၆၉၀ ကျော် တင်ပို့နိုင်ခဲ့ရာ ယခင် အပတ်ကထက် ၁၂၅ တန်ကျော် ပိုမိုတင်ပို့ နိုင်ခဲ့ပါတယ်။ မူဆယ်နယ်စပ်မှ ချဉ်ပေါင်ဖာလာ (အခွံပါ/အခွံမပါ)၊ ချင်း ခြောက်၊ နနွင်းတက်(ရှမ်း)၊ မိကျောင်း ကွမ်းဖတ်စေ့၊ ကွမ်းစား
မူဆယ်နယ်စပ်မှ ဖေဖော်ဝါရီလတွင် ဧည့်မထ ၄၁၇၀၀ တန်၊ ငစိန် ၁၃၆၃၀ တန်၊ ဆန်ကွဲ တန် ၁၄၀၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၂၃ သန်းကျော်ဖိုး တင်ပို့မှုရှိခဲ့ပါတယ်။
မြန်မာ - ထိုင်းနယ်စပ်ရှိ မြဝတီ၊ ကော့သောင်းနဲ့ မြိတ်နယ်စပ်ကုန်သွယ်ရေးစခန်းများမှ ကန်ဒေါ်လာ ၅ ဒသမ ၉၂၂ သန်း တန်ဖိုးရှိ ရေထွက်ကုန် ၅၁၅၂ တန်ကို မတ် ၁၄ ရက်မှ ၂၀ ရက်အထိကာလအတွင်းမှာ တင်ပို့နိုင်ခဲ့တဲ့အတွက် ယခင်အပတ်ကထက် တန် ၁၆၆၃ တန်ခန့် ယခုအပတ်မှာ ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ မြဝတီနဲ့ မြိတ်နယ်စပ်စခန်းများမှ တန်
မြန်မာ-အိန္ဒိယနယ်စပ်ရှိ တမူးနဲ့ ရိဒ်နယ်စပ်ကုန်သွယ်ရေးစခန်းများမှ ကျပ် ၅၈ သန်း တန်ဖိုးရှိ ကွမ်းသီးခြောက် ၆၅ တန်ကိုဖေဖော်ဝါရီလ ၂၉ ရက်မှ မတ်လ ၆ ရက်ထိကာလမှာ တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်အပတ်ကထက် ၄၈ တန် အပို့ပိုခဲ့ပြီး ယခင်အပတ်က ရိဒ်နယ်စပ်မှသာ အပို့ရှိခဲ့သော်လည်း ယခုအပတ်မှာ တမူးနယ်စပ် ကပါ တင်ပို့နိုင်ခဲ့တာ တွေ့ရပါတယ်။ နယ်စပ်အလိုက် တင်ပို့မှုတွေကတော့ တမူးမှ ၃၃ တန်နဲ့ ရိဒ်မှ ၃၂ တန် အသီးသီးဖြစ်ပါတယ်။MIRT(DOBT)
ဖေဖော်ဝါရီလ ၂၉ ရက်မှ မတ်လ ၆ရက်အထိကာလအတွင်း တရုတ်နယ်စပ်ရှိ မူဆယ်နဲ့ ချင်းရွှေဟော် စခန်း၊ ထိုင်းနယ်စပ်ရှိ မြဝတီစခန်းနဲ့ ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ စစ်တွေ၊ မောင်တော နယ်စပ်စခန်းများမှ ရေထွက်ကုန် ၅၄၂ တန်ကျော် တန်ဖိုးဒေါ်လာ ၁ ဒသမ ၄၉၃ သန်းဖိုး တင်ပို့ခဲ့ပါတယ်။ တင်ပို့ခဲ့တဲ့ ရေထွက်ကုန်တွေ ကတော့ မူဆယ်နဲ့ ချင်းရွှေဟော်နယ်စပ်မှ ငါးရှဉ့် ၁၇၆ တန်ကျော်၊ မူဆယ်၊ ချင်းရွှေ ဟော်နဲ့ မြဝတီနယ်စပ်များမှ ကဏန်း ၃၆ တန်ကျော်၊ မြဝတီနဲ့ မောင်တောနယ်စပ်မှ ရေချိုပုစွန် ၁၀ တန်နီးပါး၊ ရေငန်ပုစွန် ၁၆၂ တန်ကျော် တင်ပို့ခဲ့ပြီး စစ်တွေနဲ့ မောင်တောနယ်စပ်များမှ ငါးစုံလေးခြောက် ၄၂ တန်နီးပါးနဲ့ ငါးနီတူခြောက် ၁၁၅ တန်ကျော် တင်ပို့ခဲ့တယ်လို့ သိရပါတယ်။ MIRT (DOBT)
မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်မှ ကန်ဒေါ်လာ ၁ ဒသမ ၄၆၉ သန်း တန်ဖိုးရှိ အေးခဲအမဲသား ၃၈၇ တန်ခန့်ကို ဖေဖော်ဝါရီလ ၂၉ ရက်မှ မတ်လ ၆ ရက်ထိကာလအတွင်းမှာ တင်ပို့ခဲ့ရာ ယခင်အပတ်ကထက် ၇၇ တန်ခန့် အပို့ပိုခဲ့တယ်လို့ သိရပါတယ်။ ယခုအပတ်မှာ အေးခဲအမဲသားကို မူဆယ်မှ ၃၈၇ တန်နဲ့ ချင်းရွှေဟော်မှ ၂၆ တန်၊ မူဆယ်မှ နွားကြော ၆၇ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၁ ဒသမ ၆၂၉ သန်းဖိုး တင်ပို့နိုင်ခဲ့ပါတယ်။ MIRT(DOBT)