Main menu

Background

စက်ရုံများပြန်ဖွင့် ရန် ခက်ခဲနေသဖြင့် ရှောင်းမီနှင့် အော့ပိုဖုန်းများ အိန္ဒိယအတွက် ပြည်ပမှတင်သွင်း

Fri, 06/19/2020 - 15:23 -- journal_editor

        အိန္ဒိယရှိစက်ရုံများ  ပြန်လည်လည်ပတ်ရေး အတွက် အလူးအလဲရုန်းကန်နေရသဖြင့် တရုတ် ရှောင်းမီနှင့် အော့ပိုဖုန်းကုမ္ပဏီများသည် စမတ် ဖုန်း မိုဒယ်အချို့ကို ပြည်ပမှပြန်လည်တင်သွင်းနေ ရသည်ဟု ၎င်းနှင့်နီးစပ်သော သတင်းရင်းမြစ်သုံးခု မှသိရကြောင်း ရိုက်တာသတင်းတွင်ဖော်ပြသည်။ အိန္ဒိယတွင်  အလုံးအရင်းဖြင့် ရောင်းချနေ သော ရှောင်းမီစမတ်ဖုန်းများကို အိန္ဒိယနိုင်ငံ တောင်ပိုင်း ပြည်နယ်များဖြစ်ကြသော တမီနာဒူး နှင့် အန္ဒရာပရာဒေ့ရှ်ပြည်နယ်များရှိ ဖောက်စကွန်  စက်ရုံက     ကန်ထရိုက်စနစ်ဖြင့်   ထုတ်လုပ်ပြီး အော့ပို  အိန္ဒိယထုတ်ဖုန်းများကို နယူးဒေလီ ဆင်ခြေဖုံးရှိ စက်ရုံတစ်ခုတွင် ထုတ်လုပ်သည်။
        စက်ရုံများ ပြန်လည်လည်ပတ်ရန် အိန္ဒိယ ရှိစက်ရုံများကို မေလကစ၍ ခွင့်ပြုခဲ့သော်လည်း  စမတ်ဖုန်းစက်ရုံများမှာ  အလုပ်သမား  အခက် အခဲနှင့် ရင်ဆိုင်နေရပြီး စမတ်ဖုန်များ မရောင်းရဘဲ ရှိနေခဲ့သည့်   ကန့်သတ်ပိတ်ဆို့မှု   နှစ်လနီးပါး အတွက် ဖြစ်ပေါ်နေသော ဝယ်လိုအားကို  ဖြည့် ဆည်းရန် အခက်ကြုံခဲ့ရကြောင်း သတင်းရင်းမြစ် များက ပြောသည်။ ယခုအခါ    တရုတ်ကုန်အမှတ်တံဆိပ်ဖြင့် ရှိနေသော ဖုန်းအရေအတွက် တင်သွင်းနေရသည် ကို ရှင်းလင်းစွာမသိရသေးကြောင်း အမည်မဖော် လိုသူ သတင်းရင်းမြစ်များက ပြောသည်။ " ဒါကတော့ ဒီမှာရှိနေတဲ့ ဝယ်လိုအားသက် သက်ကြောင့်သာဖြစ်ပါတယ်။  ရှောင်းမီဖုန်းတွေ က ဝယ်လိုအားကိုမီအောင် မထုတ်နိုင်သေးလို့ပါ" ဟု သတင်းရင်းမြစ်တစ်ခုကပြောသည်။ ပြည်ပက သွင်းနေရသည်မှာလည်း ထုတ်လုပ်မှုနှင့် ဖြန့်ဖြူး  ရေးလုပ်ငန်း   ပုံမှန်ပြန်မရောက်မီ ယာယီမျှသာ ဖြစ်ကြောင်း ထပ်လောင်းပြောကြားသည်။ သတင်းနှင့်ပတ်သက်၍ ဝေဖန်ချက်ပေးရန် ရှောင်းမီနှင့် ဖောက်စကွန်တို့က ငြင်းဆိုကြသည်။

 

စံမီအောင်