Main menu

Background

မြန်မာ့ကော်ဖီ ကမ္ဘာကသိစေဖို့

Mon, 03/23/2015 - 19:35 -- journal_editor

အတွဲ(၁၅)အမှတ်(၁၂)

မြန်မာ့ပို့ကုန်တွေကို လေ့လာရင် အဓိကပို့ကုန်ဖြစ်တဲ့ သဘာဝဓါတ်ငွေ့၊ ဆန်စပါးနဲ့ ပဲအမျိုးမျိုးတင်ပို့မှုကနေနိုင်ငံခြားငွေများများ ရနေလို့ ပိုမိုတင်ပို့နိုင်ဖို့အတွက် အရည်အသွေးရော အရေအတွက်ပါ ဖွံ့ဖြိုးတိုးတက်ရန် လိုပါတယ်။အလားအလာရှိတဲ့ ပို့ကုန်များကိုလည်း ဈေးကွက်ခိုင်မာစွာရရှိဖို့အတွက် ကြိုးပမ်းရ မှာဖြစ်သလိုအမယ်သစ်ပို့ကုန်များပေါ်ထွက်လာရေးကိုလည်းလုံ့လစိုက်ရမှာဖြစ်ပါတယ်။ မြန်မာ နိုင်ငံမှာ ကော်ဖီတင်ပို့ခြင်းလုပ်ငန်းဟာအရေအတွက်နည်းပြီး ပုံမှန်တင်ပို့နိုင်တဲ့ ပို့ကုန်တစ်ခုအဖြစ် ရပ်တည်နိုင်တဲ့ အနေအထားမှာမရှိသေးဘူး လို့သိရပါတယ်။သို့ပေမယ့်လည်း ကော်ဖီစိုက်ပျိုး ထုတ်လုပ်ခြင်းလုပ်ငန်း ဟာ မြန်မာနိုင်ငံရဲ့ ရေမြေသဘာဝအရအရည်အသွေးကောင်းမွန်တဲ့ကော်ဖီကို ထုတ်လုပ်နိုင်တဲ့အနေအထားရှိပြီး ဝယ်လိုအားရှိနေတဲ့ ထုတ်ကုန်တစ်ခုဖြစ်တယ်လို့ သိရပါတယ်။ဒီလိုအလားအလာရှိတဲ့ ပို့ကုန်တစ်ခု ဖြစ်တဲ့ မြန်မာ့ကော်ဖီအကြောင်းကို မြန်မာနိုင်ငံကော်ဖီအသင်းက တာဝန်ရှိသူေ တွနဲ့ ဆွေးနွေးရရှိချက်များအား ရေးသားဖော်ပြလိုက်ပါတယ်။

မေး -    မင်္ဂလာပါ၊ မြန်မာနိုင်ငံ ကော်ဖီအသင်းကပါလားရှင်၊
ဖြေ -    ဟုတ်ပါတယ်။ ကျွန်တော်က မြန်မာနိုင်ငံကော်ဖီအသင်း ဥက္ကဋ္ဌ ဦးရဲမြင့်ပါ။  အထွေထွေအတွင်းရေးမှူး ကဦးမင်းလှိုင် ဖြစ်ပါတယ်။
မေး -    ကော်ဖီ အစုအဖွဲ့ (Coffee Cluster) ဖွဲ့တဲ့သတင်းကို ကောမတ်စ် ဂျာနယ်မှာ ဖတ်လိုက်ရပါတယ်။မန္တလေးတိုင်းဒေသကြီး၊   ကုန်သွယ်မှု မြှင့်တင်ရေးဦးစီးဌာနမှာ ဖွဲ့ခဲ့တာနော်။
ဖြေ -    ဟုတ်ပါတယ်။ ၂၀၁၄ ခု၊ သြဂုတ်လ ၉ ရက်နေ့က မန္တလေးတိုင်း ဒေသကြီး၊ ကုန်သွယ်မှုမြှင့်တင်ရေး ဦးစီးဌာန၊တိုင်းဒေသကြီး ရုံး၊  အစည်း  အဝေးခန်းမမှာ  ဖွဲ့ခဲ့တာပါ။  နေပြည်တော် ကုန်သွယ်မှုမြှင့်တင် ရေးဦးစီးဌာန ကClusterDevelopment Agent ဖြစ်တဲ့ လက်ထောက်ညွှန်ကြားရေးမှူး ဦးတိုးမြင့် တက်ရောက်ခဲ့ပါတယ်။ ကော်ဖီလုပ်ငန်းလုပ်ကိုင်တဲ့ကုမ္ပဏီ တွေ၊ ကော်ဖီစိုက်ပျိုးထုတ်လုပ်တဲ့ လုပ်ငန်းရှင်တွေနဲ့ ညီနောင် အသင်းတွေ လေ့လာသူတွေလည်းတက်ရောက်ခဲ့ပါတယ်။
