Main menu

Background

တရုတ်နိုင်ငံ၏ ရေထွက်ကုန်ကဏ္ဍကိုလေ့လာရာဝယ်

Fri, 03/17/2023 - 14:18 -- journal_editor

တရုတ်နိုင်ငံ၏ရေထွက်ကုန်ဈေးကွက်မှာကမ္ဘာပေါ်တွင် အကြီး မားဆုံးနှင့် အလျင်မြန်ဆုံး ဖွံ့ဖြိုးလာသည့်ဈေးကွက်ဖြစ်သည်။ ၁၉၇၀ ပြည့်နှစ်များမှစ၍ ပြုပြင်ပြောင်းလဲလာခဲ့သည့်  တရုတ်နိုင်ငံ၏ ရေ လုပ်ငန်းကဏ္ဍသည် ၁၉၇၉ခုနှစ်တွင် ဟက်တာပေါင်း  ၂ ဒသမ ၈၆ သန်းမှ ရေထွက်ကုန်တန်ချိန်  ၁ ဒသမ ၂၃ သန်းသာ ထုတ်လုပ်နိုင်ခဲ့ သော်လည်း၊ ၂၀ဝ၂ခုနှစ်တွင် ဟက်တာပေါင်း ၁၃ ဒသမ ၄၅ သန်းရှိ လာခဲ့ကာ ရေထွက်ကုန် တန်ချိန် ၁၂ ဒသမ ၁၃ သန်းအထိ  ထုတ်လုပ် လာနိုင်ခဲ့ပြီး နှစ်စဉ်တိုးတက်မှုနှုန်း   ၁၅ ရာခိုင်နှုန်းခန့်ရှိခဲ့သည်ကို တွေ့ရသည်။ 
စိုက်ပျိုးရေးဝန်ကြီးဌာန ငါးလုပ်ငန်းဗျူရို၏စာရင်းအရ ၂၀၁၄ ခုနှစ်တွင် ရေလုပ်ငန်းလုပ်ကိုင်သည့်မူပေါင်း ၁၂၆ သန်းခန့်ရှိလာကာ ရေချိုဖြင့် မွေးမြူသည့်လုပ်ငန်းများက  ၇၂ ရာခိုင်နှုန်း၊ ရေငန်ဖြင့် မွေးမြူသည့်လုပ်ငန်းများက ၂၈ရာခိုင်နှုန်းခန့် ပါဝင်သည်။ ၎င်း မွေး မြူရေးလုပ်ငန်းများမှ စုစုပေါင်း ထုတ်လုပ်နိုင်မှုမှာ တန်ချိန် ၆၅ သန်း အထိ ရောက်ရှိခဲ့ကာ နှစ်စဉ်တိုးတက်မှုနှုန်းမှာ ၅ ဒသမ ၄ ရာ ခိုင်နှုန်း ခန့်ရှိသည်။  ၎င်းပမာဏမှာ တစ်ကမ္ဘာလုံးမှ စုစုပေါင်း ရေထွက်ကုန် ထုတ်လုပ်မှု၏ သုံးပုံတစ်ပုံခန့်ရှိသည်။ တရုတ်နိုင်ငံသည် အခွံပါသည့် ရေသတ္တဝါများကို အဓိက ထုတ်လုပ်သည့်နိုင်ငံဖြစ်ကာ    စုစုပေါင်း ရေချိုထွက်ကုန် အားလုံး၏ ၂၅ ရာခိုင်နှုန်းခန့်၊ ပင်လယ်ပြင်ငါးမွေးမြူ ရေး၏ ၈၀ ရာခိုင်နှုန်းခန့်ရှိသည်။
ရေလုပ်ငန်းကဏ္ဍသည် တရုတ်နိုင်ငံ၏စီးပွားရေးတွင် အမေရိ ကန်ဒေါ်လာ ဘီလီယံ ၃၀ခန့် ပါဝင်ဖြည့်ဆည်းနေပြီး ရာခိုင်နှုန်းအား ဖြင့် ၃ ရာခိုင်နှုန်းခန့် ရှိသည်။ တရုတ်နိုင်ငံမှ ပြည်ပသို့ နှစ်စဉ် အမေရိ ကန်ဒေါ်လာ ၄ ဘီလီယံတန်ဖိုးရှိ ရေထွက်ကုန်များကို တင်ပို့လျက်ရှိ သည်။တရုတ်နိုင်ငံတွင် စီးပွားရေးနှင့်လူနေမှုအဆင့်အတန်း လျင် မြန်စွာ ဖွံ့ဖြိုးတိုးတက်လာရာ ရေထွက်ကုန်ကဏ္ဍမှာ နိုင်ငံ၏ စိုက်ပျိုး မွေးမြူရေးကဏ္ဍတွင် ပိုမိုအရေးပါလာသည်။  အထူးသဖြင့် တရုတ် နိုင်ငံ၏ ကုန်းတွင်းပိုင်းနှင့် အနောက်ပိုင်းဒေသများမှာ  ဆက်လက် ဖွံ့ဖြိုးလာသဖြင့် ရေထွက်ကုန်ဝယ်လိုအား ပိုမိုများပြားလာဖွယ်ရှိသည်။ 

