Main menu

Background

YOMA STRATEGIC နှင့် FMI တို့တွင် ဖိလစ်ပိုင်ကော်ပိုရေးရှင်း ရင်းနှီးမြှုပ်နှံမှုပြုလုပ်

Thu, 11/28/2019 - 16:04 -- journal_editor

       စင်ကာပူ စတော့အိတ်ချိန်းစာရင်း ဝင်ကုမ္ပဏီ Yoma Strategic Holdings Ltd  နှင့် ရန်ကုန်စတော့အိတ်ချိန်းစာရင်း ဝင်ကုမ္ပဏီ  First  Myanmar  Inve-stment Public Co.Ltd.  တို့တွင် ဖိလစ်ပိုင် နိုင်ငံ၏   ထိပ်တန်းလုပ်ငန်းစုဖြစ်သော Ayala Corporationu  က အမေရိကန် ဒေါ်လာ ၂၃၇ ဒသမ ၅ သန်း ရင်းနှီး မြှုပ်နှံမည်ဖြစ်ကြောင်း နိုဝင်ဘာ ၁၉ ရက်က ရန်ကုန်စတော့အိတ်ချိန်း၌ ပြုလုပ်သော   သတင်းစာရှင်းလင်းပွဲမှ သိရသည်။ ယခု ရင်းနှီးမြှုပ်နှံမှုအရ Yoma Strategic  ၏  သာမန်အစုရှယ်ယာ အသစ် ၄၇၄ ဒသမ ၆၈ သန်းကို Ayala  မှ အမေရိကန်ဒေါ်လာ ၁၅၅ သန်းဖြင့် ပေးချေနိုင်ရန် ထုတ်ဝေမည်ဖြစ်ပြီး ရှယ်ယာအသစ်များ ထုတ်ဝေပြီးနောက် အဆိုပါရှယ်ယာ ပမာဏသည် Yoma Strategi စုစုပေါင်းရှယ်ယာ၏ ၂၀ ရာခိုင် နှုန်းဖြစ်လာမည်ဖြစ်ကြောင်း၊ ထို့ပြင် Ayala  သည် FMI သို့ ပြောင်းလဲနိုင်သော ချေးငွေ (Convertible Loan) အမေ ရိကန် ဒေါ်လာ ၈၂ ဒသမ ၅ သန်းကို ပေးအပ်မည်ဖြစ်ပြီး လုပ်ထုံးလုပ်နည်း များ လုပ်ဆောင်ပြီးနောက်တွင် အဆိုပါ ပြောင်းလဲနိုင်သောချေးငွေကို FMI ၏သာမန်ရှယ်ယာ ၂၀ရာခိုင်နှုန်းအဖြစ် ပြောင်းလဲမည်ဖြစ်ကြောင်း သိရသည်။

      ယခုလို ရင်းနှီးမြှုပ်နှံမှုများကြောင့် Ayala Corporation သည် Yoma Strategic Holdings Ltd  နှင့် First Myanmar Investment Public Co.Ltdတို့၏ ဒုတိယအကြီးဆုံးရှယ်ယာရှင်ဖြစ် လာပြီး Yoma Strategic Holdings Ltd  နှင့် First Myanmar Investment Public Co.Ltd တို့၏ ဒါရိုက်တာဘုတ် အဖွဲ့တွင် Ayala Corporation မှ Mr. Fernando Zobel de Ayala ပါဝင်လာ မည်ဖြစ်ကြောင်း သိရသည်။ အခုလို အကြီးစား နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုက ရန်ကုန် စတော့အိတ် ချိန်းစာရင်းဝင် ကုမ္ပဏီတွေအတွက် ပထမဦးဆုံးအကြိမ် ဖြစ်ပါတယ်။အခု ပြောင်းလဲနိုင်သောချေးငွေ (Conve-rtible Loan) များကိုလည်း သာမန်ရှယ် ယာအဖြစ် အ မြန်ဆုံးပြောင်းလဲနိုင်ရန် လုပ်ဆောင်သွားမှာဖြစ်ပါတယ်။ ၂၀၁၇ ခုနှစ် မြန်မာကုမ္ပဏီများဥပဒေရဲ့ ဥပဒေ ဆိုင်ရာစည်းမျဉ်းများကို ဖြေလျော့ပေး ပြီးနောက် မြန်မာကုမ္ပဏီများအတွက် ပြည်ပရင်းနှီးငွေရရှိနိုင်မယ့်နည်းလမ်းအသစ်ကို ဖော်ဆောင်လိုက်ခြင်းဖြစ်ပါ တယ်။ ဒါကFMI အတွက်တင်မက မြန်မာနိုင်ငံရဲ့ အရင်းအနှီးဈေးကွက်ဖြစ် ထွန်းမှုအတွက်ပါ မှတ်တိုင်တစ်ခုချမှတ် လိုက်ခြင်းဖြစ်ပါတယ်ဟု FMI ၏ လုပ် ငန်းဆိုင်ရာ အမှုဆောင်အရာရှိချုပ် ဦးထွန်းထွန်းက ပြောသည်။

 

သန်းထိုက်အောင်