Main menu

Background

Monday, 14 May 2012

ဧပြီ ၄ ရက်မှ ၁၀ ရက်တာကာလအတွင်းမှာ ပေါ်ဦးပေါ်ဖျား စိန်တစ်လုံး သရက်များ မူဆယ် ၁၀၅ မိုင်မှ တစ်ဖက်နိုင်ငံသို့ စတင်တင်ပို့မှုရှိလာနေတာ တွေ့ရပါတယ်။ ကန်ဒေါ်လာ ၂၇၉ တန်ဖိုးရှိ  သရက်သီး တစ်တန်ခွဲကို ယခု အပတ်မှာ တင်ပို့နိုင်ခဲ့တာလို့ သိရပါတယ်။ဧပြီ ၁၁ ရက်မှ ၁၇ ရက်တာကာလအတွင်းမှာ ကန်ဒေါ်လာ သုည ဒသမ ၀၃၆ သန်းတန်ဖိုးရှိ သရက်သီး တန် ၇၀ ဝန်းကျင် မူဆယ်မှ အပို့ရှိခဲ့ပါတယ်။ ယခင်အပတ်က ၁ တန်ခွဲသာအပို့ရှိခဲ့တာမို့ ယခုအပတ်မှာ သရက်သီးပို့အား တက် လာတာ တွေ့ရပါတယ်။ MIRT (DOBT)

Monday, 9 Apr 2012

ဂျပန်ယန်းငွေတန်ဖိုးတက်ခြင်းကြောင့် တိုကျိုကြိုပွိုင့် ရောင်းဝယ် ရေးမှာ ဧပြီ ၃ ရက်အစောပိုင်းက ရော်ဘာကြိုပွိုင့်ဈေးနှုန်းတွေ ကျဆင်း သွားခဲ့တယ်။ ဒါပေမဲ့ အမေရိကန်ပြည်ထောင်စုနဲ့ တရုတ်တို့မှာ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အလားအလာတွေနဲ့ ရောင်းလို အားကျဆင်းမယ့် အခြေ အနေတွေကို တွေ့ရှိနေရတယ်။

Monday, 9 Apr 2012

    ၂၀၁၂ ခုနှစ် ဧပြီလမှာ အိန္ဒိယနယ်စပ်ရှိ ရိဒ်နဲ့ တမူးနယ်စပ်တို့မှ တစ်ဖက် နိုင်ငံသို့ ကန်ဒေါ်လာသုည ဒသမ ၁၈၅ သန်းတန်ဖိုးရှိ ဝက်အရှင် ၁၂၀ ဒသမ ၈၈၈ တန် တင်ပို့နိုင်ခဲ့ပါတယ်။ မတ်လနောက်ဆုံးပတ်မှာ ကန်ဒေါ်လာ သုညဒသမ ၀၂၉၉ သန်းတန်ဖိုးရှိ ဝက်အရှင် ၂၇ တန်ကျော် တင်ပို့ခဲ့တာဖြစ်ပြီး မတ်လအတွင်း မှာ အများဆုံးတင်ပို့ခဲ့တဲ့ ရက်သတ္တပတ်လည်း ဖြစ်ပါတယ်။          MIRT(DOBT)

Monday, 9 Apr 2012

    မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်နဲ့ ချင်းရွှေဟော်နယ်စပ်ကုန်သွယ်ရေးစခန်း များမှ ကန်ဒေါ်လာ ၁ ဒသမ ၂၅၅ သန်းတန်ဖိုးရှိ အေးခဲအမဲသား တန် ၃၃၀ ကျော် တင်ပို့မှုရှိပြီး ကန်ဒေါ်လာ သုည ဒသမ ၀၃၈ သန်း

Monday, 9 Apr 2012

    မြန်မာ-တရုတ်နယ်စပ်ရှိ ချင်းရွှေဟော်နယ်စပ်မှ ကန်ဒေါ်လာ ၁ ဒသမ ၄၄၇ သန်းတန်ဖိုးရှိ ဧည့်မထ ၂၈၁၃ တန်နဲ့ ငစိန် ၅၉၅ တန်ကို မတ်လ ၂၈ ရက်မှ ဧပြီ လ ၃ ရက်ကာလအတွင်းမှာ အပို့ရှိခဲ့ပါတယ်။ ယခင်အပတ်က ချင်းရွှေဟော်မှ ဧည့်မထ ဆန်တစ်မျိုးသာ ၁၈၉၆ တန်ကျော် အပို့ရှိခဲ့တဲ့အတွက် ယခုအပတ်မှာ ဧည့်မထ ၉၁၇ တန်နဲ့ ငစိန် ၅၉၅ တန် အပို့ပိုခဲ့ပါတယ်။

