Main menu

Background

ပြည်ပကုန်သွယ်မှု လုပ်ငန်းများ မြှင့်တင်ရန် ဒစ်ဂျစ်တယ်နည်းပညာများ အသုံးပြုနည်း

Mon, 12/01/2025 - 11:08 -- journal_editor

ယနေ့ခေတ်တွင် နည်းပညာများ မြန်မြန်ဆန်ဆန် တိုးတက်နေပြီး လူတိုင်းအတွက် အင်တာနက်နှင့် ဖုန်းများ မရှိမဖြစ် လိုအပ် လာလျက်ရှိသည်၊။ ယနေ့ကမ္ဘာပေါ်တွင် လူ ၁၀ ဦးလျှင် ခုနစ်ဦးနီးပါး (၆၈ ရာခိုင်နှုန်း) သည် အင်တာနက် ကို အသုံးပြုနေပြီး အသက် ၁၀ နှစ်နှင့်အထက် လူငါးဦးတွင် လေးဦးသည် မိုဘိုင်းလ်ဖုန်း ပိုင်ဆိုင်ကြသည်။ Óဏ်ရည်တု (AI)) စွမ်းအင်သုံး  အသုံးချပရိုဂရမ်များကို  ကျန်းမာရေး၊ သယ်ယူပို့ဆောင်ရေးနှင့်သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှု  စသည့် နယ်ပယ်များတွင် လျင်မြန်စွာ လက်ခံအသုံးပြုလျက် ရှိသည်။  ဒစ်ဂျစ်တယ်နည်းပညာများသည် သင်ယူသူများ အတွက် ဒေသသုံးဘာသာစကားများအသုံးပြုရာတွင် လွယ် ကူ ချောမွေ့အောင်၊ အသိပညာ၊ ယဉ်ကျေးမှု၊ ပတ်ဝန်းကျင် အခြေအနေများနှင့်သက်ဆိုင်သည့် သင်ယူစရာအကြောင်း အရာများ ဖွံ့ဖြိုးတိုးတက်အောင် ကူညီပေးလျက်ရှိသည်။
ယခုလိုဒစ်ဂျစ်တယ်ခေတ်တွင်   ကုန်သွယ်ရေးကဏ္ဍလည်း နည်းပညာအခြေပြုပြီး တိုးတက်လာလျက်ရှိသည်။အထူးသဖြင့် ပြည်ပကုန်သွယ်မှုတွင် နိုင်ငံတစ်နိုင်ငံက အခြား နိုင်ငံကို ငွေရှာရန်အတွက် ပစ္စည်းများ ရောင်းခြင်း၊ ဝယ်ခြင်း ဖြစ်ပြီး ၎င်းကဏ္ဍတိုးတက်စေရန် နည်းပညာအသုံးပြုမှုသည် အရေးကြီးသော အခန်းကဏ္ဍ တစ်ခုအဖြစ် ရပ်တည်နေသည်။ 
အွန်လိုင်းဈေးကွက်တွင် ဝင်ရောက်ရောင်းချခြင်း
ယနေ့ခေတ်တွင် လူအများအပြား  အွန်လိုင်းမှ  တစ် ဆင့်  ဈေးဝယ်နေကြခြင်းကြောင့် ကုန်သွယ်သူ ကိုယ်တိုင်က လည်း မိမိထုတ်ကုန်ကို အွန်လိုင်းဈေးကွက်တွင် တင်ရောင်း သင့်သည်။ ဥပမာ–  Facebook Page, Shopee, Alibaba, Amazon  စသည့်နေရာများ၌ မြန်မာထုတ်ကုန်များကို တင် ရောင်းခြင်းဖြင့် နိုင်ငံခြားဈေးကွက်သို့ ဝင်ရောက်မှုနှုန်း ပိုမို လွယ်ကူစေသည်။    အွန်လိုင်းကုန်သွယ်မှုများမှတစ်ဆင့် ရောင်းသူဝယ်သူတို့အကြား ဆက်သွယ်ပေးနိုင်သဖြင့် အချိန် နှင့် ကုန်ကျစရိတ် လျော့နည်းလာပြီး ဈေးကွက်ကျယ်ပြန့်မှု ရှိလာနိုင်သည်။
အွန်လိုင်းဖြင့် ဈေးကွက်ရှာဖွေရေးနှင့် ကြော်ငြာလုပ်ခြင်း
ယခုခေတ်တွင် လူတိုင်းနီးပါး စမတ်ဖုန်းသုံးနေကြပြီး Facebook, YouTube, TikTok  စသည့် အွန်လိုင်းပေါ်ကနေ ထုတ်ကုန် ကြော်ငြာလုပ်နိုင်သည်။ ထိုကဲ့သို့ပြုလုပ်ခြင်းက နိုင်ငံခြားသားများကို မိမိထုတ်ကုန်အကြောင်း သိလာစေပြီး ရောင်းအား တိုးလာစေနိုင်သည့်အပြင် နိုင်ငံတကာဈေးကွက် သို့ပါ ထိုးဖောက်လာနိုင်မည်ဖြစ်သည်။
