Main menu

Background

ကုန်သွယ်မှုကဏ္ဍတွင်အတားအဆီးဖြစ်နေသော မှိုဆိပ်အန္တရာယ်

Tue, 07/18/2023 - 12:25 -- journal_editor

မှို (mold) ဟုကြားလိုက်သည်နှင့် ကျွန်မတို့ နေထိုင်ရာ ပတ်ဝန်းကျင်တွင်  မျက်စိဖြင့် မမြင်နိုင် သည့် ဘက်တီးရီးယားများ ၊   မှိုများ အများအပြား ရှိနေနိုင်သည်ကိုလည်း သတိထားရမည်ဖြစ်သည်။ ၎င်းမှိုများထဲမှ အာဖလာ တော့ဆင်“Aflatoxin”  သည်  မှိုဆိပ်များထဲတွင် အပြင်းထန်ဆုံးဖြစ်ပြီး ကြောက်စရာ  အကောင်းဆုံး ဖြစ်သည်ကိုလည်း သိရှိထားရမည်ဖြစ်သည်။   အာ ဖလာတော့  ဆင်မှိုဆိပ်ဆိုသည်မှာ  Aspergillus flavus နှင့် Aspergillus parasiticus ဆိုတဲ့   မှိုမျိုး စိတ်တို့မှ ထုတ်လုပ်ပေးသော   မှိုဆိပ်တစ်မျိုးဖြစ် သည်။ ၎င်းမှိုဆိပ်ကို  လူအများစားသုံးသော အစား အစာများထဲတွင်သာမက တိရစ္ဆာန်အစားအစာများ တွင်ပါ တွေ့ရှိရတတ်သည်။
အာဖလာတော့ဆင် Aflatoxin ၂၀  မိုက် ခရိုဂရမ်ပါသည့်အစာကို    စားမိရုံမျှဖြင့်  တစ်ရက် သား  ဘဲပေါက်စကလေးများကို သေစေနိုင်သည်။ Aspergillus flauvsနှင့် Aspergillus parasiticus တို့မှ ထုတ်လုပ်ပေးသော  Aflatoxin  မှိုဆိပ်သည် မြေဆီလွှာ၊ မြက်ပင်၊ အသီးအရွက်များနှင့်  အစေ့ အဆန်များတွင်လည်း   ပေါက်ဖွားတတ်ပါသည်။ အာဖလာတော့ဆင် မှိုဆိပ်ထုတ်လုပ်ရန် အကောင်း ဆုံးသော အခြေအနေများမှာ စိုထိုင်းဆအနည်းဆုံး ၈၅ ရာခိုင်နှုန်း နှင့် အပူချိန်မှာ  ၂၇ စင်တီဂရိတ်ဖြစ် ကြောင်း  လေ့လာချက်များအရ သိရှိရသည်။
အာဖလာတော့ဆင်   မှိုဆိပ်သည် အပူပိုင်း ဇုန်နှင့် သမပိုင်းဇုန်တို့တွင် ပေါက်ရောက်တတ်သော စားသုံးသီးနှံများ၌ ပိုမိုကျရောက်နိုင်သည်ကိုလည်း တွေ့ရှိရသည်။  မြင့်မားသောစိုထိုင်းဆနှင့် အပူချိန် ပေါ်မူတည်ပြီး    မှိုဆိပ်ထုတ်လုပ်မှု အခြေအနေကို ပိုမိုအားပေးနိုင်သည့်အတွက် ရိတ်သိမ်းချိန်မတိုင်မီ ၌လည်းကောင်း၊ ရိတ်သိမ်းချိန်ကာလအတွင်း၌ လည်းကောင်း ၊  ရိတ်သိမ်းချိန်လွန်   သိုလှောင်ထား စဉ်အတွင်း၌လည်းကောင်း    ကူးစက်ကျရောက်နိုင် သောကြောင့် သတိထားရမည်ဖြစ်သည်။
