Main menu

Background

ဆေးရွက်ကြီးစိုက်ပျိုးမှုအကြောင်းတစေ့တစောင်း

Fri, 03/03/2023 - 11:48 -- journal_editor

ဆေးရွက်ကြီးကို   မြန်မာနိုင်ငံအလယ်ပိုင်း ပူးပြင်းသော  ဒေသများတွင် အများဆုံး စိုက်ပျိုး ဖြစ်ထွန်းလေ့ရှိသည်။  မူလဒေသက  အမေရိကတိုက်မှဖြစ်ပြီး မြန်မာနိုင်ငံသို့၁၇ရာစုခန့်က အိန္ဒိယ နိုင်ငံမှတစ်ဆင့် ဝင်ရောက်လာခြင်းဖြစ်သည်။ နွယ် မြက်သစ်ပင် ဆေးဖက်ဝင်ဆိုစကားနှင့်အညီ  ယခု ဆေးရွက်ကြီးပင်ကို မြန်မာနိုင်ငံသို့ ရောက်ရှိစက ဆေးပင်ဟု ခေါ်ဝေါ်သမုတ်ကြသည်။  ဆေးရွက် ကြီးပင်သည် ချုံပင်အမျိုးအစားဖြစ်ပြီး  အရွက်တို့ သည်  ရွက်ထီးများဖြစ်ကာ   ရွက်လွဲတည်ရှိသည်။ ရွက်ကြောရိုးထီးတည်းနှင့်  လှံသွားပုံရှိပြီး  မျက်နှာ ပြင်တွင် အမွေးနုကလေးများရှိသည်။  ဆေးရွက် ကြီးသည် မြန်မာလူမျိုးများအနေဖြင့် သုံးစွဲမှု နည်း ပါးသော်လည်း လူတိုင်းအတွက် အသုံးဝင်သော ကျန်းမာရေးဆေးဖက်ဝင် ပစ္စည်းတစ်မျိုးဖြစ်သည်။
ဆေးရွက်ကြီးကို    မြန်မာနိုင်ငံအလယ်ပိုင်း အပူပိုင်းဒေသဖြစ်သော မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီး တို့ရှိ  ဧရာဝတီမြစ်၊ ချင်းတွင်းမြစ်ဘေးရှိ မြစ်ရေဝင်  ကိုင်းကျွန်းမြေနုများတွင် ဒေသစီးပွားဖြစ်  အများ ဆုံး စိုက်ပျိုးကြသည်။ ဆေးရွက်ကြီးကို ဗာဂျီးနီး ယား၊ (ကုလား)ဆေးရွက်နှင့် ဆေးရွက်ကြီး(မြန်မာ)နှစ်မျိုးကို  နှစ်စဉ်နှစ်တိုင်း စိုက်ပျိုးပြီး မြန်မာဆေး ရွက်ကြီးကို အများဆုံး စိုက်ပျိုးကြသည်။ စတင်စိုက် ပျိုးချိန်တွင်  စိုက်ဧကအမြောက်အမြား စိုက်ပျိုးခဲ့ ကြပြီး ကုန်ကြမ်းဝယ်လိုအားနည်းပြီး ဈေးကွက်ကျ ဆင်းခြင်းတို့ကြောင့်  ဆေးရွက်ကြီး  စိုက်ဧကများလျော့နည်းသွားကြောင်းသိရှိရသည်။ 
စိုက်ပျိုးခြင်း
ဆေးရွက်ကြီးစိုက်ပျိုးမှုမှာ     မကွေးတိုင်း ဒေသကြီး  ပခုက္ကူ မြို့နယ်အတွင်းရှိ ကုက္ကိုလှအုပ်စု၊ ကျွန်ညိုကြီးအုပ်စု၊သံပုရာကုန်းအုပ်စု၊ ကံလှအုပ်စု၊ မြင်းကျွန်းအုပ်စု၊ ကျွန်းညိုအုပ်စု၊    မှိုက်ပင်ကုန်း အုပ်စုကျေးရွာများတွင်   မြန်မာဆေးရွက်ကြီးကို