အတွဲ(၁၅)အမှတ်(၈)
ထုတ်ကုန်သွင်းကုန်လုပ်ငန်းရှင် မှတ်ပုံတင်သက်တမ်းတိုးနောက်ကျခြင်းကြောင့်
သတ်မှတ်ထားသည့်ဒဏ်ကြေးများအား ပယ်ဖျက်
ယခုအခါ နိုင်ငံတော်ရဲ့ ပြောင်းလဲလာသော စီးပွားရေးမူဝါဒများနဲ့အညီ ကုန်သွယ်မှုလုပ်ငန်းများ ပိုမိုလျင်မြန်လွယ်ကူစေ ရန်နဲ့ ထုတ်ကုန်သွင်းကုန်လုပ်ငန်းရှင်များရဲ့ ကုန်ကျစရိတ်များလျော့နည်းသက်သာစေရန်အတွက် ထုတ်ကုန်သွင်းကုန်လုပ်ငန်း ရှင်မှတ်ပုံတင် သက်တမ်းတိုးလျှောက်ထားမှုနောက်ကျခြင်းကြောင့် သတ်မှတ်ထားသောဒဏ်ကြေးကောက်ခံခြင်းအား ၂၀၁၅ ခုနှစ် ဧပြီလ ၁ ရက်နေ့မှစ၍ ပယ်ဖျက်လိုက်ကြောင်း ပို့ကုန်သွင်းကုန်နှင့်ပတ်သက်သော သတင်းလွှာ ၁^၂၀၁၅ ဖြင့် ဖေဖော်ဝါရီ လ ၁၁ ရက်နေ့က ထုတ်ပြန်လိုက်ကြောင်း သတင်းရရှိပါတယ်။
ယခင်က ထုတ်ကုန်သွင်းကုန်လုပ်ငန်းရှင် မှတ်ပုံတင်ကြေးနဲ့ သက်တမ်းတိုးကြေး၊ သက်တမ်းတိုး လျှောက်ထားမှုနောက်ကျ ခြင်းအတွက် ဒဏ်ကြေး၊ ပြင်ဆင်ကြေး၊ မိတ္တူမှန်ကြေးများအား ကုန်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာန၏ ၂၀၁၃ ခုနှစ် ဇွန်လ ၁၅ ရက်စွဲပါ ထုတ်ကုန်သွင်းကုန်နှင့်ပတ်သက်သော သတင်းလွှာ ၂/၂၀၁၃ ဖြင့်အောက်ပါတိုင်း သတ်မှတ်ထားခဲ့တာဖြစ်ပါတယ်-
(က) ထသကမှတ်ပုံတင်သက်တမ်းကုန်ဆုံးပြီး ကျပ် ၅၀၀၀
ပထမ(၁)လအတွင်းလျှောက်ထားလျှင်
(ခ) ထသကမှတ်ပုံတင်သက်တမ်းကုန်ဆုံးပြီး ကျပ် ၁၀၀၀၀
ဒုတိယ(၁)လအတွင်းလျှောက်ထားလျှင်
(ဂ) ထသကမှတ်ပုံတင်သက်တမ်းကုန်ဆုံးပြီး ကျပ် ၁၅၀၀၀
တတိယ(၁)လအတွင်းလျှောက်ထားလျှင်
(ဃ) ထသကမှတ်ပုံတင်သက်တမ်းကုန်ဆုံးပြီး ကျပ် ၃၀၀၀၀
(၃)လကျော်လွန်လျှင်
ဖော်ပြပါဒဏ်ကြေးများအား လာမည့် ဧပြီ ၁ ရက်မှစ၍ ပေးသွင်းရန်မလိုတော့ဘဲ ပယ်ဖျက်လိုက်ကြောင်း သတင်းရရှိ ပါတယ်။
MIRT (DCCA)