Main menu

Background

Myanmar FoodBev နှင့်Myanmar HoReCa ၂၀၁၅ ပြပွဲ ပြသမည်

Mon, 03/09/2015 - 20:27 -- journal_editor

အတွဲ(၁၅)အမှတ်(၁၀)

ထိုင်းနိုင်ငံကုန်သည်များ အသင်း ၏ ပံ့ပိုးကူညီမှုဖြင့် ထိုင်းနိုင်ငံကုန်  သည်များ အဖွဲ့နှင့်မြန်မာFoodBev  ၂၀၁၅တို့ ပူးပေါင်း၍ ဒုတိယအကြိမ် မြောက် အစားအသောက်နှင့်အဖျော်   ယမကာ၊ ဒုတိယအကြိမ်မြောက် မြန်မာ နိုင်ငံ ဟိုတယ်၊ စားသောက်ဆိုင်နှင့် အစားအသောက် ထုတ်လုပ်သူများ ပါဝင်မည့် ပြပွဲကို မတ်လ ၁၂ရက်မှ ၁၄ ရက်အထိ ရန်ကုန်မြို့၊ မင်းဓမ္မလမ်းရှိ
မြန်မာကွန်ဗင်းရှင်းစင်တာတွင်ကျင်းပမည်ဖြစ်သည်။အဆိုပါပြပွဲကို ICVEX ကုမ္ပဏီ လီမိတက်၏စီစဉ်မှုဖြင့် ကျင်းပခြင်းဖြစ် ကြောင်း သိရသည်။
ယင်းပြပွဲတွင် မြန်မာ၊ ဂျာမနီ၊ သီရိလင်္ကာ၊ အင်ဒိုနီးရှား၊ စင်ကာပူ၊ ထိုင်းနိုင်ငံတို့မှ ကုမ္ပဏီနှင့်အမှတ်တံဆိပ် ပေါင်း ၁၀၀ နီးပါး ပါဝင်ပြသမည်ဖြစ် ကြောင်း သိရသည်။
ပြခန်းများတွင် အစားအသောက် နှင့် အဖျော်ယမကာကုန်ကြမ်းများမှ  ထုတ်လုပ်ပုံအဆင့်ဆင့်၊ ပါဝင်သော ပစ္စည်းများ၊ ထုတ်ကုန်များ၊ အစား အသောက်ဝန်ဆောင်မှု၊ လိုအပ်သည့် စက်ပစ္စည်းများ၊ အစားအသောက်ဆက် စပ်ပစ္စည်းများနှင့် အဖျော်ယမကာများ၊ စားသောက်ကုန်ထုတ်လုပ်မှုလုပ်ငန်း များအပြင် ဟိုတယ်နှင့်စားသောက်ဆိုင် များတွင် လိုအပ်သော အစားအသောက် မဟုတ်သည့် ထုတ်ကုန်များကိုလည်း ခင်းကျင်းပြသသွားမည်ဖြစ်ကြောင်း သိ ရသည်။
အထူးအစီအစဉ်အနေဖြင့် မြန်မာ နိုင်ငံ စားသောက်ဆိုင်လုပ်ငန်းရှင်များ အသင်းမှ ဟင်းလျာချက်ပြုတ်ခြင်း သရုပ်ပြပွဲများ၊ ကော်ဖီဖျော်စပ်ခြင်းနှင့် ယမကာဖျော်စပ်ခြင်းသရုပ်ပြပွဲများကို ထည့်သွင်းပြသသွားမည့်အပြင် အလုပ် ရုံဆွေးနွေးပွဲများကိုလည်း ကျင်းပသွား မည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် မြန်မာနိုင်ငံ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းကျွမ်းကျင်သူများ အသင်း(MHPA) ကလည်း စိတ်ဝင်စား  ဖွယ်ပြပွဲများနှင့် ပြိုင်ပွဲများကို ထည့် သွင်းကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
MHPA မှ ပြုလုပ်မည့်ပြိုင်ပွဲများ တွင်Marzipan ပြုလုပ်မှုလက်ရာပြပွဲ၊ သစ်သီးပုံဖော်လက်ရာပြပွဲ၊ ပန်းအလှ ဆင်ပြပွဲ၊ လက်သုတ်ပုဝါခေါက်ပြပွဲ၊ အိပ်ရာပြင်ဆင်နည်းပြပွဲ၊ မြန်မာ့ရိုးရာ မင်္ဂလာဆောင်ပြပွဲ၊ အဖျော်ယမကာနှင့် ကော့တေးပြုလုပ်နည်းပြပွဲနှင့် အီတလီ ဆော့စ်များသုံးပြီးပြုလုပ်မည့် မြန်မာ ခေါက်ဆွဲပြုလုပ်နည်းပြပွဲတို့ဖြစ်ကြောင်း သိရသည်။
ထိုပြပွဲများမှတစ်ဆင့် မြန်မာ နိုင်ငံတွင် ဟိုတယ်နှင့်ခရီးသွားလုပ်ငန်း ကျွမ်းကျင်သူများ၏အရေးပါသော အခန်းကဏ္ဍကို ပိုမိုမြှင့်တင်ပေးနိုင်မည် ဖြစ်ကြောင်း သိရသည်။      
မယ်သီတာ