တရုတ်ပြည်တွင်းမှ  ရေထွက်ကုန်ထုတ်လုပ်မှုအခြေအနေ
တရုတ်နိုင်ငံရှိ ရေချိုရေငန် ရေထွက်ကုန်များ အများဆုံး ထုတ် လုပ်သည့် ပြည်နယ် ၁၁ခုမှာ   ရှန်တုန်း၊ ကွမ်တုန်း၊ ဖူကျန်း၊ ကျဲ့ကျန်း၊ လျိုနင်း၊ ကျင်းစု၊ ဟူပေ၊ ကွမ်ရှီး၊ အန်းဝေ၊ ကျန်းရှီးနှင့်ဟူနန်တို့ဖြစ်ကြ ကာ တစ်နိုင်ငံလုံးစုစုပေါင်းထုတ်လုပ်သည့် ပမာဏ၏  ၉၀ ရာခိုင်နှုန်း ခန့်ကို ထုတ်လုပ်နေသည်။
တရုတ်နိုင်ငံသည် အရှေ့ဘက်နှင့် တောင်ဘက်တွင် ပင်လယ် များရှိပြီး ဘိုဟိုင်ပင်လယ်၊ အရှေ့တရုတ်ပင်လယ်၊   တောင်တရုတ် ပင်လယ်နှင့်ပင်လယ်ဝါတို့၏ စုစုပေါင်းဧရိယာမှာစတုရန်းကီလိုမီတာ ၃၅ ဒသမ ၄၇ သန်းရှိသည်။ ၎င်းဧရိယာမှာ ရေထွက်ကုန်များကို အများဆုံးထုတ်လုပ်သည့်နေရာများဖြစ်သည်။   နိုင်ငံမြောက်ပိုင်း လျိုနင်းပြည်နယ်ရှိ  ေူ့ကငြညေါ မြစ်ဝမှ   တောင်ပိုင်းရှိ ကွမ်ရှီးကျွမ့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နြငူကည့န မြစ်ဝအထိ စုစုပေါင်းကမ်းရိုး တန်းအရှည် ကီလိုမီတာ ၁၈၀ဝ၀ ရှိသည်။    ၎င်းကမ်းရိုးတန်းတစ် လျှောက် ကျွန်းပေါင်း ၆၅၀ဝ ကျော်ရှိပြီး  ဒီရေဝင်ရောက်နိုင်သည့် ဧရိယာမှာလည်း ဟက်တာပေါင်း ၁၈ ဒသမ ၈ သန်းခန့်ရှိရာ ရေလုပ် ငန်းကဏ္ဍအတွက် သင့်လျော်သည့်အနေအထားဖြစ်သည်။
တရုတ်နိုင်ငံရှိ ပင်လယ်ပြင်ငါးဖမ်းဇုန်များမှာ ဘိုဟိုင် (Bohai) ငါးဖမ်းဇုန် ၊ ပင်လယ်ဝါငါးဖမ်းဇုန် (မြောက်ပိုင်း၊ အလယ်ပိုင်းနှင့် တောင်ပိုင်းတို့ အပါအဝင်) ၊ အရှေ့တရုတ်ပင်လယ်ငါးဖမ်းဇုန် (ကမ်း ရိုးတန်းရေပြင်၊ ကမ်းနီးကမ်းဝေးနှင့် ထိုင်ဝမ်ရေပြင်များ အပါအဝင် တောင်တရုတ်ပင်လယ် ငါးဖမ်းဇုန် (ပေပုပင်လယ်Dongsha ကျွန်း များ၊ Xisha ကျွန်းများ၊Nansha  ကျွန်းများ၊ တောင်တရုတ်ပင်လယ်  ရေနက်ပိုင်းများ အပါအဝင်) တို့ဖြစ်ကြသည်။ တရုတ်ပင်လယ်ပြင် တွင် မွေးမြူသည့် ရေထွက်ကုန် မျိုးစိတ်ပေါင်း ၃၀ဝ၀ကျော်ရှိပြီး ၎င်း တို့အနက် စီးပွားရေးအရ အရေးပါသည့် မျိုးစိတ်များမှာ အောက် ဖော်ပြပါတို့ ဖြစ်ကြသည်-
