အခြေခံကုန်စည်များ တင်ပို့ခြင်း
အခြေခံထုတ်ကုန်များနှင့် လယ်ယာစိုက်ပျိုးရေး ထုတ်ကုန်များ (Primary and agricultural products) သည် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအနည်းဆုံးနိုင်ငံများ(Least Develo-ped Countries - LDCs) ၏ အဓိကပို့ကုန် များ ဖြစ်သည်။အဆိုပါနိုင်ငံများ၏အဓိကပို့ကုန်များမှာဆန်၊ပဲ၊ ပြောင်း၊ ချည်ခင်၊ငါးနှင့်အထည်ချုပ်ကဲ့သို့သော ကုန်စည် များဖြစ်သည်။
အရင်းအနှီး မလုံလောက်ခြင်း
LDC နိုင်ငံများ၏အရေးကြီးသောလက္ခဏာရပ်တစ်ခုမှာအရင်းအနှီးမလုံလောက်ခြင်းသို့မဟုတ်အရင်းအနှီး ပြတ် လပ်ခြင်း ဖြစ်ပါသည်။ယင်းနိုင်ငံများကိုအရင်းအနှီးချို့တဲ့သော နိုင်ငံများ (Capital poor econo-mies) ဟူ၍ လည်းေ ခါ်ဆိုသည်။အရင်းအနှီး ပြတ်လပ်ခြင်းက လုပ်သားနှင့်အရင်းအနှီးတို့၏အချိုး အလွန်နိမ့်ကျ ကြောင်း ဖော်ပြနေပါ သည်။တစ်နည်းအားဖြင့်LDC နိုင်ငံများရှိလုပ်သားများသည် လုပ်ငန်းလုပ်ဆောင်ရာတွင် စက်ပစ္စည်းကိရိယာ အနည်း ငယ်ကိုသာ သုံး စွဲ လုပ်ကိုင်နေရကြောင်း ဖော်ပြနေပါ သည်။
လယ်ယာစိုက်ပျိုးရေးအပေါ် မှီခိုလွန်းခြင်း
ဖွံ့ဖြိုးမှု အနိမ့်ကျဆုံ နိုင်ငံများရှိ လူဦးရေ ၇၀ ရာခိုင်နှုန်းခန့်သည် ကျေးလက်ဒေသများတွင် နေထိုင်ပြီး လယ်ယာ စိုက်ပျိုးရေးလုပ်ငန်းကိုလုပ်ကိုင်ကြသည်။ အဆိုပါလူဦးရေ၏အဓိကအသက်မွေးဝမ်းကျောင်းလုပ်ငန်းမှာ ခေတ်နော က်ကျသော လယ်ယာစိုက်ပျိုးရေးလုပ်ငန်းဖြစ်သည်။ ခေတ်နောက်ကျရခြင်းမှာ စိုက်ပျိုးထုတ်လုပ်ရာတွင် ခေတ်မမီ သည့်မိရိုးဖလာနည်းလမ်းများကို အသုံးပြုသောကြောင့်ဖြစ်သည်။ထို့ပြင်စွမ်းဆောင်ရည်နိမ့်ကျသောတောင်သူ လယ် သမားများရှိနေခြင်း၊ ချေးငွေရရှိနိုင်မှု အလွန်နည်းပါးခြင်းနှင့် စနစ်မကျသောစိုက်ပျိုးရေးဈေးကွက် များကြောင့်နိုင်ငံ၏ လူဦးရေအများစုနေ ထိုင်သော ကျေးလက်ဒေသသည် စိုက် ပျိုးရေးကဏ္ဍအပေါ် မှီခိုနေရပါသည်။
သဘာဝသယံဇာတပြတ်လပ်ခြင်း
