လယ်ယာဥယျာဉ်ခြံမြေ ထွက်ကုန်ပစ္စည်းများနှင့် သားငါး များကို တန်ဖိုးမြှင့်ထုတ်ကုန်အဖြစ် အသွင်ပြောင်းလဲ ထုတ်လုပ်လာ ကြ သောအခါ လူသုံးကုန်ပစ္စည်းအမျိုးမျိုး၊ အလှကုန်ပစ္စည်းအမျိုးမျိုး၊ ဆေးဝါးမျိုးစုံနှင့် အသင့်စား အစားအစာ အမျိုးမျိုးတို့ ထွက်ရှိလာ မည်ဖြစ်သည်။ ထိုထွက်ရှိလာသော ကုန်ပစ္စည်းများကို နည်းပညာ သုံး၍ ကြိတ်ခွဲထုတ်လုပ်စဉ် ရူပဆိုင်ရာ နည်းပညာရပ်နှင့် သက်ဆိုင် သည့် ကဏ္ဍများတွင် (၁) အပူချိန်ထိန်းချုပ်၍ ရေဖယ်ထုတ်၊ အခြောက် ခံခြင်းနည်းစနစ်များ၊ (၂) နိမ့်သောအပူချိန်၌ အအေးခံခြင်းနည်းစနစ် များ၊ (၃) ရောနှောနေသောပစ္စည်းများအား အငွေ့ပျံစေ၍ ခွဲခြားစေ သော နည်းစနစ်များ၊ (၄) သယ်ယူထုပ်ပိုးခြင်း နည်းစနစ်များပါဝင်ကြ မည်ဖြစ်သည်။
ထုတ်ကုန်ပစ္စည်းရှိသည့်အနက် စားသောက်ကုန်များထုတ် လုပ်စဉ် သဘာဝနှင့်သက်ဆိုင်သော ကဏ္ဍများတွင် သီးနှံ၊ ဟင်းသီး ဟင်းရွက်၊ သစ်သီးဝလံ၊ အပင်နှင့်အသားငါးများကို သဘာဝနည်းဖြင့် ကြိတ်ခွဲထုတ်လုပ်ခြင်းမှ ရရှိလာသော အမှုန်များ၊ အချို၊ အငံ၊ အချဉ် ရည်များ၊ စားသုံးဆီနှင့် အဆီ (Fats) များကို သဘာဝဖြည့်စွက် ပစ္စည်းများအဖြစ် အသင့်စားအစာများတွင် ဖြည့်စွက်ကြမည်ဖြစ် သည်။
ဓာတုဖြည့်စွက်ပစ္စည်းများ (Chemical Additives)အနေဖြင့် (က) မဖြစ်မနေ ရည်ရွယ်ချက်ရှိရှိ အသုံးပြုရသည့် ဖြည့်စွက်ပစ္စည်းများ (Intentions Additives) (ခ) သီးသန့် ရည်ရွယ်ချက်မရှိသော်လည်း ထုတ်လုပ်မှုဖြစ်စဉ်အတွင်း အစိတ်အပိုင်းတစ်ပိုင်းအဖြစ် ပါဝင်သွား နိုင်သော ဖြည့်စွက်ပစ္စည်းများ Unintentional or Incidental Additives ဟူ၍ နှစ်မျိုးနှစ်စား ခွဲခြား၍ အသုံးပြုကြကြောင်း လေ့လာသိရှိရသည်။
အထက်ပါ ဖြည့်စွက်ပစ္စည်း အမျိုးအစားများကို ဓာတုဆေး (Chemical) တစ်ခုချင်းစီအလိုက် ခွဲခြား၍ သိမြင်နိုင်စေရန် (Code) နံပါတ်စဉ်E Number များ သတ်မှတ်ထားသည်ကို တွေ့ရသည်။ E Numberဆိုသည်မှာ European Union (EUနိုင်ငံအမည်၏ ရှေ့ဆုံး EUကို ရည်ညွှန်း၍ ထို EU နိုင်ငံမှ သဘောတူခွင့်ပြုချက်အရ ဖော်ပြ သုံးနှုန်းကြောင်း သိရသည်။ ဓာတုဖြည့်စွက်ပစ္စည်း အမျိုးအစား များစွာရှိသည့်အနက် ထုတ်ကုန်၏ အမျိုးအမည်ပေါ်လိုက်၍ သုံးနှုန်း ရမည့် ဓာတုဆေးဝါးများမှာ ကွာခြားသွားပြီး ဥပမာအားဖြင့် စား သောက်ကုန် (FA) နှင့် အလှကုန် (Cosmetic)များတွင် သုံးသည့် ဓာတုဖြည့်စွက်ဆေးဘူးများတွင် (FA&C) ဟုလည်းကောင်း ဆေးဝါး ထုတ်ကုန်အတွက် အသုံးပြုမည့် ဓာတုဆေးဝါး ဖြည့်စွက်ဘူးများတွင် D) ဟုလည်းကောင်း ဆေးဝါးထုတ်ကုန်အတွက် အသုံးပြုမည့် ဓာတု ဆေးဝါး ဖြည့်စွက်ဘူးများတွင် D) ဟုလည်းကောင်း သင်္ကေတများ သတ်မှတ်၍ ခွဲခြားအသုံးပြုနိုင်ကြောင်း လေ့လာ သိရှိရသည်။
