Main menu

Background

ဖူးခက်နှင့် ပတ္တယားဟိုတယ်များကို ကမ္ဘာ့အဆင့်မီ ပြင်ဆင်မည်

Mon, 11/25/2019 - 11:31 -- journal_editor

           အိမ်ခြံမြေလုပ်ငန်းအုပ်စုဖြစ်သော Asset Work Crop (AWC) နှင့် Marriott International တို့က ပတ္တယားနှင့်ဖူးခက်တို့တွင် ကမ္ဘာ့နာမည်ကြီး ကုမ္ပဏီသုံးခုနှင့်တွဲဖက်ပြီး လုပ်ငန်းများ ဆောင် ရွက်မည်ဖြစ်ကြောင်း နေးရှင်း သတင်းတွင် ဖော်ပြ သည်။ စီးပွားရေးလုပ်ငန်း၊  ခရီးသွားနှင့် အပျော် ခရီးထွက်သူများနှစ်မျိုးစလုံးအတွက် ဝန်ဆောင်မှု ပေးနိုင်မည့် MICE (Meetings, incentives, conferences and exhibitions)  ခေါ် အစည်း အဝေး၊ ဆွဲဆောင်မှုပေးသည့် လုပ်ငန်းရပ်များ၊ ကွန်ဖရင့်နှင့် ပြပွဲများကျင်းပနိုင်သော ဟိုတယ်များ နှင့် အထောက်အကူပြုလုပ်ငန်းများကို    တည် ဆောက်ပြီး ကမ္ဘာ့အဆင့်မီ  ခရီးသွားလုပ်ငန်းကို ဆောင်ရွက်ရန်   ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ် သည်။ AWC Centre Pattaya လုပ်ငန်းက ဇိမ်ခံ ပစ္စည်းများနှင့် အနုပညာနှင့် ဖျော်ဖြေရေးလုပ်ငန်းများ၊ အစည်း အဝေးများ၊ ကွန်ဗင်းရှင်းများနှင့် တည်းခိုနေထိုင်စရာများကို ပေါင်းစည်းထားသော နေရာများ ဖန်တီးပေးမည်။

     ထိုလုပ်ငန်းစဉ်များတွင် Pattaya Marriott Marquis ဟိုတယ်နှင့် JW Marriott the Pattaya Beach Resort & Spa အပန်းဖြေလုပ်ငန်း စသည့် လုပ်ငန်းများပါဝင်သည်။ Marriot Phuket Town  သည် လောလောဆယ်တွင်ကမ္ဘာ့အဆင့်မီ  တည်းခိုနေထိုင်နိုင်သော စံချိန်မီတည်းခိုစရာ နေရာများကို ဒီဇိုင်းရေး ဆွဲဆောင်ရွက်လျက်ရှိသည်။ Marriott နဲ့ ပူးပေါင်းဆောင်ရွက်တဲ့အတွက် ကျွန်မတို့ စီးပွားရေးလုပ်ငန်းအတွက်ရော အပန်းဖြေရေး၊ ခရီးသည် ဖောက်သည်တွေအတွက်ပါ ထူးခြားတဲ့ အတွေ့အကြုံကို ရစေမှာပါဟု Asset World Corp ကော်ပိုရေးရှင်း၏ စီအီးအိုနှင့် ဥက္ကဋ္ဌ ဝေါလာပါထရိုင်ဆိုရက်က ပြောသည်။ ထိုင်းနိုင်ငံ၏ MIEC ဟုခေါ်သည့် အစည်း အဝေး၊ ဆွဲဆောင်မှုပေးသည့်လုပ်ငန်းရပ်များ၊ ကွန်ဖရင့်နှင့် ပြပွဲများ ကျင်းပနိုင်သော ကဏ္ဍမှာ မကြာသေးမီနှစ်များအတွင်းက ပျမ်းမျှ ၄၇ ဒသမ ၆ရာခိုင်နှုန်း တိုးတက်ခဲ့ရာ ယခုကဲ့သို့ ဆောင်ရွက်မှုကြောင့် ရေရှည်တွင် အလားအလာ ကောင်းမွန်လာမည်ဟု ယုံကြည်ထားကြောင်း ၎င်းကပြော သည်။ AWC Centre Pattaya ဘန်ကောက်တွင် နာမည်ကျော် Asiatique the Riverfront  ကို တည်ဆောက်ခဲ့သော   ကုမ္ပဏီဖြစ်ပြီး အိမ်တွင်း အိမ်ပြင်   လက်လီရောင်းချရေး  နေရာများနှင့် အသက် အရွယ်ပေါင်းစုံ နှစ်သက်မှုရှိစေမည့် ခရီး သွားနေရာများကို ဖော်ထုတ်သွားမည်ဖြစ်သည်။

 

စံမီအောင်