ငါး-ငါးတံခွန်(Hairtail)၊ငါးသင်ဝါအကြီးမျိုး(Great yellow croa-ker))၊ ငါးသင်ဝါ အသေးမျိုး small yellow croaker)၊ ငါးကွမ်းရှပ် (chub mackerel)၊scad ၊ ပစိဖိတ်ငါးသလောက်၊ စပိန်  ငါးကွမ်းရှပ် (spanish mackerel) ၊ တရုတ်ငါးသလောက်၊ ငါးမုတ် (pomfet)၊ ဂျပန် ငါးကွမ်းရှပ်၊ငါးရွှေ(conger pike ၊Sniphonius  ၊left-eyed flounder? right-eyed flounder ၊ ငါးနုသန်း (butter fish) ၊porgy၊ ငါးပါးနီ (red snapper) ၊ golden thread၊ ငါးကြီးဆီထုတ်ယူရသောငါး (cod)၊ lack scraper  ၊ ငါးသေတ္တာငါး sardine) ၊globefish  ၊ ငါးမန်း (shark) ၊ ငါးပါးနီ (anchovy  )
Molluscs - ကင်းမွန်(squid))၊ကင်းမွန်ငါးမျိုး(cuttle fish)၊ ရေဘဝဲ၊ ယောက် သွားmussel) ၊ ကမာ ၊ ခုံးကောင်မျိုးများဖြစ်ကြသည့် razor clam ၊ သွေးခုံး (blood clam) နှင့် ရိုးရိုးခုံးကောင်များ (clams)စားနိုင်သော ပင်လယ်ခရု (abalone) ၊scallop
အခွံမာ ရေနေ သတ္တဝါ- ပုစွန်၊ ကဏန်း၊ Acetes spp  Trachyp spp မှော်ပင်/ရေညှိ  - ပင်လယ်ကျောက်  ကဝတ်ပင်(kelp နှင့် laver စသည်ဖြင့်)
အခြား-ပင်လယ်မျှော့sea cucumber)၊ပင်လယ်သံပခြုပ်sea urchin)၊ ရေခူ
တရုတ်နိုင်ငံ၏ ကုန်းတွင်းပိုင်းရှိ ရေသယံဇာတမှာမြစ်များ၊ ရေ ကန်များ၊ အင်းအိုင်များ၊ ရေလှောင်ကန်များအပါအဝင်  စတုရန်း ကီလိုမီတာ ၁၇၆၀ဝ၀ ခန့်ရှိသည်။   ၎င်းအကျယ်အဝန်းအနက် မြစ် များသည် ၃၉ ရာခိုင်နှုန်းခန့်ရှိကာ ရေလုပ်ငန်းအတွက် ထင်ရှားသည့် မြစ်များမှာ ရန်ဇီမြစ်၊ မြစ်ဝါမြစ်၊ လူကျန်းLujiang)မြစ်၊ လန်ကန်း ကျန်း (Lancangjiang) မြစ်၊ ရာလွန်းဇန်ဘို (Yarlung Zangbo) ) မြစ်၊ ဟေလုံကျန်းမြစ်၊ လျိုဟယ်(Liaoh)မြစ်၊ ဟိုင်ဟယ်Haihe))မြစ်၊ ဟွာ ဟယ်(Huaihe)မြစ်၊ စီကျန်းမြစ်၊ တုမန်ကျန်း (Tumenjiang) မြစ်များ၊ ရလုကျန်း(Yalujiang)မြစ်၊ ကွင်တန်ကျန်း (Qintangjiang)မြစ်၊  မင်ကျန်း(Minjiang)မြစ်နှင့် ဥကျန်း(Oujiang) မြစ်တို့ ဖြစ်ကြသည်။  