၁၉၆၀ ပြည့်နှစ်ဝန်းကျင်ခန့်က အင်္ဂလန်နိုင်ငံ တွင်  “Turkey X Disease”ဟုအမည်ရှိတဲ့  အဆိပ် သင့် ရောဂါကြောင့်   ကြက်ဆင်အကောင်ပေါင်း တစ်သိန်းခန့်သေဆုံးရာမှစ၍ အာဖလာတော့ဆင် မှိုဆိပ်ကို စတင်တွေ့ရှိခဲ့ခြင်းဖြစ်သည်။  ၎င်းအဆိပ် သင့်ရောဂါသည် ဘရားဇီးနိုင်ငံမှတင်ပို့သော မြေပဲ ဆံတို့တွင်Aspergillus flavus မှိုများ ကျရောက်နေ သည်နှင့် ဆက်စပ်မှုရှိနေကြောင်းကို လေ့လာချက် များအရ သိရှိခဲ့ရသည်။  ၎င်းမှိုဆိပ်သည် လွန်စွာ အဆိပ်ပြင်း၍ အသည်းကင်ဆာကို အဓိကဖြစ်ပွား စေနိုင်ကြောင်း သိရှိခဲ့ရသည်။
မှို၏  သဘောသဘာဝမှာ သီးနှံများ ကို ပျက်စီးဆွေးမြေ့စေသည်သာမက    ယင်းတို့မှ ထုတ်လုပ်ပေးသော မှိုဆိပ်ကို  လူသားနှင့်တိရစ္ဆာန် တို့ စားသုံးမိပါက အဆိပ်သင့်စေနိုင်သဖြင့်  လွန်စွာ အန္တရာယ် ကြီးမားလှသည်။ မှိုဆိပ် တစ်မျိုးနှင့်တစ် မျိုး မတူညီကြပါ။  မှိုဆိပ်ပေါင်း  သိန်းကျော်ရှိသည့် အနက်Deoxynivalenol/ Nivaleno, Zeara-lenone, Ochratoxin, Fumonisins နှင့်Aflatoxin မှိုဆိပ်တို့သည် အဓိကမှိုဆိပ် ငါးမျိုးဖြစ်သည်။ ၎င်း တို့ထဲတွင်Aflatoxin မှိုဆိပ်သည် အပြင်းအထန် ဆုံးဖြစ်သည်။ အာဖလာတော့ဆင်မှိုဆိပ် ပါဝင်မှု သည်   အပူပိုင်းဒေသထွက်  ကုန်ပစ္စည်းများတွင် အဓိကပြဿနာတစ်ရပ်ဖြစ်နေပြီး  အာဖလာတော့ ဆင်မှိုဆိပ် ပါဝင်တတ်သည့်   အဓိကသီးနှံများမှာ မြေပဲ၊ ငရုတ်၊ ပဲ၊ ပြောင်း၊ နှမ်းနှင့်  တိရစ္ဆာန်အစား အစာတို့ဖြစ်သည်။    အာဖလာတော့ဆင်မှိုဆိပ် အများဆုံးပါဝင်နိုင်သည့်သီးနှံမှာ   မြေပဲဆန်ဖြစ်ပါ သည်။ ထို့ကြောင့် အာဖလာတော့ဆင်  မှိုဆိပ်ကို ဆီဓာတ်ပါဝင်မှုများသည့် သီးနှံများတွင် ပိုမိုတွေ့ ရှိရသည့်အတွက်    မြေပဲနှင့်မြေပဲဆီကို အဓိက စားသုံးသော အာရှနိုင်ငံများတွင်  ကင်ဆာရောဂါ ဖြစ်ပွားမှုများရခြင်းအကြောင်းကိုလည်း  လေ့လာ ချက်များအရ သိရှိရသည်။
ထို့ပြင် အာဖလာတော့ဆင်မှိုဆိပ် ထပ်မံ၍ အများဆုံး  တွေ့ရသောသီးနှံမှာ  ငရုတ်သီးဖြစ် သည်။ ငရုတ်သီးဟုဆိုရာတွင်  မြန်မာလူမျိုးများ၏ အစားအသောက်များတွင်   ပါဝင်လေ့ရှိပြီး  ဈေး ကွက်ထဲတွင်လည်း   ငရုတ်သီးအစိမ်း၊ ငရုတ်သီး ခြောက်၊ ငရုတ်အရောင်တင်မှုန့်၊ ငရုတ်သီးအကျက် မှုန့်၊ ငရုတ်အနှစ်နှင့် ငရုတ်ဆီ အစရှိသဖြင့် မျိုးစုံရရှိ နိုင်သည်။    လေ့လာချက်များအရ   ငရုတ်သီး ခြောက်နှင့် ငရုတ်သီးအစိမ်းတို့ကို    နှိုင်းယှဉ်ပါက ငရုတ်သီးခြောက်ကို