Main menu

Background

Thursday, 7 Jun 2012

    တာချီလိတ်၊ စစ်တွေနဲ့ ချင်းရွှေဟော်နယ်စပ်စခန်းများမှ ကန်ဒေါ်လာ သုည ဒသမ ၀၇၁ သန်းတန်ဖိုးရှိ သစ်ခေါက် ၂၁၇ ဒသမ ၄၈ တန်ကို မေလ ၂၃ ရက်မှ ၂၉ ရက်ထိ ကာလအတွင်းမှာ တင်ပို့မှုရှိခဲ့ပါတယ်။ ယခင်အပတ်က စစ်တွေနယ်စပ်တစ်ခုတည်းမှ ၅ တန်သာ အပို့ရှိခဲ့ရာမှ ယခုအပတ်မှာ ၂၁၇ တန်ကျော်ထိ တင်ပို့မှု အားကောင်း လာတာတွေ့ရပါတယ်။ သစ်ခေါက်ကို တစ်ဖက်နိုင်ငံမှာ အမွှေးတိုင်၊ ခြင်ဆေးတိုင်တို့ ပြုလုပ်ရာမှာ အသုံးပြုတဲ့ ကုန်ကြမ်းတစ်မျိုးအဖြစ် အသုံးပြုတယ်လို့ သိရပါတယ်။MIRT (DOBT)

Thursday, 7 Jun 2012

      နယ်စပ်ကုန်သွယ်ရေး ဦးစီးဌာန၊ မြဝတီကုန်သွယ်ရေးဇုန်၌  ကုန်သွယ် မှုမြှင့်တင်ရေးအစည်းအဝေးအား မေ ၃၀ ရက် ၁၃း၀၀ အချိန်တွင် ကျင်းပခဲ့ပြီး ခရိုင်အုပ်ချုပ်ရေးမှူး၊ မြဝတီနယ်စပ်ကုန် သွယ်ရေးဇုန် ညွှန်ကြားရေးမှူး၊ OSS   ဌာနဆိုင်ရာ အရာထမ်းများ၊ မိတ်ဖက် ဌာနဆိုင်ရာများနှင့် ကုန်သည်လုပ်ငန်း ရှင်များ စုစုပေါင်း ၅၆ ဦး တက်ရောက် ခဲ့ပါတယ်။

Thursday, 7 Jun 2012

           လတ်တလော  မူဆယ်နယ်စပ်မှတစ်ဆင့် တရုတ်နိုင်ငံသို့ မြေပဲဆံ Ground Nut (Huskless)  များ အများအပြား တင်ပို့လျက်ရှိပါ တယ်။ တရုတ်နိုင်ငံဟာ ၎င်းတို့နိုင်ငံတွင်းမှထွက်ရှိတဲ့ စားသုံးဆီများမှာ အရော အနှောများပြားပြီး ကျန်းမာရေးထိခိုက်မှုရှိအောင် ထုတ်လုပ်တဲ့ စက်ရုံ များအား စနစ်တကျစစ်ဆေးအရေးယူမှုများကြောင့် မြေပဲဆီစစ်စစ် ထုတ် လုပ်နိုင်ရေးအ တွက် မြန်မာမှတင်ပို့ေ သာမြေပဲဆံများအား အများအပြား ဝယ်ယူနေခြင်းဖြစ်ပါတယ်။

Thursday, 7 Jun 2012

         မြန်မာ-တရုတ်နယ်စပ်ရှိ ချင်းရွှေဟော်နယ်စပ်မှ တန်ဖိုးမြင့် (Value Added)  သကြားအပို့ရှိသလို သကြားအတွက်စက်မှု ကုန်ကြမ်းကြံကိုလည်း တစ်ဖက် တရုတ် နိုင်ငံသို့ တင်ပို့လျက်ရှိပါတယ်။ မေ ၂၃ ရက်မှ ၂၉ ရက်ထိကာလအတွင်းမှာ ကန်ဒေါ်လာ ၇၁၅၁၃ တန်ဖိုးရှိ ကြံတန်ချိန် ၂၀၀၀ ကို ချင်းရွှေဟော်နယ်စပ်မှ တင်ပို့ခဲ့တယ်လို့ သိရပါတယ်။    MIRT(DOBT)

