Main menu

Background

ကြက်သွန်နီများ ဈေးကွက်အတွင်းသို့ အများအပြားဝင်ရောက်လျက်ရှိ

Wed, 01/17/2018 - 14:50 -- journal_editor

        ကြက်သွန်နီစိုက်ပျိုးရာ ဒေသများဖြစ်သော ဆိပ်ဖြူနှင့် ပေါက်မြို့နယ်တို့တွင် မိုးများစွာ ရွာသွန်းပြီး ကြက်သွန်နီစိုက်ခင်းများ  ရေကြီးနစ်မြုပ်၍ အဝင်နည်းခြင်းတို့ ကြောင့် ကြက်သွန်ဈေးများ မြင့်တက်လျက်ရှိပါတယ်။ ဇန်နဝါရီ    ပထမပတ်တွင် ကြက်သွန်နီ လက်ကားဈေးနှုန်းများမှာ အရည်အသွေးကိုလိုက်၍ ထိပ်စတစ်ပိဿာ လျှင် ကျပ် ၃၁၅၀၊ အလတ်စတစ်ပိဿာလျှင်ကျပ် ၂၀၀၀မှ ၂၅၀၀ထိ၊ အနိမ့်စ တစ် ပိဿာလျှင်ကျပ် ၈၀၀မှ ၁၅၀၀၊ လက်လီဈေးမှာ ထိပ်စတစ်ပိဿာလျှင်ကျပ် ၃၅၀၀၊ လတ်စတစ်ပိဿာလျှင်ကျပ် ၂၈၀၀၊ အနိမ့်စတစ်ပိဿာလျှင် ကျပ် ၂၅၀၀ ဈေးရှိ ကြောင်းသိရပါတယ်။ ဇန်နဝါရီ ဒုတိယအပတ်တွင် ကြက်သွန်နီဈေးများ တဖြည်း ဖြည်း ကျဆင်းခဲ့ပါတယ်။ ကြက်သွန်နီအဝယ်ဒိုင်သို့ ကြက်သွန်နီအများအပြား ဝင်ရောက်လျက်ရှိပြီး ပခုက္ကူကုန်စည်ဒိုင်သို့ နေ့စဉ် ပိဿာချိန် ၃၀၀၀၀ မှ ၁၁၅၀၀၀ အထိ ဝင်ရောက်လျက်ရှိပါတယ်။ပခုက္ကူကြက်သွန်နီဒိုင်၏ လက်ကားဈေးနှုန်းမှာ  ထိပ်စတစ်ပိဿာလျှင် ကျပ် ၂၁၀၀၊ အရည်သွေးလိုက်၍  ကြက်သွန်နီလတ်စတစ်ပိဿာလျှင် ကျပ် ၁၂၀၀ မှ ကျပ် ၁၈၀၀၊  နိမ့်စတစ်ပိဿာလျှင်ကျပ် ၅၀၀မှ ကျပ် ၈၀၀ ဖြင့် နေ့စဉ်အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သိရပါတယ်။                                         
   လှိုင်ဥမ္မာဦး(ပခုက္ကူ)