ယေဘုယျအားဖြင့် LDC နိုင်ငံများတွင်သဘာဝသယံဇာတသို့မဟုတ်သဘာဝအရင်းအမြစ်များ (Natural resources) ပြတ်လပ်ပါသည်။ ဤသို့ ဖြစ်ရခြင်းမှာယင်းနိုင်ငံများ၏ စီးပွားရေး ခေတ်နောက်ကျမှု (Economic backwardness)ကြောင့် ဖြစ်ပါသည်။ဆင်းရဲသော နိုင်ငံများတွင် သဘာဝသယံဇာတများ ရရှိနိုင်ေ ကြာင်း တွေ့ရ လေ့ရှိသည်။သို့သော် အဆိုပါနိုင်ငံများသည် Natural resource များကို မသုံးစွဲကြောင်း၊ အပြည့်အ၀ မသုံးစွဲ တတ် ကြောင်း၊မှားယွင်းသုံးစွဲလျက်ရှိကြောင်း တွေ့ရသည်။ ထိုကဲ့သို့သယံဇာတများ ကို ထိရောက်ပြည့်ဝစွာ မသုံးစွဲ တတ်ရ ခြင်းမှာအရင်းအနှီးပြတ်လပ်ခြင်း၊ လုပ်သား၏ စွမ်းဆောင်ရည်နိမ့်ကျခြင်း၊ ကျွမ်းကျင်မှုနှင့် အသိပညာမရှိြ ခင်း၊ ပြည်တွင်းဈေးကွက် မဖွံ့ဖြိုးခြင်းတို့ ကြောင့် ဖြစ်ပါသည်။
အကောင်းဆုံးဦးနှောက်စီးထွက်ခြင်း
Out flow of best brain ကို ဆိုလိုပါသည်။LDCများ၏ အကောင်း ဆုံးနှင့် အတော်ဆုံးကျောင်းသား ၊ကျောင်းသူများသည်ပိုမိုအဆင့်မြင့်သောပညာရပ်များကိုသင်ယူရန်အတွက့်ဖြိုးပြီးနိုင်ငံများသို့မဟုတ်ချမ်းသာ သော နိုင် ငံများ (Developed countries)သို့ ထွက်ခွာသွားကြပါသည်။ ပညာသင်ယူပြီးနောက်တွင် လည်း အဆိုပါေ ကျာင်း သား၊ ကျောင်းသူများ သည် မိခင်နိုင်ငံသို့မပြန်လိုကြတော့ပေ။ အဘယ်ကြောင့်ဆိုသော် မိမိတို့ နိုင်ငံ၏ လုပ်ခလစာ နိမ့်ကျမှုနှင့်လူနေမှုအဆင့်အတန်းနိမ့်ကျမှုတို့ကြောင့် ဖြစ်ပါသည်။ ထု့ိကြောင့် ၎င်းတို့သည် ပြည်ပ နိုင်ငံများတွင် သာ အဆင့်မြင့် အလုပ် အကိုင်နှင့် လုပ်ခလစာကောင်းများ ရှာ ဖွေ လုပ်ကိုင်နေထိုင်ကြပါသည်။
ဈေးကွက် မပြည့်ဝခြင်း
LDC နိုင်ငံများတွင် ဈေးကွက်မပြည့်ဝခြင်း (Market imperfection) ကို တွေ့ရှိရပါသည်။ ဤကဲ့ သို့ ဖြစ်ရခြင်းမှာကုန်ထုတ်လုပ်မှု စွမ်းအားနိမ့်ကျခြင်း၊ လူမှန်နေရာမှန်မရှိခြင်း၊ သွင်းအားစုခွဲ ဝေမှုမှားယွင်းခြင်း (Misallocation of resources) တို့ကြောင့် ဖြစ်ပါသည်။
ငွေကြေး ဖောင်းပွခြင်း