အသင့်စားအစားအစာများ ထုတ်လုပ်စဉ် အသုံးပြုရန် ခွင့်ပြု ထားသော ဓာတုအစားအစာ ဖြည့်စွက်ပစ္စည်းများ (Food Additives)တွင် ဓာတုနည်းဖြင့် ဖန်တီးယူထားသော အရောင်တုများ ချိုစေသော ဓာတ်၊ ချဉ်စေသောဓာတ်များကို ပေးစွမ်းသော အသွင်ပြောင်းစေသည့် ဖျော်ရည်များ၊ စား၍ရသော အက်စစ်ပျော့များ၊ သတ္တုဓာတ်များ၊ အိုင် အိုဒင်းနှင့် ဗီတာမင်များ Synthetic Colour, Artifical Flavouring, Acids, Minerals, Iodine and Vitamin)) စသည်များ ပါဝင်မည်ဖြစ် သည်။ အထက်ပါ ဖြည့်စွက်ပစ္စည်းများကို စားသောက်ကုန်အမျိုးအစား ပေါ်မူတည်၍ အောက်ပါအတိုင်း ခွဲခြား၍ အသုံးပြုကြမည်ဖြစ်သည်။
(က) တာရှည်ခံ(သို့မဟုတ်) အဏုဇီဝပိုးမွှားများမပေါက်ပွားရန် ကာ ကွယ်တားဆီးသော ဖြည့်စွက်ပစ္စည်းများ (Preservatives or Anti- microbial Agents)
ထိုဖြည့်စွက်ပစ္စည်းများတွင် အသားငါးများ၊ စည်သွတ်ဘူးများ ထုတ်လုပ်စဉ် နိုက်တြိတ်များ၊ ဆာလဖိတ်များကို အသုံးပြု၍ တာရှည် ခံစေမည်ဖြစ်သည်။ ဥပမာ E251 ဆိုဒီယမ်နိုက်ထရိတ်၊ ပိုတက်ဆီယမ် နိုက်ထရိတ်E252များကို အသုံးပြုမည်ဖြစ်သည်။ ရေပါဝင်မှု မရှိသော အသားကင်၊ ကြက်အူချောင်း၊အသားချောင်း၊ အာလူးကြော်၊ ခေါက် ဆွဲခြောက်၊ မုန့်ခြောက်၊ ကြာဆံခြောက်၊ ကွတ်ကီး၊ ထောပတ်များတွင် (Butly Lated Hydroxy Toluene-BHT) ဓာတုဖြည့်စွက်ဆေးကို လည်းကောင်း၊ အချိုရည်မျိုးစုံ၊ သစ်သီးယိုဘူး၊ ချိုချဉ်၊ ချောကလက်၊ ဒိန်ချဉ်၊ အချဉ်ထုပ်များတွင် ဘက်တီးရီးယားနှင့် မှိုများ မပေါက်ပွား စေရန် Sodium Benzoate, Sorbic Acid)) များကို လည်းကောင်း ပေါင်မုန့်၊ ပူတင်း၊ ကိတ်(အစို)များတွင် (E282 Calcium Propanoate)) များကိုလည်းကောင်း တာရှည်ခံစေရန် အသုံးပြုကြမည်ဖြစ်သည်။
စားသောက်ကုန် အမျိုးအစားပေါ်မူတည်၍ အသုံးပြုဖြည့် စွက်ရန် အကျုံးဝင်သည့် အထက်ပါ တာရှည်ခံအစားအစာ ဓာတု ဖြည့်စွက်ပစ္စည်း အမျိုးအစားပေါင်းမှာ (E200 မှ 299) ) အထိ အရေ အတွက်များစွာ ပါဝင်ကြောင်းသိရသည်။
(ခ) အရသာကို ပေါ်လွင်စေသော ဖြည့်စွက်ပစ္စည်းများ (Flavouring Agents)