နှစ်စဉ်မပြတ်  မိရိုးဖလာဒေသစီးပွားဖြစ် အဓိက စိုက်ပျိုးသည်။ စိုက်ပျိုး၍  မဖြစ်သည့်မြေများတွင် သာ  ငရုတ်၊ အစေ့ထုတ်ပြောင်း၊ ပဲတီစိမ်းသီးနှံများ ကို စိုက်ပျိုးကြသည်။  ယခင်က  ဆေးရွက်ကြီးကို စိုက်ဧက၅၀ဝခန့်စိုက်ပျိုးပြီး တဖြည်းဖြည်းနှင့် ကုန် ကြမ်း ဝယ်လိုအားနည်းပြီး  ဈေးကွက်ကျဆင်းသွား ခြင်းနှင့် မြစ်ရေဝင် မြေဖြစ်၍   ကမ်းပါးပြိုကျခြင်း များကြောင့် စိုက်ဧက လျော့နည်းသွားပြီး ယခုနှစ် တွင်   ဆေးရွက်ကြီး စိုက်ဧက ၃၀ဝ ခန့် စိုက်ပျိုး ထားရှိကြသည်။
စိုက်ပျိုးမြေသည် ရေသွင်းရေထုတ် ကောင်း ပြီး မြေအစိုဓာတ်ရရှိရန် လိုအပ်သည့်    နုန်းမြေ အမျိုးအစားတွင် အဓိက စိုက်ပျိုးကြသည်။   မြေ အောက်ရေအပြင် ရေသွင်းစနစ်ဖြင့် စိုက်ပျိုးကြရ သည်။    ဆေးရွက်ကြီးကို သီတင်းကျွတ်နှင့်   တန် ဆောင်မုန်းလတွင် စတင်စိုက်ပျိုးပြီးမျိုးစေ့မှပျိုးခင်း ပြုလုပ်ပျိုးထောင်ပြီး ၄၅ရက်သားရှိလျှင်  စိုက်ခင်း ထဲသို့ ပြောင်းရွှေ့စိုက်ပျိုးကြသည်။ တစ်ဧကလျှင် ပျိုးပင် ၆၀ဝ၀ခန့် ပင်ကြား၊     တန်းကြား နှစ်ပေ အကွာအဝေးတွင်   စိုက်ပျိုးပြီး ရေမြောင်းဖြင့် ရေ သွင်း၍ တပို့တွဲလ၊ တပေါင်းလတွင်    အရွက်များ စတင်ခူးရကြောင်းသိရသည်။ စိုက်ပျိုးပြီး ၄၅ရက် သားတွင် ခေါင်အဖူးနှိမ်ပေးရပြီး     ဆေးရွက်များ ကြီးထွားသန်မာစေရန်အတွက် ဆေးရွက်ကြီး တစ် ပင်လျှင် အရွက်ကိုးရွက်ခန့်  ထားရှိသည်။ ပင်စည် မှ ထွက်လာသောအတက်များကို တစ်လလျှင် သုံး ကြိမ်ခန့် အတက်ဖဲ့ပေးရကြောင်းသိရှိရသည်။ စိုက် ပျိုးပြီး သုံးလသားတွင် အပင်မှစတင်ခူးပြီး နေလှန်း ၍ သိမ်းဆည်းရသည်။   ဆေးရွက်ခူးသက်တမ်းမှာ နှစ်လခန့်ကြာမြင့်ကြောင်း သိရှိရသည်။
ဆေးရွက်ကြီးနှင့်ရောဂါပိုး
ဆေးရွက်ကြီးပင်သည်  မူလကတည်းက ပိုး များကို   သေစေနိုင်သော ဆေးပင်ဖြစ်၍ ပိုးနှိမ်နင်း နိုင်သည့်အတွက်   ဆေးရွက်ကြီးပင်သို့   ရောဂါပိုး ကျရောက်ခြင်းကင်း၍    ပိုးသတ်ဆေးများ အသုံး မပြုရဘဲ အရွက်ကြီးထွားစေရန်အတွက်   ရွက်ဖျန်း အားတိုးဆေးကိုသာ  အသုံးပြုရ၍ ကုန်ကျစရိတ် ကုန်ကျမှုမများကြောင်း သိရှိရသည်။    