Monday, 9 Apr 2012

    နှစ်နိုင်ငံလစဉ်တွေ့ဆုံကျင်းပလျက်ရှိတဲ့ မြန်မာ-တရုတ်နှစ်နိုင်ငံနယ်စပ် ကုန်သွယ်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကို ၂၉-၃-၂၀၁၂ ရက်နေ့တွင် မူဆယ်-နမ့်ခမ်းနယ်စပ်ကုန်သွယ်ရေးကုန်သည် အစည်းအဝေး ခန်းမမှာ ကျင်းပပြုလုပ်ခဲ့ပါ တယ်။

Monday, 9 Apr 2012

    ဆူအိုစင်ကိုကုမ္ပဏီ (ထိုင်းနိုင်ငံ) သည် Striders Corporation  (ဂျပန်နိုင်ငံ) ကုမ္ပဏီဖြင့်MOU သဘောတူလက်မှတ် ရေးထိုး ခဲ့ကြောင်း ၃၁-၁-၂၀၁၂ နေ့တွင် ကုမ္ပဏီဥက္ကဌ မစ္စတာခဘူယူကိမိဆုမာချီက ပြောကြားခဲ့ပါတယ်။ ရင်းနှီးမြှုပ်နှံမှု အတွက် မှတ်ပုံ တင်ထားသည့်ငွေမှာ အမေရိကန်ဒေါ်လာ ၃ သိန်းဖြစ်ပြီး မဟာမိတ်ကုမ္ပဏီသည် အကျိုးဆောင် ကိုယ်စားလှယ် အဖြစ် ဆောင် ရွက်ပြီး မြန်မာနိုင်ငံမှ ကြော်ငြာလုပ်ငန်းများအား လက်ခံဆောင်ရွက်ပေးသွားမယ်လို့ သိရပါတယ်။

Monday, 9 Apr 2012

    မြန်မာ-တရုတ်နယ်စပ်ရှိ ချင်းရွှေဟော်နယ်စပ်မှ ကန်ဒေါ်လာ သုည ဒသမ ၂၂၃ သန်းတန်ဖိုးရှိ ငါးရှဉ့် ၄၅ တန်ဝန်းကျင်ကို မတ်လ ၂၈ ရက်မှ ဧပြီလ ၃ ရက်ထိကာလအတွင်းမှာ တင်ပို့မှုရှိခဲ့ရာ ယခင်အပတ်ကထက် ၁၇ တန် အပို့ပိုခဲ့တယ်လို့ သိရ ပါတယ်။ မူဆယ်နယ်စပ်မှ ကန်ဒေါ်လာ သုည ဒသမ ၄၂၈ သန်းတန်ဖိုးရှိ ငါးရှဉ့် ၁၁၉ တန် အပို့ရှိခဲ့ရာ ယခင်အပတ်ကထက် ၂၇ တန်

Monday, 9 Apr 2012

    မြန်မာ-ထိုင်းနယ်စပ်ရှိ မြဝတီ၊ ကော့သောင်းနဲ့ မြိတ် နယ်စပ်ကုန်သွယ်ရေးစခန်းများမှ ကန်ဒေါ်လာ ၄ ဒသမ ၁၀၉၁ သန်းတန်ဖိုးရှိ ရေထွက်ကုန် ၄၃၆၃ တန်ဝန်းကျင်ကို မတ်လ၂၇ ရက်မှ ဧပြီလ ၃ ရက် ထိကာလအတွင်းမှာ အပို့ ရှိခဲ့ပါတယ်။ ယခင်အပတ်ကထက် တန် ၈၅၀ ဝန်းကျင် ပိုမို တင်ပို့နိုင်ခဲ့တယ်လို့ သိရပါတယ်။

Monday, 9 Apr 2012

    မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်မှ ကန်ဒေါ်လာ ၁ ဒသမ ၇၀၉ သန်းတန်ဖိုးရှိ ပရဆေး တန် ၈၅၀ ကျော် အပို့ရှိ ခဲ့ပါတယ်။ယခုအပတ်မှာ ချဉ်ပေါင်ဖာလာ (အခွံပါ/အခွံမပါ)၊ တောဂျူးမြစ်၊ နနွင်းတက် (ရှမ်း)၊ မိချောင်းကွမ်းဖတ်စေ့၊ ကွမ်းစား ဂမုန်း၊ တောချင်း၊ နေလဲစေ့၊ ခပေါင်းစေ့၊ ရှားစေး၊ ဒရင်ကောက်မြစ်၊ မာလာခေါင်းနဲ့ မာလာဥတို့ အပို့ရှိခဲ့တာ ဖြစ်ပါတယ်။

Pages