မေး -    ကျွန်မတို့တစ်တွေ နယူးဇီလန်အထောက်အပံ့အစီအစဉ်နဲ့ စက်မှုဝန်ကြီးဌာန၊SMEsဖွံ့ဖြိုး တိုးတက်ရေးဌာနနဲ့ ထိုင်းနိုင်ငံ၊ မဲခေါင် အင်စတီကျု့တို့ ပူးပေါင်းစီစဉ်မှုအရ ''SMEs Cluster Development & Export Consortia Formation inMyanmar, 2014" အလုပ်ရုံဆွေးနွေး ပွဲ ကို ၂၀၁၄ ခုနှစ်၊ ဇူလိုင်လ ၂၉ ရက်နဲ့ ၃၀ ရက်နေ့က တက်ခဲ့ကြသေးတယ်နော်။
ဖြေ -    ဟုတ်ပါတယ်။ အဲဒီအလုပ် ရုံဆွေးနွေးပွဲကို တက်ရောက်ခဲ့တဲ့ အတွက် SME Cluster တွေအကြောင်းကျယ်ကျယ်ပြန့်ပြန့် သိခဲ့ ရပြီး Cluster ဖွဲ့ပြီးရင် ဖွံ့ဖြိုးတိုးတက် အောင်ဆောင်ရွက် ရမယ့် လုပ်ငန်းတွေကိုလည်း သိခဲ့ရတယ်။ကျွန်တော်တို့ ကော်ဖီစိုက်တောင်သူတွေကလည်း ကော်ဖီထုတ်လုပ်မှု လုပ်ငန်းကို အဆင့်မြှင့်ချင်နေတာပါ။ နိုင်ငံခြားတင်ပို့တဲ့နေရာမှာလည်း အခက်အခဲတွေရှိတော့ Coffee Cluster  ဖွဲ့ပြီးမှ ဒီအခက်အခဲတွေကို ဖြေရှင်းဖို့ လမ်းစရမှာလေ။
မေး -    Coffee Cluster ဖွဲ့စည်းပုံ အကြောင်းလည်း ပြောပြပေးပါ။
ဖြေ -    ကျွန်တော်တို့က Coffee Cluster ကို ဖွဲ့စည်းရာမှာ အခြေခံ အဖွဲ့ကို အားပြုဖွဲ့စည်းတဲ့ Bottom upပုံစံနဲ့ဖွဲ့ခဲ့တာပါ။ပြင်ဦး လွင်၊ ရွာငံနဲ့ နောင်ချိုဆိုပြီး Cluster ၃ ခုဖွဲ့ပြီးမှ မြန်မာနိုင်ငံ ကော်ဖီအသင်းကို ဖွဲ့စည်းခဲ့တာပါ။ အခုဆိုရင် မိုးကုတ်Coffee Cluster  လည်း ဖွဲ့ပြီးပါပြီ။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁ရက် နေ့ကလည်း Coffee Cluster (yangon) ကို ဖွဲ့ခဲ့ပါ တယ်။ဆက်ပြီးတော့လည်း တောင်ငူ၊ ကယားပြည်နယ်နဲ့ ချင်းပြည်နယ်တွေမှာ Cluster ဖွဲ့ဖို့ရှိပါတယ်။
မေး -    ဒီ Cluster  တွေက မြန်မာ နိုင်ငံကော်ဖီအသင်းရဲ့ အခြေခံအဖွဲ့ အစည်းတွေပေါ့။
ဖြေ -    ဟုတ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ Cluster ဖွဲ့စည်းပုံ ကို  Bottom  ကစတယ် လို့ပြောတာပါ။