ပိုမိုစားသုံးလေ့ရှိသည်ကို တွေ့ ရှိရသည်။ အသုပ်စုံ၊မုန့်ဟင်းခါး၊ငပိရည်ကျို စသည် တို့တွင်လည်း   ငရုတ်သီး  အကျက်မှုန့်ကို အသုံးပြု ကြသည်။ အိမ်ရှင်မများ   ဟင်းချက်ရာတွင်လည်း ငရုတ်အရောင်တင်မှုန့်ကို အရောင်အသွေးလှပစေ ရန်အတွက် အသုံးပြုလေ့ရှိကြသည်။    အာဖလာ တော့ ဆင်မှိုဆိပ်သည်လည်း   ငရုတ်အကျက်မှုန့် တွင်လည်း     ပါဝင်နေတတ်သည်ကို သုတေသန စာတမ်းများအရလည်းကောင်း၊ စမ်းသပ်စစ်ဆေး ချက်များအရလည်းကောင်း   လေ့လာတွေ့ရှိရပါ သဖြင့် ထုတ်လုပ်မှုဖြစ်စဉ်တစ်လျှောက်တွင် မှိုဆိပ် မကျရောက်စေရေး   အထူးသတိပြု၍ ကိုင်တွယ် ထိန်းသိမ်းဆောင်ရွက်သင့်သည်။  
Aflatoxin (မှိုဆိပ်)သည်   လယ်ယာထွက် ကုန်သီးနှံများ စိုက်ပျိုးချိန်မှစ၍ စားသုံးသူတို့ လက် ထဲရောက်သည့်တိုင်အောင် တည်မြဲစွာ ရှိနေနိုင်ပြီး အန္တရာယ်ပေးနိုင်သောကြောင့်   အထူးသတိပြုရ မည်ဖြစ်သည်။  သီးနှံများ စိုက်ပျိုးသည့်အခါတွင် သီးနှံတစ်မျိုးတည်းကိုပဲ တစ်သမတ်တည်း စိုက်ပျိုး ခြင်းနည်းကိုလည်း ရှောင်ကြဉ်ရမည်ဖြစ်ပြီး  သီးနှံ များ  ရင့်မှည့်လာသည့်အချိန်မှာလည်း တညီတညာ တည်း ခူးဆွတ်ရန် လိုအပ်သည်။ သီးနှံများကို ရိတ် သိမ်းပြီးနောက်တွင် ရှိသင့်သည့် အစိုဓာတ်(ဥပမာ- စပါး၏ရှိသင့်သော အစိုဓာတ်၁၄ရာခိုင်နှုန်း)အထိ ခြောက်သွေ့အောင်ထားရန် လိုအပ်ပြီး ပိုးမွှားကင်း ရှင်းစွာဖြင့်လည်း သိုလှောင်သင့်သည်။ 
အာဖလာတော့ဆင် မှိုဆိပ်များမှာB1,B2, G1 နှင့်  G2တို့ဖြစ်ပြီး ၎င်းတို့အနက် B1  နှင့်G1  မှာ အဆိပ်အပြင်းထန်ဆုံးဖြစ်သည်။  တိရစ္ဆာန် အစား အစာများတွင် ပါဝင်နေတတ်သော အာဖလာတော့ ဆင်မှိုဆိပ်ကို ဇီဝဖြစ်ပျက် ပြောင်းလဲမှု (metabio-tically) အရ လျှော့ချနိုင်သည်။  ၎င်းမှာ အာဖလာ တော့ ဆင်  B1 မှ အာဖလာတော့ဆင် M1 အဖြစ်သို့ ပြောင်းလဲစေခြင်းမျိုးဖြစ်ပြီး ယင်းဖြစ်ပျက် ပြောင်း လဲမှုကို နွားနို့၌   တွေ့ရတတ်သည်။ နွားနို့တွင် တွေ့ရှိရသော အာဖလာတော့ဆင်  B1သည် အစား အစာတွင် ပါဝင်နိုင်သော   အာဖလာတော့ဆင် ထက် အဆပေါင်း ၃၀ဝ မျှ  အင်အားလျော့နည်းနိုင် သည်။ ထို့ကြောင့်  တိရစ္ဆာန်အစားအစာများတွင် လည်း အာဖလာတော့ဆင် မှိုဆိပ်ပါဝင်မှုကို ကန့် သတ် တားမြစ်ချက်ထက်  မပိုစေရန် အထူးဂရုစိုက် ရန်လိုအပ်သည်။ အာဖလာတော့ဆင်  မှိုဆိပ်သည် အပူဒဏ်ကိုလည်း     ကောင်းစွာခံနိုင်ရည်ရှိသည့် အတွက် သာမန်အပူချိန်မှာတော့ ကောင်းစွာ တည် မြဲနေနိုင်ပြီး ၎င်းသည် အပူချိန် ၄၀ဝ ဒီဂရီစင်တီ ဂရိတ်မှာသာ  ပြိုကွဲနိုင်သည်ကို လေ့လာချက်များ အရ သိရှိရသည်။