အထင်ရှားဆုံး ရေချိုရေကန်များမှာ Boyanghu  Dongtinghu Taihu  Hulunci  Hongzehu  Chaohu နှင့် Weishanhu ကန်များ ဖြစ်ကြကာ အထင်ရှားဆုံး ရေငန်ရေကန်များမှာ Qinghaihu  Nam-ujiehu  Zhalinghu နှင့်Bositenghu  ကန်များဖြစ်သည်။ တရုတ် နိုင်ငံ၏ ဧရိယာဟက်တာ နှစ်သန်းခန့်ရှိသော ရေလှောင်တမံ ပေါင်း ၈၃၀ဝ၀ဝက ရေထုထည်၄၅၀ဘီလီယံခန့်ကို သိုလှောင်နိုင်စွမ်းရှိသည်။
ငါးမွေးမြူရေးကန်များဖြင့် မွေးမြူမှုမှာ  စုစုပေါင်းကုန်းတွင်း ပိုင်းငါးမွေးမြူမှု၏ ၇၅ ဒသမ ၃ ရာခိုင်နှုန်းခန့်ရှိသည်။ ၎င်းအနက် ငါးမွေးကန်များ၏  ၆၀ ရာခိုင်နှုန်းခန့်မှာ  ကွမ်တုန်း၊ ကျင်းစု၊ ဟူပေ၊ ဟူနန်၊အန်းဝေ၊ကျန်းရှီးနှင့်ရှန်တုန်းပြည်နယ်များပါဝင်သည့်  ရန်ဇီ မြစ်နှင့် ပုလဲမြစ်ဝကျွန်းပေါ်ဒေသတစ်လျှောက်တွင် တည်ရှိသည်။ ရေချိုတွင် မွေးမြူသည့် ရေထွက်ကုန်အများဆုံးထွက်ရှိသည့် တရုတ် နိုင်ငံ၏ပြည်နယ်များမှာ ဟူပေ၊ အန်းဝေ၊ ကွမ်ရှီးနှင့်ဟူနန်တို့ဖြစ်ကြ သည်။
တရုတ်နိုင်ငံ ကုန်းတွင်းပိုင်းရှိ ရေလုပ်ငန်းမွေးမြူရေးဇုန်များ    မှာ အရှေ့မြောက်ပိုင်း ဟေလုံကျန်း၊ ကျိလင်၊  လျိုနင်းပြည်နယ်များနှင့် အရှေ့ပိုင်းအတွင်း မွန်ဂိုလီးယားပြည်နယ်ရှိ အချို့နေရာများ ပါဝင် သည့်ဇုန်၊ မြစ်ဝါမြစ်နှင့်ဟိုင်ဟဲမြစ်ဝှမ်းရှိ ရှမ်းစီး၊ ဟာပေ၊ တီရန်ကျင်း၊ ပေကျင်း၊ရှန်တုန်းပြည်နယ်များ၊ ဟဲနန်နှင့်ရှန်းစီး၊ နင်းရှကိုယ်ပိုင် အုပ် ချုပ်ခွင့်ရဒေသနှင့်ဂန်းဆုပြည်နယ်များ၏အချို့နေရာများ ပါဝင်သည့် ဇုန်၊ ဟူနန်၊ ဟူပေ၊ ကျန်းရှီး၊ အန်းဝေ၊ ကျင်းစု၊ ကျဲ့ကျန်းနှင့် ရှန်ဟိုင်း တို့အပါအဝင် ရန်ဇီမြစ်အလယ်ပိုင်းနှင့်အောက်ပိုင်းဒေသများ၊ ဟာ နန်နှင့် ရှန်းစီးပြည်နယ်များ၏အချို့နေရာများ ပါဝင်သည့်ဇုန် (၎င်း နေရာတွင် တရုတ်နိုင်ငံ၏ အကြီးဆုံးရေကန်ကြီး ငါးကန်ရှိကာ တရုတ် နိုင်ငံ၏အဖွံ့ဖြိုးဆုံး