မေး -    ဦးရဲမြင့်တို့လို ဃူကျအနမ ရဲ့သဘောကို နားလည်တယ်၊ Cluster  ဖွဲ့ပြီး စုပေါင်းအင်အားနဲ့ အဖွဲ့ဝင် အားလုံးအကျိုးအမြတ်ပိုရ အောင် စွမ်း ဆောင်ချင်သူတွေအတွက်က အောင် မြင်မှုတွေ ရရှိလာမှာပါ။ ဒါ့ထက် ကော်ဖီအကြောင်းလည်းနည်းနည်း သိချင်ပါသေးတယ်။
ဖြေ -    ဟုတ်ကဲ့ပါ။ ကော်ဖီနဲ့ ပတ်သက်ပြီး ဘယ်အကြောင်းကို သိချင်တာပါလဲ။
မေး -    ကော်ဖီသောက်တဲ့ အလေ့အထကို အင်္ဂလိပ်လူမျိုးတွေဆီ ကနေ ရခဲ့တာတော့သိပါတယ်။ မြန်မာပြည်မှာ ကော်ဖီစတင် စိုက်ပျိုးခဲ့ပုံကို သိချင်ပါတယ်။
ဖြေ -    အင်္ဂလိပ်လူမျိုးတွေဟာ သူတို့ရဲ့ ကော်ဖီယဉ်ကျေးမှုကို လက် ဆင့်ကမ်းခဲ့သလို ကော်ဖီစိုက်ပျိုးခြင်းကိုလည်းစတင်မျိုးစေ့ချ ပေးခဲ့ပါတယ်။ ၁၈၈၅ ခုနှစ်မှာ အင်္ဂလိပ်လူမျိုး သာသနာပြု အဖွဲ့တစ်ဖွဲ့ဟာ မြန်မာနိုင်ငံတောင်ပိုင်း၊ တနင်္သာရီ၊မြိတ်၊ ထားဝယ်တို့မှာ ကော်ဖီကို စတင်ပြီး စမ်းသပ်စိုက်ပျိုးခဲ့တယ် လို့ သိရပါတယ်။
မေး -    စမ်းသပ်စိုက်ပျိုးတာဆိုတော့ အောင်မြင်ခဲ့လို့ ခုချိန်အထိ ဆက်ပြီးစိုက်နေတာပေါ့နော်။
ဖြေ -    စမ်းသပ်စိုက်ပျိုးတာ အောင်မြင်လို့ တောင်ငူ၊ သံတောင်၊ ရှမ်းပြည်နယ်တောင်ပိုင်း၊ မန္တလေးတိုင်း ကပြင်ဦးလွင်အထိ ပျံ့နှံ့စိုက်ပျိုးခဲ့တာပါ။
မေး -    စီးပွားဖြစ်စိုက်ပျိုးတာကရော ဘယ်အချိန်မှာ စခဲ့တာပါလဲ။
ဖြေ -    ၁၉၃၀ ခုနှစ်မှာ ရှမ်းပြည်မြောက်ပိုင်း နောင်ချိုမြို့နယ် ချောင်းကွေ့ရွာမှာ ရှမ်းတောင်တန်း ကော်ဖီခြံကို စစိုက်ခဲ့တယ်လို့ သိရပါတယ်။ အဲဒီကမှ ကချင်ပြည်နယ်အထိ ပျံ့နှံ့ စိုက်ပျိုးတယ်လို့ သိရတာပါ။
မေး -    ကချင်ပြည်နယ်မှာ ခုချိန်ထိရော ကော်ဖီစိုက်သေးလား။
ဖြေ -    ကချင်ပြည်နယ်မှာ ခုချိန်အထိ စိုက်ပျိုးမှုရှိနိုင်ပေမယ့် တခြား နေရာတွေနဲ့စာရင် နည်းပါးမယ်ထင်ပါတယ်။
မေး -    မြန်မာပြည်မှာ ခုချိန်အထိ ကော်ဖီစိုက်ပျိုးထုတ်လုပ်နေတဲ့ နေရာ တွေလည်း သိချင်ပါတယ်။
ဖြေ -    မန္တလေးတိုင်းမှာ ပြင်ဦးလွင်၊ မိုးကုတ်ပတ်ဝန်းကျင်နဲ့ ရှမ်း ပြည်နယ် တောင်ပိုင်းက ရွာငံမြို့နယ်၊ရှမ်းပြည်မြောက်ပိုင်းက နောင်ချိုမြို့နယ် နောက်ပြီး တောင်ငူ၊ သံတောင်နဲ့ ကရင်ပြည် နယ်၊ ချင်းပြည်နယ်တို့မှာအစိုက်များပါတယ်။
