Main menu

Background

အချိန်တိုအတွင်းစပါးစိုက်ပျိုးဖို့လက်ဆွဲစပါးမျိုးစေ့ချကိရိယာ Drum Seeder ကိုသုံးကြစို့

Tue, 10/14/2025 - 14:21 -- journal_editor

မြန်မာနိုင်ငံသည် စိုက်ပျိုးရေးလုပ်ငန်းများ ကို အခြေခံသည့်နိုင်ငံဖြစ်ပြီး လယ်ယာစိုက်ပျိုးရေး လုပ်ငန်းအား အဓိကထား စိုက်ပျိုးလျက်ရှိသည်။ ယခင်က မိုးစပါးစိုက်ပျိုးမှုကိုသာ ဦးစားပေး စိုက်ပျိုးသော်လည်း ယခုအခါ ခေတ်စနစ်အခြေ အနေများ ပြောင်းလဲလာခြင်း၊ နည်းပညာများ တိုးတက်လာခြင်းကြောင့် တောင်သူများမှာ မိုး စပါး၊ နွေစပါး၊ ပဲမျိုးစုံဟူ၍ တစ်သီးမှသုံးသီး စိုက် ပျိုးလာကြသည်။ စပါးစိုက်ပျိုးရာတွင် ယခင်က မိရိုးဖလာ  နည်းအတိုင်း စပါးအား ပျိုးထောင်ပြီး စိုက်ပျိုးပါက ပျိုးထောင်ရက် (၂၅-၃၀)ရက်ကြာမှ လုပ်သားများဖြင့်  ပျိုးနုတ်ပြီး စိုက်ပျိုးရသည့် အတွက် အချိန်ကုန်ခြင်း၊  စိုက်ပျိုးစရိတ် အကုန် အကျများခြင်းများရှိခဲ့သည်။ ယခုအခါ ကျောက် ဆည်မြို့နယ် အင်းကုန်းကျေးရွာရှိ မြန်မာ့လယ်ယာ သုံးစက်ကိရိယာစက်ရုံ၌ လက်ဆွဲစပါးမျိုးစေ့ချ ကိရိယာ   ီမကာ ှနနိနမ  အား   ထုတ်လုပ်ပြီး တောင်သူများမှ ၎င်းကိရိယာဖြင့် စပါးများ စိုက်ပျိုး လာသည့်အတွက် အချိန်တိုအတွင်း လုပ်ငန်းများ ပြီးစီး၍ တောင်သူများအတွက် စိုက်ပျိုးစရိတ်သက် သာကြောင်း သိရသည်။ အဆိုပါ မျိုးစေ့ချ ကိရိယာ အား ကျောက်ဆည်မြို့နယ် အင်းကုန်းကျေးရွာရှိ မြန်မာ့လယ်ယာသုံးစက်ကိရိယာစက်ရုံ အမှတ်(၂) ပင်မစက်ပြင်အလုပ်ရုံနှင့် အမှတ်(၂)သုတေသန အလုပ်ရုံများ၌ တိုင်းဒေသကြီး အစိုးရအဖွဲ့များ၏ အစီအစဉ်ဖြင့် ထုတ်လုပ်လျက်ရှိသည်။ 
ထုတ်လုပ်မှုအနေဖြင့် မြန်မာ့လယ်ယာသုံး စက်ကိရိယာစက်ရုံ အင်းကုန်းမှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်မှ စတင်ထုတ်လုပ်ပြီး ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အထိ ၅၆၂၄ ခုအားလည်းကောင်း ၊ အမှတ်(၂) ပင်မ စက်ပြင်အလုပ်ရုံနှင့် အမှတ်(၂) သုတေသနအလုပ်ရုံများ၌ ၂၀၂၃-၂၀၂၄ ဘဏ္ဍာ နှစ်မှ စတင်ထုတ်လုပ်ပြီး၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် အထိ ၂၄၇၀ ခုအားလည်းကောင်း   စုစုပေါင်း ၈၀၉၄ ခုအား ထုတ်လုပ်နိုင်ခဲ့ပြီဖြစ်သည်။ 