အွန်လိုင်းငွေပေးချေမှုစနစ် အသုံးပြုခြင်း
ပြည်ပကုန်သွယ်မှုအတွက် ငွေလွှဲခြင်း လွယ်ကူစေရန် နည်းလမ်းများကို အသုံးပြုနိုင်ပြီး ယင်းငွေပေးချေမှုများက ပိုမိုလုံခြုံပြီး လွယ်ကူလျင်မြန်မှုရှိသည်။  ပြည်ပငွေပေးချေမှု အတွက်လည်း  E- payment System များ (ပစ္စည်းဝယ်ယူခြင်း၊ ဝန်ဆောင်မှုများအတွက် ငွေသားမသုံးဘဲ အွန်လိုင်းနည်းလမ်း များဖြင့် ငွေပေးချေသည့်စနစ်)ကို အသုံးပြုခြင်းဖြင့် ငွေပေး ချေမှု လွယ်ကူ မြန်ဆန်လာပြီး လုံခြုံမှုမြင့်မားလာသည်။
နည်းပညာအသုံးပြုနိုင်မှု တိုးမြှင့်ခြင်း
ကုန်သွယ်ရေးလုပ်ငန်းများတွင်လည်း  ကွန်ပျူတာ ပညာ၊ အင်တာနက်အသုံးပြုနည်း၊ အချက်အလက် သိမ်း ဆည်းနည်း စသည့်အရာများကို သင်ယူထားပါက နည်းပညာ ပိုင်း ကျွမ်းကျင်မှု တိုးလာစေပြီး အလုပ်များလွယ်ကူစေသည်။ ဒစ်ဂျစ်တယ်နည်းပညာများကို အသုံးပြု၍ ဈေးကွက်အချက် အလက်များ စုဆောင်းပြီး Data Analysis ဖြင့် သုံးသပ်နိုင် သည်။ ထိုနည်းလမ်းဖြင့် ဝယ်သူလိုအပ်ချက်များ၊ ဈေးကွက် တန်ဖိုးနှင့် အခြေအနေများကို သေချာစွာ နားလည်နိုင်ပြီး စီမံကိန်းများကို ပိုမိုတိကျစွာ ဆောင်ရွက်နိုင်သည်။ နောက် ဆုံးတွင် AI  နှင့်  Chatbot  နည်းပညာများကို အသုံးပြုခြင်းဖြင့် ဝယ်ယူသူများ၏ မေးခွန်းများကို အလိုအလျောက် ဖြေဆို နိုင်ပြီး ဝန်ဆောင်မှုအချိန် တိုးလာသည့်အပြင် ဝယ်ယူသူများ ၏ သဘောကျမှု တိုးတက်စေသည်။
အစိုးရအထောက်အပံ့နှင့် တာဝန်သိ အွန်လိုင်းအမူအကျင့်ကောင်းများကို မွေးမြူရေး
အစိုးရကလည်း   နည်းပညာနှင့် ပတ်သက်သည့့် အခြေခံ  infrasture (Internet,  ငွေလွှဲစနစ်၊ ဥပဒေစည်းမျဉ်း) များကို တည် ဆောက်ပေးရန် လိုအပ်ပြီး ယင်းအရာသည်လည်း ပြည်ပ ကုန်သွယ်မှုတိုးတက်ရန် အခြေခံအင်္ဂါတစ်ခုဖြစ်သည်။ သတင်းတု၊ သတင်းမှားများ၊ ဆိုက်ဘာဘေးအန္တရာယ်ကင်း ရှင်းရေးနှင့် ဆက်သွယ်မှုများအကြောင်း အသိပညာပေးသည့် လှုပ်ရှားမှုများသည် အသိÓဏ်ရှိသော ဒစ်ဂျစ်တယ်နိုင်ငံ သားများကို တည်ဆောက်ရန်အတွက် မရှိမဖြစ်လိုအပ်သော အချက်များဖြစ်သည်။
ဒစ်ဂျစ်တယ်ကျွမ်းကျင်မှုနှင့် အလုပ်အကိုင် အခွင့်အလမ်း