မေး -    မြန်မာနိုင်ငံက ထွက်ရှိတဲ့ ကော်ဖီကို ဘယ်အချိန်ကစပြိး နိုင်ငံခြားတင်ပို့ခဲ့တာပါလဲ။
ဖြေ -    ၁၉၃၅-၃၆ ခုနှစ်ကတည်းက မြန်မာ့ကော်ဖီကို အိန္ဒိယနဲ့ ယူကေကို ရေကြောင်းကနေ သင်္ဘောနဲ့ တင်ပို့ခဲ့တယ်လို့သိရပါတယ်။
မေး -    အဲဒီအချိန်တုန်းက ကော်ဖီ စိုက်ပျိုးထုတ်လုပ်တဲ့လုပ်ငန်းက မြန်မာလူမျိုးပိုင် လုပ်ငန်းလား။
ဖြေ -    အဲဒီအချိန်တုန်းကတော့ မြန်မာပိုင်မဖြစ်သေးပါဘူး။ မြန်မာ့ ရေမြေက အရည်အသွေးကောင်း ကော်ဖီကို စိုက်ပျိုးထုတ်လုပ်နိုင်မှန်းသိလို့ အင်္ဂလိပ်တွေက ၁၉၃၅-၃၆ ကတည်း က စိုက်ပျိုးထုတ်လုပ် တင်ပို့ခဲ့တာပါ။
မေး -    ဘယ်အချိန်မှ မြန်မာပိုင်ဖြစ် တာပါလဲ။
ဖြေ -    ၁၉၄၀ ခုနှစ်မှာ ကော်ဖီစိုက် ပျိုးထုတ်လုပ်မှုလုပ်ငန်းက မြန်မာပိုင် ဖြစ်တယ်လို့သိပါတယ်။ ၁၉၆၈ ခုနှစ်မှာ ပြည်သူပိုင်ဖြစ်လာခဲ့ပြီး ၁၉၈၉ ခုနှစ်မှာ မြန်မာ့စိုက်ပျိုးမွေးမြူရေး လုပ်ငန်းက တာဝန်ယူခဲ့တယ်လို့ သိရပါတယ်။
မေး -    နိုင်ငံတော်က ကော်ဖီစိုက်ပျိုးမြေတွေ ရောင်းချပေးခဲ့တဲ့ ခုနှစ်လေး သိချင်ပါတယ်။
ဖြေ -    ၁၉၉၉-၂၀၀၀ ခုနှစ်ကပါ။
မေး -    မြန်မာ့ကော်ဖီစိုက်ပျိုးထုတ်လုပ်မှုလုပ်ငန်းက ဘယ်အချိန် မှာစပြီး ဖွံ့ဖြိုးလာတာပါလဲ။
ဖြေ -    ၁၉၈၀ ခုနှစ်ဝန်းကျင်မှာ ကော်ဖီစိုက်ပျိုးမှုဖွံ့ဖြိုးလာတယ် လို့ သိရပါတယ်။ မြန်မာနိုင်ငံရဲ့ ကော်ဖီစိုက်ပျိုးမှုဧရိယာဟာ ၁၉၈၄-၈၅ ခုနှစ်မှာ ဧက ၁၀၀၀၀ ဝန်းကျင်ရှိလာပြီး နှစ်စဉ် စိုက်ပျိုးထုတ်လုပ်မှုတန်ချိန် ၁၁၄၆ ဝန်းကျင်မှာရှိနေပါတယ်။ ထုတ်လုပ်မှုရဲ့ ၈၆ ရာခိုင်နှုန်း က ပြည်တွင်းမှာ သောက်သုံးပြီး ၁၄ ရာခိုင်နှုန်း ကို နိုင်ငံခြားတင်ပို့ခဲ့တယ်လို့ သိရပါတယ်။ အဲဒီကနေ တဖြည်းဖြည်း ဖွံ့ဖြိုးလာတာပါ။ အလုပ်ရုံဆွေးနွေး ပွဲမှာတုန်းက ဦးဥက္ကာအောင်ရဲ့စာတမ်းမှာ ၂၀၀၂ ခုနှစ်ကနေ ၂၀၁၀ ခုနှစ်အထိ စိုက်ပျိုးထုတ်လုပ်မှုအခြေအနေကို ဖော်ပြ တဲ့ ဇယားတစ်ခုရှိပါတယ်။

မေး -    မြန်မာပိုင်ဖြစ်ပြီးတော့  နိုင်ငံခြားတင်ပို့မှုရှိသေးလား။
