Main menu

Background

စဝင်ထဲက ဈေးကောင်းရတဲ့ ရှမ်းပဲစင်းငုံ

Wed, 02/25/2015 - 19:52 -- journal_editor

အတွဲ(၁၅)အမှတ်(၈)

          ရှမ်းပြည်နယ်တောင်ပိုင်းမှာ ပဲစင်းငုံ၊ ပဲပုပ် စတဲ့သီးနှံတွေ အစိုက်နည်းလာပါ တယ်။ ဈေးကွက်ရှိတဲ့ ပြောင်းကိုသာ အဓိကထားပြီးစိုက်ကြတာကြောင့် ပဲစင်းငုံစိုက် ဧကတွေကလည်း အစိုက်လျော့လာတယ်လို့ သိရပါတယ်။တောင်ပိုင်းဒေသတွေဖြစ်တဲ့  ဟိုပုံး၊ ဆီဆိုင်ကစိုက်တဲ့ ပဲစင်းငုံတွေလည်း ဒီတစ်လမှာ ဈေးကွက်ကို စပြီးဝင်လာပါတယ်။ ဒီနှစ်တော့ ပြည်ပဝယ်လက်လည်း ဝယ်နေတာကြောင့် ပဲမျိုးစုံနဲ့ ဈေးတွေကောင်းနေလို့ ရှမ်းပဲစင်းငုံလည်း စကတည်း က ဈေးကောင်းနေပါတယ်။ ဈေးကွက်ကို စပြီးဝင်ကာစမှာတောင် တစ်ပိဿာကို ၁၁၀၀ ကျပ်ပတ်ချာလည် ဈေးပေါက်နေပါတယ်။
အစိုက်လည်းနည်းတာကြောင့် အထွက်ကလည်းနည်းပါတယ်။ တောင်ကြီး ခရိုင်က ပဲစင်းငုံတွေက လွိုင်လင်ခရိုင်ဖြစ်တဲ့ လင်းခေး၊ နမ့်စန်တို့က ပဲတွေထက် အထွက်ပိုပြီးစောပါတယ်။ လင်းခေးစလို့ ခေါ်တဲ့ ရွှေဒင်္ဂါးစက ရှမ်းတောင်မှာထွက်တဲ့ ပဲစင်းငုံတွေထဲမှာတော့ အရည်အသွေးအကောင်းဆုံးလို့ သိရပါတယ်။
        လင်းခေးစကတော့ ဒီတစ်ပတ်ကစပြီး ဈေးကွက်ကိုဝင်လာပါတယ်။ စဖော် ကာစဖြစ်လို့ အဝင်ကလည်းနည်းနေပါသေးတယ်။ လင်းခေးစတွေလည်း တစ် ပိဿာကို ၁၄၀၀ ကျပ်   ပတ်ချာလည်ဈေးနဲ့   ဈေးပေါက်နေပါတယ်။ ဒီတစ်ပတ် တောင်ကြီးဈေးကွက်မှာ ပဲစင်းငုံနီသေးက တစ်ပိဿာ ၁၄၀၀ ကျပ်ဈေးရှိတယ်လို့ တောင်ကြီးကုန်စည်ဒိုင်က သိရှိရပါတယ်။                      
           ဧဧခိုင်-တောင်ကြီး