Main menu

Background

ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့် Myanmar- Japan Magazine မှ Mr. Yutaka Nagasugi ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့် လက်ခံတွေ့ဆုံ

Mon, 03/23/2015 - 20:36 -- journal_editor

အတွဲ(၁၅)အမှတ်(၁၂)

စီးပွားရေးနှင့်ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့် သည် မတ်လ ၁၈ ရက် ၁၃း၀၀ နာရီတွင်စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည် ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ Myanmar- Japan Magazine  မှ Mr.Yutaka Nagasugi  ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား  လက်ခံတွေ့ဆုံ၍ မေးမြန်းလာသည့် မေးခွန်းများကိုဖြေကြားခဲ့သည်။
အဆိုပါ တွေ့ဆုံဆွေးနွေးပွဲတွင်  Myanmar- Japan Magazine မှ  မြန်မာနိုင်ငံ၏  စီးပွားရေးအခြေအနေများ၊ ဂျပန်နိုင်ငံမှလုပ်ငန်းရှင်များအား မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံ စေလိုသည့်   လုပ်ငန်းများ၊  အာဆီယံစီးပွားရေး   ပူးပေါင်းဆောင်ရွက်မှုနှင့်မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအပေါ် အကျိုးသက်ရောက်မှုများ၊  သီလဝါစက်မှုဇုန်နှင့် ပတ်  သက်သည့်ဆောင်ရွက်ချက်နှင့် တိုးတက်မှုအခြေအနေများ၊  နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ အတွက် လိုအပ်သောအခြေခံအဆောက်အအုံ၊ဥပဒေ၊ နည်းဥပဒေများ ပြင်ဆင်ဆောင်ရွက် ထားရှိမှုနှင့် မြန်မာ-ဂျပန်  ဆက်ဆံရေးများကိုမေးမြန်းခဲ့မှုအပေါ်ပြည်ထောင်စုဝန်ကြီးမှ ပြန်လည်ရှင်းလင်းဖြေကြားခဲ့သည်။
အဆိုပါ တွေ့ဆုံပွဲအခမ်းအနားသို့  စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန မှ တာဝန်ရှိပုဂ္ဂိုလ်များတက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။