ဆင်းရဲသော နိုင်ငံများတွင် ငွေကြေးဖောင်းပွမှုနှုန်းမြင့်မားနေရခြင်းမှာ စီးပွားရေး ခေတ်နောက်ကျကျန်ရစ် မှုကြော င့်ဖြစ်သည်။ကုန်ဈေးနှုန်းများ မြင့်မားခြင်းက စားသုံးသူများ၏ ဝယ်နိုင် စွမ်းအား(Purchasing power) ကို ကျ ဆင်းေ စပြီး စုဆောင်းမှုကို လျော့ကျစေသည်။အဆိုပါနိုင်ငံများတွင် ငွေကြေး ဖောင်းပွမှုသည် ၁၄ရာခိုင်နှုန်း ဝန်းကျင် ရှိတတ် ပါသည်။
အစိုးရအပေါ် ချုပ်ကိုင်မှု
ဆင်းရဲသော နိုင်ငံများတွင် လူ ချမ်းသာများ၊ မြေရှင်များနှင့် လူ့မလိုင် သို့မဟုတ် အထက်တန်းလွှာ (Elite class)များကအစိုးရကိုသာမက အဓိက စီးပွားရေးကဏ္ဍအားလုံးကိုလည်း ချုပ် ကိုင်ထားပါသည်။ ဤချမ်းသာသော လူတန်းစား (Rich class)သည် ဆင်းရဲ သားများ၏ ပြဿနာများကို ဖြေရှင်း ရန်စိတ်မဝင်စားပေ။ ဆင်းရဲသားများ ၏သက်သာချောင်ချိရေးနှင့် ကောင်း ကျိုးချမ်းသာကိုမဆောင်ရွက်လိုကြပေ။ သို့သော်လည်း ၎င်းင်းတို့၏ အကျိုးစီးပွား တိုးတက်ရေးအတွက် အစိုးရ ပေါ်လစီ များကို အသုံးချကြပါသည်။
အရင်းအနှီး တည်ဆောက်မှု နိမ့်ကျခြင်း
LDCများသည်တစ်ဦးချင်းဝင်ငွေ (Per capita income)နိမ့်ကျကြပါသည်။ တစ်ဦးချင်းဝင်ငွေနိမ့်ကျေ သာ ကြောင့် အဆိုပါနိုင်ငံများ၏စုဆောင်းမှု နှင့်ရင်းနှီးမြှုပ်နှံမှုလည်းနိမ့်ကျပါသည်။စုဆောင်းမှုနှင့်ရင်းနှီးမြှုပ်နှံမှုနိမ့်ကျေ သာ ကြောင့် အရင်းအနှီးတည်ဆောက်မှု (Capital formation)လည်းနိမ့်ကျပါသည်။ဖွံ့ဖြိုးမှုအနိမ့်ကျဆုံး နိုင်ငံများ၏ တစ်ဦးကျ ဝင်ငွေ သည်အမေရိကန်ဒေါ် လာ ၉၀၀ ဝန်းကျင်တွင် ရှိနေတတ်ပါ သည်။ ချမ်းသာသော နိုင်ငံများ (Developed countries) ၏ တစ်ဦးကျ ဝင်ငွေမှာ ကန်ဒေါ်လာ ၂၄၀၀၀ ကျော် ရှိပါသည်။
စာမတတ်သူ များပြားခြင်း
ဖွံ့ဖြိုးမှုနိမ့်ကျသော နိုင်ငံများတွင် စာတတ်မြောက်မှုနှုန်း နိမ့်ကျပါသည်။ တစ်နည်းအားဖြင့် စာမတတ်သူ များ ပြားပါသည်။ စာမတတ်သူများသည် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု (Economic development) ၏အရေးပါမှု ကို မသိရှိကြပါ။ ထို့ပြင် စီးပွားရေးကို မည်သို့ ဖွံ့ဖြိုးတိုးတက်စေရန် ဆောင် ရွက်ရသည်ဆိုသည်ကိုလည်း မသိရှိ ကြပေ။စီးပွားရေးဖွံ့ဖြိုးမှုနိမ့်ကျသော နိုင်ငံများတွင်စာတတ်မြောက်မှုနှုန်းမှာ၆၀ရာခိုင်နှုန်းဝန်းကျင်ရှိပြီး ချမ်းသာ သောနို င်ငံ များတွင် ၁၀၀ ရာခိုင်နှုန်း နီး ပါး ရှိပါသည်။