ကမ္ဘာ့အလုပ်အကိုင်ဈေးကွက်တွင် ဒစ်ဂျစ်တယ်ကျွမ်း ကျင်မှုရှိသူအတွက် အလုပ်အကိုင် အခွင့်အလမ်း ပေါများနေ ပြီး   ဒစ်ဂျစ်တယ်ကျွမ်းကျင်မှုမရှိသူအတွက် ရွေးချယ်ခွင့် အခွင့်အလမ်း  နည်းပါးလှသည်။  အွန်လိုင်းတွင် အလုပ် လျှောက်ထားခြင်းမှသည် လုပ်ငန်းခွင်များတွင်  ဒစ်ဂျစ်တယ် ကိရိယာများကို အသုံးပြုခြင်းအထိ ဒစ်ဂျစ်တယ်ကျွမ်းကျင် သူအတွက် နေရာကျယ်ပြန့်စွာရှိလာသည်။ တစ်တော့၊ ဖေ့စ် ဘွတ် စသည့် ဆိုရှယ်မီဒီယာ၊ အွန်လိုင်းပလက်ဖောင်းများနှင့် ဒစ်ဂျစ်တယ် အသိုင်းအဝိုင်းများတွင် တစ်ဦးနှင့်တစ်ဦး အပြန် အလှန်ဆက်ဆံပုံများ ပြောင်းလဲတိုးတက်နေပြီဖြစ်သည်။ ဒစ်ဂျစ်တယ်  နည်းပညာကျွမ်းကျင်မှုဖြင့် အလုပ်အကိုင် အခွင့်အလမ်း တိုးတက်ခြင်း၊  ပြည်ပကုန်သွယ်မှု လုပ်ငန်းများ အတွက် အလုပ်အကိုင်  နယ်ပယ်အသစ်များ ဖွင့်လှစ်ခြင်း၊ လူငယ်များအတွက် နိုင်ငံခြားဈေးကွက်နှင့် ဆက်သွယ်နိုင် သည့် အခြေခံ အတွေ့အကြုံများ ရနိုင်ခြင်း၊ နည်းပညာကျွမ်း ကျင်မှုရှိသူများအတွက် အပြည်ပြည်ဆိုင်ရာ အလုပ်လုပ်ခွင့် များ ရရှိခြင်းစသည့်အချက်များ တိုးတက်လာသည်ကို မြင်ရ သည်။ 
ဒစ်ဂျစ်တယ်ခေတ်တွင် ပြည်ပကုန်သွယ်မှုလုပ်ငန်းများကိုမြှင့်တင်ခြင်း
ဒစ်ဂျစ်တယ်ခေတ်တွင် ပြည်ပကုန်သွယ်မှုလုပ်ငန်း များကို မြှင့်တင်ဆောင်ရွက်ခြင်းသည် ပိုမိုကောင်းမွန်သော အနာဂတ်ကို တည်ဆောက်ပေးခြင်းပင်ဖြစ်သည်။ ဒစ်ဂျစ် တယ်နည်းပညာများကို  ပြည်ပကုန်သွယ်မှုလုပ်ငန်းများတွင် အသုံးပြုခြင်းဖြင့်  လုပ်ငန်းများ ပိုမိုမြန်ဆန်ပြီး ဈေးကွက် ကျယ်ပြန့်လာနိုင်သည်။ ထို့အပြင် စရိတ်သက်သာပြီး  နိုင်ငံ တကာ အဆင့်တွင် ယှဉ်ပြိုင်နိုင်စွမ်း တိုးတက်လာမည်ဖြစ် သည်။ 
နိဂုံး
ဒစ်ဂျစ်တယ်  နည်းပညာသည် အနာဂတ်အတွက် လမ်းပြတိုင်တစ်ခုဖြစ်သည်။ ဒစ်ဂျစ်တယ်ခေတ်တွင် နည်းပညာကို ကောင်းစွာမသုံးနိုင်သူများသည် နောက်ကျ သွားနိုင်သည်။ ပြည်ပကုန်သွယ်မှုလုပ်ငန်းများတွင် နည်းပညာ အသုံးပြုမှု တိုးတက် လာခြင်းကြောင့် နိုင်ငံအတွင်း အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုဖွင့်လှစ်လာ နိုင်ပြီး မြန်မာနိုင်ငံအနေ ဖြင့်လည်း နိုင်ငံတကာဈေးကွက်တွင် ယှဉ်ပြိုင်နိုင်စွမ်းရှိလာ သည်။  ဒစ်ဂျစ်တယ်ခေတ်နှင့်အညီ သက်ဆိုင်ရာ ကျွမ်းကျင်မှုများကို  လေ့လာ သင်ယူခြင်းဖြင့် ပြည်ပကုန်သွယ်မှုလုပ်ငန်းများ နိုင်ငံတကာသို့ အလှမ်းမဝေးသော အနာဂတ်တစ်ခုပေါ်သို့ ချီတက်နေပြီဖြစ်သည်။  

ကိုးကားချက်။ ဒစ်ဂျစ်တယ် မားကတ်တင်းကျွမ်းကျင်သူများ၏ စာအုပ်များ၊ Chaffey, D., Ellis –Chadwick,F(2022) Digital Marketing) Trade Map ( international Trade Centre) www.trademap

 

ငြိမ်းဝေနှင်း