ကုန်းတွင်းရေလုပ်ငန်းဒေသဖြစ်ပါသည်။ အစိုးရ ပိုင် စီးပွားဖြစ် ငါးမွေးကန်များလည်းရှိသည်။)၊ ကွမ်တုန်း၊ ကွမ်ရှီး၊ ဖူကျန်း၊ ထိုင်ဝမ်တို့ပါဝင်သည့် တောင်ပိုင်းဒေသဇုန် (၎င်းနေရာသည် ဟောင်ကောင်နှင့် မကာအိုတို့နှင့် နီးကပ်စွာ တည်ရှိသဖြင့် ရေချိုငါး အများဆုံး တင်ပို့သည့်ဒေသဖြစ်သည်။)၊ ယူနန်၊ ကွေ့ကျိုး၊ စီချွန်းပြည် နယ်များနှင့် ဟူနန်၊ ဟူပေ၊ ကွမ်ရှီးတို့၏ အချို့နေရာများပါဝင်သည့် အနောက်တောင်ပိုင်းဒေသဇုန်၊ အတွင်းမွန်ဂိုလီးယား၊စင်းကျန်းဝေဂါ၊ နင်းရှဟွေနှင့် ဂန်းဆုတို့ ပါဝင်သည့်Meng-Xin  ငါးဖမ်းဇုန် (၎င်းဇုန် အတွင်း ရေငန်ရေကန်များနှင့်ရေလှောင်တမံများတွင် အဓိက မွေးမြူ သည်) ချင်းဟိုင်နှင့်တိဘက်ရှိQing-Zangi ငါးဖမ်းဇုန်တို့ဖြစ်ကြသည်။
တရုတ်နိုင်ငံမှ စာရင်းဇယားများအရ ပင်လယ်နှင့်ကုန်းတွင်း ပိုင်းရှိ ရေပြင်များတွင် ရေချိုငါးမျိုးစိတ်ပေါင်း ၇၀၉ မျိုးနှင့် မျိုးကွဲ ပေါင်း ၅၈ မျိုးကို မွေးမြူတတ်ကြကာ စီးပွားရေးအရ အရေးပါသည့် မျိုးစိတ်များမှာ အောက်ဖော်ပြပါအတိုင်းဖြစ်သည်-
ငါး-အနက်ရောင် ငါးကြင်းငါးသိုင်းတစ်မျိုး(black carp)၊ မြက် စားငါးကြင်း (grass carp)၊ ငွေရောင် ငါးကြင်း( silver carp) ၊ ငါးကြင်း ခေါင်းပွ (big head carp) ၊ ရိုးရိုးငါးကြင်း (common carp)  ၊ crucian carp၊ငါးကြင်းငါးသိုင်းမျိုးဝင် ရေချိုငါးတစ်မျိုး (Bream)၊  reeves shad  ၊  ငါးခူ(cat fish ) ၊ ငါးသလောက်တစ်မျိုး(rainbow trout) ၊ ဆော်လမွန် ငါး salmon ၊ ငါးနီတူ/ ငါးမြွေထိုး အသေးတစ်မျိုး (white bait)) ၊ ကဘလူး (mullet) ၊ မန်ဒရင်းငါး (mandarin fish)၊ ငါးပြေမ (perch)၊ ငါးကြင်း (turgeon) ၊ ငါးရံ့ (murrel) ၊ သင်းခွေချပ် (pangolin)
Molluscs - ရေချိုယောက်သွားများ ၊ ဂုံးကောင်များ ၊ ခရုများ
အခွံမာရေနေသတ္တဝါ - ရေချိုပုဇွန်၊ မြစ်ကဏန်းများ
ရေနေအပင် - ကြာ၊ ကျွဲခေါင်းသီး၊ gorgon euryale
အခြား - လိပ်ခွံပျော့၊ ဖား
(ဆက်လက်ဖော်ပြပါမည်။)​​

ဒေါက်တာရွှေစင်ကို ၊ကုန်သွယ်ရေးဦးစီးဌာန