ပြင်ဆင်ထားသိုပုံအဆင့်ဆင့်
ဆေးရွက်ကြီးကို အပင်မှခူး၍  ရိတ်သိမ်းပြီး သော ဆေးရွက်များ၏ ကျောရိုးအားထု၍ နေလှန်း ပြီးသော ဆေးရွက်ခြောက်များအား  တစ်ရွက်ချင်း ထပ်၍ ထားရှိပြီးသော  ဆေးရွက်များအား သိမ်း ဆည်းရန်    ဆေးပြင်သမားခေါ်ယူပြီး   ပြင်ဆင် ကြောင်း၊ ဆေးရွက်ခြောက်ပုံကို ရေပေးနှပ်ထားပြီး အပေါ်မှ မိုးကာဖြင့်အလုံအုပ်ပြီး ကျောက်ခဲ ဖိထား ကြောင်း၊ ရေပေးမှုအနည်းအများပေါ် မူတည်ပြီး ဆေးရွက်ကြီးအရောင်    ပြောင်းလဲမှုရှိပြီး ရေများ ပေးလျှင်  ဝါညိုရင့်ရောင်ဆေးရွက်ရရှိပြီး  ရေနည်း ပေးလျှင် ဝါကြည်သွေးရောင်ဆေးရွက်ရရှိကြောင်း၊ ဆေးရွက်အရောင်းပေါ်  မူတည်ပြီး   ဈေးနှုန်းကွာ ခြားမှုရှိ၍  ဆေးပြင်ဆင်ထိန်းသိမ်းမှုမှာ  အရေးကြီး ကြောင်း၊ ရေနှပ်ပြီး  ဆေးရွက်ကြီးများကို  နှီးဖြင့် ရက်လုပ်ထားသော   ပုတ်များဖြင့်ထည့်ပြီး   သိမ်း ဆည်းထားရှိ၍ ထန်းလက်ဖြင့် ကွက်စိပ်ရက်လုပ်ပြီး လေလုံအောင်  ပုတ်များပေါ်တွင်   ဖုံးအုပ်ထားရှိ ကြောင်း သိရှိရသည်။
ထွက်ရှိမှု၊ကုန်ကျစရိတ်နှင့်ဈေးနှုန်းဈေးကွက်
ဆေးရွက်ကြီး  စိုက်ပျိုးပြီး    တစ်ဧကလျှင် အထွက်နှုန်းပိဿာမှာ ရာသီဥတု၊မြေအနေအထား နှင့်  သွင်းအားစုသုံးစွဲပုံ   မတူညီကြ၍ တောင်သူ တစ်ဦးချင်း  အထွက်နှုန်း ကွာခြား၍  တစ်ဧကလျှင် ယခင်နှစ်တွင် ပိဿာ ၇၀ဝမှ ၉၀ဝထွက်ရှိခဲ့ပြီး ယခု နှစ်တွင် ရာသီဥတုကောင်းမွန်မှုကြောင့်  တစ်ဧက ပိဿာ ၁၀ဝ၀မှ၁၅၀ဝအထိ ထွက်ရှိကြောင်း၊ ဆေး ရွက်ကြီးတစ်ဧက    စိုက်ပျိုးစရိတ်အနေဖြင့် မြေ ပြုပြင်ချိန်မှစ၍ မျိုးစေ့၊ သွင်းအားစုစရိတ်၊ အလုပ် သမားခ အပါ အဝင် စုစုပေါင်း ကျပ်သိန်း ၂၀ ခန့် ကုန်ကျကြောင်း သိရသည်။ ဆေးရွက်ကြီးဈေးနှုန်း ဈေးကွက်အနေဖြင့် အရည်အသွေးလိုက်၍ ယခင် နှစ် တစ်ပိဿာလျှင်ကျပ် ၁၀ဝ၀ မှ ၂၀ဝ၀၊ ယခုနှစ် ကျပ် ၉၀ဝ မှ ၃၀ဝ၀ ဈေးနှုန်းဖြင့်  ရောင်းချလျက် ရှိပြီး ပခုက္ကူမြို့နယ် ကျွန်းဒေသထွက် ဆေးရွက်ကြီး များကို ပခုက္ကူမြို့ပေါ်ရှိ လုပ်ငန်းရှင်နှင့်ပွဲစားများ၊ မြင်းခြံမြို့မှ ပွဲစားများမှ စိုက်ပျိုးထွက်ရှိသည့် ကျေး ရွာများအထိ   လာရောက်ဝယ်ယူကြောင်း သိရှိရ သည်။
