ဘုရင့်နောင်ကုန်စည်ဒိုင်သို့ ရှမ်းပြည်နယ် ဟဲဟိုးမြို့မှ အာလူးများ ဝင်ရောက်လျက်ရှိပြီး ဇွန် ၁၇ ရက် ဟဲဟိုးမြို့မှ ဝင်ရောက်လာသော အာလူးတစ်ပိဿာ ဈေးနှုန်းများမှာ အာလူး A1 ကျပ် ၄၀ဝ၊ အာလူးOK ကျပ် ၆၅၀၊ အာလူး S1 ကျပ် ၆၅၀ ၊ အာလူး S2 ကျပ် ၅၅၀ ဈေး နှုန်းအသီးသီးဖြစ်သည်ရန်ကုန်မြို့ဒေသအတွင်း လက်လီပြန်လည်ရောင်းချသူများနှင့် အာလူးကြော်လုပ်ငန်းရှင်များက ဝယ်ယူခဲ့ကြ ကြောင်း၊ ဘုရင့်နောင်ကုန်စည်ဒိုင်သို့ ဇွန် ၁၇ ရက် အာလူးဝင်ရောက်မှုမှာ တစ်နေ့လျှင် ပျမ်းမျှကား အစီးအရေအတွက် ၁၃ စီးခန့်နှင့် တစ်နေ့လျှင် ပျမ်းမျှ ပိဿာချိန် ၇၈၀ဝ၀ ဝင်ရောက်ခဲ့ကြောင်း ကုန်စည်ဒိုင်ဈေးကွက်မှ သိရှိရသည်။
ရွှေဝါထွန်း (မြှင့်တင်၊ ပြည်တွင်း-ရန်ကုန်)