Main menu

Background

Monday, 9 Apr 2012

    မြိတ်နယ်စပ်ကုန်သွယ်ရေးညွှန်ကြားရေးမှူးရုံးမှ ကြီးမှူးပြီး ကုန်သွယ်မှုမူဝါဒ လုပ်ထုံးလုပ်နည်းသင်တန်းကို ဧပြီလ ၂ ရက်မှ ၆ ရက်အထိ မြိတ်မြို့ အထက (၁) ကျောင်းမှာ ဖွင့်လှစ်ပို့ချခဲ့တယ်လို့ သတင်းရရှိပါတယ်။

Monday, 2 Apr 2012

    မြန်မာ-တရုတ်နယ်စပ်ရှိ ချင်းရွှေဟော်နယ်စပ်ကုန်သွယ်ရေးစခန်းများမှ ကန်ဒေါ်လာ သုည ဒသမ  ၀၁၅ သန်း တန်ဖိုးရှိ ကဏန်း ၄ တန်ခန့်နဲ့ ကန်ဒေါ်လာ သုည ဒသမ ၁၇၇ သန်းတန်ဖိုးရှိ ငါးရှဉ့် ၂၈ တန်ခန့် အပို့ရှိခဲ့ပါတယ်။ မူဆယ်နယ်စပ်မှ ကန်ဒေါ်လာ သုည ဒသမ ၅၉ သန်းတန်ဖိုးရှိ ငါးရှဉ့် ၁၄၆ တန်ကျော်ကိုလည်း မတ် ၂၁ ရက် မှ ၂၇ ရက်ထိကာလအတွင်းမှာ တင်ပို့နိုင်ခဲ့တယ်လို့ သိရပါတယ်။

Monday, 2 Apr 2012

    မတ်လ ၂၁ ရက်မှ ၂၇ ရက်ထိကာလအတွင်းမှာ မြန်မာ-ထိုင်းနယ်စပ်ရှိ မြဝတီနယ်စပ်မှကန်ဒေါ်လာ သုည ဒသမ ၂၅၈ သန်းတန်ဖိုးရှိ ငါးမျိုးစုံ ၇၆ တန် ခန့်၊ ပုစွန် ၇ တန်ခန့်နဲ့ ကဏန်း ၁၆ တန်ခန့်၊ ကော့သောင်းနယ်စပ်မှ ကန်ဒေါ်လာ သုည ဒသမ ၈၂၄ သန်းတန်ဖိုးရှိ ငါးမျိုးစုံ တန် ၁၂၄၀ ကျော်၊ ကဏန်း ၅ တန်ကျော်၊ ပုစွန် သုည ဒသမ ၈၇၅ တန်နဲ့ ကင်းမွန် သုည ဒသမ ၉၆၀ တန်၊

Monday, 2 Apr 2012

    မိမိတို့မြန်မာ့သခွားမွှေးများမှာ တစ်ဖက်နိုင်ငံမှ ကြိုက်နှစ်သက်တဲ့အရွယ် အစားနဲ့ အရည်အသွေးရှိတာကြောင့် သခွားမွှေး တင်ပို့မှုများ ကောင်းလျက်ရှိပါ တယ်။ ယမန်နှစ်ကာလတူထက် ၁၁၁၇ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ သုည  ဒသမ ၄၆၈ သန်းဖိုး၊ အနီးစပ်ဆုံးကာလထက် ၃၀၁၈ တန်၊ တန်ဖိုးအားဖြင့် ကန် ဒေါ်လာ သုည ဒသမ ၆၆၆ သန်းဖိုး ပိုမိုတင်ပို့နိုင်တယ်လို့ သိရပါတယ်။

Monday, 2 Apr 2012

    ယခုအခါ သကြားတင်ပို့ခွင့်ရရှိနေပြီဖြစ်တဲ့အတွက် ကြံသကာ၊ သကြား တင်ပို့မှုအပေါ် သစ်သီးဝလံနဲ့ ဥယျာဉ်ခြံမြေထွက်ပစ္စည်းများကဲ့သို့ ကုန်သွယ်လုပ် ငန်းခွန် ၅ ရာခိုင်နှုန်းလျှော့ချပြီး ဝင်ငွေခွန် ၂ ရာခိုင်နှုန်းသာ ကောက်ခံပါက ပိုမို အကျိုးအမြတ်ရရှိနိုင်မည်ဖြစ်တဲ့အတွက် တင်ပို့မှုလည်းပိုမိုလာနိုင်မယ်လို့ ကုန်သည် လုပ်ငန်းရှင်များက ပြောဆိုနေကြတယ်လို့ သတင်းရရှိပါတယ်။