ထိုဖြည့်စွက်စာများတွင် Spices)ခေါ် ဆေးဖက်ဝင် သီးနှံ၊ ဟင်းသီးဟင်းရွက်၊ အပင်များကို ကြိတ်ခွဲထုတ်လုပ်ခြင်းမှ ရရှိလာ သည့် ဟင်းခတ်အမှုန့်မျိုးစုံ၊ ချိုသောအရသာကို ပို၍ တိုးပွားစေသော ဓာတုဖြည့်စွက်ပစ္စည်းအချို့မှုန့် (E621 Monosodium Glutamte)များ ဓာတုနည်းဖြင့်ပြုပြင်ထားသော ဓာတုဆေးသကြား Sachrine) အရသာ အနံ့များကို ပိုမိုကောင်းမွန်စေသော အရသာထု ၊ ဓာတုဆေး ဖျော်ရည်များ (Esters) စသဖြင့် ပါဝင်သည်။ အထက်ပါ အရသာနှင့် သက်ဆိုင်သည့် ဖြည့်စွက်ပစ္စည်း အမျိုးအစားပေါင်းမှာ (E600 မှ E699) ထိ ပါဝင်သည်။
(ဂ) အရောင်ကို ပေါ်လွင်စေသော ဖြည့်စွက်ပစ္စည်းများ (Coloring Agents)
ဤအမျိုးအစားများတွင် သဘာဝ သီးပင်စားပင်၊ ဆေးဖက် ဝင် အပင်များမှ ရရှိသော အရောင်အမှုန့်များနှင့် ဓာတုနည်းဖြင့် ပေါင်းစပ်ထားသော အရောင်တုဆိုးဆေး (Artifical Colour)များ ပါဝင်သည်။ ထိုအရောင်ဆိုးဆေး Dye)များကို အချိုရည်၊ အချဉ် ရည်နှင့် အရက်၊ ဘီယာများနှင့် လိမ္မော်ရောင်၊ အပြာရောင်ရင့်၊ အစိမ်းရောင် E110 Orange Yellow, E131 Potent BlueV, E142 Green)) အဝါရောင် (E107 Yellow) အဝါဖျော့ (E110- Sunset Yellow)) များကိုလည်းကောင်း၊ ကော်ဖီ၊ အိုဗာတင်းများတွင် Milk Chocolate Brown) အရောင်များ၊ ဂျယ်လီ၊ ကိတ်မုန့်ခရင်များတွင် Read E142 Green)များကိုလည်းကောင်း၊ ငရုတ်သီးမှုန့်များတွင် Sudan 1,2,3,4) စသော အရောင်များကိုအသုံးပြုဆိုးစေမည်ဖြစ် သည်။ ထိုအမျိုးအစားများတွင် အစားအစာများအတွင်း၌ အရောင် အဖြစ် ဖြည့်စွက်ရန် အရေအတွက်ပေါင်း (E 100- E 199)) ထိ ပါဝင် ကြောင်း သိရသည်။
(ဃ) အမြှုပ်ထစေပြီး ဆီနှင့်ရောနှောပါဝင်နေသော ဖျော်ရည်များ၊ ကျစ်လျစ်ခိုင်မြဲစေ၍ ထူထဲစေသော ဖြည့်စွက်ပစ္စည်းများ (Emul- sifiers Stabilizer and Thickeners)
ထိုဖြည့်စွက်ပစ္စည်း အမျိုးအစားများတွင် သဘာဝ ဖြည့်စွက် ပစ္စည်းအဖြစ် Pectin)) ခေါ် အဝါရောင်အမှုန့်များကို အသင့်စား အစားအစာများ ထုတ်လုပ်စဉ် စေးပျစ်သွားရန်၊ ခဲသွားရန် အရေ အတွက် တိုးပွားသွားစေရန် မုန့်နှစ်အသားများ ထူထဲကျစ်လျစ်သွား စေရန် ကိတ်၊ ကွတ်ကီး၊ ဘီစကွတ်၊ သစ်သီးယိုများ၊ တခြား သင့်ရာ အစားအစာများ၌ ရည်ရွယ်၍ အသုံးပြုကြသည်။(Pectin)) ဆိုသည်မှာ သစ်တော်သီး၊ ပန်းသီး၊ တခြားအမှုန့်အဖြစ် ထွက်ရှိနိုင်စေသော အသီးများကို အသီး၏ အခွံ၊အသား၊ အညှာမကျန် ရောကြိတ်၍အမှုန့် ဖြစ်စေပြီး