စိုက်ပျိုးရေးနှင့် စက်မှုခေတ်နောက်ကျခြင်း
LDC နိုင်ငံများ၏ လယ်ယာစိုက် ပျိုးရေးနှင့် စက်မှုကဏ္ဍတို့သည် ခေတ် နောက်ကျလျက်ရှိပါသည်။ နိုင်ငံ၏ စီးပွားရေးသည်လည်းစိုက်ပျိုးရေးကိုအဓိကအားထားနေရပါသည်။ တိုင်း ပြည်ဝင်ငွေ (GDP) တွင်လည်း စိုက်ပျိုး ရေး ကဏ္ဍ၏ ပါဝင်မှုအချိုး များပြား သည်။ ရင်းနှီးမြှုပ်နှံမှု နိမ့်ကျခြင်းနှင့် သဘာဝသယံဇာတများကို ထိရောက် မှန်ကန်စွာ အသုံးမပြုတတ်ခြင်းတို့ ကြောင့် စက်မှုကဏ္ဍသည်လည်း ခေတ် နောက်ကျလျက်ရှိပါသည်။
လူဦးရေ လျင်မြန်စွာ တိုးတက်ခြင်း
ဆင်းရဲသောနိုင်ငံများ၏ယေဘုယျလက္ခဏာရပ်တစ်ခုမှာလူဦးရေမြန်ဆန်စွာတိုးတက်ခြင်းဖြစ်သည်။ အများ အား ဖြင့်လူဦးရေ တိုးတက်မှုနှုန်းသည်၂ရာခိုင်နှုန်းနှင့်အထက်တွင်ရှိသည်။လူဦး ရေတိုးနှုန်းမြင့်မားခြင်းက တစ်ဦး ကျ ဝင်ငွေနိမ့်ကျခြင်းနှင့် အရင်းအနှီး တည် ဆောက်မှုနှုန်း ( Rate of capital formation) နိမ့်ကျခြင်းကို ဖြစ်စေ သည်။ ထို့ပြင် ပြည်သူအများစု၏ လူနေမှု အဆင့်အတန်း မတိုးတက်ခြင်းကိုလည်း ဖြစ်စေသည်။ အဆိုပါ နိုင်ငံ များတွင် ခေတ်မီဆေးပညာများကြောင့် သေနှုန်း(Death rate) ကျဆင်းသော်လည်း မွေးနှုန်း (Birth rate) သိသိ သာသာ မကျဆင်းကြောင်း တွေ့ရှိရပါသည်။
စိုက်ပျိုးရေးသည်အဓိကအလုပ်အကိုင်ဖြစ်ခြင်း
စီးပွားရေးဖွံ့ဖြိုးမှုနိမ့်ကျသော နိုင်ငံများတွင်လယ်ယာစိုက်ပျိုးရေးလုပ်ငန်းမှာအဓိကအသက်မွေးဝမ်းကျောင်း အလုပ် အကိုင်ဖြစ်နေပါသည်။လူဦးရေအများစုသည်လယ်ယာစိုက်ပျိုးရေးနှင့် အတူယင်းနှင့်ဆက်စပ်နေသောလုပ်ငန်း များကို လုပ်ကိုင်နေရသည်။ ဤကဲ့သို့ စိုက်ပျိုးရေးအပေါ် မှီခိုအားထားရလွန်း ခြင်းသည် လူဦးရေ တိုးတက်မှုနှင့် အတူ လယ်ယာမဟုတ်သော လုပ်ငန်းများ (Non-agricultural occupations) တိုးတက်မလာသောကြောင့် ဖြစ်သည်။ ထို့ကြောင့်တိုးတက်လာသောလုပ်သား အင်အားသည် လယ်ယာစိုက်ပျိုးရေး လုပ်ငန်းကိုသာ လုပ်ကိုင်နေကြသည်။
စားသုံးမှု ပုံသဏ္ဍာန် အချိုးမညီခြင်း