Thursday, 7 Jun 2012

ချင်းရွှေဟော် နယ်စပ်ကုန်သွယ်ရေးစခန်းမှာ ယခင်နှစ်များက ရေထွက်ကုန်ငါးရှဉ့်ဝယ်လိုအား နည်းပါးခဲ့သော်လည်း ယခုအခါ ရောင်းလိုအားရော ဝယ်လိုအားပါများလာတဲ့အတွက် ငါးရှဉ့်အပြင် ကဏန်းများပါ တင်ပို့လာနိုင်ပြီဖြစ်ပါတယ်။ ဧပြီလမှာ ကန်ဒေါ်လာ သုည ဒသမ ၃၆၀ သန်းတန်ဖိုးရှိ ငါးရှဉ့် ၈၂ တန်ခန့်၊ မေ ၂၇ ရက်ထိ ကန်ဒေါ်လာ သုည ဒသမ ၃၇၂ သန်းတန်ဖိုးရှိ ငါးရှဉ့် ၉၂ တန်ကျော်၊ ကန်ဒေါ်လာ သုည ဒသမ ၀၀၉ သန်းတန်ဖိုးရှိ ကဏန်း ၄ တန်ကျော် တင်ပို့ နိုင်ခဲ့ပါတယ်။

Thursday, 7 Jun 2012

    ထိုင်းဝန်ကြီးချုပ်ရုံးမှ ဒုတိယပြောရေးဆိုခွင့်ရှိသူ နိုင်း အနုစွန်အင်စအတ်က ဝန်ကြီးများအစည်းအဝေး မှာ  နိုင်ငံ တော်စီးပွားရေးနှင့်လူမှုရေးအဖွဲ့အစည်း ဖွံ့ဖြိုးတိုးတက်စေရေး ကော်မတီမှ တင်ပြတဲ့အနောက်ဘက် ကမ်းခြေ နဲ့ မြန်မာနိုင်ငံတို့အား ဆက်သွယ်ပြီး စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန် ဆောင်ရွက်ရေး နည်းလမ်းများ၊ ထားဝယ်ရေနက်ဆိပ်ကမ်းနဲ့ စက်မှုလုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေရေးတို့အား ဆွေးနွေးမှုများပြု လုပ်လျက်ရှိကြောင်း၊ နိုင်ငံတော်စီးပွားရေးနဲ့ လူမှုရေး အဖွဲ့ အစည်းဖွံ့ဖြိုး တိုးတက်ရေးကော်မတီအနေနဲ့ နည်းလမ်းများ တင်ပြရာမှာ အစိုးရနဲ့ ပုဂ္ဂလိကအဖွဲ့အစည်းတို့ ပူးပေါင်းပြီး စီမံကိန်းတစ်ခုစီ အဆင်သင့် ဖြစ်နေရန် လိုအပ်ကြောင်း ပြောကြားခဲ့ ပါတယ်။

Thursday, 7 Jun 2012

          ရခိုင်ပြည်နယ်ထွက် နေလှန်းဆား များကို စစ်တွေနယ်စပ်ကုန်သွယ်ရေးမှ ၁၉၉၈ ခုနှစ်မှစပြီးတင်ပို့ခဲ့ရာမှာ ၂၀၀၄ ခုနှစ်ကုန်ပိုင်းမှာ  စားဖိုဆောင်သုံး ပစ္စည်းများတင်ပို့မှု ရပ်ဆိုင်းတဲ့မူအရ ပြည်ပသို့  မြန်မာ့ဆားတင်ပို့မှုလည်း ရပ်ဆိုင်းခဲ့ရတာဖြစ်ပါတယ်။ ဘင်္ဂလား ဒေ့ရှ်နိုင်ငံအနေနဲ့  ပြည်တွင်းဆားလို အပ်မှုအတွက်ဒေသတွင်း ထုတ်လုပ်မှု လုပ်ငန်းများ တိုးချဲ့တည်ထောင်စေခဲ့တဲ့ အပြင် အိန္ဒိယနိုင်ငံ ဆားကုန်သည်များ နဲ့  ချိတ်ဆက်ဆောင်ရွက်စာချုပ် ချုပ် ဆိုဝယ်ယူခဲ့တာကြောင့် မြန်မာ့ဆားဈေး ကွက်ပျောက် ဆုံးခဲ့ရပါတယ်။