ဖြေ -    ကျွန်တော်တို့ ကြားဖူးသလောက်ကတော့ မြန်မာ့ပို့ကုန် အနေ နဲ့ တရားဝင်တင်ပို့တာက နည်းနည်းပဲရှိပြီးအောက်လမ်း ကနေ အိမ်နီးချင်းနိုင်ငံတွေကို ပို့နေတာတွေရှိတယ်လို့ သိရ တာပဲ။
မေး -    ကျွန်မတို့ စီးပွား/ကူးသန်းမှာရှိတဲ့ စာရင်းတွေအရလည်း ကော်ဖီကို တရားဝင်တင်ပို့မှုတွေရှိပေမယ့် ပို့တဲ့ တန်ချိန်ကနည်းပြီး ပုံမှန်တင်ပို့တဲ့ပို့ကုန်အနေနဲ့ မတွေ့ရဘူး။
ဖြေ -    ကျွန်တော်တို့က ပုံမှန်တင်ပို့တဲ့ ပို့ကုန်အနေနဲ့ ရပ်တည်နိုင် အောင် ကြိုးစားချင်တာပါ။ ဒါကြောင့်လည်း မြန်မာနိုင်ငံကော်ဖီအသင်းကြီးနဲ့ Coffee Cluster  တွေကို ဖွဲ့စည်းနေရတာ ပါ။
မေး -    အောက်လမ်းကနေ ပို့နေတဲ့ အိမ်နီးချင်းနိုင်ငံတွေက ဘယ်နိုင်ငံတွေ လို့ထင်ပါသလဲ။
ဖြေ -    တရုတ်နိုင်ငံနဲ့ ထိုင်းနိုင်ငံလို့ သိရပါတယ်။ ဗီယက်နမ်ကလည်း အခုအချိန်မှာ ဝယ်တယ်ကြားတာပဲ။
မေး -    ကော်ဖီစိုက်ပျိုးထုတ်လုပ် တင်ပို့မှုမှာ ဗီယက်နမ်နိုင်ငံက ကမ္ဘာမှာ ဒုတိယလို့ သိရတယ်။
ဖြေ -    ဟုတ်ပါတယ်။ ကမ္ဘာ့ကော်ဖီ စိုက်ပျိုးထုတ်လုပ်မှုမှာ ဘရာဇီး က ပထမဖြစ်ပြီး ဗီယက်နမ်က ဒုတိယပါ။ ဗီယက်နမ်မှာရာသီဥတုဆိုးဝါးပြီး ကော်ဖီအထွက်နှုန်းကျတာကြောင့် မြန်မာ့ကော်ဖီကို ဝယ်လာတာဖြစ်မှာပါ။ အဓိကတော့ မြန်မာ့ကော်ဖီအရည် အသွေးကောင်းလို့ပါ။ အရည်အသွေး မကောင်းရင် ဝယ်မှာမဟုတ်ပါဘူး။ အခုဆိုရင် ဘရာဇီးက တောင်မြန်မာ့ကော်ဖီကို စိတ်ဝင်စားနေတယ်လို့ သိရပါ တယ်။
မေး -    မြန်မာ့ကော်ဖီကို ဗီယက်နမ် တို့ ဘရာဇီးတို့ကတောင် စိတ်ဝင် စားနေပြီဆိုတော့ မြန်မာ့ကော်ဖီရဲ့ အရည်အသွေးအကြောင်း နဲ့ ပတ်သက်ပြီး အထွေထွေအတွင်းရေးမှူး ဦးမင်းလှိုင် က ရှင်းပြစေချင်ပါတယ်။
ဖြေ -    ကော်ဖီအမျိုးအစားတွေ အများကြီးရှိပေမယ့် စီးပွားဖြစ် စိုက်ပျိုး နိုင်ပြီး သောက်သုံးသူများတဲ့ကော်ဖီကနှစ်မျိုးနှစ်စား ရှိပါတယ်။ တစ်မျိုးက အာရေဗီးကား  (Arabica) ဖြစ်ပြီး မြေမြင့်ကော်ဖီခေါ်တာပေါ့။ နောက် တစ်မျိုးကရိုဘတ်စတာ (Robusta)။ မြေနိမ့်ကော်ဖီပါ။
ဆက်လက်ဖော်ပြပါမည်။
ှSoruce: ဦးဥက္ကာအောင်  (Head  of  CRIETC) ၏ ''Coffee History''  စာတမ်း