ထို့ပြင်  Aflatoxin မှိုဆိပ်ပါဝင်နှုန်း   မြင့် မားခြင်းသည်    လူများ၏ကျန်းမာရေးနှင့် အစား အသောက်ပိုင်းဆိုင်ရာတွေမှာ ယုံကြည်မှုအားနည်း စေလာနိုင်ပြီး    လူမှုရေး၊ ကုန်သွယ်ရေးသာမက စီးပွားရေး၊ နိုင်ငံရေးအစရှိသည့်  အခန်းကဏ္ဍများ ကိုပါ ထိခိုက်မှုများ ရှိလာနိုင်သည်။ ထို့ကြောင့် အာ ဖလာတော့ဆင် မှိုဆိပ်ပါဝင်မှုနှင့်ပတ်သက်၍ နိုင်ငံ အသီးသီးသည် ယင်းတို့နိုင်ငံအတွင်းသို့  တင်သွင်း လာသော သီးနှံများတွင်   ပါဝင်ခွင့်ပြုသည့် အာဖ လာတော့ဆင် မှိုဆိပ်ပမာဏကို ကန့်သတ်ထားရှိ ပါတယ်။ ဥပမာ – ဒိန်းမတ်နိုင်ငံတွင် အာဖလာတော့ ဆင်မှိုဆိပ်  ပါဝင်မှုပမာဏကို အမြင့်ဆုံး0.1 ppm သတ်မှတ်ထားပြီး    အမေရိကန်နိုင်ငံ၏    အစား အသောက်နှင့် ဆေးဝါးကွပ်ကဲရေး    Food  And Drug Administration, FDA  မှ အာဖလာတော့ဆင် မှိုဆိပ်ပါဝင်မှု အမြင့်ဆုံး  ကန့်သတ်ချက်မှာ 0.02 ppm ဖြစ်သည်။  

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊  သတင်းအချက် အလက် နည်းပညာနှင့် အရည်အသွေး  စီမံခန့်ခွဲ ရေးဌာနခွဲအောက်ရှိ  ကုန်ပစ္စည်းစမ်းသပ်စစ်ဆေး ရေးနှင့်  အရည်အသွေးစီမံခန့်ခွဲမှုဌာနစု (လှည်း ကူး)တွင် ဓာတ်ခွဲခန်း (၇)ခုရှိသည့်အနက်   မှိုဆိပ် ဓာတ်ခွဲခန်းတွင် အဓိက စမ်းသပ်စစ်ဆေးပေးလျက် ရှိသော လယ်ယာထွက်ကုန်ပစ္စည်းများမှာ  ဆန်နှင့် ဆန်ထွက်ပစ္စည်းများ၊  မြေပဲ၊ ငရုတ်၊ အစေ့ထုတ် ပြောင်းနှင့်မြေပဲဖတ်     အစရှိသည်တို့ဖြစ်သည်။အခြားမှို   ကျရောက်နိုင်သော  ကုန်ပစ္စည်းများဖြစ် သည့်  ဂျုံ၊ ပေါင်းဆန်၊ နှမ်းမျိုးစုံ၊ နှမ်းဖတ်၊ ပဲမျိုးစုံ၊ တိရစ္ဆာန်အစားအစာ၊ ဝါစေ့၊အုန်းဆံခြောက်၊ငရုတ် သီးခြောက်၊ ငရုတ်သီးအနှစ်၊    ငါးခြောက်၊ ပုစွန် ခြောက်၊ နို့နှင့်နို့ထွက်ပစ္စည်းများ၊ ကော်ဖီစေ့၊ ဆေး ရွက်ကြီး၊ ဆေးပေါ့လိပ်၊ ထန်းရွက်ပန်းကန်ပြား အစ ရှိသည်တို့ကိုလည်း မှိုဆိပ်ပါဝင်မှု ရှိ/မရှိ စစ်ဆေး ပေးနိုင်သည်။
