Main menu

Background

ှSafe Food From Safe Farm ဟူသည့် အော်ဂဲနစ်သီးနှံဈေးရောင်းပွဲ ကျင်းပမည်

Mon, 03/09/2015 - 20:26 -- journal_editor

အတွဲ(၁၅)အမှတ်(၁၀)

မြန်မာနိုင်ငံသစ်သီးဝလံပန်းမန်နှင့် ဟင်းသီးဟင်းရွက်စိုက်ပျိုးထုတ် လုပ် တင်ပို့ရောင်းချသူများအသင်း အနေဖြင့် စားသုံးသူများ၏ ကျန်းမာ ရေးအတွက် လုံခြုံစိတ်ချရသော ဟင်းသီး ဟင်းရွက် များကို မတ်လ ၁၄ရက်နေ့မှ စ၍ အပတ်စဉ် စနေနေ့တိုင်း ကန်တော် ကြီး မြေပဒေသာကျွန်းတွင် ရောင်းချရန် စီစဉ်ထားကြောင်း သိရသည်။
အဆိုပါအစီအစဉ်ကို Safe Food From Safe Farm  ဟူသည့် အမည်ဖြင့် ကျင်းပသွားမည်ဖြစ်ကြောင်းလည်း သိရသည်။ ယင်းအစီအစဉ်ကိုပြုလုပ်ရ ခြင်းမှာUSAID, Winrock International, Farmer to Farmer Program, MEVP နှင့် MOGPA    အသင်း တို့ ဖေဖော်ဝါရီလ ၁၄ရက်နေ့ က ပူးပေါင်းကျင်းပခဲ့သည့် ပထမ အကြိမ် အော်ဂဲနစ်ဈေးကွက် ဖော် ဆောင်ရေး နှင့် အလုပ်ရုံဆွေးနွေးပွဲမှ ရရှိလာသည့် နည်းပညာအတွေ့အကြုံ နှင့်ဆွေးနွေးပွဲ ရလဒ်များကို အခြေခံပြီး ပြုလုပ်ခြင်း ဖြစ်ကြောင်း သိရသည်။
ထိုသို့ ရောင်းချပေးရာတွင် ဓာတု အဆိပ်ကင်းလွတ်သီးနှံများကို ဝယ်ယူ စားသုံးလိုသူများနှင့် ရောင်းချလိုသူများ အကြား နှစ်ဦးနှစ်ဖက် ယုံကြည်စွာဖြင့် ဘေးအန္တရာယ်ကင်းလွတ်စေရန် စည်း ကမ်းများကို ထားရှိကြောင်းသိရသည်။
အဆိုပါဈေးရောင်းပွဲတော်တွင် ရောင်းချလိုသူများသည် မိမိစိုက်ခင်း နှင့်သီးနှံများအား စစ်ဆေးမှုခံယူရမည် ဖြစ်ပြီး စစ်ဆေးပြီး သီးနှံခင်းမှ ထွက်ရှိ သည့် ဟင်းသီးဟင်းရွက်များကိုအသင်း မှ သက်ဆိုင်ရာအမှတ်တံဆိပ်များ ကပ် နှိပ်၍ ရောင်းချခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။
ဓာတုကင်းလွတ်သည့် အော်ဂဲ နစ် သီးနှံများကို စိတ်တိုင်းကျဝယ်ယူ စားသုံး လိုသူများသည် မတ်လ ၁၄ရက် နေ့မှ စတင်ကာ အပတ်စဉ် စနေနေ့တိုင်း ကန်တော်ကြီး မြေပဒေသာကျွန်းတွင် လာရောက်ဝယ်ယူနိုင်ပါကြောင်း သတင်းရရှိပါသည်။
မယ်သီတာ