LDC နိုင်ငံများတွင် စ်ဦးကျဝင် ငွေနိမ့်ကျသောကြောင့် လူနေမှုအဆင့် အတန်းနိမ့်ကျလျက်ရှိ သည်။ ပြည်သူ များ၏ဝင်ငွေအချိုးအစားအများစုကိုစားသောက်ကုန်စည်များ ဖြစ်သောအစားအစာ၊သစ်သီး၊အသား၊ ဥနှင့် နွားနို့စ သည်တို့အတွက်သုံးစွဲနေရသည်။ ''စားရေး'' အတွက် အသုံးစရိတ်ပိုမိုသုံး စွဲ နေရသောေ ကြာင့်''ဝတ်ရေး''နှင့် ''နေ ရေး'' အတွက် အသုံးစရိတ်မှာ အလွန် နိမ့်ကျပြီး ဆင်းရဲလျက်ရှိပါသည်။
နည်းပညာအားနည်းခြင်း
LDC နိုင်ငံများတွင် ခေတ်မီနည်း ပညာအားနည်းသောကြောင့်ကုန်ထုတ် လုပ်မှုစရိတ်ကြီးမားခြင်း၊ လုပ်သား ပိုမိုသုံးစွဲရခြင်း၊ အရင်းအနှီးအသုံးပြုမှု နည်းပါးခြင်း၊ ကုန်ထုတ်လုပ်မှုစွမ်းအားနိမ့်ကျခြင်း၊ မကျွမ်းကျင်သော လုပ်သားနှ င့် လေ့ကျင့်သင်ကြားမှုမရှိသောလုပ်သားများ သုံးစွဲရခြင်းတို့ကို ဖြစ်စေသည်။ ဤ ကဲ့သို့နည်းပညာေ ခတ်နောက် ကျရခြင်းမှာ စီးပွားရေးခေတ်နောက်ကျမှု (Economic backwardness) ကြောင့်ဖြစ် ပါသည်။ အပြန်အလှန် အားဖြင့်နည်းပညာခေတ်နောက်ကျမှု (Technological backwardness)ကစီးပွား ရေးခေတ်နောက် ကျမှုကိုဖြစ်စေ ပါသည်။
ပြည်ပကို မှီခိုအားထားရခြင်း
စီးပွားရေး ဖွံ့ဖြိုးမှုနိမ့်ကျသော နိုင်ငံများ၏အပြည်ပြည်ဆိုင်ရာ ကုန်သွယ်ရေး၊ နိုင်ငံရေး လုပ်ဆောင်ချက်များနှင့် အခြားစီးပွားရေးလုပ်ဆောင်ချက် များကိုချမ်းသာသောဖွံ့ဖြိုးပြီး နိုင်ငံများကလွှမ်းမိုးထားသည်။LDC နိုင်ငံများ၏ ဖွံ့ဖြိုးေ ရးမံကိန်းများ(Development plans)ကို ပြည်ပချေးငွေ အထောက်အပံ့များဖြင့်ရေးဆွဲအကောင် အထည်ဖော်ေ လ့ရှိ သည်။အဆိုပါစီမံကိန်းများသည်ချေးငွေထုတ်ချေးသည့် ပြည်ပနိုင်ငံများ၏ အကျိုးစီးပွားကိုသာ ပိုမိုဖြစ်ထွန်းေ စကြောင်း တွေ့ရှိရသည်။ ထို့ကြောင့် ဆင်းရဲသောနိုင်ငံများသည် ချေးငွေနှင့်ခွင့်ပြုငွေရယူ သော နိုင်ငံများ (Loans and grants receiving nations) ဖြစ်ကြသည်။
အခြေခံအဆောက်အအုံမလုံလောက် ခြင်း