ီမကာ ှနနိနမ ထုတ်လုပ်ရာတွင်  လက်ဆွဲ စပါးမျိုးစေ့ချ ကိရိယာ ခြောက်တန်းနှင့် ရှစ်တန်း ဟူ၍ နှစ်မျိုးရှိသည်။ မျိုးစေ့ချကိရိယာခြောက်တန်း ဖြင့် စိုက်ပျိုးမည်ဆိုပါက တစ်ဧကလျှင် မျိုးစေ့ ၁၆-၂၀ ပြည်ကုန်ကျကြောင်း၊ ၎င်းမျိုးစေ့အား တစ် ညရေစိမ်ပြီး တစ်ည အပင်ဖောက်သည့်အခါ မျိုး စေ့၌ စာပါးစပ်များဖြစ်ပေါ်ပြီး မျိုးစေ့ချကိရိယာ ထဲသို့ ထည့်သွင်း၍ လူဖြင့်ဆွဲ၍ အစေ့ချစိုက်ပျိုး ရကြောင်း၊ ထိုသို့အစေ့ချစိုက်ပျိုးရာတွင် အတန်း ခြား ရှစ်လက်မကွာဝေးပြီး  ပင်ခြားမှာ ၃ ဒသမ ၅ လက်မရှိကြောင်း၊ သံဘီးအချင်းမှာ ၁၄ လက်မ ရှိပြီး မျိုးစေ့ချ ကိရိယာ ၆ တန်းဖြင့် အစေ့ချပါက တစ်ဧကလျှင် နှစ်နာရီမှ နှစ်နာရီခွဲခန့် ကြာကြောင်း သိရသည်။ ၎င်းမျိုးစေ့ချကိရိယာတွင် လျှောပြား များပါရှိသည့်အတွက်ကြောင့်   တမန်းပြင်တွင် ရှေ့လျှောပြားကို ကိရိယာ ရွေ့လျားရန်တိုက်ဆွဲရပြီး သံဘီးများအနေဖြင့် မျိုးစေ့ပုံများ လည်ပတ်ရေး ကိုသာ မောင်းနှင်ရခြင်းဖြစ်သဖြင့် လူ၏လုပ်အား ကို သက်သာစေခြင်း၊ လျှောပြားပါရှိ သည့်အတွက် လိုအပ်သည်ထက်    ကိရိယာနစ်ဝင်ခြင်းမရှိဘဲ တမန်းပြင်အမျိုးမျိုးတွင် မျိုးစေ့ချပေးနိုင်ခြင်း၊ လျှောပြားမှ  တိုက်ဆွဲမှုကြောင့် လက်ဖြင့်ဆွဲနေ သည့် လူ၏လမ်းလျှောက်ခြေရာများကို ပြန်ညှိဖုံး ပေးပြီး  ညီညာသော တမန်းပြင်တွင် မျိုးစေ့ချပေး နိုင်ခြင်း၊ လျှောပြားပါ မျိုးစေ့ချ မြောင်းဖော်သည့် ဦးချွန်ပါရှိသဖြင့် မျိုးစေ့များ မြောင်းအတွင်းကျပြီး ရွှံ့နွံရေများပြန်ဖုံးပေးသဖြင့် ကျေးငှက်များ ဖျက် ဆီးမှုမှကာကွယ်‌ပေး နိုင်ခြင်း ၊ စိုက်ကြောင်းအတွင်း မျိုးစေ့များကျပြီးဖြစ်သဖြင့်  ရေများရှိသည့်အခါ (သို့မဟုတ်)မိုးရွာသွန်းသည့် အခါများတွင် မျိုးစေ့ များ နေရာရွေ့သွားမှုမရှိဘဲ စိုက်တန်းရရှိနိုင်ခြင်း၊ ပင်ကြားတန်းကြားညီညာစွာ    စိုက်ပျိုးထားခြင်း ကြောင့် ပေါင်းလိုက်ရန်လွယ်ကူခြင်း၊ မျိုးစေ့ကုန် ကျမှုသက်သာပြီး အချိန်ကုန်သက်သာခြင်း၊ မျိုးစေ့ ချပုံးကိုလည်ပတ်စေသည့် သံဘီးများမှ အတက် များကိုလိမ်ပြီး   တပ်ဆင်ထားသဖြင့်   ရွှံ့နွံများ အလွယ်တကူ ကွာကျခြင်းနှင့် သံဘီးအတက်များ ကို ချွန်ထားသဖြင့် လက်ဖြင့်ဆွဲနေသည့်လူ၏ အား စိုက်ပျိုးဆွဲရမှုကို သက်သာစေခြင်း၊ မျိုးစေ့ချကိရိ ယာကို လက်ဖြင့်ဆွဲသည့် လူ၏အရပ်အနိမ့်၊ အမြင့် အရ လက်ကိုင်ကို အလွယ်တကူ  ချိန်ညှိနိုင်ခြင်း၊ မျိုးစေ့ချပုံးကို  လည်ပတ်စေသည့် သံဘီးများအား တမန်းပြင်အတွင်း နစ်ဝင်မောင်းနှင်မှုကို ရှေ့ လျှောပြားဖြင့် အလွယ်တကူချိန်ညှိနိုင်ခြင်း