Wednesday, 30 May 2012

    မေလ ၁၆ ရက်မှ ၂၂ ရက်ထိကာလအတွင်းမှာ ကန်ဒေါ်လာ သုည ဒသမ ၂၆၂ သန်းတန်ဖိုးရှိ ကွမ်းသီးခြောက် ၁၈၈ ဒသမ ၉၉၂ တန်ကို အပို့ရှိခဲ့ပါတယ်။ နယ်စပ်အလိုက်တင်ပို့မှုတွေကတော့ မြဝတီမှ ၉၇ တန်၊ တမူးမှ ၈၃ တန်နဲ့ ရိဒ်မှ ၉ တန်ခန့်ဖြစ်ပါတယ်။ ယခင်အပတ်ကထက် ၂၄ တန်အပို့ပိုခဲ့ပါတယ်။ တမူးမှ အပို့ပိုခဲ့ပြီး ယခင်အပတ်က အပို့မရှိတဲ့ ရိဒ်ကအပို့ရှိခဲ့တာကြောင့်ဖြစ်ပါတယ်။ MIRT(DOBT)

Wednesday, 30 May 2012

    ချင်းရွှေဟော်နယ်စပ်မှကန်ဒေါ်လာ သုည ဒသမ ၄၇၉ သန်းတန်ဖိုးရှိ အေးခဲ အမဲသား ၁၂၆ တန်ကို မေလ ၁၆ မှ ၂၂ ရက်ထိကာလအတွင်းမှာအပို့ရှိခဲ့ရာ ယခင်အပတ်ကထက် တန် ၃၀ နီးပါး အပို့ပိုခဲ့ပါတယ်။ အေးခဲအမဲသားအပြင် တိရစ္ဆာန်ဘေးထွက်ပစ္စည်း ၂ တန်ခွဲလည်း တင်ပို့ခဲ့ပါသေးတယ်။ မူဆယ်နယ်စပ်မှ ကန်ဒေါ်လာ ၁ ဒသမ ၄၀၀၃ သန်းတန်ဖိုးရှိ အေးခဲအမဲသား ၃၆၈ ဒသမ ၅၀၀ တန်၊ ကန်ဒေါ်လာသုညဒသမ ၀၃၄ သန်းတန်ဖိုးရှိ ကျွဲနွားသားရေ ၅၃ တန်နဲ့ ကန်ဒေါ်လာ သုည ဒသမ ၀၁၅ သန်း တန်ဖိုးရှိ အမဲသားခြောက် ၃ တန် တင်ပို့ နိုင်ခဲ့ပါတယ်။     MIRT(DOBT)

Wednesday, 30 May 2012

    မေလ ၁၆ ရက်မှ ၂၂ ရက်ထိကာလအတွင်းမှာ ကျပ် ၂၆ သန်းကျော်တန်ဖိုးရှိ ဝက်အရှင် ၁၉၃၂၀ ကီလိုဂရမ်ကို မြန်မာ-အိန္ဒိယနယ်စပ်ရှိ ရိဒ်နယ်စပ်မှ တင်ပို့နိုင်ခဲ့ ရာ ယခင်အပတ်ကထက် ၄၆၄၇ ကီလိုဂရမ် လျော့နည်းတင်ပို့ခဲ့ပါတယ်။ ဝယ်လက် ရှိတဲ့အပေါ်မူတည်ပြီး ကောက်သင်းကောက်စုပေါင်းပြီး တင်ပို့နေတာ ဖြစ်လို့ တစ် ပတ်နဲ့ တစ်ပတ်တင်ပို့နိုင်မှု အတက်အကျများ ရှိနေတာဖြစ်ပါတယ်။MIRT(DOBT)

Pages