ဆင်းရဲသော နိုင်ငံများတွင်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက်လိုအပ်သော ကောင်းမွန်သည့်အခြေခံ အဆောက် အအုံများ အားနည်းလျက်ရှိ သည်။ အဆိုပါ နိုင်ငံများတွင် လမ်းတံတား၊ သယ်ယူပို့ဆောင်ရေး၊ ဆက် သွယ်ေ ရး၊ သန့်ရှင်းရေး၊ ကျန်းမာရေးနှင့် ပညာရေး အဆင့်အတန်းသည် လွန်စွာ နိမ့်ကျလျက်ရှိသည်။အခြေခံအဆောက် အအုံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် သုံး စွဲသော အစိုးရအသုံးစရိတ်သည်လည်း အလွန် နည်းပါးကြောင်း တွေ့ရလေ့ ရှိသည်။
လုူမှုရေးရှုထောင့်များ
LDC နိုင်ငံများတွင်ဓလေ့ထုံးတမ်း၊ယဉ်ကျေးမှုနှင့်ဘာသာရေးဆိုင်ရာအယူအမြင်၊ယုံကြည်မှုနှင့်တန်ဖိုး ထားမှုများ က စီးပွားရေးဖွံ့ဖြိုးတိုးတက် ရေးကို ဆိုးရွားစွာဟန့်တားထားပါသည်။အဆိုပါ နိုင်ငံများတွင် လူဦးရေ ၃၀ ရာခိုင်နှုန်း မှာ အလုပ်လုပ်ကိုင်သူများ ဖြစ်ပြီး ကျန် ၇၀ ရာခိုင်နှုန်းက အလုပ် လုပ်သူ ၃၀ ရာခိုင်နှုန်းကို မှီခိုလျက်ရှိ သည်။
ကုန်သွယ်ရေးလိုငွေပြမှု
LDC နိုင်ငံများသည်အများအား ဖြင့်ကုန်ကြမ်းများကိုတင်ပို့ပြီး ကုန်ချောများကို တင်သွင်းကြသည်။ကုန် ကြမ်း ၏ ဈေးနှုန်းမှာနိမ့်ကျပြီးကုန်ချော၏ ဈေးနှုန်းမှာမြင့်မားပါသည်။ထို့ကြောင့်အခွင့်မသာသော ပြည်ပ ငွေပေးငွေယူရှင်း တမ်းလက်ကျန် (Unfavorable balance of payment)ကိုဖြစ်စေသည်။အချို့သောဆင်းရဲသည့် နိုင်ငံများ၏ လိုငွေပြ ကုန်သွယ်မှုလက်ကျန်(Deficit balance of trade)မှာ အမေ ရိကန်ဒေါ်လာ ၄ ဘီလျံခန့်ရှိပါသည်။
ဆင်းရဲမှုသံသရာ
LDC နိုင်ငံများဆင်းရဲနေရခြင်း နှင့်ဖွံ့ဖြိုးမှုနိမ့်ကျခြင်း၏အဓိကအကြောင်းရင်းမှာ ယင်းနိုင်ငံများသည်ဆင်းရဲမှု ဆိုးသွမ်းသံသရာ ( Vicious circle of poverty) အတွင်း ပိတ်မိနေခြင်းဖြစ်သည်။တစ်ဦးစီဝင်ငွေနိမ့်ကျခြင်း၊ စုဆောင်းမှုနှင့်ရင်းနှီးမြှုပ်နှံမှုနိမ့်ကျခြင်း၊အရင်းအနှီးမရှိခြင်း၊ဝယ်နိုင်စွမ်းအားနိမ့်ကျခြင်း၊ထုတ်လုပ်မှုစွမ်းအားနိမ့် ကျ ခြင်း ဟူသောအဆိုးသံသရာလည်ပတ် နေပါသည်။ဆင်းရဲသောနိုင်ငံများဆင်းရဲ နေရခြင်းမှာ ဆင်းရဲသောေ ကြာင့် ဖြစ် ပါသည်
(It is poor because it is poor)/ Source:tutors2u.com