ထွက်ရှိလာသည့် ဖြည့်စွက်ပစ္စည်းဖြစ်သည်။ သကြားနှင့် တူသော ဓာတ်ပေါင်း Dextrins) များကို ကော်ကဲ့သို့ စေးပျစ်သွားစေ ရန် ဂျယ်လီ၊ ချိုချဉ်၊ သစ်သီးယိုစုံများ၊ စေးပျစ်နေသည့် မုန့်မျိုးစုံတွင် အသုံးပြု၍ ဓာတုဆေးဝါး (Chemical) ဓာတ်ပေါင်းများ ပါဝင်သည့် (Carboxy Methy Cellulose)) နှင့် E 401 Sodium Alginate) E402 Potassium Aiginate) များကို ရေခဲမုန့်၊ ဂျယ်လီ၊ အသင့်စားသုံးနိုင် သော ပဲနို့ဘူး၊ နွားနို့ဘူးများ၊ ခေါက်ဆွဲ ခြောက်များ၊ ဘီယာ၊ အချိုရည် များ စသဖြင့် ဖြည့်စွက် အသုံးပြုသည်ကို သိရသည်။ ဖြည့်စွက်အသုံးပြု နိုင်သည့် အရေအတွက်မှာ စားသောက်ကုန်အမျိုးအစားအလိုက် E 400 မှ E499)ထိပါဝင်သည်။
(င) အာဟာရကိုပေးစွမ်းသော ဖြည့်စွက်ပစ္စည်းများ (Nutrients )
ထိုဖြည့်စွက်ပစ္စည်းအမျိုးအစား၌ ဗီတာမင်နှင့် သတ္တုဓာတ် များစွာ ပါဝင်သည်။ သတ္တုဓာတ်များ Minerals တွင် ပိုတက်ဆီယမ်၊ ကယ်လ်ဆီယမ်၊ မဂ္ဂနီဆီယမ်၊ ဆိုဒီယမ်၊ ဆာလဖာ၊ ကလိုရင်း၊ နိုက် ထရိုဂျင်၊ ဖော့စဖရပ်စ်၊ အိုင်းရွင်း၊ ကော့ပါး၊ ဖလူအိုရင်း၊ အိုင်အိုဒင်း များပါဝင်သည်။ ဗီတာမင်အုပ်စုတွင် ဗီတာမင် A,C,D,E,K နှင့် ဗီတာမင်B1,B2,B6,B12 နှင့် သက်ဆိုင်သော ဓာတုဆေးများကို ဆေးဝါးနှင့် သက်ဆိုင်သည့် အာဟာရဖြည့်စွက် ပစ္စည်းများအဖြစ် အသုံးပြုကြောင်း လေ့လာသိရှိရသည်။ အထက်ပါ အာဟာရကို ပေးစွမ်းသော ဖြည့်စွက်ပစ္စည်းများမှာ အမျိုးမျိုး ရောနှောပါဝင်နေ သော ဓာတုဓာတ်ပေါင်းအုပ်စု (Miscellaneous)တွင် အမျိုးအစား ပေါင်း (E900မှ E994)အတွင်း၌လည်းကောင်း၊ တစ်မျိုးထက် ထပ်မံ ၍ ပေါင်းစပ်ရရှိထားသော ဓာတုဆေးများအုပ်စု (Additional Chemical)တွင် ဖြည့်စွက်ပစ္စည်းအရေအတွက် E 1000 မှ E1599အတွင်း၌ ထုတ်လုပ်သည့် အစားအစာ အမျိုးအစားပေါ်မူတည်၍ ဖြည့်စွက်နိုင်ကြောင်း သိရသည်။
(စ) ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ (Antioxidants)
ဓာတ်တိုးဆန့်ကျင် ဖြည့်စွက်ပစ္စည်းဆိုသည်မှာ အသင့်အစား အစာများထုတ်လုပ်ပြီး ထုပ်ပိုးထားချိန် ပြင်ပလေ၊ ရေ၊ အစိုဓာတ်များ အကြောင်းအမျိုးမျိုးကြောင့် ဝင်ရောက်သွားသဖြင့် ဓာတ်ပြောင်းလဲမှု ဖြစ်စဉ်ဖြစ်ပေါ်ပြီး အရောင်၊ အနံ့၊ အရသာ ပျက်စီးသွားခြင်း၊ ဘက် တီးရီးယားမှိုများ ပေါက်ဖွားလာခြင်းကို ကာကွယ်တားဆီးပေးသော ဓာတုဖြည့်စွက်ပစ္စည်းများကို ဆိုလိုသည်။ ထိုဖြည့်စွက်ပစ္စည်း