Main menu

Background

ဈေးကွက်ဝင် အမယ်သစ် ကော်ဖီနှင့် အရိပ်ရပင် တွဲဖက်စိုက်ပျိုးမှု

Mon, 01/13/2020 - 15:46 -- journal_editor

     မြန်မာနိုင်ငံတွင် လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် သီးနှံများကို စိုက်ပျိုးလျက်ရှိကြသည်။ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနသည် ပြည်တွင်း ကုန်သွယ်မှု ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် ဈေးကွက်ဝင်သီးနှံ များတိုးချဲ့စိုက်ပျိုး  ထုတ်လုပ်နိုင်ရေး အတွက် သုတေသနလုပ်ငန်းများ ကို ဖွံ့ဖြိုးတိုးတက်လာစေရန် သက်ဆိုင်ရာ အဖွဲ့အစည်းဌာနများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။ ကော်ဖီပင်သည် တခြားသောသီးနှံအပင်များနှင့်မတူ။  သီးထွက်ကောင်းရန်၊ အရည်အသွေးမြင့် ကော်ဖီ စေ့များ ရရန်၊ ကော်ဖီ မှုန့်ကောင်းရန်  ပြုစုထိန်းသိမ်းမှု  နည်းပညာများ လိုအပ်ပါသည်။ ထို့ပြင် အပင်စိုက်ပျိုးရာမှာလည်း အရိပ်ရပင်တွဲဖက်စိုက်ပျိုးရသည်။ ကော်ဖီတန်းများအပေါ်တွင် သစ်တော အုပ်ကဲ့သို့ နေပြောက်ကျဲကျဲ၊ အရိပ်များများရသည့်   အပင်ကြီးများ   စိုက်ပျိုးထားကြရသည်။ ကုန်းမြင့်ကော်ဖီကို ရှမ်း၊ ချင်း၊ ကချင်ပြည်နယ်နှင့်  မန္တလေးတိုင်း ဒေသကြီးများတွင် ပင်လယ်ရေ မျက်နှာပြင် အထက်ပေ ၂၅၀ဝမှ ပေ ၄၀ဝ၀ အထိ စိုက်ပျိုးကြပါသည်။ မြေနိမ့်ပိုင်းတွင် ကော်ဖီကို ကရင်၊ မွန်ပြည်နယ်များနှင့် တနင်္သာရီတိုင်းဒေသကြီးများတွင်  ပင်လယ် ရေမျက်နှာပြင်အထက် အမြင့်ပေ ၂၀ဝ၀ အထိ  စိုက်ပျိုးဖြစ်ထွန်း သည်။ ကော်ဖီစိုက်ပျိုးရာတွင် စိုက်ရန်မြေနေရာ ရွေးချယ်ပြီးပါက ကော်ဖီစိုက်ပျိုးမည့် မျိုးအလိုက်၊ စိုက်ပျိုးမည့် အရိပ်ပင် အမျိုးအစား အလိုက် ပန္နက်ရိုက်ရပါသည်။ ကော်ဖီစိုက်ပျိုးရန် နှစ်ပေပတ်လည်ကျော် စိုက်ကျင်းများ တူးဖော်ရန်နေရာသတ်မှတ်ထားသော ပန္နက်ကို ဗဟိုပြု၍  စိုက်ကျင်းနှင့် အရိပ်ရပင်ကျင်းများ တူးရမည်။ ပန်းမကျခင် တစ်လအလိုတွင် မြေဆွေး၊ မြေသြဇာများကို  ကျင်းထဲထည့်ပေးရ မည်။

