Main menu

Background

မြန်မာ့စွမ်းအင်ကဏ္ဍ အထောက်အကူပြု ဘက်စုံလွှမ်းခြုံသော

Mon, 02/16/2015 - 21:21 -- journal_editor

အတွဲ(၁၅)အမှတ်(၇)

      မြန်မာ့ပြန်ပြည့်မြဲစွမ်းအင်အသင်း Renewable Energy Association Myanmar REAM နှင့် ထိုင်းနိုင်ငံ အခြေစိုက် Mekong Energy and Ecological Network-MEENet  အဖွဲ့ အစည်းတို့ ပူးပေါင်းစီစဉ်မှုဖြင့် ]]မြန်မာ့ စွမ်းအင်ကဏ္ဍ အထောက်အကူပြု ဘက်စုံလွှမ်းခြုံသော သယံဇာတ စီမံ ခန့်ခွဲမှု အလုပ်ရုံဆွေးနွေးပွဲ''Myanmar Power Sector Capacity Building on Integrated Resources Planning Workshop ကို ဖေဖေါ်ဝါရီလ ၁၁ ရက် နေ့တွင် နေပြည်တော်တုံဂပူရိ ဟိုတယ် တွင် ကျင်းပခဲ့ပါသည်။ အဆိုပါ အလုပ်ရုံ ဆွေးနွေးပွဲသို့ စွမ်းအင်ဝန်ကြီးဌာန၊ လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန၊ စက်မှုဝန်ကြီးဌာန၊ ပတ် ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တော ရေးရာဝန်ကြီးဌာန၊ သိပ္ပံနှင့်နည်းပညာ  ဝန်ကြီးဌာန၊ မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနတို့မှ အရာထမ်းများ၊ ပြည် သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းလွင်၊ မြန်မာ့အစိမ်းရောင်ကွန်ရက် (MGN) မှ တာဝန်ရှိသူများနှင့် ဆွေးနွေးပွဲကို ဦးဆောင်ကျင်းပသောမြန်မာ့ ပြန်ပြည့်  မြဲစွမ်းအင်အသင်း REAM & MEE-Net   မှ တာဝန်ရှိသူများ၊ စုစုပေါင်း ၃၀ ဦးခန့် တက်ရောက်ခဲ့ပါသည်။ ဆွေးနွေးပွဲကို  နံနက် ၈း၃၀ နာရီ တွင် စတင်ကျင်းပခဲ့ပြီး ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းလွင်၊ REAM  ဦးအောင်မြင့်နှင့် MEE-Net  မှ ဒါရိုက် တာ Witoon Permpongsachareon  တို့က အမှာစကားများ ပြောကြားခဲ့ပါ သည်။ ဆွေးနွေးပွဲကို နှစ် ပိုင်းခွဲ ကျင်းပခဲ့ ပါသည်။  ဆွေးနွေးပွဲ ပထမပိုင်းတွင် ထိုင်းနိုင်ငံ၏ စွမ်းအင်ရရှိမှု အခြေအနေ များကို MEE+Net  မှ ဒါရိုက်တာ  Witoon Permpongsachareon က Lessons Learned From Thailand's Power Sector Planning စာတမ်းဖြင့် လည်းကောင်း၊ Ms.Chuenchom Sangarasri Greacen  က လျှပ်စစ်ရရှိနိုင် မည့်စီမံကိန်းများ ရရှိလာသောလျှပ်စစ် များကို ချိတ်ဆက်သုံးစွဲမှုနှင့် ဦးဆောင် အဖွဲ့အစည်းများအပိုင်းမှ ဆောင်ရွက်ရ မည့် အခြေခံစနစ်များ၊ စီမံခန့်ခွဲမှုများ အကြောင်းကို  "Planning Objectives, Constraints and Framework for Accountability" ခေါင်းစဉ်ဖြင့်လည်း ကောင်း၊ ဘက်စုံလွှမ်းခြုံသော သယံဇာတ စီမံခန့်ခွဲမှု( Integrated Resource Planning - IRP)  အကြောင်းကို Pacific Northwest, USA မှ Power Sector Planning  များပေါ်အခြေခံ၍ "Integ-rated Resource Planning: a Best Practice case from the Pacific Northwest, USA" ခေါင်းစဉ်ဖြင့်လည်း ကောင်း ဆွေးနွေးခဲ့ပါသည်။ဆွေးနွေးပွဲ ဒုတိယပိုင်းကို ဆက် လက်ကျင်းပရာ ၂၀၃၀ ခုနှစ်တွင်  မြန်မာနိုင်ငံ၌ လျှပ်စစ်ဓါတ်အား ၃၀၀၀ MW ရရှိရေးအတွက် သဘာဝဓါတ်ငွေ့၊ ရေအားလျှပ်စစ်၊ ကျောက်မီးသွေး၊ ဆိုလာ၊ ဇီဝဒြပ်ထု၊ လေစွမ်းအင်တို့မှ ထုတ်ယူမည့် ဦးစားပေးအစီအစဉ်များ၊ စွမ်းအင်ဆိုင်ရာ ပေါ်လစီအကြံပြုချက် များ၊ လျှပ်စစ်ထုတ်ယူရာတွင် ကုန်ကျ မည့် ကုန်ကျစရိတ်များ၊ အခက်အခဲများအကြောင်းကိုဆွေးနွေး ခဲ့ကြပြီး။ ဆွေးနွေးပွဲကို ညနေ ၅း၀၀ နာရီ အချိန်တွင် ရုပ်သိမ်းခဲ့ပါသည်။    
TMK (DOTP)