စသည့် အကျိုးကျေးဇူးများကို  ရရှိသည်။ လက်ဆွဲစပါး မျိုးစေ့ချကိရိယာ ရှစ်တန်းဖြင့် စိုက်ပျိုးမည်ဆိုပါက တစ်ဧကလျှင် မျိုးစေ့ ၁၂-၁၄ ပြည် အထိ ကုန်ကျ ကြောင်း၊ ၎င်းမျိုးစေ့အား တစ်ည ရေစိမ်ပြီး တစ်ည အပင်ဖောက်သည့်အခါ မျိုးစေ့၌ စာပါးစပ်များဖြစ် ပေါ်ပြီး မျိုးစေ့ချကိရိယာထဲသို့ ထည့်သွင်းပြီး လူ ဖြင့်ဆွဲ၍ အစေ့ချ စိုက်ပျိုးရကြောင်း၊ ထိုသို့အစေ့ချ စိုက်ပျိုးရာတွင် တန်းခြား ရှစ်လက်မ ကွာဝေးပြီး  ပင်ခြား ငါးလက်မရှိကြောင်း၊ သံဘီးအချင်း (၁၄)လက်မရှိပြီး မျိုးစေ့ချကိရိယာ ရှစ်တန်းဖြင့် အစေ့ချ ပါက တစ်ဧကလျှင် နှစ်နာရီခန့်သာ ကြာကြောင်း သိရသည်။ 
၎င်းမျိုးစေ့ချကိရိယာများ၏ အားနည်းချက် အနေဖြင့် တမန်းပြင်ပေါ်မျိုးစေ့များ ကြဲဖြန့်ထား လျှင် ကျေးငှက်များ ဖျက်ဆီးနိုင်ခြင်း၊ လက်ဖြင့် ဆွဲနေသည့် လူ၏လမ်းလျှောက်ခြေရာများ တမန်း ပြင်တွင် ကျန်ရှိနေခြင်း၊ တမန်းပျော့လွန်းသည့် မြေများတွင်  ဘီးနစ်ဝင်မှုများပြီး မျိုးစေ့ပုံးများ သည် တမန်းပြင်နှင့်ပွတ်တိုက်ကာ မျိုးစေ့ချ ပေါက် များကို ရွှံ့နွံများပိတ်နိုင်ခြင်း၊ တမန်းပြင်အပေါ် မျိုးစေ့များချခြင်းဖြစ်၍ ရေများရှိနေသည့်အခါ (သို့မဟုတ်)မိုးရွာသွန်းသည့်အခါများတွင် စိုက် တန်း မဖြစ်တော့ဘဲ မျိုးစေ့များ နေရာရွေ့သွားနိုင် ခြင်းစသည့် အားနည်းချက်များဖြစ်ပေါ်စေသည်။ ခြောက်တန်းမျိုးစေ့ချ ကိရိယာများအား ကျောက် ဆည်ခရိုင်အတွင်း တိုင်းဒေသကြီးအစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် တောင်သူများထံသို့ အရေအတွက် ၁၀ဝခုဆိုလျှင် တစ်ခုကို  ကျပ် ၂၃၀ဝ၀ဝ နှုန်းဖြင့် ‌ရောင်းချရန် အင်းကုန်းစက်ရုံများ၌လည်း တိုင်း ဒေသကြီးအစိုးရအဖွဲ့များမှ အမှာစာရှိ သလောက် ထုတ်လုပ်ပေးလျက်ရှိသည်။ 
တောင်သူများ အနေဖြင့် သမားရိုးကျနည်း ဖြင့် ပျိုးထောင်စိုက်ပျိုးပြုလုပ်ရာတွင် လုပ်သားခ အနေဖြင့် တစ်ဧကလျှင် ကျပ်၂၀ဝ၀ဝ၀ ကုန်ကျပြီး ယခု ီမကာ ှနနိနမ အား ကိုယ်ပိုင်မရှိသော်လည်း ၎င်းကိရိယာအား ငှားရမ်းအသုံးပြုပါက လူနှင့် ကိရိယာအပါ တစ်ဧကလျှင် ကျပ် ၄၀ဝ၀ဝ သာ ကုန်ကျသောကြောင့်   အချိန်ကုန်သက်သာခြင်း၊ ကုန်ကျစရိတ် သက်သာခြင်း စသည့် အကျိုးကျေး ဇူးများရရှိမည်ဖြစ်သည်။  လက်စွဲ စပါးမျိုးစေ့ချ ကိရိယာ ီမကာ ှနနိနမ အား တောင်သူများအနေ ဖြင့် အသုံးပြုသင့်ကြောင်း ရေးသားလိုက်ပါသည်။ 
ြိပိသခေ