အသုံးဝင်ပုံ
ဆေးရွက်ကြီးတစ်ပင်လုံးတွင် အရွက်၊ အရိုး၊ အမြစ်တို့မှအစ   အသုံးဝင်ပြီး ဆေးဖက်ဝင်အပင် လည်းဖြစ်သည်။ ဆေးရွက်ကြီးကို ဆေးလိပ်ခုံများ၊ ကွမ်းယာဆိုင်များတွင် ကွမ်းစားဆေးအဖြစ် အသုံး ပြုခြင်း၊တိုင်းရင်းဆေးအဖြစ်အသုံးပြုနိုင်ခြင်းအပြင် ဆေးရွက်ကြီးအမြစ်ကို သွေး၍ သောက်ပါက ဝမ်း ကို နူးစေပြီး ဝမ်းနူးဆေးနှင့်   အားတိုးဆေးအဖြစ် အသုံးပြုကြောင်း သိရှိရသည်။ ဆေးရွက်ကြီးသည် ပိုးသေစေသော ဆေးဝါးအာနိသင်နှင့်အနာကျက် စေသော  အာနိသင်ရှိခြင်း၊ အရေပြား ယားယံခြင်း၊ ရောင်ရမ်းခြင်း၊ ဓာတ်မတဲ့ခြင်းဖြစ်သည့်အရာများ ကိုလည်း ပျောက်ကင်းစေသော   အာနိသင်တို့ရှိ ကြောင်းသိရသည်။ ဆေးရွက်ကြီးကို အလွန်အကျွံ မသုံးစွဲရဘဲ  သင့်တင့်မျှတစွာ   သုံးစွဲရသော ဆေး ဖက်ဝင်အပင်ဖြစ်သည့်အပြင်   စိုက်ခင်းအပင်များ တွင် ကျရောက်တတ်သည့်ပိုးများကို  ထိထိရောက် ရောက် နှိမ်းနင်းပေးသလို   ကာကွယ်ပေးနိုင်သော အပင်ဖြစ်သည်။
ဆေးရွက်ကြီးသည် မြန်မာလူမျိုးများအနေ ဖြင့် သုံးစွဲရန် နည်းပါးသော်လည်း လူတိုင်းအတွက် အသုံးဝင်သော ကျန်းမာရေး ဆေးဖက်ဝင်ပစ္စည်း တစ်မျိုးဖြစ်သည်။  စိုက်ခင်းများတွင်လည်း ရောဂါ ပိုးမွှားများ  ကျရောက်မှုကို ကာကွယ်ပေးနိုင်သော ပိုးသတ်ဆေးအာနိသင်ရှိသည်။   ဆေးရွက်ကြီးကို နှစ်စဉ်မပြတ်  စိုက်ပျိုးခဲ့ရာတွင်  ယခုနှစ်တွင် မိမိ တို့ထွက်ကုန်များအား ဆေးလိပ်ခုံလုပ်ငန်းများ နည်းပါးသွားပြီး ဝယ်လိုအားနည်းပြီး    ဈေးကွက် မရှိခြင်းကြောင့် ဆေးရွက်ကြီး   စိုက်ပျိုးမှုလုပ်ငန်း များ လျော့နည်းသွားကြောင်း၊  စိုက်ပျိုးထွက်ကုန်  ဆေးရွက်ကြီးများကို ဝယ်ယူရောင်းချဖြန့်ဖြူးပေး မည့်ကုမ္ပဏီများ၊ လုပ်ငန်းရှင်များရှိပါက  နှစ်စဉ် မပြတ် တိုးချဲ့စိုက်ပျိုးသွားပြီး  မိမိတို့ပြည်တွင်းရှိ စိုက်တောင်သူများ၊ လုပ်ငန်းရှင်များ၊ အလုပ်သမား ပြည်သူများ အလုပ်အကိုင် အခွင့်အလမ်း ပိုမိုရရှိ လာမည်ဖြစ်ကြောင်း သုံးသပ်တင်ပြအပ်ပါသည်။

မြင့်မြင့်သန်း(ပခုက္ကူ)