မိမိတို့နိုင်ငံသည် လယ်ယာစိုက်ပျိုးရေးကို အခြေခံသည့် နိုင်ငံဖြစ်သည်နှင့်အညီ    ပြည်ပသို့ တင်ပို့လျက်ရှိသော လယ်ယာထွက်ကုန်  သီးနှံများ ဖြစ်သည့် ဆန်၊ ပြောင်း၊  နှမ်းနက်၊ ပဲအမျိုးမျိုးနှင့် မြေပဲ အစရှိသည့်    သီးနှံများကို စိုက်ပျိုးနေချိန် အတွင်းနှင့် ရိတ်သိမ်းပြီးချိန်၊   ရိတ်သိမ်းပြီးနောက် သိုလှောင်ခြင်းနှင့်  သယ်ယူပို့ဆောင်ရေးလုပ်ငန်း များကိုSupply Chain တစ်လျှောက်    လိုက်နာ ဆောင်ရွက်ရမည့်  ]ကျင့်စဉ်ကောင်းများ}အတိုင်း လိုက်နာဆောင်ရွက်မည်ဆိုပါက ကုန်သွယ်မှုကဏ္ဍတွင် အတားအဆီးဖြစ်စေနိုင်သော ဗူ်အေသထငည မှို ဆိပ်ကျရောက်နိုင်မှုကို လျော့ချနိုင်မည်ဖြစ်သည်။ သို့မှသာ အရည်အသွေးပြည့်မီပြီး  စိတ်ချရသော လယ်ယာထွက်ကုန်သီးနှံများကို ရရှိနိုင်မည်ဖြစ်ကာ ပြည်ပသို့ တင်ပို့နိုင်မှုလည်း တိုးတက်လာမည်ဖြစ် သည်။
မိမိတို့ဌာနသည်  ကုန်သွယ်မှုကဏ္ဍ အဆင် ပြေ ချောမွေ့စေရေးအတွက်  အထောက်အကူပေး နေသည့်ဌာနဖြစ်သည်။  ထို့ပြင်   နိုင်ငံတကာ အသိအမှတ်ပြုISO စံချိန်စံညွှန်းနှင့်အညီ ဓာတ်ခွဲ စမ်းသပ်စစ်ဆေးပေးနိုင်သည့် ဓာတ်ခွဲခန်းဖြစ်လာ စေရေးကိုလည်း    ကြိုးပမ်းဆောင်ရွက်နေသော ဌာနလည်းဖြစ်သည်။ဓာတ်ခွဲခန်း၏လုပ်ငန်းသဘာဝ အရ ဓာတ်ခွဲခန်းသို့ ရောက်ရှိလာတဲ့  ကိုယ်စားပြု နမူနာများကိုသာလျှင် တာဝန်ယူ စစ်ဆေးပေးခြင်း ဖြစ်သည်။  အကယ်၍     နိုင်ငံခြားသို့တင်ပို့မည့် လယ် ယာထွက်ကုန်သီးနှံများမှာစစ်ဆေးချက်အရ မှိုဆိပ် ပါဝင်နေခဲ့ပြီး စံချိန်စံညွှန်း သတ်မှတ်ချက်အတွင်း ၌ရှိသည်ဆိုသော်လည်း   သီးနှံများကို  တင်ပို့မည့် ကာလအပိုင်းအခြားနှင့်    သယ်ယူပို့ဆောင်မည့် အနေအထားပုံစံများကြောင့် သီးနှံများတွင် မှိုဆိပ် ပါဝင်မှု ပိုမိုမြင့်မားလာနိုင်သည်။ သို့ဖြစ်ရာ အာဖ လာတော့ဆင် မှိုဆိပ်ပါဝင်မှုလျော့ပါးသက်သာစေ ရန်Supply Chain တစ်လျှောက် ပါဝင်ဆောင်ရွက် သူများက စတင်စိုက်ပျိုးသည့်အချိန်မှစ၍   ဈေး ကွက်သို့တင်ပို့သည့်  လုပ်ငန်းစဉ်အဆင့်ဆင့်တွင် ကျင့်စဉ်ကောင်းများကို ကောင်းမွန်စွာ လုပ်ဆောင် မည်ဆိုပါက ကုန်သွယ်မှုကဏ္ဍတွင် အတားအဆီး ဖြစ်စေနိုင်သော  “Aflatoxin” မှိုဆိပ်၏  အန္တရာယ် ကို လျှော့ချနိုင်မည်ဖြစ်ပါကြောင်း ရေးသားတင်ပြ လိုက်ရပါသည်။