အမျိုး အစားများတွင် အချဉ်ဓာတ်များ အစားအစာအတွင်း ပုံမှန်အတိုင်း ဖြစ်စေသော ဖြည့်စွက်ပစ္စည်းများ (Acidity Regulateors) ရေဖယ် ထုတ်၍ အခြောက်ခံထားသော အစားအစာများတွင် မှိုဘက်တီးရီး ယားများ မပေါက်ပွားစေရန် (Acidity Regulateorsဓာတ်ဆေးများ အသုံးပြု ဖြည့်စွက်ခြင်း၊ ခြောက်သွေ့အောင်ပြုလုပ်ပြီး ထုတ်လုပ်ထားသည့် မုန့်မျိုးစုံနှင့် အစာခြောက်များတွင် အစိုဓာတ်များကို ကာကွယ်ရန် (Anticaking Agents) များဖြည့်စွက်ခြင်း၊ ထို့ပြင် အဆီ (Fatsများစွာ ပါဝင်သော ထောပတ်၊ ချိစ်၊ ဒိန်ခဲများတွင် တာရှည်ခံမပျက်စီးသွား ရန်နှင့် ဓာတ်ပြောင်းလဲမှု ဟန့်တားစေသော BHA) E321-BHTဓာတုဖြည့်စွက်ပစ္စည်းများ ထည့်ဝင်ဖြည့်စွက်ခြင်း၊ အစားအစာများ အတွင်း ပါဝင်နေသည့် စားသုံးဆီနှင့်အသားငါး စည်သွတ်ဘူးများတွင် ဓာတ်တိုးဆန့်ကျင်ပြီး မပျက်စီးသွားရန် (E 321,Propylgallate PG) များကို ဖြည့်စွက်အသုံးပြုကြသည်ကို သိရသည်။ အထက်ပါဓာတ်တိုး ဆန့်ကျင် ဖြည့်စွက်ပစ္စည်းများကို ဓာတ်သဘာဝမပြယ်စေဘဲ ပုံမှန် အတိုင်း အရည်အသွေးဖြစ်စေနိုင်သော (Antioxidants and Acidity Regulator)) ပစ္စည်းများအုပ်စုတွင် အမျိုးအစားပေါင်း (E300 rS E399) အတွင်း၌လည်းကောင်း၊ အဏုဇီဝပိုးမွှားများ ပေါက်ပွားမှုကို ဟန့်တားစေသော ဖြည့်စွက်ပစ္စည်းအုပ်စု Antibiotic တွင် အမျိုး အစားပေါင်း (E700 မှ E799)အတွင်း၌ ပါဝင်ကြောင်း သိရသည်။
အချုပ်အားဖြင် ဖြည့်စွက်ပစ္စည်း (Additivesများအား နည်း ပညာသုံး၍ စက်ရုံ၊ အလုပ်ရုံများက အသင့်စားအစားအစာများ ထုတ် လုပ်ချိန်တွင် CODEX, ALIMENTAR IUS)FAO/WHO, Inter- national Food Standard အတိုင်း အသုံးပြုကြရမည်ဖြစ်သည်။ ထို့ပြင် အစားအစာများထုတ်လုပ်သည့် မူရင်းဒေသနိုင်ငံမှFDA ၏ သတ်မှတ်ထားသော စံချိန်စံညွှန်းနှင့် ပြဋ္ဌာန်းထားသော ဥပဒေများ နှင့် ကိုက်ညီကြောင်း အတည်ပြု ထောက်ခံချက်များလည်း ပါဝင်ရ မည်ဖြစ်သည်။ အဓိကမှာ ကျွန်ုပ်တို့ နေ့စဉ်စားသုံးနေသည့် အသင့် စား အစားအစာများတွင် မည်သည့်ဖြည့်စွက်ပစ္စည်းများ ထည့်သွင်း အသုံးပြုထားကြောင်း အနည်းအကျဉ်း ဗဟုသုတအဖြစ် သိစေလို သော ဆန္ဒဖြင့် လေ့လာသိရှိထားသမျှအား ပြန်လည်ရေးသား လိုက် ရခြင်းဖြစ်ပေသည်။
References :Food Processing and Preservation by Sivasankar
: SMEs Small and Medium Sized Enterprises
:Internet Wikipedia
မာမာရီ