    မိုးကျလျှင်ကော်ဖီပင်နှင့်အရိပ်ရပင် စိုက်ပျိုးကြရသည်။ ကော်ဖီ ပင်သည် နှစ်ရှည်ပင်ဖြစ်ပါသည်။ ထို့ကြောင့်အသီးသီးချိန်တွင် သီး အားကောင်းရန် အရိပ်လိုအပ်ပါသည်။ ရွေးချယ်ရမည့် အရိပ်ရပင် သည် ပူပြင်းခြောက်သွေ့သည့်ရာသီတွင် ကော်ဖီပင်ကို အရိပ်ကောင်း စွာပေးနိုင်သည့် အမြဲစိမ်းပင် ဖြစ်ရပါမည်။ အရွက်ကြွေကပြီးချိန်နှင့် အရွက်နုပေါ်ချိန် တိုတောင်းရမည်။ ကြီးထွားမှုမြန်ရမည်။ အမြစ်ဖြာထွက်မှုသည်မကျယ်ပြန့်သည့် အပင်အမျိုးအစားဖြစ်ရပါမည်။ အရွက်ကြွေပြီးချိန်နှင့် လွယ် ကူစွာမြန်မြန်ဆွေးမည့် မြေသြဇာဖြစ်ရပါမည်။ ပိုးမွှားနှင့် အပင်ရောဂါလက်ခံသည့် အပင်မျိုးမ ဖြစ်ရပါ။ မြန်မာ နိုင်ငံတွင် ကော်ဖီနှင့်  တွဲဖက်စိုက်ပျိုးနိုင်သော  အရိပ်ရပင်များမှာ စားသုံးသီးပင်များမှ ပိန္နဲ၊ သရက်၊ လိုက်ချီး၊ ထောပတ်ပင်များနှင့် သစ် ရိပ်ရပင်များမှ ခါတော်မီ၊ ရေပိတုန်း၊ ရေကသစ်ပင်များ ဖြင့် တွဲဖက် စိုက်ပျိုးနိုင်ပါသည်။ ယာယီအရိပ်ရပင်အဖြစ်  ပင်စည်ဖြစ်သော ပဲစင်းငုံ ၊ ပြောင်းဖူး တို့ကို အပင်ငယ်စဉ် စိုက်ပျိုးနိုင် ကြပါသည်။ လေပူတိုက်ခတ်မှု ကာ ကွယ်ရန် လေကာပင်အဖြစ် ယူကလစ်ပင်များကဲ့သို့ အပင် မြင့်မားပြီး အသားမာသော အပင်များစိုက်ပျိုးသင့်ပါသည်။ ကော်ဖီစိုက်ခင်းနှင့် အရိပ်ရပင်များ ထားရှိ ခြင်းမှာ နေပူဒဏ်မှ  ကာကွယ်ပေးနိုင်ရန်ဖြစ်သည်။ ကော်ဖီခြံ တည်ထောင်မည်ဆိုပါက ရွေးချယ် ထားသော မြေနေရာတွင်  ရှိသမျှ သစ်ပင်ကြီးများ မြေပြောင်ရှင်း ခုတ်ထွင်ခြင်း၊ မီးရှို့ခြင်းများ မပြုလုပ် သင့်ပါ။ ကော်ဖီပင်ငယ်များကို အရိပ်ထဲ၌ စိုက်ပျိုးရပါသည်။  သစ်ကိုင်းရှည်များနှင့် သစ်ရွက်များစွာ ရှိသော အရိပ်ရပင်များသည် ကော်ဖီပင်ငယ်များနှင့် ကော်ဖီသီးပွင့်ပင်များကို အရိပ်ပေးနိုင်ပါသည်။ အထူးသဖြင့်  အပင်ငယ်စဉ်၌ အရိပ်ပိုမိုလို အပ်ပါသည်။

        ထိုအခါ အကိုင်းများထွက်လာလေ ကော်ဖီသီးနည်းပါးလာလေ ဖြစ်သည်။ မြေသြဇာ၊ရေ၊ နေရောင်ခြည် ရပြီး အကိုင်းများ၊ အသီးနည်း ဖြစ်၍ ပေ ၃၀ ကျော်ထိမြင့်တက်နိုင်ပါသည်။ ထို့ကြောင့်  ကော်ဖီသီးကို  ခူးရလွယ်ရန်နှင့် အသီးသီးအား ကောင်းရန် ကိုင်းဖြတ်၊ ပုံသွင်း ပြုလုပ်ပေး ရပါမည်။ ကော်ဖီမျိုးအလိုက် ကိုင်းဖြတ်ပုံသွင်းနည်း  ရှိကြပါသည်။  ပင်အို၊ ပင်ဟောင်းဖြစ်လျှင် အသီး နည်းလာပါသည်။ ထိုအခါ ပင်ပျိုဖြစ်ရန် ပင်မပင်စည်ကိုသာ ချန်၍ ကျန်ပင်စည်ပင်များ ခုတ်ထွင် ရှင်းလင်း  ပင်စည်အသစ်ထွက် လာပါသည်။ ပင်စည်အသစ်ကိုချန်၍ ထိုအခါမှ  ပင်စည် အဟောင်း ကို ခုတ်လျှင်ပင်စည်သစ်မှ အသီးများများ သီးလာပါသည်။ ကော်ဖီပင်များသည် စိုက်ပျိုး(၃-၄)နှစ်တွင် စတင်သီး၍(၆-၈) နှစ်အတွင်း သီးထွက်ကောင်းသော အချိန်ဖြစ်ပါသည်။ ကော်ဖီအပွင့် မှ အသီးရင့်မှည့်သည်အထိ ကိုးလခန့်ကြာမြင့်ပါသည်။ ကော်ဖီသီး များသည် တစ်ကြိမ်တည်းရင့်မှည့်ခြင်းမရှိကြပါ။ ပထမအကြိမ် ဆွတ် ခူးပြီး၊ နောက်တစ်ကြိမ်ကို ၁၀ ရက်ခန့်အကြာတွင် ထပ်မံဆွတ်ခူးရပါ သည်။ အားလုံးလေးကြိမ်မှ ငါးကြိမ်အထိ ဆွတ်ခူးရပါသည်။ ကော်ဖီ စေ့ခြောက်သည် ကော်ဖီသီးအမှည့်၏ ၁၅ ရာခိုင်နှုန်း ထွက်ရှိသည်။ နိဂုံးချုပ်အားဖြင့်  စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူကာကွယ်ရေး လုပ်ငန်းများသာမက ပြည်တွင်းကုန်သွယ်မှု ဖွံ့ဖြိုးတိုးတက်ရေး အတွက်သီးနှံက စိုက်ပျိုးထုတ်လုပ်တင်ပို့မှုတိုးတက်ရေး၊ သီးနှံထွက် ကုန်များအရည်သွေးမီ၊ စံချိန်စံညွှန်းမီ ထွက်ရှိရေး၊ ပြည်ပသို့ ပိုမိုတင် ပို့နိုင်ရေးအတွက် သတင်းအချက်အလက်များ ဖြန့်ဝေခြင်းကိုလည်း ဆောင်ရွက် လျက်ရှိပါကြောင်း တင်ပြလိုက်ရပါသည်။

 

ငြိမ်းဝေနှင်း (ကယား)