Monday, 2 Apr 2012

    မြန်မာ - တရုတ်နယ်စပ်ရှိ မူဆယ်နဲ့ ချင်းရွှေဟော်နယ်စပ်ကုန်သွယ်ရေးစခန်း များမှ ကန်ဒေါ်လာ  ၁ ဒသမ ၉၃၉ သန်းတန်ဖိုးရှိ အေးခဲအမဲသား တန် ၅၁၀ ကျော်ကို မတ်လ ၂၁ ရက် မှ ၂၇ ရက်ထိကာလ အတွင်းမှာ အပို့ရှိခဲ့ပါတယ်။ ယခင်အပတ်ကထက် တန် ၃၀၀ ကျော် ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ နွားဘေးထွက်ပစ္စည်း တင်ပို့နိုင်မှုကတော့ ကန်ဒေါ်လာ သုည ဒသမ

Monday, 2 Apr 2012

    မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ မောင်တောနယ်စပ်မှ ကန်ဒေါ်လာသုညဒသမ ၀၈၉ သန်းတန်ဖိုးရှိ ငါးနီတူခြောက် ၂၂ တန်၊ ငါးကုန်းညိုခြောက် ၇၈ တန်နဲ့ ငါးစုံလေးခြောက် ၁၀ တန်ကို မတ်လ ၂၁ ရက်မှ ၂၇ ရက်ထိကာလအတွင်းမှာ တင်ပို့မှု ရှိခဲ့ပါတယ်။ ယခင်အပတ်က ငါးနီတူခြောက်တစ်မျိုးသာ ၁၂၂ တန်ကျော် အပို့ရှိခဲ့ပြီး ယခုအပတ်မှာ ငါးခြောက် အမယ်စုံစုံ တင်ပို့နိုင်ခဲ့တဲ့

Monday, 2 Apr 2012

    မတ်လ ၂၁ ရက်မှ ၂၇ ရက်ထိကာလအတွင်းမှာ မူဆယ်မှ ကန်ဒေါ်လာ ၁ ဒသမ ၈၂၁ သန်းတန်ဖိုးရှိ ပရဆေး ကုန်ကြမ်း တန် ၉၂၀ ခန့်ကို တင်ပု့ိနိုင်ပြီး မြန်မာ-အိန္ဒိယ နယ်စပ်ရှိတမူးမှ ကန်ဒေါ်လာ သုညဒသမ  ၀၂၂ သန်းတန်ဖိုး ရှိ ရှိန်းခိုနဲ့ ဇာတိပ္ဖိုလ်သီး ၄ တန်ကျော် တင်သွင်းမှုရှိခဲ့တယ်လို့ သိရပါတယ်။

Monday, 2 Apr 2012

    နယ်စပ်ကုန်သွယ်ရေးစခန်းအသီးသီးမှ သွင်းကုန်လိုင်စင်ဖြင့် လုပ်ထုံးလုပ်နည်းနဲ့အညီ ထီး  တင်သွင်းခွင့်ပြုလိုက်ပြီ ဖြစ်ကြောင်း မတ် ၂၃ ရက်က စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် ပို့ကုန်သွင်းကုန်လုပ်ငန်းများ ညှိနှိုင်းရေး အစည်းအဝေးက ဆုံးဖြတ်ခဲ့တယ်လို့ သတင်းရရှိပါတယ်။

Monday, 2 Apr 2012

    ၂၀၁၂ ခုနှစ်၊ မတ်လ ၂၁ ရက်က ကချင်ပြည်နယ် မိုးညှင်းခရိုင်၊ မိုးညှင်းမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမမှာ မြို့နယ်ဆန်စပါး ကုန် သည်ကြီးများ၊ ဆန်စက်လုပ်ငန်းရှင်များ၊ ကုန်သည်များနဲ့ တွေ့ဆုံခဲ့ပါတယ်။

Pages